Chan's Book Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan's Book Shop, Ranchi.
ပုဆိုးဖြူမှန်ကူကွက်
မနက်လည်းခြုံ ညလည်းခြုံ
ခြုံနေရက်နဲ့ ချမ်းလေခြင်း...၊
မိနဲ့မောင်မှာ
မနက်လည်းဆုံ ညလည်းဆုံ
ဆုံနေရက်နဲ့ လွမ်းလေခြင်း...🌨💛
#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း
's Book Shop
ကိုယ့်မှာရှိတာလေးတွေကို
ကျေးဇူးတင်ခဲ့မယ်ဆိုရင်...
လိုတာထက်တောင် ပိုပြီးရှိနေသလို
ခံစားရပါမယ်...။
ကိုယ့်မှာ မရှိတာကိုပဲ
ကြည့်နေရင်တော့
လောက်ငှတယ်ဆိုတာတောင်
ဘယ်သောအခါမှ ရှိလာမှာ
မဟုတ်ဘူး...🍂🍂🍂
#ဟန်ချက်ညီသော ဘဝ
#မွန်ဟော်စီ
's Book Shop
လိမ္မာတယ်ဆိုတာ အင်မတန်
ပျင်းစရာကောင်းတဲ့ အလုပ်ပဲမောင်။
လိမ္မာတယ်ဆိုတဲ့ လူတွေကို ကြည့်ပြီး
ခိုင် သနားမိတယ်။
သူတို့ဟာ လောကကြီးကို လိမ်နေကြတယ်။
အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို
ကိုယ်ပြန်လိမ်နေကြတာပဲ။
အဲ့ဒီလို လိမ်ရင်းက သူတို့
အသည်းနှလုံးဟာမာလာကြတယ်။
လိမ္မာတဲ့ အဓိပ္ပါယ်ဆိုတာ ဒါပဲ ထင်ပါရဲ့...☘🍃💚
#တက္ကသိုလ်ဘုန်းနိုင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်
12/10/2021
ခင်ဗျား နားရွက်ဖျားလေးကို
စိတ်ကူးနဲ့ လှမ်းနမ်းချင်မိတဲ့အခါ ...
ခင်ဗျား ရယ်နေပုံလေးကို
တစ်ယောက်တည်း အပိုင်သိမ်းထားချင်မိတဲ့အခါ ...
ဘဝဟာ လိုတာထက် ချို့ တဲ့မှန်း
ပို သိလာရတယ် . . . ။ ။
#ဖရော်ဆန်
Click here to claim your Sponsored Listing.