NGE’s Vlog

NGE’s Vlog

Share

Cabin Crew ✈️ Lifestyle Bestie

21/05/2026

ဒီနေ့အပြင်ထွက်လည်ပြီး Novotel မှာ Hi Tea Set လေးသွားစားပါမယ်

12/05/2026

MFAS နဲ့ Webinar လေး collaboration ဖြစ်ပါတယ် ။ ပါဝင်ချင်တယ်ဆိုရင် မူရင်းpost အောက်မှာ သွားပြောထားကြနော် ✈️

𝐅𝐥𝐢𝐠𝐡𝐭 𝐁𝐢𝐫𝐝𝐬 တို့ နိုင်ငံတကာ လေယာဉ်မောင်မယ် ဖြစ်လာကြဖို့ ... ✈️

ကြိုးစားပေးနေတဲ့ အလုပ်တွေထဲက ဒီ အပါတ် လုပ်ပေးမှာကတော့ နိုင်ငံတကာ လေကြောင်းလိုင်းက မြန်မာ 𝐂𝐚𝐛𝐢𝐧 𝐂𝐫𝐞𝐰 ညီမလေးနဲ့

ရင်းရင်းနှီးနှီး ဆွေးနွေးပွဲလေး လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ 💙

သူကတော့ မစုငယ် ဖြစ်ပြီးတော့ 𝐄𝐦𝐢𝐫𝐚𝐭𝐞𝐬 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 မှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

✅ အင်တာဗျူးအောင်အောင် ဘာတွေ လုပ်ခဲ့သလဲ

✅ နိင်ငံတကာမှာ မြန်မာ မိန်းကလေး တစ်ယောက် အနေနဲ့ ဘယ်လို ဖြတ်သန်းခဲ့ရသလဲ။

✅ ခုမှ စ ကြိုးစားမဲ့ သူတွေအတွက်ရော ဘာတွေလုပ်ရမလဲ ဆိုတာရယ်

𝐅𝐥𝐢𝐠𝐡𝐭 𝐁𝐢𝐫𝐝𝐬 တို့ မေးထားတဲ့ မေးခွန်းတချို့ရယ်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမှာပါ။

အချိန်ရရင် မေးခွန်းတချို့လည်း မေးလို့ရပါမယ်

ဒီအကြောင်းအရာတွေကို May 16 ရက်နေ့မှာ
ပြုလုပ်သွားမယ့် Zoom Session လေးမှာ အသေးစိတ် ဆွေးနွေးမျှဝေပေးသွားမှာပါ။

လူဦးရေကို ၁၀၀ ကန့်သတ်ထားပါတယ်နော်။ ✨️

📆 နေ့ရက် - ၁၆.၅.၂၀၂၆ (စနေနေ့)
🕛 အချိန် - ညနေ ၇ - ၉ နာရီခွဲ
⏳ နေရာ - Zoom Platform

ပါဝင်ဖို့အတွက် "PC" လို့ ရေးခဲ့ရင်ရပါပြီ။ ✅

10/05/2026

ရယ်လိုက်ရင် သွားဖုံးပေါ်နေတဲ့သူလေးတွေရှိကြလား ??

02/05/2026

True happiness begins when you learn to love and care for yourself.

You are the reason you are here today, and the deepest source of your happiness lies within when you truly listen to your inner self.

Photos from NGE’s Vlog's post 29/04/2026

ဒီနေ့ကျွန်မစာအုပ်စင်ပြန်ရှင်းရင်းနဲ့ ငယ်ငယ်တုန်းကရေးထားခဲ့ဖူးတဲ့ ဒိုင်ယာရီ စာအုပ်အဟောင်းလေးကို ပြန်ရှာတွေ့ပါတယ် ။ ဆယ်ကျော်သက်တုန်းက ရေးခဲ့တာဆိုတော့လဲ ဆယ်ကျော်သက် ကလေးအရွယ်အတွေးလေးတွေနဲ့ ပြန်ဖတ်တော့ ပြန်ရီရတာတွေရော ကိုယ်မမှတ်မိတော့တဲ့ အကြောင်းအရာတွေကို စာနဲ့ပြန်ဖတ်တဲ့အခါ ပြန်အောက်မေ့ရတဲ့ အကျိုးလေးတွေတော့ရှိတာပေါ့ ။ စာရေးတဲ့အကျင့်က ငယ်ငယ်တည်းက ရှိခဲ့တာဆိုတော့ ကျောင်းမှာ ဘာစာသင်ရလဲ ဘယ်သူနဲ့ ရန်ဖြစ်လာတယ် ဆိုတာတွေပါ ချရေးထားတော့ ရီရအခက် ငိုရအခက်ပါ ။

ဖုန်းတွေပေါ်လာတဲ့ ခေတ်မှာတောင် ကျွန်မ တက္ကသိုလ်တက်တဲ့အချိန်အထိ စာတွေဆက်ရေးနေတုန်းပါပဲ ။ ငယ်ငယ်ကတည်းက ကိုယ်က အနုပညာဝါသနာနဲ့ ဗီဇနဲ့မွေးလာတယ်လို့ ပြောရမယ်ထင်တယ် ။ အနုပညာဆိုတိုင်း ရုပ်ရှင်သရုပ်ဆောင်ကို ပြောတာမဟုတ်ဘူးပေါ့ ။ ပန်းချီဆွဲတာ စာရေးတာ လက်မှုပညာစတာတွေအကုန် တော်တော်လေး ဝါသနာပါခဲ့ပေမယ့် သိတဲ့အတိုင်းမြန်မာ ပြည်မှာ ဒါမျိုးတွေကလုပ်စားလို့မရဘူးဆိုပြီး မိဘတွေကလဲ အားမပေးခဲ့ဘူးပေါ့လေ ။ မှတ်မှတ်ရရ ၄တန်းနှစ်မှာ ကျွန်မစာအုပ်အသစ်လေးတစ်အုပ်ဝယ်ပြီး အထဲမှာ ကာတွန်းပုံလေးတွေကို characterလေးတွေနဲ့ ရုပ်ပြဝတ္ထုပုံစံရေးပြီး အတန်းထဲက သူငယ်ချင်းတွေကို တစ်ခါဖတ် ၅၀နဲ့ ပေးငှါးဖတ်ဖူးပါတယ် ။

တစ်ရက်ကျ ကျူရှင်ပြတဲ့ဆရာမက တွေ့သွားပြီး မိဘတွေကို တိုင်တော့ စာကိုစိတ်မဝင်စားမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်ခံထိပြီး ရုပ်ပြပုံလေးတွေ ဆက်ဆွဲဖို့ လမ်းပိတ်သွားတယ်ပေါ့လေ ။ ပြောချင်တာက ကလေးတွေမှာ သူတို့ဝါသနာပါရာတွေရှိလာကြတဲ့အခါ ကျွန်မတို့ကြီးပြင်းလာတဲ့ အချိန်တုန်းကတော့ ဆရာဝန် အင်ဂျင်နီယာ စတာတွေကပဲ ဂုဏ်ရှိတဲ့ အလုပ်တစ်ခုလိုမျိုး ဖြစ်တော့ ဒါမျိုးဘက်တွေကို သိပ်ပံ့ပိုးလေ့မရှိကြဘူး ။ အခုခေတ် တဖြေးဖြေးနဲ့ မိဘတစ်ဖန်ဖြစ်လာသူတွေ အမြင်ကျယ်လာတဲ့အခါ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝါသနာပါရာ လုပ်လို့ရတဲ့ ကလေးတွေ ကံကောင်းတယ်လို့ပြောရမှာပဲ။

အဲ့လိုနဲ့ ဒိုင်ယာရီရေးနေရင်း ကျွန်မ စာရေး challenge လုပ်ထားတာလေးရှိတယ်ပေါ့ ။ ဘယ်နေ့ကိုတော့ ကိုယ့်အကြောင်း ဘယ်နေ့ကိုတော့ ကိုယ်ကြိုက်တဲ့အရာ သွားချင်တဲ့ နိုင်ငံလေးတွေ စသဖြင့် ပြန်ဖတ်မိပါတယ်။ ငယ်ငယ်တုန်းက စိုးရိမ်ပူပန်ရတဲ့ ပြသနာလေးတွေက အခုကျတော့ ဘာမှမဟုတ်သလိုမျိုး ပြန်ရီပြီး ဖတ်နိုင်တဲ့အခါ တွေးမိတာက အခုကြုံကြိုက်နေရတဲ့ ပြသနာတွေဟာ အချိန်တစ်ခုရောက်သွားရင် အရာအားလုံး ပြေလည်သွားလိမ့်မှာဖြစ်ပြီး အချိန်တစ်ခုပဲလိုတာပေါ့လေ ။ အဲ့တော့ ကိုယ်ရောက်နေတဲ့ နေရာလေးမှာ ဖြစ်သမျှအကောင်းဆိုပြီးတွေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ ။

အောက်ကပုံထဲက စာလေးကတော့ ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက သွားလည်ချင်တဲ့ နိုင်ငံလေးတွေကို ရေးထားတာပါ။ အခုချိန်မှာတော့ အဲ့ဒီ့ထဲက နိုင်ငံတွေအကုန်နီးပါး သွားဖူးပြီးသွားလို့ ကိုယ့်ကိုယ်ကို ကျေနပ်ရပါတယ် ။ ကိုယ့်ဘဝမှာ ကြိုးစားနေသမျှ ကြိုးစားခဲ့သမျှ အရာအားလုံးက တစ်ခြားသူတွေအတွက်မဟုတ်ပဲ ကိုယ့်ငယ်ဘဝတုန်းက ကောင်မလေးက ကိုယ့်ကို ပြန်ကြည့်လိုက်တိုင်း ဂုဏ်ယူနေရအောင်ပါ ။ဆယ်ကျော်သက်အရွယ် စာရေးစားပွဲမှာ ထိုင်ပြီး အဲ့စာလေးကို ရေးနေတုန်းကကျွန်မကို ပြန်ပြီးနင်အဲ့နိုင်ငံတွေ သွားဖူးပြီးပြီလို့ ပြောတဲ့အခါမှာ ယုံမလား တွေးမိပါတယ် ။

အဲ့တော့လေ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတဲ့အခါ ၁၀နှစ်အရင် လောက်က yonger self လေးက ကိုယ်ရှိနေတဲ့နေရာကို ဂုဏ်ယူနေလိမ့်မယ်ဆိုတာ သေချာပါတယ် ။

27/04/2026

The signs I got before I left Emirates .

22/04/2026

ထိုင်းစကားစသင်နေပါပြီရှင့်🤭
လေယာဉ်မယ်တစ်ယောက်ဖြစ်ဖို့အတွက် ဘာသာစကားရဲ့ အရေးကြီးမှူကိုလဲပြောပြပေးထားလို့ ဝင်ကြည့်ကြည့်နော် ✈️

19/04/2026

ကလေးဘဝရဲ့ အမှတ်တရ ရန်ကုန်တိရစ္ဆာန်ရုံကို သွားလည်ကြမယ် !!! 🐾

18/04/2026

Fly Dubai မှာ လေယာဉ်မောင်/မယ် ပြန်ခေါ်နေပါပြီ ။

လေယာဉ်မောင်မယ်လဲ ဖြစ်ချင်တယ် ။ နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုလဲ ဖြစ်ရမယ်ဆိုပြီး အိပ်မက်ရှိတဲ့သူတွေအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်တာမို့လို့ လျှောက်သင့်တဲ့ လေကြောင်းတစ်ခုဖြစ်ပါတယ် ။

Fly Dubaiဆိုတာ ဘယ်လိုလေကြောင်းလိုင်းမျိုးလဲ ?

Fly Dubai ဟာ UAE အခြေစိုက် / အတိအကျပြောရရင် ဒူဘိုင်းအခြေစိုက် Low-cost လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ် ။ Emirates Qatar Etihad Singapore Airlines အစရှိတဲ့ လေကြောင်းလိုင်းတွေနဲ့ နှိုင်းယှဉ်ရရင် သူတို့ကတော့ Luxury လေကြောင်းလိုင်းတွေဖြစ်လို့ ဖလိုက်အရှည်ကြီးတွေရှိမယ် luxury service ရမယ် ။

ဒါပေမယ့် Fly Dubai တို့ Air Arabia တို့လို Low cost , Budget Airline တွေကျ လေယာဉ်မောင်မယ်အနေနဲ့ လုပ်ရတဲ့အခါ ဖလိုက်အတိုလေးတွေ အများအားဖြင့် ပျံရလေ့ရှိပြီး ပေးရတဲ့ service အနေနဲ့ကျတော့လည်း တိုတိုတုတ်တုတ် လိုရင်းတိုရှင်းမို့လို့ လူသက်သာပါတယ် ။ ဒါ့အပြင်သူတို့ပျံတဲ့ လေယာဉ်အမျိုးအစားတွေက Narrow Body တွေဖြစ်တဲ့အတွက် service ပေးရတဲ့ လူအရေအတွက်နည်းပါတယ် ။

ဒါပေမယ့် International လေကြောင်းတစ်ခုရဲ့ လေယာဉ်မောင်မယ်ဖြစ်တဲ့အခါ သူတို့ကတော့ High Standard နဲ့ သူတို့ရဲ့ professional ကိုထိမ်းထားနိုင်တဲ့ Quality တစ်ခုတော့ ရှိကိုရှိကြပါတယ် ။ ပြောရရင် Fly Dubai ဟာလည်း လျှောက်ထားသင့်တဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ် ။

ဒူဘိုင်းမှာ မရှိတဲ့သူတွေ လျှောက်လို့ရလားဆိုရင် ရပါတယ် ။ Shortlisted ဖြစ်တဲ့အခါ သူတို့ဘက်ကနေ Video Interview အရင်ဖြေရပါမယ် ။ ပြီးရင်တော့ UAE နိုင်ငံမှာ လူတွေ့ဖြေဖို့အတွက် သွားနိုင်ရပါမယ် ။
လျှောက်မယ်ဆို ပေးထားတဲ့ linkထဲကနေ ဝင်လျှောက်ပါရှင် ။

Apply Here ✈️
https://share.google/kbndUozmzNxgA4Mg4

ယခု post သည် Fly Dubaiမှ တရားဝင်အလုပ်ခေါ်စာမဟုတ်ပါ ။ အတွေ့အကြုံမျှဝေပေးခြင်းသာဖြစ်ပါတယ် ။

12/04/2026

သကြ်န်မှာ ဘယ်တွေသွားလို့ ဘာတွေလုပ်ကြမလဲရှင် ???

08/04/2026

တစ်ခါတစ်လေ ခက်ခဲတဲ့ဆုံးဖြတ်ချက်ချခါနီးမှာ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတာ ဖြစ်ဖူးကြလား ။ ၊

Want your business to be the top-listed Beauty Salon in Dubai?
Click here to claim your Sponsored Listing.

Address

Dubai