Nara House
Nara House, 健康・美容, Nara-shiの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
03/08/2026
2026 July 31 မှာညလုံးပေါက်အိပ်မရခဲ့ပါ။ နေ့ကူးသွားပြီး 2026 August 1 ရက်နေ့ မနက် ၀၃:၃၀ နာရီကျော်မှာအိပ်ပျော်သွားပြီးခဏ အမေစုကိုအိပ်မက်မက်တယ်။ အနက်ခံပေါ်မှာငှက်ခါးရောင်ချိတ်ကလေးနဲ့လုံချည်ရယ် ငှက်ခါးရောင်အင်္ကျီရင်ဖုံးလက်ရှည်လေးရယ်ဝတ်ပြီး အိပ်မက်ထဲမှာကြည်သန့်ထင်ရှားနီးကပ်စွာအတူရှိနေတယ်လို့မြင်မက်လိုက်ရတယ်။
ဒီနေ့ 2026 August 3 မှာတော့ သတင်းတွေမြင်ရတယ်။
အမေစုနေကောင်းကျန်းမာပါစေ။
Nara မှာနွေ ရန်ကုန်မှာမိုး။
ရန်ကုန်မိုးဆိုတာက သည်းကြီးမည်းကြီးရွာတတ်တာမို့ Nara မှာနွေနေပူတော့ ရန်ကုန်မိုးကိုသတိရမိပြန်တယ်။
ဥတုရာသီ သဘာဝ ကိုယ်စီလှပကြလေသည်။
Nara နွေ
နွေရဲ့သင်္ကေတ ဆဲမိ (せみ Cicada) လေးတွေရဲ့အသံနဲ့ညံစီလို့နေတယ်။ Nara ဟာ Tokyo လောက်မပူဘဲစိမ်းလန်းစိုပြေပါတယ်။ မြက်ပင်ရှည်ရှည်တွေကစိမ်းလို့ ချယ်ရီပင်တန်းကလည်းစိမ်းလန်းလို့ မိုမိဂျိရွက်တွေကလည်းစိမ်းစိမ်းညို့ညို့ ဘယ်ကိုကြည့်ကြည့် မြင်လေရာရာစိမ်းစိုနေသည်သာချည်း။
စိတ်ကူးထဲမှာ လွမ်းစရာဥဩသံသာလေးထည့်ကြည့်မိသေးပေမယ့်မလိုက်ဖက်သလိုခံစားရတယ်။ Nara ရဲ့နွေဟာ ဆဲမိနဲ့သာလိုက်ဖက်သလို ချစ်စရာကောင်းပြီးသာယာပြည့်စုံနေပြီ။
03/05/2026
Padauk
パダウ
春が来た。
Spring has come.
နွေဦးရောက်ပြီ။
31/03/2026
နွေဦးပန်းများပွင့်လန်းချိန်
ကံ့ကော် ပိတောက်
မနက်ခင်းအိမ်တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ တိုးဝင်လာတဲ့မွှေးရနံ့တွေကသင်းပျံ့ကြိုင်လှိုင်နေတော့တာ။ အပျော်တွေကလည်းရင်ထဲမှာတလှပ်လှပ်။ တဆက်တည်းမှာပဲ စိတ်ကူးထဲမှာ ခူးရမယ်၊ ဘုရားကိုကပ်လှူမယ်၊ ဧည့်ခန်းမှာပန်းတအိုးအလှထိုးမယ်၊ ထမင်းစားပွဲပေါ်မှာပန်းတအိုးထားမယ်၊ ဓါတ်ပုံရိုက်မယ်၊ မှတ်တမ်းတင်ထားမယ်၊ အနီးအဝေးသူငယ်ချင်းတွေအားလုံးမြင်အောင် Facebook ပေါ်မှာတင်မယ် ဆိုတဲ့အတွေးတွေနဲ့လုပ်စရာအလုပ်တွေတပုံတပင်ကြီးတန်းစီများပြားသွားပြီးစိတ်တွေလှုပ်ရှားနေတော့တာ။ တက်ကြွခြင်း ပျော်ရွင်ခြင်း နှစ်သက်ခြင်း ကြည်နူးခြင်း စိတ်လှုပ်ရှားခြင်းတွေနဲ့ရသအစုံပေးတယ်။ နေ့တဝက်လောက်ကတော့တခြားဘာအလုပ်မှစိတ်မဝင်စားတော့ဘဲသူတို့နဲ့ဘဲအချိန်ကုန်နေရတော့တာပါပဲ။ ပန်းတွေပွင့်တဲ့ရက်များပြီးဆုံးမှဘဲ ကဲ .. ပြီးပါပြီ ဆိုတဲ့စိတ်နဲ့ကိုယ်ရောစိတ်ပါ ဣိဒ္ဒြေရတော့တယ်။
Sakura ချယ်ရီပန်းလေးတွေ
တနေ့တနေ့သစ်လွင်ရင့်သန်လာတဲ့အဖူးလေးတွေကိုနေ့တိုင်းအရိပ်တကြည့်ကြည့်နဲ့မထိရက်မတို့ရက်တမော့မော့မျှော်စောင့်ခဲ့ရတယ်။ ပင်လုံးကျွတ်ပွင့်ကြတဲ့အလှဆုံးအချိန်မှာ သူတို့ကိုတစိမ့်စိမ့်ကြည့်ပြီးကြည်နူးဝမ်းမြောက်ရတဲ့အင်မတန်ငြိမ်သက်အေးချမ်းတဲ့ရသကိုပေးကြတယ်။
သက်တမ်းကသိပ်မကြာတာမို့တပါတ်လောက်အနေမှာကြွေကာကျပြန်တော့လည်း ပန်းနုရောင်ပန်းဖတ်ကလေးတွေနဲ့ပန်းမြေပြင် ပန်းရေပြင် ပန်းခင်းတဲ့လမ်းနေရာအနှံ့ကဗျာလေးတွေပေါ့။
ချယ်ရီပင်အောက်မှာ ပိတောက်နဲ့ကံ့ကော်ကိုသတိရခြင်းပါ။
11/02/2026
Ohina-sama dolls display for HINAMATSURI on March 3.
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
事業に問い合わせる
電話番号
ウェブサイト
住所
6310003
アラート
Nara Houseが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。