Ying’s World JP
Hi, its me (Ying’s World)
🌊🤍 Shirahama — ပင်လယ်နဲ့အတူ အမှတ်တရတွေ သိမ်းထားခဲ့တဲ့နေ့လေး 🏖️✨
ဒီတစ်ခေါက်တော့ ဂျပန်နိုင်ငံ Wakayama ရဲ့ နာမည်ကြီး ပင်လယ်ကမ်းခြေမြို့လေးဖြစ်တဲ့ Shirahama ကို သွားလည်ခဲ့တယ်။ Shirahama ဆိုတဲ့နာမည်အတိုင်း ဖြူဖွေးနူးညံ့တဲ့ သဲသောင်ပြင်နဲ့ ကြည်လင်တဲ့အပြာရောင်ပင်လယ်ကြောင့် တကယ်ကို လှပတဲ့နေရာလေးတစ်ခုပါ 🌊🏝️
ကမ်းခြေပေါ်မှာ ပင်လယ်လေကိုရှူရင်း လှိုင်းသံလေးတွေ နားထောင်ပြီး အေးအေးဆေးဆေး လမ်းလျှောက်ခဲ့ရတာက တစ်နေ့တာလုံးကို စိတ်အေးချမ်းစေတယ်။ တစ်ခါတလေ ခရီးဆိုတာ နေရာအသစ်တွေကို သွားရုံတင်မဟုတ်ဘဲ ကိုယ့်စိတ်ကိုလည်း ခဏလောက် အနားပေးဖို့ ဖြစ်တယ်ထင်တယ် 🤍
ကမ်းခြေတစ်ခုတည်းနဲ့ မပြီးသေးဘူး… ကျောက်ဆောင်တွေဆီ ဆက်သွားပြီး ကျောက်ဆောင်ထဲက လိုဏ်ဂူလေးတွေထဲ ဝင်လည်ခဲ့တာကလည်း ဒီခရီးရဲ့ အထူးခြားဆုံးအပိုင်းတစ်ခုပါ 🪨✨ ပင်လယ်လှိုင်းတွေက ကျောက်ဆောင်တွေကို တိုက်ခတ်နေတဲ့အသံ၊ လိုဏ်ဂူထဲက အလင်းအမှောင်တွေ၊ အပြင်ဘက်က အပြာရောင်ပင်လယ်ကြီးကို မြင်ရတဲ့မြင်ကွင်းတွေက တကယ်ကို မမေ့နိုင်စရာပါပဲ။ သူငယ်ချင်းတို့လဲအချိန်ရသွားကြည့်ကြပါနော် 💙
16/08/2026
Shirahama beach 🌊
အပြင်မှာအရမ်းလှတဲ့အပြင်လှိုင်းလုံးတွေကြီးတော့ရေဆော့လို့လဲကောင်း ရေလဲသန့်လို့ နွေရာသီမှာတစ်ခေါက်လောက်တော့သွားကြည့်ကြနော်💙
ဂျပန်ရဲ့အင်းလေးလို့တင်စားတဲ့ kyoto က Ine သို့ အချိန်ရရင်သွားကြည့်ကြပါနော်❤️😍
Osaka Night view အလှဆုံးလို့သတ်မှတ်ထားနေရာမရောက်ဖူးသေးရင်တခေါက်လောက်သွားကြည့်ပါနော် ဝင်ခ free ပါခ
09/03/2026
တယောက်မှ ယန်း၂ထောင်ကျော်ပဲရှိတဲ့ Namba က တရုတ်hotpot ဆိုင်သွားခဲ့ပါတယ် အရည်ကကိုယ့်စိတ်ကြိုက်ရွေးချယ်လို့ရပြီး အဝစား မိနစ်၉၀ပေးထားပါတယ်ရှင် အသီးအနှံ အသား စုံစုံလင်လင်၊ ပေးရတဲ့စျေး နဲ့အရမ်းတန်ပါတယ်ရှင် အချိန် ရရင် သွား စား ကြည့်ဖို့အကြံပေးလိုက်ပါတယ်ရှင့်🥰
Osaka မှာပထမဆုံးနှင်းအများကြီးကျ❄️❤️
Osaka
ここをクリックしてあなたのスポンサー付きリスティングを獲得。