A MIXED AREA
မဂ်လာပါ
အခုချိန်ထိ ရည်းစားဟောင်းရဲ့
အကောင့်ထဲကို ဝင်ပြီးတော့
သူ့ရဲ့လက်ရှိချစ်သူနဲ့ ကိုယ့်ကိုကိုယ်
နှိုင်းယှဥ်နေမိပြီလား.....။
ဒါဆိုရင်တော့ ဒီစာလေးကို အဆုံးထိ ဖက်ပေးပါနော်....
သူရွေးချယ်လိုက်တဲ့ ကောင်လေး သို့မဟုတ် ကောင်မလေးက
ကိုယ့်ထက်သာနေလို့ မဟုတ်ဘူးဆိုတာကို သိထားပေးပါ ။
သူနဲ့ထိုက်တန်တဲ့သူ
သူနဲ့ တန်တဲ့သူ ဖြစ်နေလို့ဆိုတာ
သိထားသင့်ပါတယ် ။
ဒါကြောင့် ကျွန်မတို့မှာလည်း
သူ့ထက် ပိုကောင်းတဲ့သူမျိုး
တွေ့ရဖို့ ထိူက်တန်ဆိုတာ မမေ့ပါနဲ့ ။
တစ်ခါတလေ ကျွန်မတို့ကို မရွေးချယ်တိုင်း
ကျွန်မတို့က ညံ့နေကြလို့ မဟုတ်ပါဘူး ။
ကိုယ်နဲ့ထိုက်တန်တဲ့ နေရာတစ်ခု
မဟုတ်သေးတာကို သိထားပေးပါ ။
မကောင်းတဲ့သူတွေနဲ့လွဲခဲ့လို့
အကောင်းဆုံးသူတွေကို ပိုင်ဆိုင်ခွင့်ရတာပါ ။
သူတို့မရွေးချယ်တိုင်း ကိုယ်က
ညံ့နေလို့ မဟုတ်ပဲနဲ့
နေရာမှန်လူမှန် မဟုတ်သေးလို့ ဆိုတာကို သတိရပါ ။
နေရာမှန် ရောက်လာတဲ့အခါ
လူတိုင်းက ပိုမိုကောင်းမွန်တဲ့
ဘဝမျိုး ရရှိနိုင်သလို ။
ပိုပြီး အချစ်ခံရပြီးတော့
ပိုပျော်ရွှင်တဲ့ လူသားတစ်ယောက်
ဖြစ်နိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ။
ဒါကြောင့်မို့လို့ တစ်ချို့လမ်းလွဲခြင်းတွေ
တစ်ချို့ လမ်းခွဲခြင်းတွေက
ကိုယ့်အတွက် ကံဆိုးမူ့လည်း မဟုတ်ပါဘူး ။
ပြီးတော့ နောက်လူတွေနဲ့လည်း
ကိုယ့်ကိုကိုယ် နှိုင်းယှဥ်မနေပါနဲ့ ။
ကိုယ့်အတွက်သာ အကောင်းဆုံးတွေ
ရောက်လာမယ်ဆိုတာကို ယုံကြည်ထားပေးပါ ။
ကိုယ်က ပိုကောင်းတဲ့လူနဲ့ ထိုက်တန်ပါတယ်...။
✅✅✅
31/05/2025
လူတစ်ယောက် မင်းကို
မရွေးချယ်လို့ ဝမ်းနည်း နေတဲ့ အခါ
မင်းမရွေးချယ်ခဲ့တဲ့
လူတွေကို သတိရပါ
သူမှသူဖြစ်နေတဲ့ မင်းမှာ
မင်းမှမင်း ဖြစ်နေတဲ့ လူတွေ ရှိတယ်/ရှိလာလိမ့်မယ်၊
လိုချင်တာတိုင်း ရနေရင်
လူ့ပြည်က ဘယ်ပျော်ဖို့ ကောင်းတော့မလဲ
ပြိုချိန်ပြိုနိုင်သလို ပျိုးတဲ့အချိန်မှာလဲ ငါတို့ ပျိုးရမယ်
ဒါဟာ မင်းမှာရှိရမဲ့ မရှိမဖြစ်ပါပဲ
သူသိပါစေ....🥺
26/05/2025
ပန်းတွေကြွေတာ..
လေပြင်းကြောင့်ပါဆိုရင်
လက်ခံခဲ့တဲ့ မြေပြင်မှာပဲ အပြစ်ရှိတယ် ..
မျက်ရည်ကျတာ..
နှလုံးသားကြောင့်ပါဆိုရင်
ရှိုက်တတ်ခဲ့တဲ့ ပင့်သက်မှာပဲ အပြစ်ရှိတယ် ..
အိပ်မပျော်တာ...
အတွေးကြောင့်ပါဆိုရင်
ခံစားတတ်တဲ့ နှလုံးသားမှာပဲ အပြစ်ရှိတယ် ..
လွမ်းတတ်ခဲ့တာ..
မင်းကြောင့်ပါဆိုရင်
ချစ်မိခဲ့တဲ့ ကိုယ့်မှာပဲ အပြစ်ရှိတယ်...။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
#𝓡𝓔𝓛𝓐𝓧
20/09/2024
မိသားစုတိုင်းမှာ .......
ဒုက္ခပေးလွန်းသူပါလာခဲ့တဲ့အခါ ....... 👨👩👦👦👨👩👧👦👨👩👧👪
တစ်ခါက မိသားစု တစ်စုဟာ
လှေတစ်စင်းနဲ့ ခရီးထွက်လာတယ်။
အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်။
အမေက လိုရာရောက်ဘို့
နောက်ကနေ လှေကို ပဲ့ကိုင်လို့ပေါ့။
မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပဲ။
လှေပေါ်က အခြေအနေကိုပြောပြမယ်နော်။
အဖေက ရှေ့ကို အားပါးတရနဲ့
ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်မလှည့်အားဘူး။
အမေကတော့ နောက်ဆုံးကနေ
လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့။
အထူးသဖြင့် အလယ်မှာ
ထိုင်စီးနေတဲ့ သားတယောက်က
သူ့အောက်ကို ငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့
ထိုးဖောက်နေတာ သတိထားမိတယ်။
အမေဖြစ်သူက အဖေကြီးမသိအောင်
တားပေမဲ့ မရဘူး။
နောက်ဆုံး ရှေ့ရောက်အောင်
အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားတယ်။
". .မင်းဘာလုပ်တာလဲ....''လို့ ...
လှည့်ပြီးမေးတော့ သားက
". လှေကို ဓားချွန်နဲ့ ဖောက်နေတာ..'' လို့ပြောတယ်။
" မင်းဘာလို ဒီလို လုပ်တာလဲ...''မေးတော့
''ဘာဖြစ်လဲ.....ဘယ်သူ့ အောက်မှာမှ
အပေါက်ဖောက်တာမဟုတ်ဘူး......
ကိုယ့်အောက် ကိုယ်ဖောက်တာ....'' လို့ပြောပြီး
အားနဲ့ ထိုးစိုက်လိုက်တယ်။
လှေထဲကိုရေတွေ အရှိန်နဲ့ဝင်လာတယ်။
အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့
အသက်တွေတော့ မဆုံးရှုံးဘူးပေါ့။
ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး
ခရီးကတော့ ပျက်သွားတယ်။
ဒီအဖြစ်အပျက်လိုပါပဲ။
တခါတရံ မိသားစုတခုမှာ ဘာမှလဲ မလုပ်နိူင်။
အလယ်ကနေ ထိုင်စီးပြီး
ဒုက္ခပေးမဲ့သူတွေ ပါတတ်ပါတယ်။
သူတို့စိတ္ထဲမြာ
လှေရဲ့ အလယ်က ထိုင်စီးနေသူလိုပါပဲ။
ကိုယ့်အောက်ကိုယ်ဖေါက်တာ။
ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်လို့ တွေးတတ်ပါတယ်။
တကယ်တော့ လှေပေါ်မှာ တစ်မိသားစုလုံးထိုင်နေတာပါ။
တစ်ခရီးထဲ သွားနေတဲ့
တစ်မိသားစုလုံးဒုက္ခရောက်ကုန်တာပါ။
ဒါကြောင့် မိသားစုတခုမှာ
ကိုယ်ဘာသာ ကိုယ်လုပ်တာ။
ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်ဆိုတာ မရှိပါဘူး။
တယောက်ယောက်က ဖောက်လာရင်
ကျန်သူ အကုန်လုံး ဒုက္ခရောက် တတ်ပါတယ်။
ကိုယ့်ကြောင့် ဒုက္ခမဖြစ်ဖို့......
တခြားသူများကိုလည်း တွေးပူတတ်ဖို့ လိုအပ်ပါတယ်။
* ဘဝခရီးမှာ အဖော်မွန်ကောင်းတွေ ရကြပါစေ။
စိတ်ညစ်စရာတွေ ခဏတာ ဖြေဖျောက်ကြရအောင်
ဝါသနာ တူ ၂ယောက်ဆုံသောအခါ .......🙂
လွမ်းမောစရာ အမှတ်တရတွေ
ပျော်ရွှင်ခဲ့ရတဲ့ အတိတ်တွေကို
ပြန်မရောက်နိုင်ပင်မဲ့...
တနေ့နေ့တချိန်ချိန် မှာ
အားလုံးနဲ့ရယ် ပြန်ဆူံချင်မိတယ်
သူငယ်ချင်းတို့ရယ်..........😔
အေးအေးချမ်းချမ်းပဲ
နေချင်တော့တယ်😔
အရမ်းချစ်ကြတာ 😂
ကျူရှင်မှာ ဆရာမနေမကောင်းသောအခါ🤣
#မိနိုင်
Cliquez ici pour réclamer votre Listage Commercial.
Type
Contacter l'entreprise
Site Web
Adresse
Democratic Republic Of The