May Nyo

May Nyo

共有する

23age

24/10/2024

ကိုယ်👰လှနေဖို့က

သူ့🤵အတွက်အရေးကြီးတယ်ဆို

က်ိုယ့်👰အနားသူအမြဲရှိနေဖို့က

ကိုယ့် 👰အတွက်အရေးကြီးဆုံးဘဲ

ဒါကို "အချစ် "လို့ခေါ်သလား?

"နိုး" အချစ်က်ို ခ်ိုင်မြဲအောင်ချည်နှောင်မည့်

ကြိူးတစ်ချောင်းပါ🤍👫

#ဝါညို #

Photos from MMS Books's post 27/06/2024
04/06/2024

* #တစ်ကိုယ်တည်း ဘဝကိုကြိုးစားရုန်းကန်နေရသူများ အတွက် အားပေးစကား ( ၅ ) ခွန်း *
_____________________________________
#လူတိုင်းဟာ ......
ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်
တိုင်ပင်စရာလူ အားကိုးစရာလူ ရှိချင်မှရှိလိမ့်မယ်။

ဒီစာလေးဟာ ဘဝကို
တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

____________________________________

(၁) #စိတ်မလျှော့လိုက်ပါနဲ့

တစ်ခါတလေ ဘဝမှာ
အရှုံးတွေချည်းပဲ ဆက်တိုက်
ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။

ဒါပေမယ့် အဲလိုအချိန်တွေမှာ
လုံးဝစိတ်မလျှော့လိုက်ပါနဲ့။

ဒုက္ခတွေဆိုတာ
ခဏလေးဆိုမှ ခဏလေးပါပဲ။

ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့
အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့်
စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။

အောင်မြင်မှုဆိုတာ
ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ
ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

____________________________________

(၂) #လဲရင်ပြန်ထပါ

ဘဝဆိုတာ
အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ
ပိုၿပီး အဓိပ္ပါယ်ရှိသွားတာပါ။

မလဲဖူးတဲ့သူ
တစ်ယောက်မှ မရှိပါဘူး။

အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့
ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ
လောကဓံရဲ့ အရိုက်အပုတ်
အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ
အဲလိုနေရာကို ရောက်သွားကြတာပါ။

လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင်
အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ
သင်သိမှာပါ။

____________________________________

(၃) #အရှုံးထဲကအမြတ်ယူပါ

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး
ခါးသီးမှုတွေအများကြီးကို
ရင်ဆိုင်ကြုံတွေ့ရမှာပါ။

ဒါပေမယ့် အဲလို အချိန်မျိုးမှာ
သင်သိထားရမှာက အဆိုးတိုင်းမှာ
အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။

အနည်းဆုံးတော့ သင့်ကို
အတွေ့အကြုံသစ်တစ်ခုရစေသလို
ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။

ဒါကိုက မြတ်နေပြီမဟုတ်လား။

တခြားအမြတ်တွေလည်း
အများကြီးရှိပါသေးတယ်။

ယူတတ်အောင်ယူပါ။

____________________________________

(၄) #ဝေမျှပါ

သင့်ဘဝဟာ
ဘယ်လောက်ပဲ ခက်ခဲနေပါစေ
သင့်ထက် ပိုခက်ခဲတဲ့သူတွေ
အများကြီးရှိပါတယ်။

ဒါကြောင့် သူတစ်ပါးကို
ကူညီဖို့ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။

နည်းတာများတာ အသာထား
သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး
ကူညီကြည့်ပါ။

သူတစ်ပါးအတွက်
စဉ်းစားကြည့်ပါ။

ဒါဆိုရင် သင့်ကို
ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး
သူတစ်ပါးကို စိတ်ကြိုက်
ပေးနိုင်ကမ်းနိုင်လာတဲ့အခါ
မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို
သင်ကောင်းကောင်း နားလည်သွားမှာပါ။

စိတ်လှုပ်ရှား ဒေါသထွက်တဲ့အချိန်မျိုးမှာ
တည်ငြိမ်အောင်လုပ်သင့်တဲ့အရာပါ။

____________________________________

(၅) #စာဖတ်ပါ

ဘဝကို တစ်ယောက်တည်း
ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့
စာအုပ်စာပေတွေပါပဲ။

#ဒါကြောင့် သင့်ကို
အသိအလိမ္မာတိုးစေမယ့်စာတွေ
ခွန်အားရှိစေမယ့်စာတွေ
လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်းဖတ်ပါ။ အချိန်ပေးပြီးဖတ်ပါ။

#ဒါဆိုရင် ကျိန်းသေပေါက်
သင်အောင်မြင်လာမှာပါ။

27/05/2024

#သိပ်ကောင်းတဲ့စာပါ

ပုံသုံးပုံထဲက သင်ကဘယ်လိုလူလဲ?

လူငယ်တွေ ဖတ်ဖြစ်အောင် ဖတ်ပေးပါ...

“ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်"

ထီးမပါတဲ့ ကလေး... ဟုတ်ပါတယ်

"ထီးမပါတဲ့ ကလေးဟာ မိုးထဲလေထဲမှာ ပို အပြေးမြန်တတ်ပါတယ်"

ဖခင်ဖြစ်သူ သက်ပြင်းတချက် ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲ ထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့ နေဖို့အတွက် ၄၃၃ ယွမ်သာ ကျန်ပါတော့မယ်။ ဘယ်လို ခရီးဆက် သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာ နားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက် မပိုနိုင်တော့ဘူးဆိုတာ သူ ကောင်းကောင်းသိပါတယ်။

“ ဖေဖေ စိတ်ချပါ။ ကျနော့်မှာ ခြေတွေ လက်တွေ ရှိပါသေးတယ်”

အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ၀မ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီး နူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ မျက်ရည်တွေ မျက်နှာတပြင်လုံး ယိုဆင်းလာပါတယ်။ သူ ငိုသွားပါတယ်။ ဖခင်ကို မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမယ့် ခရီးအတွက် ပူဆွေးတာလည်း ပါပါတယ်။

ကျောပိုးအိတ်ကို လွယ်ပြီး တောင်ပေါ်လမ်း ကွေ့ကွေ့ကောက်ကောက်ကို ပြေးဆင်းပါတယ်။ သူ မိုင်ပေါင်း ၆၀ ခန့် ခရီးရှည် လျှောက်လိုက်ပါတယ်။ ကားခ ၆၈ ယွမ်နဲ့ ကားဂိတ်မှာ ဘတ်စ်ကား ပြောင်းစီးပါတယ်။ သူအနှစ်နှစ်အလလ တက်ရောက်ချင်ခဲ့တဲ့ ပြည်နယ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။
ကျောင်းပေါက်ဝရောက်ပြီ၊ ကားခ ရှင်းလိုက်တယ်၊ လက်ထဲမှာ ၃၆၅ ယွမ်ပဲ ကျန်ပါတော့တယ်။

ပထမ Semester ၅ လ ကျောင်းတက်ရပါမယ်။ ယွမ်၃၀၀ ကျော်နဲ့ ဘယ်လို ခရီးဆက်မလဲ။

ပတ်၀န်းကျင်က ကျောင်းသူ ကျောင်းသားများ ထိုခေတ် ထိုအခါမှာ MP4 ကို လည်ပင်းမှာ ချိတ်ဆွဲထားကြပါတယ်။ တောက်တောက်ပြောင်ပြောင် ၀တ်ဆင်ထားကြပါတယ်။ သူ့ကို ပြုံးပြကြပါတယ်။ သူလည်း ပြန်ပြုံးပြပါတယ်။ စိတ်ထဲမှာတော့ မျက်ရည်များ ယိုဆင်းနေပြန်ပါပြီ။

ထမင်းကို တရက် နှစ်နပ်ပဲစားပါတယ်။ တနပ်စားရင် ( ၂ ) ယွမ် ပေးရပါတယ်။ ဒါ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အသုံးစားရိတ်ပါ။ ဒီလို ဆက်သွားရင်လည်း Semester ကုန်ဆုံးတဲ့အထိ ပိုက်ဆံ မလောက်ပါ။

ညမှာ သူအိပ်မပျော်ပါ။ အမျိုးမျိုး စဉ်းစား ကြံဆနေရပါတယ်။ နောက်တနေ့ သူ အံတချက်ကြိတ်ပြီး ဆုံးဖြတ်ချက်တခု ချလိုက်ပါတယ်။ ကျန်ရှိတဲ့ ပိုက်ဆံ ၃၀၀ ကျော်ထဲက သူယွမ် ၁၅၀ နဲ့ လက်ကိုင်ဖုန်းတခု ၀ယ်လိုက်ပါတယ်။ လက်ကိုင်ဖုန်း အဟောင်းပါ။ ဖုန်းပြောလို့ရတယ်၊ စာတို message ပို့လို့ရတယ်၊ အခြားဘာ function မှမပါတဲ့ ဖုန်းမျိုးပါ။

နောက်တရက် အဆောင်နံရံတွေမှာ၊ ဓါတ်တိုင်တွေမှာ၊ ကြောငြာပုဒ်တွေမှာ သူကြော်ငြာငယ်လေးတခု ကပ်ပါတယ်။ ခေါင်းစဉ်က

“ သင်၀န်ဆောင်မူ လိုအပ်ပါသလား” တဲ့

“ အကယ်၍ သင် ထမင်းဟင်း ၀ယ်လိုတယ်၊ ရေနွေးခပ်ချင်တယ်၊ ဖုန်းကြေး သွင်းချင်တယ်ဆိုရင်၊ အောက်ပါ နံပါတ် # # # # # ကို ဆက်သွယ်လိုက်ပါ။ ကျောင်းတွင်း၀န်ဆောင်မူ ၁ ယွမ်၊ ကျောင်းပြင်ပ ၀န်ဆောင်မူ တကီလိုပိုဝေးတိုင်း ၂ ယွမ်၊ ကျနော် သင့်ကို ၀န်ဆောင်မူ ပြုပါရစေ ” လို့ ရေးထားပါတယ်။

အဲဒီနေ့က စပြီး သူ့ဖုန်း မအားလပ်တော့ပါ။ စတုတ္တနှစ် ကျောင်းသားတဦး သူ့ကို ဖုန်းဆက်လာပါတယ်။

“ ငါဆိုတဲ့လူက ပျင်းတယ်၊ အိပ်ယာထ နောက်ကျတယ်၊ ထမင်း၀ယ်တဲ့ကိစ္စ မင်း နေ့တိုင်း ငါ့ကို ကူညီပါ” တဲ့

“ စိတ်ချပါ။ ခင်ဗျားအဆောင်အထိ ကျနော်မနက်တိုင်း အချိန်မီ မနက်စာ ပို့ပေးမယ်”

ဒါ သူရဲ့ ပထမဆုံးသော ၀န်ဆောင်မူ ဖြစ်ပါတယ်။

နောက်ကျောင်းသားတဦး စာတို ပို့လာပါတယ်။

“ ခင်ဗျား ကျနော့ကို ဖိနပ်၀ယ်ပေးလို့ ရမလား၊ အခန်း ၅၀၄ ကပါ။ ဖိနပ် နံပါတ်က ၄၁၊ တံဆိပ်က # # # ”

အားလုံး အဆင်ပြေသွားပါတယ်။ သူဥာဏ်ကောင်းတဲ့ ကလေးတယောက်ပါ။

၀န်ဆောင်မူ ပေးတာ သိပ်တောင် မကြာသေးဘူး၊ သူတခု သတိထားမိသွားတယ်။ ကျောင်းသူကျောင်းသား တော်တော်များများဟာ အတန်းကြီးလေ၊ အပြင်မထွက်ချင်လေ၊ အခန်းပုန်းများလေ ဆိုတဲ့ အချက်ပါပဲ။ အချို့ ကျောင်းသားများဟာ အတန်း သွားမတက်တဲ့အပြင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းချင်ကြဘူး၊ သူတို့ အခန်းထဲမှာ ကွန်ပြူတာဂိမ်းတွေ ဆော့နေတယ်၊ သူငယ်ချင်းများနဲ့ Chatting ထိုင်ရိုက်နေကြတယ်။ အဲဒီကျောင်းသားများ သူ့ရဲ့ ပင်မဖေါက်သည်ဖြစ်သွားပါတယ်။

တောင်ပေါ်ကလာတဲ့ ကလေးပီပီ၊ ကျန်းမာသန်စွမ်းတယ်၊ သွက်လက်တယ်၊ ပြေးနိုင်လွှားနိုင်တယ်၊ အဆောင်က ငါးထပ်ခြောက်ထပ် ဖြစ်နေတာတောင်မှ သူ မမှုဘူး၊ တချက်ကလေးမှ မညည်းဘူး၊ သူ တအားတက်ကြွတယ်။ တခုခုမှာလိုက်ရင် မိနှစ်( ၃၀ ) အတွင်း အရောက်လာပို့တယ်။

သူ့ကို ၅ ယွမ်ပေးတယ်၊ မြို့ ပြင်၀န်ဆောင်မူမို့လို့ သူ ၂ ယွမ်ယူတယ်၊ ၃ ယွမ် ချက်ချင်း ပြန်အမ်းတယ်၊ ပြန်အမ်းဖို့ အနူတ်မရှိဘူးဆိုတာမျိုး သူလုံး၀ အဖြစ်မခံဘူး၊ သူအဆင်သင့်ဖြစ်အောင် အမြဲ အနူတ်ဆောင်ထားတယ်။ သူဂတိတည်တယ်၊ ပြီးအောင်လုပ်တယ်၊ အချိန်မြန်တယ်၊ တိကျတယ်။ ကျောင်းသူကျောင်းသားများ အကြားမှာ သူအတော် နာမည်ရလာတယ်။ နောင်ဘာပဲလိုလို၊ ကိုယ်တိုင် ထွက်မ၀ယ်နိုင်ရင် သူ့ကိုပဲ အရင်သတိရကြတယ်။သူဒီလောက် အလုပ်ဖြစ်လိမ့်မယ်ဆိုတာ မျော်လင့်မထားခဲ့ပါဘူး၊ အတန်းဆင်းဆင်းချင်း ဖုန်းဖွင့်လိုက်တာနဲ့ အလုပ်ကအမြဲ သူ့ကို စောင့်နေပါပြီ။

တရက်ကျတော့ မိုးအကြီးအကျယ် ရွာသွန်းတယ်၊ သူ့ဖုန်း မြည်လာပြန်ပြီ၊ ကျောင်းသူတယောက်ဆီက ဖြစ်တယ်။ သူမိုးထဲမှာ ချက်ချင်း ပြေးထွက်သွားတယ်။ ကျောင်းသူမှာတဲ့ ထီးကို ချက်ချင်း ပို့ပေးလိုက်တယ်။ အခန်းတံခါးခေါက်ပြီး ထီးပေးတဲ့အချိန်မှာ ကျောင်းသူက သူ့ကို ကျေးဇူးတင်လွန်းလို့ တချက် သိုင်းဖက်လိုက်တယ်။ ဒါပထမဆုံးအကြိမ် သူမိန်းခလေးရဲ့ သိုင်းဖက်ခံရတာပဲ၊ သူမျက်ရည်ကျသွားပါတယ်။

နောက်ပိုင်းမှာ သူတော်တော် အလုပ်များသွားပါတယ်၊ အတတ်နိုင်ဆုံး ၀န်ဆောင်မူကို ပြည့်ဝအောင် သူကြိုးစားရှာပါတယ်။ ပထမ Semester ပြီးဆုံးသွားပါတယ်။
ဆောင်းရာသီ ကျောင်းပိတ်ပါပြီ၊ သူပြန်သွားပါတယ်။ သူ့ဖခင်က သူ့ကျောင်းစားရိတ်အတွက် ပူပင်သောက ရောက်နေဆဲပါ။ သူဖခင်ကို နှစ်သိမ့်ပါတယ်၊ ဖခင်လက်ထဲကို ပိုက်ဆံ ယွမ် ၁၀၀၀ ကန်တော့နိုင်ခဲ့ပါတယ်။

“ အဖေ၊ သားက သူများလို မချမ်းသာပေမဲ့၊ အဖေက သားကို အပြေးမြန်တဲ့ ခြေထောက် အမွေ ပေးထားတယ်လေ၊ အဲဒီ ခြေထောက်ကို အားကိုးပြီး ဒီထက် အောင်မြင်အောင် ပြေးအုံးမှာ ” လို့ သူ ရှင်းပြပါတယ်။

ဒုတိယ Semester သူတယောက်တည်း မပြေးလွားတော့ပါ။ ဘ၀တူ ကျောင်းနေဘက်များကို စုစည်းလိုက်ပါတယ်။ တကျောင်းလုံးကို ၀န်ဆောင်မူ စတင်ပေးပါတယ်။ ကျောင်းပြင်ပ ၀န်ဆောင်မူ ကိုယ်စားလှယ် အလုပ်ကို စတင်လုပ်ပါတယ်။

၀န်ဆောင်မူ ဧရိယာ တဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ တောက်တိုမယ်ရ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံ သွားတိုက်ဆေး၊ ကျောင်းသုံးကိရိယာက အစ၊ ကွန်ပြူတာ အပိုပစ္စည်း၊ လျပ်စစ်ပစ္စည်းအစ ပါ၀င်လာပါတယ်။

စာသင်နှစ်တနှစ် ပြီးဆုံးသွားတဲ့အချိန်မှာ သူကိုယ်ပိုင်ကွန်ပြူတာ ၀ယ်နိုင်သွားပါတယ်။ အင်တာနက် ကွန်ယက်ကို အသုံးပြုပြီး သူ့ Customer အုပ်စု တော်တော် ကြီးမားလာပါတယ်။ Online Shopping ကုမ္မဏီတခု သူ့ကို ကျောင်းတွင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပါတယ်။

ပြေးတယ်၊ ပြေးတယ်၊ ဆက်ပြေးတယ်။ သူအောင်မြင်တဲ့ လမ်းပေါ်ကို စတင် တက်လှမ်းနေပါပြီ။

သူစတုတ္တနှစ် ပြီးဆုံးတဲ့အခါမှ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ရုံသာမက သူ့အတွက် ပထမအရင်းအနှီးကို စုမိဆောင်းမိနေပါပြီ။

သူ့ရဲ့ ကနဦး ရင်းနီးမတည်ငွေဟာ ယွမ်ငွေ ငါးသိန်း ( ကျပ်ငွေ သိန်း တထောင်ကျော်ကျော်ခန့် ) ဖြစ်ပါတယ်။ သူ့နာမည် He Jia Nan ဟိုကျားနံ ဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့ မြောက်ပိုင်း Hei Long Jiang ပြည်နယ်မှာရှိတဲ့ Da Xing An Ling ကျေးလက်ဒေသမှ ပေါက်ဖွားလာတဲ့ လုပ်ငန်းရှင်လောင်းတဦး ဖြစ်ပါတယ်။

အခု သူ တက္ကသိုလ်နယ်မြေ တခုလုံးရဲ့ အရောင်းကိုယ်စားလှယ်ချုပ် ဖြစ်နေပါပြီ၊ သူ ရိုးရိုးရှင်းရှင်း ပုံစံအတိုင်း နေထိုင်နေဆဲပါ။ အလုပ်ကြိုးစားတယ်၊ သွက်လက်တယ်၊ ရေနွေးတဘူးခပ်တိုင်း တယွမ်ယူနေဆဲပါ။ သူ ပြေးလွားနေဆဲပါ။

သင်သာ သူ့နေရာမှာ ရှိခဲ့ရင် ဘယ်လို တုံ့ပြန်မလဲ ၊ မိဘ ဆင်းရဲတာကို ၀မ်းနည်းနေမှာလား၊ ပြစ်တင်နေမှာလား။ ခေတ်အခါကို၊ အစိုးရကို အပြစ်ပြောနေမှာလား။

ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပို အပြေးမြန်ပါတယ်။

ဒီဆောင်းပါး ကျနော့်စိတ်ကို တော်တော် ထိပါတယ်။ အများဖတ်ရူ့ နိုင်ဖို့ ဘာသာပြန်လိုက်ပါတယ်။ လူငယ်လူရွယ်များ အားလုံး ကိုယ့်ကိုယ်ကို ရပ်တည်လိုစိတ် ရှိနိုင်ကြပါစေ။ မိဘထံ လက်ဖြန့်တဲ့ဘ၀မှ လွတ်နိုင်ကြပါစေ၊ ဘ၀တိုးတက်မူ ခရီးလမ်းမှာ အပြေး မြန်နိုင်ကြပါစေ

27/05/2024

ဘယ်ချိန်ဖတ်ဖတ် ဖတ်လို့ရအောင်လို့

စာအုပ်ပေါင်း (၅၀) ကို တစ်ရက်တည်းဖတ်ဖို့ မဖြစ်နိုင်ပေမယ့်
အဲ့ဒီ စာအုပ်ပေါင်း (၅၀) အကြောင်းကိုတော့ တစ်ရက်တည်းနဲ့ သိနိုင်ပါတယ်။ Link ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီ။
(စာအုပ်အများစုတွင် pdf flie များပါဝင်ပါသည်)

(၁) ရွှေမိုးသည်း - အကြည်တော်
https://www.facebook.com/111451547370965/posts/111471664035620/

(၂) အယ်နီ - စံပယ်ဖြူနု
https://www.facebook.com/111451547370965/posts/111999007316219/

(၃) အောက်ခြေသန်းတစ်ထောင် - ဂျူး
https://www.facebook.com/111451547370965/posts/112138473968939/

(၄) အနာဂတ်နိုင်ငံတော် - ညီမင်းညို
https://www.facebook.com/111451547370965/posts/112258287290291/

(၅) သူခိုး - အကြည်တော်
https://www.facebook.com/111451547370965/posts/113242190525234/

(၆) ချစ်သောပန်းကလေး - မင်းလူ
https://www.facebook.com/111451547370965/posts/113351233847663/

(၇) အကြင်သူသည် - သိုးဆောင်း
https://www.facebook.com/share/p/VcTQHFNpBARdb8sH/?mibextid=oFDknk

(၈) ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား - မိုးမိုး (အင်းလျား)
https://www.facebook.com/111451547370965/posts/116932470156206/

(၉) ပျောက်သောလမ်းမှာ စမ်းတဝါး - မိုးမိုး (အင်းလျား)
https://www.facebook.com/111451547370965/posts/117683630081090/

(၁၀) မြိုင် - ဒဂုန်တာရာ
https://www.facebook.com/111451547370965/posts/118912133291573/

(၁၁) လေလွင့်သူ - မြသန်းတင့်
https://www.facebook.com/111451547370965/posts/119518383230948/

(၁၂) သားသို့ - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/120146613168125/

(၁၃) လင်္ကာဒီပချစ်သူ - ချစ်ဦးညို
https://www.facebook.com/111451547370965/posts/122984219551031/

(၁၄) မြကျွန်းညို မဟုတ်သော်လည်း - သိုးဆောင်း
https://www.facebook.com/111451547370965/posts/123358432846943/

(၁၅) ရူးအောင်ချစ်မယ့်လူ - လွန်stားထား
https://www.facebook.com/111451547370965/posts/123968766119243/

(၁၆) အမှတ်တရ - ဂျူး
https://www.facebook.com/111451547370965/posts/127803319069121/

(၁၇) ပန်းဒေါင်း - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/128275935688526/

(၁၈) ဂရုမစိုက်ခြင်း အနုပညာ - ချမ်းမြေ့ဝင်း
https://www.facebook.com/111451547370965/posts/129165638932889/

(၁၉) သွေး - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/133104611872325/

(၂၀) ပိုချစ်ရတဲ့လူ ကိုယ်ပဲဖြစ်ပါစေ - ဂျူး
https://www.facebook.com/111451547370965/posts/137182431464543/

(၂၁) ကျွန်ုပ်နှင့် အဖေဒဲ့ပီ၏ ဘဝမှတ်တမ်း - ဆွေမင်း (ဓနုဖြူ)
https://www.facebook.com/111451547370965/posts/137589038090549/

(၂၂) ပန်းကျောင်း - မင်းလူ
https://www.facebook.com/111451547370965/posts/138992404616879/

(၂၃) သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် - တက္ကသိုလ်ဘုန်းနိုင်
https://www.facebook.com/111451547370965/posts/145170413999078/

(၂၄) တပြည်သူမရွှေထား - တက္ကသိုလ်ဘုန်းနိုင်
https://www.facebook.com/111451547370965/posts/148114947037958/

(၂၅) ငါတို့ခေတ်က တက္ကသိုလ် - ရွှေကူမေနှင်း
https://www.facebook.com/111451547370965/posts/149278836921569/

(၂၆) ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် - မြသန်းတင့်
https://www.facebook.com/111451547370965/posts/150944450088341/

(၂၇) မာလာရီ - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/153909813125138/

(၂၈) မအိမ်ကံ - ခင်ခင်ထူး
https://www.facebook.com/111451547370965/posts/158316099351176/

(၂၉) The Guys of Rangoon - ခက်ဇော်
https://www.facebook.com/111451547370965/posts/160245865824866/

(၃၀) The Guys from Mandalay - ခက်ဇော်
https://www.facebook.com/111451547370965/posts/162486495600803/

(၃၁) ပေါ်လီယာနာ - ထင်လင်း
https://www.facebook.com/111451547370965/posts/166815241834595/

(၃၂) တိမ်တွေတောင်တွေနဲ့ ခရီးသည် - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/170253588157427/

(၃၃) ငြိမ်းကို ရှက်ပါ - မိုးမိုး (အင်းလျား)
https://www.facebook.com/111451547370965/posts/172634971252622/

(၃၄) ချစ်စရာ့ အိမ်ကလေး - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/173682947814491/

(၃၅) ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်သည် - သိုးဆောင်း
https://www.facebook.com/111451547370965/posts/175742387608547/

(၃၆) သူလိုလူ - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/181242043725248/

(၃၇) သိသောသူမည်ကား ကြားပါစေ - သိုးဆောင်း
https://www.facebook.com/111451547370965/posts/182174866965299/

(၃၈) အထက်တန်းစားရေ - ပုညခင်
https://www.facebook.com/111451547370965/posts/184033773446075/

(၃၉) ရင်ခတ်ငြိမ်း - သရဝဏ် (ပြည်)
https://www.facebook.com/111451547370965/posts/184518170064302/

(၄၀) ပန်းမာန် - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/186142643235188/

(၄၁) ဘဝအိမ်မက်ပန်းအိမ်မက် - မစန္ဒာ
https://www.facebook.com/111451547370965/posts/187061743143278/

(၄၂) ဆုံလေရက်နှင့် လွမ်းလေခြင်း - ဂျူး
https://www.facebook.com/111451547370965/posts/189170672932385/

(၄၃) တိမ်ညိုမှာ ငွေဇာကွပ်ကယ်နှင့် - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/191892355993550/

(၄၄) မုန်း၍မဟူ - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/194555842393868/

(၄၅) နတ်နေကိုင်း - အကြည်တော်
https://www.facebook.com/111451547370965/posts/195858518930267/

(၄၆) ငန်းကလေးရဲ့နှလုံးသား - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/197739842075468/

(၄၇) အနောက်တောင်အရပ်မှ လာခဲ့သူ - ပုညခင်
https://www.facebook.com/111451547370965/posts/200079201841532/

(၄၈) နွမ်းလျအိမ်ပြန် - ကြည်အေး
https://www.facebook.com/111451547370965/posts/201741401675312/

(၄၉) အညာသူ အညာသား ကျွန်မဆွေမျိုးများ - ခင်ခင်ထူး
https://www.facebook.com/111451547370965/posts/203345998181519/

(၅၀) ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး - လယ်တွင်းသားစောချစ်
https://www.facebook.com/111451547370965/posts/205143541335098/

#စာအုပ်များ
#စာအုပ်pdf

#မူရင်းတင်သူကိုလေးစားစွာခရက်ဒစ်ပေးပါတယ်ရှင်

あなたの事業をビューティーサロンのトップリストIchikawa-shiにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

ウェブサイト

住所

Urayasu
Ichikawa-shi, Chiba