Idris USK

Idris USK

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Idris USK, Health/Beauty, Cox'sBazar, Cox's Bazar.

12/05/2026
07/05/2026

ကျောက်ဖြူက ရေတပ်စခန်းတွေမှာလည်း စစ်အင်အားဖြည့်တင်းလာ

နိရဉ္စရာ၊ မေ ၆/၂၀၂၆

တိုက်ပွဲငြိမ်သက်‌နေတဲ့ ရခိုင်က ကျောက်ဖြူမှာ ရေတပ် ၃ ခုမှာ အာဏာသိမ်းမြန်မာစစ်တပ်က စစ်လက်နက်ခဲယမ်းနဲ့ လူအင်အားတွေကို ထပ်မံဖြည့်တင်းနေတယ်လို့ သတင်းရရှိပါတယ်။

ဒီလို ဖြည့်တင်းနေရာမှာ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ရေတပ်စခန်းတွေဖြစ်ကြတဲ့ တောင်မော်ကြီး ရေတပ်စခန်း၊ ဓညဝတီရေတပ်ဌာနချုပ်နဲ့ အုန်းကျွိန်ရေတပ်စခန်းတို့ဖြစ်ကြပြီး စစ်သင်္ဘော ၃ စင်းနဲ့ မေလလဆန်းပိုင်းမှစပြီး အင်အားဖြည့်တင်းနေတာလို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

မေ လ ၄ ရက်နေ့ည အချိန်က ဓညဝတီရေတပ်ဌာနချုပ်နဲ့ တောင်မော်ကြီးရေတပ်စခန်းမှာ စစ်သား ၂၀၀ကျော်လောက်နဲ့ အုန်းကျွိန်ရေတပ်စခန်းမှာ အင်အား တစ်ရာဝန်းကျင် ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဧပြီနောက်ဆုံးပတ်ကလည်း အမှတ် (၃၂)ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းအင်အားတွေ ဖြည့်တင်းခဲ့ပြီး အဲဒီကနေ တဆင့် မင်းပြင်း၊သိုင်းချောင်းဖက်က ရှေ့တန်းစစ်ကြောင်းတွေကို အင်အား ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

ဒီလို အင်အားဖြည့်တင်းတာဟာ မိုးရာသီနီးကပ်လာတာကြောင့် ဖြစ်ပြီး မိုးတွင်းမှာ ရခိုင်ရာသီဥတုက အလွန် ဆိုးရွားပြီး သွားလာ ဆက်သွယ်ရေး မလွယ်ကူတဲ့အပြင် လေကြောင်း ပစ်ကူ၊ ရေကြောင်း ပစ်ကူမှုတွေလည်း အခက်ပေါ်နိုင်တာကြောင့် အခုလို စုဆောင်းနေပုံရတယ်လို့ စစ်ရေး လေ့လာအကဲခတ်သူတွေက ပြောပါတယ်။

လက်ရှိ ကျောက်ဖြူမှာ တိုက်ပွဲ ငြိမ်နေတာ ရက်အတော်ကြာနေပြီးဖြစ်ပေမဲ့ နှစ်ဖက်တပ်တွေက စစ်ရေး ပြင်ဆင်မှုတွေကို ပြုလုပ်နေကြတာကြောင့် တိုက်ပွဲတွေက ရှေ့မှာ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Photos from U Shey Kya - ဦးရှည့်ကျ's post 07/05/2026

Category

Website

Address

Cox'sBazar
Cox's Bazar
4700

Alerts

Be the first to know and let us send you an email when Idris USK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Cox's Bazar.