PannEi Online Business
Beauty
11/18/2025
ဆက်ဆံရေးတွေမှာ ...
တဖက်လူက ကိုယ့်အနားကို ရောက်လာချင်လို့
ခြေတစ်လှမ်း လှမ်းလာတဲ့အခါ ကိုယ့်ဘက်ကနေ
ခြေနှစ်လှမ်းတိုးသွားပေးဖို့ အမြဲအဆင့်သင့်ပဲ။
ကိုယ်ရဲ့စိတ်ကိုက ဘယ်သူ့ကိုမဆို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ နေရတာကို
သိပ်သဘောကျတယ်။
အဲ့ဒီလိုပဲ တဖက်လူက ကိုယ့်ကိုမလိုလားဘူးလို့ အချက်ပြတဲ့အခြေနေမျိုးမှာလဲ
ကိုယ့်ဘက်ကနေ တွေဝေခြင်းမရှိ ခြေနှစ်လှမ်း နောက်ဆုတ်ပေးလိုက်ဖို့အမြဲအသင့်ဖြစ်နေပြီးသားပဲ။ ဘယ်သူ့ကိုဘယ်လောက်ခင်ခင် ၊ဘယ်လောက်ချစ်ချစ် ကိုယ့်တန်ဖိုးနဲ့ကိုယ့်ကိုယ်ကိုချစ်ဖို့တော့ ဘယ်တော့မှမမေ့ထားဘူး ။
09/21/2025
Psychology အရ
လမ်းခွဲမှုတွေရဲ့ 95% ဟာ..
အချင်းချင်း စကားပြောဖို့ အလိုအပ်ဆုံး
ဖြစ်နေခဲ့ကြတဲ့ အချိန်မှာ စကားမပြောပဲ
ရပ်ခဲ့ကြလို့ ဖြစ်တယ်။
မပြောချင်ပဲ ပြောမိလိုက်တဲ့ စကားတွေ
ပြောချင်ပေမယ့် မပြောလိုက်ရတဲ့
စကားတွေကြောင့် နှစ်ဦးကြားအချစ်ဟာ
ပျောက်ဆုံးသွားရတယ်။
အမြဲမှတ်ထားပါ ဆက်ဆံရေးတစ်ခု အဆင်မပြေတဲ့အချိန် စကားမပြောပဲ တိတ်ဆိတ်ပြီး ဆန္ဒပြနေတာက ဘယ်ပြဿနာကိုမှ မဖြေရှင်းနိုင်ပါဘူး ပိုပြီးပဲ ပြဿနာတိုးလာစေတာပါ။
အချင်းချင်း စကားမပြောတာတွေကြောင့်
တစ်ယောက်နဲ့တစ်ယောက် ဘာကို အမှန်တကယ် ဖြစ်ချင်တာလဲ ဘာကိုလိုချင်တာလဲ မသိကြတော့ပဲ နားလည်မှုတွေ လွဲကုန်ကြတယ် ဒီလိုနဲ့ပဲ ဆုံးဖြတ်ချက်အမှားတွေ ချမိကုန်ကြကော။
ပြောချင်တာကတော့ ကိုယ့်ရဲ့ Relationship မှာ ပြဿနာတွေ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာရင် စကားပြောပါ တိုင်ပင်ပါ ဆွေးနွေးပါ နုတ်ဆိတ်မနေပါနဲ့ နှုတ်ဆိတ်နေခြင်းက အရာရာကို အဆင်မပြေစေပါဘူး။
09/17/2025
"ရေစက် နှင့် ဝဋ်ကြွေး"
ဘဝမှာ....
ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ။
တချို့က....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ။
တချို့ကတော့
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ။
ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိကြရတာပါပဲ ။
ကိုယ်က ကောင်းပါရဲ့နဲ့ ....
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ
အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ။
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ
တစ်ခုပြီးတစ်ခု ကျေသွားတယ်လို့ပဲ
သဘောထားလိုက်ပါ ....။
ခံရတဲ့သူက အဟောင်းခံရတာပါ
လုပ်တဲ့သူကသာ အသစ်လုပ်နေတာပါ ။
များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့လို့
သဘောထားပြီး
အခြေအနေတချို့ကို ကျေနပ်လက်ခံလိုက်ပါ ။
ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ
ဖြစ်လွယ်ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့မျှော်လင့်မိပါတယ် ။
🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏
(မူရင်းမျှဝေသူအားလေးစားစွာဖြင့်)
08/26/2025
"မင်း ဖတ် ရ တာ တန် ပါ တယ်"
📚-------------📚-------------📚
လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။
လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။
လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။
တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။
လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။
စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။
တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။
ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။
သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။
ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။
တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။
ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။
ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။
နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်
#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
08/16/2025
အိမ်ထောင်ကျသွားလို့
တခြားမိသားစု တခုထဲကို ဝင်ကြတဲ့အခါ
ကိုယ့်အိမ်ထောင်ဖက်ရဲ့ ဦးစားပေးမှု
အလေးထားမှုတွေက
အမျိုးသမီးတစ်ယောက်အတွက် အရမ်းကိုအရေးပါတယ်
အမျိုးသားကသာ
ရှေ့ကနေ မားမားမတ်မတ် ရှိပေးနေရင်
ဘယ်သူကမှ ကိုယ့်အမျိုးသမီးကို လွယ်လွယ်
မပြောဆိုရဲဘူး မစော်ကားရဲ မနှိမ်ရဲသလို
ဦးစားပေးတာလဲ ခံရတယ်
သူ့အမျိုးသား သူ့ရှေ့မှာရှိနေပါလားဆိုတဲ့
တံတိုင်း ကြီးက အမျိုးသမီးတယောက်အတွက်
အရမ်းလုံခြုံစေတယ်
အမျိုးသားက ကိုယ့်ဖက်က မရှိပဲ
ဘယ်သူဘာပြောပြော ကာကွယ်မပေးပဲ
သူကပါလိုက်အပြစ်တင် မကောင်းပြောရင်တော့
အမျိုးသားမျက်နှာကြည့်ပြီး
လိုက်နေရတဲ့မိန်းမတယောက်အတွက် ငရဲပဲ
သူများ သားသမီးကို ချစ်လို့ ယူယူ
ပေးစားလို့ ယူယူ
ကိုယ်နဲ့ယူပြီး မိသားစုထဲ ရောက်လာတဲ့အခါ
ကာကွယ်ပေးရမှာ စောင့်ရှောက်ပေးရမှာ
အမျိုးသားတွေရဲ့ တာဝန်ပါပဲ။ ❤️
Crd
08/11/2025
မျက်နှာလေးတစ်ချက် နွမ်းသွားရင်
ဘာဖြစ်တာလဲလို့ မေးတယ်
အသံလေးတစ်ချက် မကောင်းတော့ရင်
ဘာဖြစ်လို့လဲလို့ ထပ်မေးရတယ်
အချစ်ဆိုတာကို
တန်ဖိုးကြီးပစ္စည်းတွေနဲ့ဂရုစိုက်ပေးတာထက်
စိတ်ရောကိုယ်ပါ နွေးထွေးစွာဂရုစိုက်ပေးတာကို
ပိုမက်မောတယ်။
💭 || 8.8.2025
07/30/2025
လူတစ်ဦးနဲ့တစ်ဦး ရေရှည်သွားမဲ့ပေါင်းသင်းဆက်ဆံရေးမှာ…
*ဘယ်သူက ကိုယ့်အပေါ် ပိုကောင်းလဲ*ဆိုတာထက်
*ဘယ်သူက ကိုယ့်အပေါ် ပိုစစ်မှန်လဲ?*ဆိုတဲ့အချက်ကို
အဓိကထား ဆန်းစစ်သုံးသပ်ကြည့်ပြီး
အတွင်းစီးထဲခေါ်မလား?
အပြင်စီးမှာထားမလား?ဆိုတာ စဉ်းစားဆုံးဖြတ်တယ်
(ကိုယ်နဲ့ပေါင်းလို့ တစ်ဖက်သားအကျိုးမယုတ်အောင် ကျင့်ကြံနေထိုင်ရသလို… ကိုယ့်ဘဝကို ဘာအရာကမှ ထိပါးဖျက်စီးမရအောင်လည်း ကိုယ့်ကိုကိုယ်ကာကွယ်တတ်ရမယ်)
ကျွန်တော့်အတွက် အနီးဆုံးလို့သတ်မှတ်တဲ့သူဟာ…
ဘဝနေထိုင်မှုပုံစံ စိတ်နေသဘောထား
အခြေအနေ အနေအထားတွေ
မတူညီကွဲပြားခြားနားနေလည်းရတယ်
ဒါပေမဲ့
ငွေပေးဝယ်စရာမလိုတဲ့ စိတ်စေတနာပိုင်းမှာတော့
စစ်မှန်မှု သမာသမတ်ကျမှု
အကျိုးလိုလားစိတ်ရှိဖို့က အဓိကပိုကျတယ်
(လူတစ်ယောက်ကို ဒီအချက်ရှိမရှိ ခံစားဆန်းစစ်ကြည့်ပြီးပဲ ပေါင်းတယ်)
ဘဝမှာ အလေးအနက်ထားယုံကြည်တာက
လူတစ်ဦးနဲ့တစ်ဦး ဆက်နွယ်ပတ်သက်မှုကြားမှာ
တစ်ဦးအပေါ်တစ်ဦး စိတ်ရင်းစေတနာမှန်မှန်
ပြုမူဆက်ဆံတုံ့ပြန်ခြင်းလောက်
ပိုကောင်းတဲ့ တန်ဖိုးရှိမှုမျိုး ထပ်မရှိနိုင်တော့ပါဘူး။
#မဟော်
07/20/2025
သူငယ်ချင်းဆိုတာ…
မနာ လို မှု ကင်:တဲ့ လူ၊ ဖြူစင်တဲ့ လူ။
ကိုယ့်အမြင့်ရောက်ရင် ဝမ်းသာပေးပြီး၊
နိမ့်ကျရင် ထူပေးမယ့် သူ။
တော"က်ပဖို့ အမြဲကူညီတဲ့ သူ
အဲဒါကို သူငယ်ချင်းလို့ ခေါ်တယ်
အသဲပေးလိုက် အတင်:ပြောလိုက် လူတွေမပါဘူး
သာပေါင်း ညာစာ:တွေလဲ မပါဘူးး
ကိုယ့်ထက်သာရင် မနာလိုတဲ့ သူတွေ မပါဘူး
ဘုရားပေးတဲ့ ဆုလို့ သ၊တ်မှတ်ထားတဲ့
သူငယ်ချင်းဆိုတဲ့ အတန်းစာ:ထဲ
တွေ့သမျှလူ ဆွဲထည့်လို့ မရဘူး ❤
#🍀🍀🍀
07/17/2025
ဘယ်အချိန်အထိ နေရမဲဆိုတာ မသိသေး တဲ့နေ့ရက်တွေမှာ...
စိတ်သောကတွေကင်းဝေးပြီး မေတ္တာဖြင့်စိတ်တည်ငြိမ်အေးချမ်းစွာ
ဘဝကိုပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းပါ။
ပျော်စရာတွေရှိလာရင် ပျော်လိုက်ပါ။
ဝမ်းနည်းစရာတွေကြုံလာရင် ငိုလိုက်ပါ။
ချိုတလှည့်၊ခါးတလှည့် ဘဝရဲ့လောကဓံကြားမှာ ဘာကြောင့်များ ညစ်နေတဲ့စိတ်တွေနဲ့ နေ့သစ်တွေကိုဖြတ်သန်းနေမှာလဲ။
ချစ်တဲ့သူတွေကို ပိုချစ်ပေးလိုက်ပါ။
မုန်းတဲ့သူတွေကိုဥပေက္ခာပြုထားလိုက်ပါ။
မလိုတဲ့ ရပ်ဝန်းတွေမှာလည်း
တွယ်ကပ်မနေပါနဲ့။
ကိုယ့်အတွက်မဟုတ်တဲ့ ပိတ်ထားတဲ့ တံခါးတွေကိုလည်း ခဏခဏမခေါက်ပါနဲ့တော့...
အချိန်တန်ရင် ပြီးသွားမယ့်အရာတွေထဲ စိတ်နှစ်ပြီး ဘာကြောင့်များ မပျော်နိူင်ဖြစ်နေမှာလဲ???
အတ္တတွေများနေရင် အထီးကျန်ရတတ်တယ်။ ဒါကြောင့်တတ်နိူင်သမျှ မာနတွေလျော့၊အတ္တတွေကိုလျော့ပါ။
ဖြစ်လာသမျှအကောင်းလို့ပဲတွေးရင် အဆိုးတွေကိုလည်း အကောင်းဆုံးဖြတ်ကျော်နိူင်မှာပါ။
မုန်တိုင်းတွေပြီးရင် လေပြေလေးတွေလာမှာကိုပဲ မျှော်လင့်မနေနဲ့ ခဏခဏလာလည်တတ်တဲ့ အခက်ခဲနဲ့ဒုက္ခတွေကို ဖြတ်ကျော်နိူင်ဖို့ကသာအဓိကပါ။
ဒါကြောင့် ကိုယ့်ဒုက္ခမှ ဒုက္ခလို့မထင်ပါနဲ့
လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတာပါပဲ။
ဘဝဆိုတာ...
မပျော်လည်း နေရမယ်၊ပျော်လည်းနေရမယ့်အတူတူ ပျော်ရွှင်မှုတွေမပျောက်ဆုံးစေနဲ့။
အမှိုက်နဲ့တူတဲ့စိတ်အညစ်အကြေးကို
ပယ်ထုတ်နိူင်ရင် နေ့ရက်တိုင်းက ရက်ရာဇာပဲမဟုတ်လား???
ရှင်သန်ရတဲ့နေ့ရက်တိုင်ကို ပျော်နိူင်သမျှပျော်ဖို့ပဲလိုပါတယ်။
07/15/2025
“ခဏလာနားတဲ့ ငှက်ကလေးတွေအတွက် လိုက်မခံစားနဲ့”
🔳 ပိုပိုပြီးလည်း နားလည်လာရ၊ ကိုယ့်ကိုယ်ကိုယ်လည်း မကြာခဏ သတိပေးဖြစ်နေတဲ့ စကား။
The birds come and go. Rest like a giant tree.
ငှက်ကလေးတွေကတော့ လာနားလိုက်၊ ထွက်သွားလိုက် ဖြစ်နေမှာပဲ။ သစ်ပင်ကြီးလိုသာ ကြံ့ကြံ့ခံ ရပ်တည်ပါတဲ့။
ဗုဒ္ဓဘာသာမှာ ပြောလေ့ရှိတဲ့ "ဥပေက္ခာ" ဆိုတာ အဲဒါပါပဲ။ အပြောလွယ်သလောက် ကျင့်သုံးရတာလည်း အတော်ခက်ပါတယ်။
🔳 ငှက်ကလေးတွေ ဆိုတာမှာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်လာဘ ပေါခြင်း၊ လာဘ်လာဘ ရှားပါးခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ဆင်းရဲခြင်း စသဖြင့် အကြုံးဝင်တယ်။ ချစ်သူ ခင်သူ၊ မုန်းသူ မလိုသူတွေလည်း ဒီထဲ ပါတာပဲ။
ရောက်လာတယ်။ ထွက်သွားတယ်။ ကောင်းတာတွေ ရောက်လာတော့ ပျော်ရတယ်။ မကောင်းတာတွေ ရောက်လာတော့ ငိုရတယ်။ ကောင်းတာတွေ ထွက်သွားတဲ့အခါ ငိုရပြန်ပြီး မကောင်းတာတွေ ထွက်သွားတော့ ပျော်ရပြန်တယ်။ ဒီလိုနဲ့ပဲ လည်ပတ်နေရတာ။
🔳 ငယ်ငယ်ကတော့ ကောင်းတာတွေ လိုချင်တယ်။ ရအောင်လည်း ကြိုးစားတယ်။ လူတွေလေးစားအောင်၊ ချီးကျူးခံရအောင်၊ ပိုက်ဆံတွေရှိအောင်၊ ကျန်းမာအောင်၊ ဘဝတိုးတက်အောင်၊ ချစ်တဲ့သူတွေနဲ့ အတူရှိရအောင်၊ ဆုံစည်းရအောင် အစရှိသဖြင့်ပေါ့။ ဒီငှက်ကလေးတွေ ကိုယ့်အပင်မှာ လာနားရင် ပျော်ရမှာကိုး။
တဖြည်းဖြည်းနဲ့ အရွယ်ရလာ၊ ဘဝအတွေ့အကြုံတွေ များလာ၊ လောကဓံတွေနဲ့ ကြုံရပါ များလာတော့ ပျော်ရွှင်ခြင်း အစစ်အမှန်ဟာ အဲဒီငှက်ကလေးတွေမှာ ရှိမနေဘူး၊ ဒီငှက်ကလေးတွေကိုပဲ အားကိုးနေလို့ မရဘူး ဆိုတာ နားလည်လာတယ်။
🔳 ဘယ်လောက်ကောင်းအောင်နေနေ "ကဲ့ရဲ့ခြင်း" ဆိုတဲ့ ငှက်ဆိုးက လာနားတာပဲ။ ငွေတွေဘယ်လောက်ရှာရှာ၊ တိုးတက်အောင်လုပ်လုပ်၊ "ဆုံးရှုံးခြင်း" ၊ "နိမ့်ပါးခြင်း" ဆိုတဲ့ ငှက်တွေက လာနားပြန်တာပဲ။ ဘယ်လောက်ပဲ အတူရှိနိုင်အောင် ကြိုးစားကြိုးစား၊ "ခွဲခွာခြင်း" ဆိုတဲ့ ငှက်ကို ရှောင်လွှဲလို့ မရပြန်ဘူး။
အဲဒီအခါ တကယ့်ကိုယ်တွင်းငြိမ်းချမ်းမှု အစစ်အမှန်ဟာ ခဏလာနားတဲ့ ငှက်တွေဆီမှာ မူတည်နေတာ မဟုတ်ဘူး။ ဘယ်ငှက်တွေပဲ လာနားပါ၊ ဘယ်ငှက်တွေတော့ လက်မခံဘူး ဆိုပြီး ရွေးလို့ရတာလည်း မဟုတ်ဘူး။
အဓိကက ဘယ်ငှက်ပဲ လာနားပါစေ၊ တည်ငြိမ်မှုရှိဖို့၊ ကြံ့ကြံ့ခံနိုင်ဖို့၊ လိုက်မခံစားဖို့ကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ သစ်ပင်နဲ့တူတဲ့ ကိုယ်ကိုယ်တိုင်မှာပဲ မူတည်နေတာပါ။
🔳 အဲဒီထက် အသေးထပ်စိတ်ကြည့်မယ်။
ဥပမာ အလုပ်လုပ်နေချိန်၊ စာလုပ်နေချိန် အိပ်ချင်လာတယ် ဆိုပါစို့။ ညစာရှောင်ထားချိန် အစားစားချင်လာတယ် ဆိုပါစို့။ အဲဒီတောင့်တမှုတွေက ငှက်ကလေးလိုပဲ ခဏတဖြုတ် ရောက်လာတာ။
အိပ်ချင်လာရင် လမ်းဖြစ်ဖြစ် ထလျှောက်လိုက်။ အိပ်ချင်စိတ်က ပျောက်သွားရော။ အစားစားချင်လာရင်လည်း တစ်ခုခုနဲ့ အာရုံလွှဲကြည့်လိုက်။ ပျောက်သွားပြန်ရော။ ဒီငှက်ကလေးတွေ ကိုယ့်အပင်ကနေ ထွက်သွားပြီး တခြားငှက်တွေ ရောက်လာတဲ့သဘော။
အတိတ်ကို တွေးမိပြီး ပူလောင်တယ်။ အနာဂတ်ကို တွေးမိပြီး ပူပန်တယ်။ လက်ရှိပစ္စုပ္ပန်ကို တည့်တည့်စိုက်ကြည့်လိုက်။ ခုနက ပူလောင်မှု၊ ပူပန်မှုတွေ ပျောက်သွားပြန်ရော။
🔳 မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်ရာကနေ အိပ်သည်အထိ ဒီခံစားချက်တွေက ငှက်ကလေးတွေလို အလျင်မပြတ်ဘဲ ကိုယ်ဆိုတဲ့ သစ်ပင်ပေါ် လာနားနေတာ။
ကိုယ်က သတိမထားရင် ဒီငှက်ကလေးတွေနောက်ကို လိုက်မိသွားရော။ ဆန္ဒတွေရဲ့သားကောင် ဖြစ်သွားရော။ အမှားတွေ လုပ်မိရော။
🔳 ဒါကြောင့်လည်း ခံစားချက်တွေနဲ့ ပတ်သက်ရင် အတင်းမဖိနှိပ်နဲ့လို့ ပြောတာ။ ဒီစိတ်တွေ မဖြစ်ရဘူး၊ မဖြစ်ရဘူး ဆိုပြီး ဖိနှိပ်ထားလို့ မရဘူး။ အာရုံနဲ့ ထိတွေ့မိရင် စိတ်ကတော့ ဖြစ်မှာပဲ။ ဆိုရှယ်မီဒီယာ သုံးမိတယ်။ လိင်ဆွဲဆောင်မှု ရှိတဲ့ ဓါတ်ပုံတစ်ပုံ မြင်လိုက်တယ်။ တပ်မက်တဲ့စိတ် ဖြစ်တယ်။ ဒါ သဘာဝပဲ။ Suppress လုပ်လို့ မရဘူး။
ခဏလာနားတဲ့ ငှက်ကလေးတစ်ကောင်လိုသာ မြင်လိုက်။ မြန်မြန်ကျော်ပစ်လိုက်ရင်၊ တခြားပို့စ်တွေ ဖတ်နေလိုက်ရင် အဲဒီငှက်ကလေးက ပြန်ထွက်သွားလိမ့်မယ်။ စိတ်ကို သတိနဲ့ စောင့်ကြည့်တယ်ဆိုတာ အဲဒါကို ပြောတာ။
ကိုယ့်ကို ဆဲဆိုထားတဲ့ ကွန်မန့်တွေ၊ တိုက်ခိုက်ထားတဲ့ ပို့စ်တွေနဲ့ ပတ်သက်ရင်လည်း ဒီဥပမာကို အစားထိုးကြည့်လို့ရတယ်။
🔳 ပုထုဇဉ်လူသားတွေပဲ ဖြစ်လို့ သစ်ပင်တစ်ပင်လို ရပ်တည်နိုင်ဖို့ဆိုတာတော့ သိပ်ခက်ပါတယ်။ အနည်းနဲ့အများ လှုပ်ခတ်မှုတော့ ရှိမှာပါပဲ။
သို့သော် ငှက်ကလေးတွေနောက် များများလိုက်မိလေလေ၊ ကိုယ့်သစ်ပင်က ယိမ်းထိုးနေလေလေ။ နည်းနည်းပဲ လိုက်မိရင်တော့ လှုပ်တယ်ဆိုရုံလောက် ဖြစ်နေမှာပေါ့။
🔳 အကောင်းလောကဓံတွေနဲ့ ကြုံရချိန် သာယာလွန်းခဲ့သူဟာ အဆိုးလောကဓံတွေနဲ့ ကြုံရတဲ့အခါ ပိုပြိုလဲရတတ်တယ်။ ဘာလို့ဆိုတော့ ခဏလာနားတဲ့ ငှက်ကလေးတွေနောက် လိုက်ပါယိမ်းထိုးနေခဲ့မိလို့။
အရင်က ချမ်းသာပြီး အခု ပိုက်ဆံမရှိတော့တဲ့အခါ၊ အရင်က နာမည်ကြီး ထိတ်ထိတ်ကြဲဘဝကနေ အခု မအောင်မြင်တော့တဲ့အခါ၊ ငယ်ငယ်က လှပမှုတွေ အခု ပျောက်ကွယ်သွားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ဆောက်တည်ရာမရ ဖြစ်ကုန်သူတွေ မြင်ဖူးကြလိမ့်မယ်။
ဒါကြောင့်လည်း ငြိမ်းချမ်းမှုအစစ်အမှန်ဟာ ကောင်းတဲ့အရာတွေမှာ ရှိတာမဟုတ်ဘူး။ အကောင်းနဲ့ကြုံကြုံ၊ အဆိုးနဲ့ကြုံကြုံ တည်တည်ငြိမ်ငြိမ်နဲ့ လက်သင့်ခံနိုင်ခြင်းမှာသာ ရှိတယ်လို့ ပြောရတာပါ။
🔳 ဒီအတွေးဟာ အဆိုးလောကဓံတွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း လက်မမြှောက်၊ အရှုံးမပေးဘဲ ရှေ့ဆက်နိုင်စေတယ်။ ဒီဒုက္ခတွေ ကြုံနေတုန်းတော့ အချိန်တွေက သိပ်ကြာသလိုပဲ။ တစ်ရက်တစ်ရက် မကုန်နိုင်သလိုပဲ။ သို့သော် သူလည်း ခဏလာနားတဲ့ ငှက်ကလေးပါပဲ။ ဘယ်လောက်ကြာကြာ နေနိုင်မှာမို့လို့လဲ။ အချိန်တန်ရင် ပြန်ထွက်ခွာသွားရတာပဲ။
ကိုယ့်ဘဝမှာ ကြုံခဲ့ဖူးသမျှ ဒုက္ခတွေကို ပြန်စဉ်းစားကြည့်။ တချို့တွေ ဟာသဖြစ်သွားတယ်။ တချို့တွေ ဘာမှမဟုတ်တော့ဘူး ဖြစ်သွားတယ်။ They come and go ပါပဲ။
🔳 ဒီတော့ အကောင်းတွေနဲ့ကြုံလည်း ပျော်စရာရှိတာ ပျော်ပါ။ ခဏနေ ပြန်ထွက်သွားမယ် ဆိုတာ သိထား။ ဒါဆို တကယ်ပြန်ထွက်သွားတဲ့အခါ အရမ်းမခံစားရတော့ဘူး။
အဆိုးတွေနဲ့ကြုံလည်း ငိုစရာရှိတာ ငိုပါ။ ခဏနေ ပြန်ထွက်သွားမယ့် ငှက်ကလေး ဆိုတာတော့ မမေ့နဲ့။ ဒါဆို မကျော်လွှားနိုင်တဲ့ တောင်ကြီးတစ်လုံးလို မြင်နေတာတွေ မရှိတော့ဘူး။
🔳 လူတွေဟာ ပျော်စရာတွေနဲ့ ကြုံရရင် ပျော်ရလိမ့်မယ်လို့ ထင်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ဘယ်ငှက်ကလေးတွေပဲ လာနားလာနား၊ မတုန်မလှုပ်နဲ့ သစ်ပင်တစ်ပင်လို ကျင့်ကြံနိုင်ပြီ ဆိုတဲ့နေ့မှသာ ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရနိုင်တာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၅.၇.၂၀၂၅
07/12/2025
▪️ဘဝမှာ ဘာလေးပဲလုပ်လုပ်
ကိုယ်လုပ်လိုက်တဲ့အပြုအမူတိုင်းက
ကိုယ့်ဆီကို တန်ပြန်သက်ရောက်တယ်ဆိုတာမမေ့ပါနဲ့။
▪️ဒီဘဝမှာ မကောင်းမှုလုပ်တဲ့သူက
သံသရာအတွက် ဝဋ်ကြွေးယူနေတာပါ။
▪️သူများ မသိဘူးဆိုပေမဲ့ ကိုယ်ပြုမူလိုက်တဲ့မကောင်းမှုတိုင်းကိုတော့ ကိုယ်တိုင်လိပ်ပြာမလုံဖြစ်နေမှာတော့ သေချာပါတယ်။
▪️ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော
ကောင်းတဲ့အမူအကျင့်မရှိရင် အပြုအမူနဲ့ဗီဇ
ကသူ့အလိုလို ပေါ်လွင်လာပါတယ်။
▪️ဒါကြောင့် တချို့စိတ်ဓါတ်တွေက ရုပ်ရည်ပေါ်မှာမူတည်ပြီး တချို့စိတ်ဓါတ်တွေကျတော့လုပ်ရပ်အပေါ်ကြည့်ပြီးသိနိူင်ပါတယ်။
▪️မကောင်းမှုဆိုတာ ကိုယ့်စိတ်ကို မသိစိတ်ကနေလိမ်လို့ရပေမဲ့ တကယ်တမ်းကြတော့
သူတစ်ပါးကို လိမ်လို့မရပါဘူး အကယ်၍ ရခဲ့ရင်လဲ ခဏပါပဲ ။မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိပါ။
▪️ထို့ကြောင့် မိမိကိုယ်ကိုယ်တောင် ညာလို့မရတဲ့ မကောင်းမှုကို သူများကိုလည်းမကြူးလွန်ပါနဲ့ ဒီဘဝမှာတောင် ဒီလိုအပူဒုက္ခတွေနဲ့သောကရောက်နေရင် နောင်သံသရာအတွက်ဝဋ်ကြွေးတွေထပ်မယူမိစေနဲ့။
▪️စိတ်ရဲ့ငြိမ်းချမ်းခြင်း၊အေးချမ်းခြင်းရှိတဲ့နေရာဆိုတာ... သင့်နှလုံးသားထဲမှာပါ မိမိရဲ့စိတ်ငြိမ်းချမ်းမှ မိမိသည်လည်းအေးချမ်းမှာပဲဖြစ်ပါတယ်။
#မေဆု(ရာမညမြေ)
07/11/2025
“ဘဝခရီးမှာ
အဖော်ဆိုတာ အမြဲတမ်း မရှိပါဘူး
တစ်ယောက်တည်း ဖြစ်သွားရင်လည်း
တစ်ယောက်တည်းပဲ နေတတ်ရမယ် "
"မောင်သာချို"
ကောင်းရာမွန်ရာရောက်ပါစေ ဆရာရေ...
အမြဲတမ်း သတိရ အမှတ်ရနေမှာပါ..
10 / 7 /2025
Click here to claim your Sponsored Listing.