မေဇူး စားသောက်ကုန်
Best Quality ~ Fair Price
ပစ္စည်းမှန် ၊ စျေးမှန် ရမည် ။
12/07/2022
ဝါဆိုလပြည့်နေ့
ဓမ္မစကြာအခါတော်နေ့
🌸🌼🌸🌼🌸🌼🌸🌼🌸
ဒီနေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး
တို့ အထွဋ်အမြတ်ထားရာ ဝါဆို
လပြည့်နေ့ ဓမ္မစကြာအခါတော် နေ့ကလေး ဖြစ်ပါတယ်။
ဒီ ဝါဆိုလပြည့်နေ့ နေဝင်၊လထွက်ချိန်မှာ မြတ်စွာဘုရားဟာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဥ္ဒဝဂ္ဂီ ငါးပါးကို တရားဦးဟောကြားတော်မူခဲ့တာပါ။
🌸🌼🌸🌼🌸🌼🌸🌼🌸
ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် (၈) ချက်ကတော့....
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ မိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။
ကိုးကား ။ ။ မာဂဓီ (သာစည်)
Cliquez ici pour réclamer votre Listage Commercial.
Site Web
Adresse
Democratic Republic Of The