Phyo’s Room
I’m just sharing my life experiences and the things I’m interested in
Yoshino တောင်တက်
ဒုတိယပိုင်း
Yoshino mountain Part2
#fypシ゚viralシ
#foryouシ
📍Yoshino တောင်တက်
ပထမပိုင်း
📍မုန့်ဟင်းခါးနေ့
မုန့်ဟင်းခါး စားချင်းတိုင်း ချက်ကျွေးတဲ့ သူငယ်ချင်းလေး အနီးအနားမှာရှိတာblessingလေးတခု
17/04/2026
Naraမှာရှိတဲ့Yoshinoတောင်ကိုsolo hiking
ဆာကူရာ အချိန်ဆို Yoshinoတောင် ကလဲ ဂျပန်မှာဆာကူရာကြည့်ဖို့ အကောင်းဆုံးနေရာတခုဆိုတဲ့ သတင်းတွေပုံတွေ တက်လာကတည်းကရောက်ဖူးချင်နေတာ။
အခုတခေါက် အိုဆာကာဘက်သွားရင်း အဲ့ဆီလဲ သွားမယ်ဆိုပီးဆုံးဖြတ်လိုက်တာ။ရုံးကနေခွင့်ယူသွားတော့ ကြားရက်လဲ ဖြစ် ၊သူငယ်ချင်းတွေကလဲ မအားတော့ ဘာနေနေ တယောက်တည်းသွားမယ်ဆိုပီးဆုံးဖြတ်လိုက်တယ်။Kinosaki Onsenကနေ အိုတာကာကို ပြန်ရောက်တော့Sundayည၁၀နာရီကြီး၊နောက်နေ့မနက်စောစောတောင်တက်ဆိုတော့ လူက သွားနိုင်ပါ့မလားဆိုပီးတွေးပူခဲ့သေးတာ။စိတ်ဆောင်ရင် ဘာနေနေလုပ်နိုင်တယါဆိုတာတကယ် မနက်၅:၄၅လောက်အိပ်ရာက ထ ပီး ၆:၃၀ရထားနဲ့သွားလိုက်တာ၊သူကအမြန်ရထားလဲရှိပေမယ့် ရိုးရိုးအမြန်ရထားနဲ့ပဲသွားလိုက်တာNamba ကနေ၂နာရီလောက်စီးလိုက်ရတယ်။ရထားတတွဲလုံး Yoshinoသွားတဲ့သူတွေကြီးပဲ။
ရထားက Nambaကနေထွက်တော့၅တွဲထင်တယ် လမ်းတဝက်လောက်ကျတော့ရှေ့၃တွဲပဲYoshinoဘက်သွားမှာမို့၄/၅တွဲကသူတွေရှေ့အတွဲကိုပြောင်းစီးပါဆိုပီးကြေငြာရော။သူက ဂျပန်လိုပဲကြေငြာတော့ တချို့ နိုင်ငံခြားတွေက မသိဘဲထိုင်နေတာ သူတို့ကိုလဲ ကိုယ့်ရဲ့broken Eng နဲ့Yoshinoသွားမယ်ဆို ရှေ့အတွဲပြောင်းရမယ်ဆိုပီးပြောပေးခဲ့သေးတယ်။
ဟိုကိုရောက်သွားတော့ လူတွေက ပွဲတော်ကျနေတာပဲ အများဆိုမှ အများကြီးပဲ။
ဘတ်စ်ကားနဲ့ဆို တောင်ရဲ့၁/၃ပုံလောက်ထိတန်းရောက်တော့ ဘတ်စ်ကားတန်းစီတဲ့သူတွေက တော်တော်များတယ်။cable ကတော့ အဲ့လောက်အကြာကြီးတန်းမစီခဲ့ရဘူး။cableစီးရင်းကိုယ်လိုပဲsolo travelerဂျပန်အန်တီကြီးနဲ့ စကားစမြည်ပြောခဲ့သေးတာ။တောင်ခြေရောက်တော့ ဟိုငေးဒီငေးနဲ့ ထပ်တက်ရင်း လူတွေတန်းစီနေတဲ့ဆိုင်တွေ့ပါလေရော။ဘာလဲဆိုပီးကြည့်လိုက်တာchat GPT recommendလုပ်နဲ့တည်သီးအရွက်နဲ့လုပ်ထားတဲ့sushiဆိုင်ဖြစ်နေတယ်။
နောက်မှ သူ့အကြောင်းလေးထပ်ရေးအုံးမယ်။ကိုယ်လဲဝင်တန်းစီပီးဝယ်ခဲ့သေးတယ်။
အဲ့ကနေတောင်တက်ရင်း လမ်းမှာရှိတဲ့Jinjyaတွေဝင်ကြည့်ရင်း နဲ့ တယောက်တည်းvlogရိုက်ရင်းတက်သွားခဲ့တာ။လူတွေကအများကြီးရှိတော့ လူပြတ်မှာလဲ စိတ်မပူရဘူး။ရှူခင်းကတော့လေ တကယ့်ကို ကြည့်လို့မဝခဲ့ဘူး။ပုံရိုက်တာထက် အပြင်ကနေကြည့်တဲ့ရှုခင်းက ဘယ်လိုမှမတူဘူး။
မသွားဘူးသွားမယ်လုပ်ခဲ့တဲ့စိတ်ကနေ သွားမယ်ဆိုပီး ဖြစ်အောင်လာခဲ့တဲ့ ကိုယ့်ကိုကိုယ် ပြန်ကျေးဇူးတင်မိတဲ့အထိပဲ။
ရောက်တဲ့နေရာတိုင်းphoto standကြီးထောင်ထောင်ပီး ပုံရိုက်လိုက်videoရိုက်လိုက်နဲ့ အလုပ်ကိုအတော်ဖြစ်ခဲ့တာ။တချို့သူတွေဆိုရိုကိပေးရမလားမေးပီး ရိုက်ပေးသွားတာတွေလဲရှိပါတယ်။
တဖြည်းဖြည်းနဲ့ဟိုးတောင်ထိပ်တဲ့တက်ပီး အဲ့မှာအေးဆေးလေးထိုင် ပါလာတဲ့Onigiriလေးစားပီး ရှုခင်းတွေတဝကြီးထိုင်ကြည့်။ အဲ့ကနေမှ တောင်ပေါ်ကနေပြန်ဆင်းလာ ပီး မုန့်စျေးတန်းတွေလျှောက်ငေးပေါ့။အဲ့ကနေတို့ဖူးရေခဲမုန့်ဆိုင်တွေ့တာနဲ့ ဝင်တန်းစီပီးစားခဲ့သေးတယ်။
အဲ့မှာတန်းစီနေရင်းထိုင်ဝမ်ကအန်တီကြီးက တိုဖူးနဲ့ပဲငံပြာရည်ဟာ တော်တော်ကောင်းတယ်ဆိုပီး လာပြောပေးသေးတယ်။
တယောက်တည်း ခရီးသွားရင်း တခါတလေအထီးကျန်တယ်လို့ ခံစားရပေမယ့် လွတ်လွတ်လပ်လပ် တယောက်တည်းသွားတယောက်တည်းစား ရတာလဲfeeling တခု၊experience တခုရတာမို့ အခုခရီးလေးကလဲ အရမ်းကိုအမှတ်တရခရီးစဉ်လေး။
16/04/2026
ဒီတခေါက်ကတော့Kinosaki Onsenမြို့လေးအကြောင်း။
သူ့ဆီမှာ နာမည်ကြီးတဲ့Onsen 7ခုရှိတယ်ပေါ့နော် အခုလတ်တလော တခုက ပြင်နေတာမို့6ခုပဲ အသုံးပြုလို့ရတယ်။
အဲ့ဆီမှာလာလည်တဲ့သူတွေကတော့ အဓိက က onsen လေးဝင်ပီး အေးအေးဆေးဆေးလာအနားယူ ကြတာများတယ်ပေါ့။အဲ့တာမို့လားမသိဘူး အဲ့မှာ အရမ်းကိုတိတ်ဆိတ်အေးချမ်းတာ။
Onsen တခုနဲ့တခု ဖွင့်တဲ့အချိန်မတူပေမယ့်
တော်တော်များများမနက်7နာရီကနေည11ထိဖွင့်တာများတယ်။
ကြားရက်ဆိုရင် ပိတ်ရက်တွေလဲရှိတော့ တကယ်လို့ ကြားရက်သွားမယ်ဆို တခုတလေ ပိတ်တာမျိုးရှိတက်တယ်ပေါ့။
Sat and Sunကတော့ အကုန်လုံးဖွင့်တယ်။
Onsenတခု ဝင်မယ်ဆို တခါဝင်ယန်း၈၀၀ပေးရတယ်။
1Day passဝယ်မယ်ဆို ယန်း၁၅၀၀ပဲပေးရပီး Onsen7ခုလုံးဝင်လို့ရတယ်ပေါ့နော်။
ကိုယ်တွေလဲ1 Day Passဝယ်ပီး ၃ခုလောက်တော့ဝင်ခဲ့တယ်။
သွားတာ သွားချင်တာ လည်ပုံလည်နည်းကလဲ
သေချာမသိတော့ ရုံးကအသိဂျပန်မ သွားထားဖူးလို့ မသွားခင်သူ့ဆီ မေးသွားလိုက်တယ်။အဲ့နေရာကလေ ဟိုးအရင်ကတည်းက
Onsen မြို့လေး ဖြစ်ခဲ့တာ။ငလျင်ဒဏ်ကြောင့် တော်တော်ပျက်စီးသွားပီး အဲ့ကနေမှ ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ကြရင်း အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ မြို့လေး။
Onsen လည်ပတ်ပုံကတော့ တယောက်နဲ့တယောက်မတူနိုင်ပေမယ့်၊ အဓိကတော့ Onsenတခုကို အရင်ဆုံးဝင် ရေချိုး ရေပူစမ်းစိမ် တယ် ပီးရင် အကျီပြန်ဝတ်ပီး
နောက်တခုကို ထပ်သွား
အဲ့မှာလဲ ရေပူစမ်းထပ်စိမ် အဲ့လို တခုပီးတခု သွားပီး ရေပူစမ်းစိမ်တာပေါ့နော်။
တချို့ကျလဲ တခုနဲ့တခုကြားမှာ ညစာစားတာတို့ လျှောက်ကြည့်ကြတာတို့ လုပ်ကြတာပေါ့နော်။
နောက်တခုကကျ အဲ့ကဟိုတယ်တွေ တော်တော်များများကYukataဝတ်စုံလေးတွေငှါးပေးကြတာများတယ်။
ကိုယ်တွေတည်းတဲ့ဆီကတော့ အလကားငှါးပေးတာ ဖိနပ်လေးရယ် ခြင်းလေးရယ်။ကျန်တဲ့ဟိုတယ်တွေလဲservice freeမယ်လို့ထင်တယ်။
အဲ့Yukataလေးဝတ် ၊ခြင်းထောင်းထဲ ပစည်းလေးတွေထည့်ပီး လျှောက်ကြည်ရင်း Onsenတခုပီးတခု သွားစိမ်ကြတာ အဲ့မြို့ရဲ့ ရိုးရာ တခုပေါ့နော်။ ညနေဘက်လောက်ဆို
အကုန်လုံးYukataလေးတွေဝတ်ပီး温泉周り
ရေပူစမ်း စိမ်ဖို့ သွားကြတာလေးတွေက လဲ တကယ့်ကို ကြည်နူးစရာမြင်ကွင်းလေး။
တချို့ဆို မနက် အိပ်ရာထတာနဲ့ရေပူစမ်းသွားစိမ်ကြတာလဲရှိတယ်။
ကိုယ်တွေကတော့ ရောက်တဲ့ နေ့ရဲ့ ညဘက်ကိုပဲ စိမ်ခဲ့တယ်။
အခုတခေါက်သွားခဲ့တာက
1.御所の湯(ごしょのゆ)
2.一の湯(いちのゆ)
3. 鴻の湯(こうのゆ)
ဆိုတဲ့၃နေရာ သွားခဲ့တယ်။
အဲ့ဆီကRecommendation ၃ခုပေါ့နော်
No1.Goshonoyuကတော့ No1ဆိုတဲ့အတိုင်းပဲ လုံးဝ မိုက်တယ်။
露天風呂လို့ခေါ်တဲ့ အပြင်မှာ ကျောက်တုံးလေးတွေ ရေတံခွန်လေးတွေနဲ့ လုပ်ထားတာ။
တော်တော်လေးလဲ ကျယ်တယ်။ဒီက ရေပူစမ်းတွေက တော်တော် များများအဆော်အဉီးထဲမှာ ရှိတာပေမယ့် သူက ကျ အပြင်မှာရှိတာဆိုတော့ ကိုယ်အနေနဲ့ကfirst Experience ဆိုတော့အရမ်းကို သဘောကျခဲ့တာ။၃ခုမြောက်နေရာကလဲ အပြင်မှာဆိုပေမယ့် သူကကျ နဲနဲသေးတယ်ပေါ့နော်။
onsen တွေမှာ ခေါင်းလျှော်ရည်နဲ့ရေချိုးဆပ်ပြာရော ၊Dryer ထားထားပေးတယ်။ ရေချိုးပုဝါနဲ့ တခြားမျက်နှာလိမ်းဖို့ creamနဲနဲပါးပါးယူသွားရင်ကို အဆင်ပြေတယ်။အဲ့မှာက တော်တော်များများBare face ပဲဆိုတော့လေ။
Onsen တခုနဲ့တခုကလဲ လမ်းလျှောက်အလွန်ဆုံး၁၀မိနစ်လောက်ပဲဝေးတယ်။တချို့ဆို၅မိနစ်လောက်ပဲဝေးတယ်။
ကိုယ်တွေသွားတဲ့အချိန်က ဆာကူရာအချိန်ဆိုတော့ လမ်းတလျှောက်ဆာကူရာတန်းကြီး ပဲ။
တညအိပ်နှစ်ရကိပဲသွားခဲ့တာကိုအဲ့ဆာကူရာတန်းကြီးကို နေ့လဲ သွား ညလဲ ဖြတ်သွားနဲ့
စုစုပေါင်း၈ခေါက်နီးပါး ဆာကူရာကြည့်ရင်း ခနခန သွားကြည့်ခဲ့တာ။
ဒီကတော့Kinosaki Onsenသွားလည်ရင် ဘယ်လို လည်ရမလဲ ဆိုတာမသိသေးတဲ့သူတွေအတွက်sharingလုပ်ပေးတာပါ။
ဒီနှစ် သွားခဲ့တဲ့ခရီးတွေထဲ ဒီခရီးစဉ်လေးလဲ အရမ်းကိုကျေနပ်ပျော်ရွှင်ရတယ်။
12/04/2026
Kinosaki Onsenသို့
ဟိုးအရင်နှစ်တွေကတည်းကသွားချင်ခဲ့တဲ့နေရာလေး ဒီနှစ်တော့သွားနိုင်ခဲ့ပီ။
အဲ့နေရာလေး ဘယ်လိုစသိလဲဆို YouTube မှာနိုင်ငံခြားသား ခရီးသွားဧည့်သည်
တွေinterview တာ အဲ့နေရာလေး အရမ်းသဘောကျ တယ် ဖြေကြတာနဲ့ လိုက်ရှာကြည့်လိုက်တာ တကယ်ကိုအေးအေးချမ်းချမ်းနေရာလေး။
သူက ဆာကူရာရာသီဆို ပိုလှတယ်ဆိုတာနဲ့
သွားဖြစ်ခဲ့ရင် ဆာကူရာ အချိန် ပဲသွားမယ်ဆိုပီးတွေးထားခဲ့တာ။
တနှစ်ပတ်လုံးမှ တခါပဲရှိတဲ့ အချိန်ဆိုတော့ ဒီနှစ်မှ မသွားရရင် နောက်နှစ်ဖြစ်တော့မယ်
မနက်ဖြန်ဆိုတာတောင် ပြောမရတဲ့ အချိန်မှာ နောက်နှစ်ဆိုတာကြီးလဲ မစောင့်ချင်တော့ သွားမယ်ဆိုပီး စီစဉ်လိုက်တာ။အဲ့နားကhotelတွေက အရမ်းစျေးကြီးတာ။ကိုယ်ကအမြဲbudget tripပဲသွားတော့ Guest Houseလိုမျိုးဟာရှာလိုက်တာ။တော်တော်လေး အဆင်ပြေတယ်။နောက်မှ ဟိုတယ် အကြောင်းလေး သပ်သပ်ထပ်ရေးအုံးမယ်။ ဆာကူရာ ပန်း ပွင့်တဲ့အချိန်ကလဲ တနှစ်နဲ့တနှစ်ကမတူတော့ ခရီးစီစဉ်ရတာ လွယ်တော့မလွယ်ဘူး။
Internetမှာရှာကြည့်လိုက်တာ Kinosaki onsenက နှစ်တိုင်းလိုလို၄လပိုင်းဒုတိယ အပတ်လောက်ပွင့်တာတဲ့။အဲ့တာနဲ့ ဒုတိယအပတ်ထဲသွားမယ်ဆိုပီးစီစဉ်လိုက်ထားလိုက်ရင်း လမ်းကြုံတာနဲ့ ကျိုတိုလဲ တရက်လောက်ဝင်လည်အုံးမယ်ပေါ့။
အဲ့တာနဲ့ ရုံးမှာအတူတူအလုပ်လုပ်တဲ့တယောက်က ကျိုတိုမှာနေတာဆိုတော့ သူ့ကိုမေးကြည့်လိုက်တာ ကျိုတိုက ၄လပိုင်းဒုတိယအပတ် ဆို ဆာကူရာတွေက မရှိလောက်ဘူး ဆိုတာနဲ့ ခရီးစဉ် ပြန်ပြောင်းလိုက်တယ်။ တကယ်ကိုဘုရားမတာ ကံကောင်းတယ်ပြောရမယ်။ကိုယ်သွားတာက ၄/၃ရက် ကျိုတိုသွားတာ အဲ့အချိန်လုံးဝ ကွက်တိ ဆာကူရာတွေပွင့်နေတာ။
Kinosaki onsenကကျ ၄/၄ရက်နေ့ အိုဆာကာကနေ သွားဖြစ်ခဲ့တာ။အဲ့မှာလဲ ဆာကူရာတွေ ကွက်တိပွင့်နေတာ။
အိုဆာကာကနေဆို အမြန်ရထားနဲ့၂နာရီဝန်းကျင်လောက်နဲ့ရောက်မယ်ထင်တယ်
ရထားခကတော့ ယန်း၆၀၀၀/၇၀၀၀လောက်ကျတယ်။
ကျမကတော့ အိုဆာကာကနေ မနက်၉:၂၀ထွက်တဲ့Busနဲ့သွားဖြစ်ခဲ့တယ်။
ဟိုကိုနေ့လည်၁နာရီလောက်ရောက်သွားတယ်။Busကားခကတော့ ယန်း၃၀၀၀ပတ်ချာလည်လောက်ပဲ။ကိုယ်သွားမယ့်ရက်ပေါ်မူတည်ပီး အပြောင်းအလဲရှိတော့ အဲ့ပတ်ချာလည်လောက််ပါပဲ။တညအိပ်ခရီးဖြစ်တာရော ခြွေတာတာရောမို့ Busနဲ့သွားဖြစ်ခဲ့တယ်။
သွားနေတဲ့လမ်းမှာလဲ ဆာကူရာအတန်းကြီးမှ လေ အရှည်ကြီးပဲ အပင်ပေါင်းထောင်ဂဏန်းလောက်ရှိလောက်တယ်။သွားတဲ့နေ့က မိုးနဲနဲရွာတော့ ပုံမှန်ဆိုရင်တောင်စိမ်းစိုနေတဲ့တောင်တန်းတွေ လယ်ကွင်း တွေက ပိုစိမ်းပီး ကြည့်ရတာ မျက်စိအေးချမ်းတယ်။
အဲ့သွားနေတဲ့လမ်းတလျှောက်က နယ်မြို့လေးတွေဆိုတော့ မြန််မာပြည်က နယ်ပြန်နေရသလို ခံစားချက်မျိုးရတယ်။
ရေးချင်တာတွေ များပီး စာကအရမ်းရှည်သွားပီ။
Kinosaki onsenရောက်တဲ့နေ့က လေတွေအရမ်းတိုက်တာ။ဝတ်ထားတာ ဂါဝန်ဆိုတော့ လေတွေအရမ်းလွင့်လို့ အောက်မှာဘောင်းဘီရှည် တထပ် ထပ်ဝတ်ရသေးတယ်။
အဲ့မှာနာမည်ကြီး食べ歩きလေးတွေလျှောက်ကြည့် လျှောက်စား။
မသွားခင်ကတည်းကရှာထားတဲ့ ကြက်ဉပေါင်မုန့်လေးဝယ်စားကြည့်ခဲ့တယ်
သူက ပုံမှန်ရက်တွေဆို လူတန်းစီရပေမယ့်
သွားတဲ့နေ့က လေအရမ်းတိုက်တော့ လူကမရှိတော့ တန်းစီစရာမလိုဘဲဝယ်လို့ရခဲ့တယ်။
အရသာက တော့ ကြက်ဉ ပေါင်မုန့်ဆိုတော့ ကြက်ဉ အရသာကိုမှ မတအားကိုနူးညံ့ တယ်။စျေးကတော့ ယန်း၆၅၀ပေးရတော့ နဲနဲစျေးမယ်သလိုပဲ။စတော်ဘယ်ရီ ကတော့ အရမ်းစျေးချိုလို့ ဝယ်စားခဲ့သေးတယ်။
自動販売機မှာ လဲKinosaki Onsen တံဆိပ်လေးနဲ့coffeeရောင်းတာနဲ့ ဝယ်သောက်ကြည့်ခဲ့သေးတယ်။အရသာကတော့မဆိုးပါဘူး။ family markမှာလဲKinosaki Onsen coffee instant ထုပ်လေးတွေလဲရောင်းတာတွေ့ရတယ်။အမှတ်တရ လက်ဆောင်အနေနဲ့ဝယ်ပီး ပေးလို့ လဲ အဆင်ပြေတယ်။
စာအရမ်းရှည်သွားလို့ ဒီလောက်ပဲနော်
အရမ်းသွားချင်ခဲ့တဲ့နေရာလေး
Dream Do Come True
ကျိုတို ခရီးစဉ်(၃)
11/04/2026
ကျိုတို ခရီးစဉ် အပိုင်း(၃)
နေ့လည်၃နာရီလောက်လဲရောက်တော့ တတိယနေရာဖြစ်တဲ့Gionကိုသွားဖြစ်ခဲ့တယ်။ ကော်ဖီဆိုင်နဲ့Gion နဲ့က လမ်းလျှောက်၁၅မိနစ်လောက်ဆိုတော့ သွားရလာရတာအဆင်ပြေတယ်။ဆာကူရာရာသီ မဟုတ်တောင် ကျိုတိုက အမြဲခရီးသွားတွေနဲ့ပြည့်နေတက်တာ။အခုလိုမျိုး ဆာကူရာ အချိန်ကတော့ ပြောမနေပါနဲ့ Gionသွားတဲ့လမ်းတလျှောက်မှာ စျေးဆိုင်တန်းတွေရော စည်စည်ကားကားနဲ့ လူတွေလဲ ကျိတ်ကျိတ်တိုးပါပဲ။
Yasakaဘုရားကျောင်းမှာလျှောက်ပတ်ကြည့်ခဲ့သေးတယ်။အဲ့မှာ ပွဲတော်ရာသီဆိုတော့ စျေးဆိုင်တန်းတွေရော ဆာကူရာပင်တွေအောက်မှာ စားသောက်ခုံတွေ ချ ထားပီး အဲ့မှာအဖွဲ့လိုက် စားကြသောက်ကြနဲ့ သူတို့ကိုကြည့်ပီး တယောက်တည်း သမားကိုယ်က အားကျခဲ့သေးတယ်အစကတော့ အဲ့မှာStarbucks ဆိုင်အသစ်ဖွင့်တယ်ဆိုလို့ သွားမလို့ စိတ်ကူးခဲ့သေးးပေမယ့် မသွားဖြစ်ခဲ့လိုက်ရဘူး။
ရောက်မှ တော့ ပုံရိုက်မယ်ဆိုပီး ပြင်ဆင်ရင်း ဘေးမှာ မြန်မာလို ပြောသံကြားတော့ သူတို့ နဲ့နှုတ်ဆက်ရင်း အပြန်အလှန် ပုံတွေရိုက်ပေးကြနဲ့ ခင်သွားကြရော။
အဲ့တာနဲ့ နောက်တနေရာသွားမလို့ လိုက်မလားဆိုပီး သူတို့ကိုအဖော်စပ်ရင်း သူတို့လဲ စီစဉ်ထားတာ မရှိဘူး လိုက်ခဲ့မယ်ဆိုတာနဲ့ အတူတူသွားဖြစ်ခဲ့တယ်။
နောက်ဆုံးနေရာကတော့ ဆာကူရာလှေလေးတွေစီးလို့ရတဲ့နေရာလေး 伏見十石舟ပါ။
သူကလှေစီးဖို့ကို ကြိုပီးbookingတင်ရမယ်ထင်တယ်။
ဒီတခေါက်ကတော့ ပုံရိုက်ဖို့ပဲဆိုတော့ ညနေဘက်အဆင်ပြေတဲ့အချိန်ပဲ သွားဖြစ်ခဲ့တယ်။
ChatGPTကိုမေးကြည့်ပီး ညနေဘက် နေဝင်ဆည်းဆာနဲ့ ရိုက်တာပိုလှတယ်၊လူလဲ နည်းတယ်ဆိုတာနဲ့ အချိန်ကိုက်ပီး သွားဖြစ်ခဲ့တာလဲ ပါတယ်။တကယ်လဲ တခြားနေရာတွေနဲ့ယှဉ်ရင် လူက တော်တော်လေးနည်းတယ်။
ပုံရိုက်ရတာလဲ အရမ်းကြီးမလုရဘဲ အဆင်ပြေခဲ့တယ်။
အဲ့နားတဝိုက်မှာလဲ ဆာကူရာတန်းတွေကြီးပဲမို့ ပုံရိုက်ဖို့spotတွေက အများကြီးပါပဲ။
အဲ့မှာပဲ စိတ်ကြိုက်ပုံရိုက်ပီး ကျိုတိုဘူတာဘက်ပြန်သွားဖြစ်တယ်။အဲ့မှာ မနက်က အပ်ထားတဲ့အထုပ်တွေ lockerထဲက ထုပ်ပီး အိုဆာကာဘက် ထပ်ခရီးဆက်ခဲ့တယ်။
ညဘက်ကားနဲ့ လာ မနက်ခင်းလည်တော့
ကားပေါ် ညဘက်အိပ်မပျော်တော့ နဲနဲပင်ပန်းပေမယ့် ကိုယ်လည်ချင်တဲ့နေရာတွေ အချိန်ကိုက် လည်ခဲ့ရတော့ တော်တော်လေးကျေနပ်ခဲ့ရတယ်။ပင်ပန်းပေမယ့် ပင်ပန်းရကျိုးနပ်ခဲ့တယ်ပေါ့နော်။
နောက်တခေါက်လဲ ကျိုတိုက မရောက်သေးတဲ့ နေရာအဲ့လို ထပ်သွားအုံးမယ်ဆိုပီး တွေးထားလိုကိတယ်။
အခုတခေါက်သွားခဲ့တာက ကျိုတို မြောက်ဘက်ခြမ်းပေါ့နော်
တောင်ဘက်ခြမ်းမှာလဲFushimi inari တို့လို နာမည်ကြီးတဲ့ နေရာတွေလဲရှိတယ်ပေါ့နော်။
ဒီတခေါက်လဲChat GPTကိုမေးပီး သူစီစဉ်ပေးတဲ့အတိုင်းသွားဖြစ်ခဲ့တယ်။
သွားချင်တဲ့နေရာတွေအများကြီးထဲမှာက သွားရလာရမယ့်အချိန်တွေကို သေချာတွက်ချက်ပီး စီစဉိပေးထားတော့ တော်တော်လေးကို အဆင်ပြေတယ်ပေါ့။
အရင်ကဆို သွားချင်တဲ့နေရာတွေရှာပီးပဲသွားတော့ တခါတေလေ တနေရာနဲ့တနေရာက တောင်နဲ့မြောက်ဆို သွားရလာရအချိန်တွေ ကုန်ပီး နေရာစုံလဲ မရောက် လူလဲ ပင်ပန်းခဲ့တာပေါ့။
အခုတခေါက်ကျ ကျိုတိုမြောက်ဘက်ခြမ်းက နာမည်ကြီးSpotတွေပဲpick upလုပ်ပီးသွားတော့ အချိန်ကုန်လဲ သက်သာ နေရာစုံလဲရောက်ခဲ့ရတယ်။
10/04/2026
ကျိုတိုခရီးစဉ် အပိုင်း၂
မနက်ပိုင်းမှာ哲学の道မှာလျှောက်လည်ပီး
ဒုတိယ နေရာဖြစ်တဲ့Keage ကိုဆက်သွားဖြစ်တယ်။လမ်းကြောင်းရှာလိုက်တာ လမ်းလျှောကိ၁၅မိနစ်ဆိုတာနဲ့ လမ်းလျှောက်ပဲသွားဖြစ်ခဲ့တယ်။ လမ်းတလျှောက်မှာလဲ ဆာကူရာတန်းတွေကြီးပဲ။ သွားတဲ့အချိန်က ဆာကူရာ တွေ ပွင့်တဲ့အချိန်နဲ့တိုက်နေတော့ အရမ်းကိုပျော်ရွှင်ရတယ်။ တလမ်းလုံးvlogရိုက်ရင်းငေးရင်းနဲ့ ရောက်သွားပါရော။Keageဆိုတာက ရထားသံလမ်း ဟိုးလမ်းတလျှောက်လုံးမှာ ဆာကူရာတွေပွင့်နေတဲ့ နာမည်ကြီးတဲ့နေရာတခုပေါ့။
ရထားသံလမ်းရယ် ဆာကူရာတွေရယ် အရမ်းကိုပနံသင့်လှတဲ့ မြင်ကွင်းတခုပေါ့။
အဲ့မှာလဲstandကြီးထောင်ပီး ပုံရိုက်လိုက်videoရိုက်လိုက်နဲ့ တယောက်တည်း
အလုပ်တွေရှုပ်နေခဲ့သေးတာ။စိတ်တိုင်းကျတဲ့ပုံတွေလဲရ ပီး ရထားလမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ်နားးထိ လျှောက်ကြည့်ဖြစ်ခဲ့သေးတယ်။လာလည်ကြတဲ့သူတွေက လဲ အများသားပဲ။
အဲ့ကနေ နောက်တနေရာဖြစ်တဲ့Le Labo ဆိုတဲ့ coffeeဆိုင်လေးကိုဆက်သွားဖြစ်တယ်။
သူကကျkeage ကနေရထားနဲ့2ဘူတာလောက်ဆက်သွားရတယ်။三条京阪ဆိုတဲ့ဘူတာမှာဆင်းပီး အဲ့ကနေမှ လမ်းဆက်လျှောက်ရတယ်။လမ်းတလျှောက်ကလဲ
ဆာကူရာအတန်းကြီးဆိုတော့ ငေးရင်းvlogရိုက်ရင်းတဲ့coffeeဆိုင်ရောက်သွားတယ်။လူတွေ တန်းစီနေကြတော့ ကိုယ်လဲ ဝင်တန်းစီလိုက်ပါရော။နောက်မှ ဆိုင်ရှေ့က ဝန်ထမ်းကိုမေးကြည့်မှ သူကအထဲက ပစည်းတွေကြည့်မယ် ဝယ်မယ်ဆိုရင် တုံကင်စနစ်နဲ့သူသတ်မှတ်ထားတဲ့အချိန်ကိုဝင်ရတာတဲ့။ဒီတိုင်းcoffeeပဲtake out ဆိုရင် တန်းပီးသွားဝယ်လို့ရတယ်တဲ့။ကိုယ်ကလဲcoffee ပဲဝယ်မှာဆိုတော့ တန်းစီစရာမလိုဘဲ ချက်ချင်း တန်းသွားဝယ်လို့ရခဲ့တယ်။ပုံမှန်ဆိုcoffee ပဲသောက်ဖြစ်ပေမယ့် ရာသီဉတုကပူလာတာနဲ့ice matcha လေး သောက်ဖြစ်ခဲ့တယ်။
စျေးကတော့ ယနိး၈၀၀ဝန်းကျင်လောက်ပေးရတယ်။အရသာကတော့ ပေးရတာနဲ့တနါပါတယ် ကောင်းတယ်ပေါ့နော်။
အဲ့ဆိုင်ရဲ့ အထိမ်းအမှတ် ကျောက်တိုင်လို့ ပြောရမလား အဲ့ဟာလေးနဲ့ကော်ဖီခွက်လေးကိုင်ရိုက်ကြတာInstagram မှာနာမည်ကြီးတော့ ကိုယ်လဲရိုက်ခဲ့သေးတယ်။
ကော်ဖီဆိုင်ရှေ့လဲ ရိုက်ချင်တာနဲ့ standကြီးထောင်ပီး မရှကိမကြောက်ရိုက်ခဲ့သေးတာ။
အဲ့ကနေမှ ခုန လမ်းတလျှောက်ပြန်လျှောက်ကြည့်ရင်းပုံလေးဘာလေးထပ်ရိုက်ပေါ့။
နေ့လည်စာမစားရသေးတာနဲ့family markကနေပဲ စားစရာဝယ်ပီး မြစ်ရိုးဘေးမှာသွားထိုင်ပီး စားခဲ့သေးတာ။vlogလေးလဲရိုက်ရင်းနဲ့ပေါ့။
အဲ့ဒီမြစ်ရိုးတလျှောက်ကလဲ နေ့ခင်းလဲလှပေမယ့် ညနေဘက် ကပိုလှမယ်ထင်တယ်။အဲ့နေရာလေးကလဲ နာမည်ကြီးတော့ လာလည်တဲ့သူ၊Picnicထွက်ကြတဲ့သူတွေနဲ့ ၊အတွဲတွေ သူငယ်ချင်း အေးအေးဆေးဆေးChills လို့ကောင်းတဲ့နေရာလေး။စားသောက်vlogရိုက်ပီး
အချိန်ကလဲ နေ့လည် ၃နာရီလောက်ဆိုတော့နောက်တနေရာထပ်သွားဖြစ်တယ်။
See u အပိုင်း(၃)
ကျိုတို ခရီးစဉ် အပိုင်း(၂)
#蹴上
Labo
09/04/2026
ဘဝမှာလေ အသက်တာ၃၀ကျော်လာတာ
တခါမှ တယောက်တည်းခရီးမသွားဖူးဘူး။
ဒီတခါတော့ အတူတူခရီးသွားမယ့်သူငယ်ချင်း ညီမလေးကSat and Sunပဲအားတာဆိုတော့
ကျိုတိုမှာလဲ လည်ချင်တော့ သွားမယ်ဟာဆိုပီး
တယောက်တည်း သွားဖြစ်ခဲ့တယ်။
Saitamaကနေ Kyotoကို ညဘက်ထွက်တဲ့Busကားနဲ့သွားခဲ့တယ်။
Busကားခက အရမ်းသက်သာတော့ ခရီးသွားတိုင်းBusနဲ့သွားဖြစ်တာများတယ်။
မနက်၆:၃၀လောက် ကျိုတိုဘူတာကိုရောက်တယ်။ည ဘက် ကားစီးတာဆိုတော့ မနက်ဆို လူက နုံးနေတော့ ရေလေးချိုးအလှပြင်ပီးလည်တာပိုကောင်းမယ်ဆိုပီး မသွားခင်ကじゃらんNetကနေပီး日帰り温泉(နေ့ချင်းပြန် ရေပူစမ်း)ဟိုတယ် ရှာပီး ဘွတ်ကင်တင်ထားလိုက်တယ်။
အခုတခေါက် သွားခဲ့တာက Kyotoဘူတာကနေ လမ်းလျှောကိ၁၀မိနစ်လောက်မှာရှိတဲ့
Hotel KUU Kyoto ဆိုတဲ့ဟိုတယ်လေးပါ
သူက မနက်၆-၁၀နာရီကြားထဲ အသုံးပြုလို့ရတယ်ပေါ့နော်
စျေးကတော့ယန်း၁၀၀၀ပတ်ချာလည်လောက်ပဲ။
ဟိုတယ်ထိ အထုပ်တွေသယ်သွားပီး အဲ့မှာရေချိုးOnsenဝင်တယ်
အလှတွေပြင်ပီး အဲ့နားတဝိုက်လျှောက်လည်တယ်
ပီးတာနဲ့အထုပ်တွေကိုKyoto ဘူတာထဲကlocker မှာအပ်လိုက်တယ်။
ဒီနေ့အစီအစဉ်က နေရာ၄နေရာစီစဉ်ထားတာ
ပထမနေရာက 哲学の道(Tetsugaku No Michi)လို့ခေါ်တဲ့ ဆာကူရာ လမ်းလေး။
Kyotoဘူတာကနေ Busနဲ့၄၀မိနစ်လောက်စီးရတယ်။
သူ့လမ်းတလျှောက်ကလေ ချောင်းလေးရယ် ဘေးတဖက်တချက်စီမှာဆာကူရာတွေတောက်လျှောက်ပွင့်နေတာ။
လမ်းကလေ အရှည်ဆိုမှ အရှည်ကြီးပဲ။
ဘေးမှာလဲ တိတ်ဆိပ်ငြိမ်သက်တဲ့ ကော်ဖီဆိုင်Sobaဆိုင်လေးတွေလဲရှိတယ်။
မနက်စာမစားရသေးတော့ အဲ့နားကcoffeeဆိုင်လေးမှာ ကော်ဖီသောက်ရင်းခရီးတထောက်နားခဲ့သေးတာ။
အဖော်လဲ မပါတော့ Photo Standကြီးထောင်ပီး ပုံရိုက်လိုက်Videoရိုက်နဲ့ပေါ့။
အဲ့မှာလာလည်တဲ့သူတွေနဲ့လဲ စကားလေးဘာလေးပြောပေါ့။Extra Extrovert ဆိုတော့ စကားပြောရတာသဘောကျတော့ ကိုယ်လိုလာလည်တဲ့solo traveler အန်တီကြီးတွေနဲ့ စကားတွေလဲ ပြောဖြစ်တယ်။
အဲ့ကဉီးလေးကြီးတယောက်က ဒီလမ်းတလျှောက် ကိုတည့်တည့်လျှောက်ပီး ဘယ်ဘက်ကွေ့ရင် အရမ်းလှတယ်ဆိုတာနဲ့
လျှောက်လိုက်တာ မိနစ်၃၀လောက် လျှောက်လိုက်ရတယ်။
လမ်းတလျှောက်မှာဆာကူရာတန်းတွေကြီးပဲ။ခရီးသွားဧည့်သည်တွေရော စည်စည်ကားကားပဲ။
လမ်းဆုံးတော့ သူများတွေသွားရာ လျှောက်လိုက်ရင်းနဲ့ ဘုရားကျောင်းရောက်သွားရော။အဲ့နေရာလေးလဲအရမ်းလှတာ။အဲ့နားတဝိုက်က ဘုရားကျောင်းတွေအများကြီးပဲ။အချိန်မရတာနဲ့ တနေရာလောက်ပဲ ဝင်ခဲ့တယ်။
အရမ်းကိုသဘောကျရတဲ့နေရာလေး။
See u next …
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
ウェブサイト
住所
Kawagoe-shi, Saitama
アラート
Phyo’s Roomが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。