Cook & Conquer by Zaw
Cooking, knowledge sharing and lifestyle
Burmese Street Food အလွမ်းပြေ အိမ်မှာလုပ်စားဖြစ်တာလေး
#ကြက်သားဒုတ်ထိုး Zaw Htet Naung
03/07/2026
ငွေကုန်ကျ သက်သာပြီး ထမင်းလဲမြိန်တဲ့
ဟင်းတစ်ခွက်❤️
မန်ကျည်းသီးမှည့်ကြော် (ချိုချဉ်စပ် စားချင်သူများအတွက်သာ)
ကြော်နည်းအောက်မှာ ရေးထားပါတယ်ရှင်
(သူများတွေလို ဘယ်လောက်သား ဘာညာမပြောတတ်ဘူးရှင်😁)
#ပါဝင်ပစ္စည်း
ဆီ
မန်ကျည်းသီးမှည့် (အစေ့ထုတ်ပြီးသား- ကိုယ်စားချင်တဲ့ပမာဏပေါ် မူတည်)
သကြား အနည်းငယ်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငပိ
ငံပြာရည်
အချိုမှုန့် (ကြက်သားမှုန့်ထည့်လဲရ)
ငရုတ်သီးခွဲခြမ်း
-မန်ကျည်းသီးမှည့်ကို ရေနွေး or ရေအနည်းငယ်ထည့်ပြီ စိမ်ထားပါ (နူးလာရင် အနည်းငယ်ချေထားပါ)
-ကြက်သွန်နီဥအကြီး ၅ ဥ လောက်ကို ပါးပါးလှီးပြီး ရွှေရောင်သမ်းသည်အထိကြော်ပါ ပြီးလျှင်စစ်ထားပါ
-ကိုယ်သုံးချင်တဲ့ ဆီပမာဏပေါ်မူတည်ပြီး ထည့်ပါ
-ကြက်သွန်ဖြူထောင်းထားတာထည့် အနည်းငယ် ဆီသတ်ပြီး ၊ ငပိထည့်၊ ငရုတ်ခွဲခြမ်းထည့် ပြီး မွှေးလာသည်အထိကြော်ပါ (ညှော်ပါသည် 🥴)
-ရေစိမ်ထားသော မန်းကျည်းသီးမှည့်ထားပါ
သကြားထည့်ပါ (ကိုယ်လိုချင်တဲ့ အချိုအရသာပေါ်မူတည်ပြီး ထည့်ပါ)
အချိုမှုန့် or ကြက်သားမှုန့် ထည့်ပါ ငံပြာရည်ထည့်ပါ
-ရေခမ်းသည်အထိကြော်ပြီး ကြက်သွန်နီကြော်ချေပြီးထည့်ပါ ခနမွှေပေးပြီး ရေအနည်းငယ်ထည့် ရေခမ်းသည်အထိ ကြော်ပါ
-အရသာ မြည်းပါ (ကိုယ်လိုချင်တဲ့အပေါ်မူတည်ပါသည်) အရသာအဆင်ပြေလျှင် မီးပိတ်ပြီး အိုးချလို့ရပါပြီ
အဟာရပြည့်ဝတဲ့ သီးစုံပဲကုလားဟင်း၊ ငါးနီတူခြောက်ကြော်နဲ့ မြန်မာအလွမ်းပြေ ငါးပိထောင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
00000