Ko Kyaw Gyi

Ko Kyaw Gyi

共有する

Ko Kyaw Gyi, 健康・美容, Kyoto-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

11/10/2022
12/08/2022

လောကကြီးဆိုတာ မိခင်တစ်ယောက်လိုမဟုတ်ပါဘူး

12/08/2022

fighting

12/08/2022

စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ
▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ヅ မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

ヅ လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

ヅ လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ヅ ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ヅ ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

ヅ အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

ヅ တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

ヅ သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်တောသာထားလိုကျပါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

ヅ သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန္ဖိုးထားမွုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ္ပါယ်ရှိအောင်
လုပ်ပေးတဲ့သူတွေမို့ပါ။

ヅ ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

ヅ နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

ヅ လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ヅ ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

ヅ နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

မေတ္တာဖြင့်🍂
ပန်းပျိုးလက် (ရသစာပေ)
__________________________________

あなたの事業をビューティーサロンのトップリストKyoto-shiにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

ウェブサイト

住所

Kyoto-shi, Kyoto