Jinjinhappily

Jinjinhappily

共有する

✨ Educating & Empowering | Beauty & Glow-Up
📚 Author & Teacher
📩 Collab & Inquiries: [email protected]

03/10/2026

ငါ့စွမ်းအားတွေ ငါ့ကို ပြန်ပေး ✨🧠⚡️

"ဘယ်သူ့ဆီမှာမှ ငါ့ power တွေ energy တွေကို
မထားတော့ဘူး၊ မသုံးတော့ဘူး။"

ဒီလိုပြောတာ အတ္တကြီးတာ လုံးဝမဟုတ်ဘူး။
ကိုယ့်ကိုယ်တိုင် ကိုယ်ချင်းစာတတ်လို့၊
ကိုယ့်တန်ဖိုးကို ကိုယ်ပြန်သိလာလို့ပါ။

လူတွေက ကိုယ့်ရဲ့ ကြင်နာတတ်တဲ့ သဘောသဘာဝကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို
ကိုယ့်ဆီ မသိမသာ လာတင်သွားတတ်ကြတယ်။

ကိုယ်က သူတို့အတွက် ဟိုဟာလုပ်ပေး၊
ဒီဟာလုပ်ပေးနဲ့ ရှေ့ထွက်ပေးနေချိန်မှာ
ကိုယ့်ရဲ့ ကိုယ်ပိုင် အိမ်မက်လေးတွေကတော့
တစ်စစီ ပျက်စီးလို့။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်စွမ်းအင်တွေကို သူများဆီမှာ ဆက်မဖြုန်းတော့ဘဲ ကိုယ့်ဆီ အကုန်ပြန်သိမ်းလိုက်ပါတော့မယ်။

နောက်ပြီး သူများအိမ်မက်အတွက် မပင်ပန်းချင်တော့ဘူး။

"ငါ့အတွက်ငါ အသေအကြေ မကြိုးစားရင်
မလုပ်ရင် သူများအိမ်မက်တွေ အတွက်
ငါက ပင်ပန်းပေးနေရမယ်။"

စဉ်းစားကြည့်နော်... တကယ်လို့ ကိုယ်သာ
ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင် အသေအကြေ
မကြိုးစားဘူးဆိုရင်၊ ကိုယ့်အရည်အချင်းတွေကို
ကိုယ့်ဘဝ တည်ဆောက်ဖို့ မသုံးဘူးဆိုရင်၊
ကိုယ့်ဘဝရဲ့ အချိန်တွေဟာ သူများခိုင်းတာလုပ်ဖို့နဲ့
သူများ အောင်မြင်ဖို့အတွက် အသုံးချခံဘဝနဲ့ပဲ
ကုန်ဆုံးသွားလိမ့်မယ်။

ကိုယ်တိုင်က ကိုယ့်ဇာတ်လမ်းကို ကိုယ်မရေးရင်၊
တခြားသူတွေရဲ့ ဇာတ်ခုံပေါ်မှာ ဧည့်သည်သရုပ်ဆောင် တစ်ယောက်အနေနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။
အဲဒါကို တကယ် လက်ခံနိုင်ရဲ့လား?

ဒါ့ကြောင့် ဒီနေ့ကစပြီး ကိုယ့်အတွက်ပဲ
အသက်ရှင်ပါတော့မယ်။

ဒီကနေ့ ဒီစက္ကန့်ကစပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ
ချလိုက်ပါတော့မယ်။

ကိုယ့်ရဲ့ အရည်အချင်းတွေကို
ကိုယ့်အောင်မြင်မှုအတွက်ပဲ သုံးမယ်။
ကိုယ့်ရဲ့ အဖိုးတန် စွမ်းအင်တွေကို ကိုယ့်ရဲ့
ရည်မှန်းချက်တွေဆီပဲ ပို့ဆောင်မယ်။

ကိုယ့်အနာဂတ်ကို တခြားသူလက်ထဲ မအပ်တော့ဘဲ ကိုယ်တိုင်ပဲ ဦးစီးပြီး အကောင်းဆုံး တည်ဆောက်ပြမယ်။

တခြားသူတွေ ဘယ်လိုပဲ မျှော်လင့်နေပါစေ၊
ကိုယ့်ရဲ့ ပထမဦးစားပေး (Priority) ဟာ "ကိုယ့်ကိုယ်ကိုယ်" ဖြစ်ရပါမယ်။

ကိုယ်တိုင် အရင်အောင်မြင်လာတဲ့အခါမှသာ
ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့သူတွေကိုပါ
လက်တွဲခေါ်လာနိုင်မှာပါ။

💡 သဇင့်ရဲ့ စာဖတ်သူတို့ရေ...

တွေးကြည့်လိုက်ပါဦး... ဒီနေ့အထိရော ကိုယ့်ရဲ့ အဖိုးတန် စွမ်းအင်တွေကို တခြားသူတွေအတွက်ပဲ ပေးအပ်နေတုန်းလား? ဒါမှမဟုတ် ကိုယ့်အတွက် ပြန်သိမ်းယူပြီး ကိုယ့်အိမ်မက်နောက်ကို လိုက်ဖို့ ပြင်ဆင်ပြီးပြီလား?

ဒီစာလေးကိုဖတ်ပြီး ကိုယ့်ရင်ထဲမှာ ဘယ်လို ခံစားချက်တွေ ရှိလာလဲ?

ကိုယ့်အတွက် ဘာတွေ ပြောင်းလဲချင်လဲဆိုတာ
Comment မှာ ရင်ဖွင့်သွားကြပါဦးနော်။

ချစ်တဲ့သဇင်

02/10/2026

ငါ့ခြေထောက်ပေါ် ငါရပ်တည်နိုင်တဲ့အခါ ✨

"သူရှိနေရင် ဘာမှလုပ်စရာမလိုဘူး...
ငါ့အတွက် သူရှိတယ်လေ..."

ဒီလိုတွေးမိခဲ့တာက ကျွန်မရဲ့ အကြီးမားဆုံး အမှားပါပဲ။

အရင်တုန်းက ချစ်သူကောင်လေးက အရာရာကို ဦးဆောင်ပေးတယ်။

စားစရာ၊ သောက်စရာကစလို့ ငွေကြေးကိစ္စ၊ ဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေအထိ သူပဲ အကုန်လုပ်ပေးတယ်။

အဲဒီအခါကျတော့ ကျွန်မဟာ အလိုလိုနေရင်း
အပျင်းကြီးလာတယ်၊ ကိုယ့်အရည်အချင်းကို
မထုတ်တော့တာကြာတဲ့အခါ မယုံကြည်တော့ဘူး၊
ဘယ်သူ့ကိုမှ မမှီခိုရရင် မနေတတ်တော့တဲ့
အားနည်းတဲ့သူတစ်ယောက် ဖြစ်သွားပါတယ်။

ဒါပေမဲ့ တစ်နေ့မှာ အရာရာဟာ ပြောင်းလဲသွားပါတယ်။
သူ့ဘက်မှာလည်း ဖိအားတွေများလာပြီး ကျွန်မ
ဖြစ်ချင် လိုချင်တဲ့အတိုင်း မလုပ်ပေးနိုင်တော့တဲ့
အခြေအနေမျိုး ရောက်လာပါတယ်။

အဲဒီအခါကျမှ ကျွန်မ ကမ္ဘာကြီးပြိုကျသွားသလိုပါပဲ။
ဘာလုပ်ရမှန်းမသိတဲ့အထိ လမ်းပျောက်သွားတယ်။

ငွေကြေးအခက်အခဲတွေ၊ စိတ်ဓာတ်ကျစရာတွေက တစ်ပြိုင်နက်တည်း ဝင်ရောက်လာတော့မှ ကျွန်မ
သတိပြန်ကပ်ပြီး နိုးထလာခဲ့ပါတယ်။

"ဘယ်သူ့ကိုမှ အားကိုးလို့မရတော့တဲ့
တကယ့် အမှန်တရားစစ်စစ်နဲ့ ရင်ဆိုင်ရချိန်မှာ၊
ငါ့မှာ ကျန်ခဲ့တာဆိုလို့ ငါ တစ်ယောက်တည်းပဲ
ရှိပါလား” ဆိုတာကို နာကျင် ခါးသီးစွာ မြင်တွေ့
ခဲ့ရပါတယ်။

ဒါကြောင့်လဲ အဲ့ဒီညက ကျွန်မ ဆုံးဖြတ်ချက်တစ်ခု
သေချာ ချလိုက်နိုင်ခဲ့တယ်။

"ငါ့ဘဝကို တခြားသူတစ်ယောက်ရဲ့ လက်ထဲမှာ ဆက်ပြီး
မပုံအပ်တော့ဘူး။နောက်ဘယ်တော့မှ သူများကို
မမှီခို၊ အားမကိုးတော့ဘူး။ ငါ့ကိုယ်ငါ ကယ်တင်မယ်"
ဆိုတဲ့ စိတ်နဲ့ပေါ့။

ပထမဆုံးအနေနဲ့ ကျွန်မမှာ ဘာအရည်အချင်းတွေ
ရှိလဲဆိုတာကို ပြန်စစ်ဆေးပါတယ်။

ငါ့မှာ ဖုန်းတစ်လုံးနဲ့ အင်တာနက်ရှိတယ်။
Contentတွေကို ဖန်တီးနိုင်တယ်။
လူတွေကို စိတ်ရှည်ရှည်နဲ့ ကူညီပေးတတ်တယ်။
အတွေ့အကြုံတွေများတယ်။
Korea စာပိုကောင်းရင် ပိုအခွင့်အလမ်းတွေရလာမယ်
စသည်ဖြင့်…

အဲဒါတွေကို အသုံးချပြီး လေ့လာသင့်တာကို
လေ့လာပြီး ကိုယ့်ဘာသာ တိုးတက်အောင်လုပ်တယ်၊
Challenge တွေ ခေါ်ပြီး ပညာနဲ့ လုပ်နိုင်သမျှ
အလုပ်အားလုံးကို လုပ်တယ်၊
နေ့စဉ်တစ်ရက်မှ မပျက်မကွက် အကျိုးရှိတဲ့
လူတွေကို ကူညီ အားပေးတဲ့ Content တွေ
တင်တယ်။

ကိုယ်ပိုင် ဖန်တီးမှု အသစ်သစ်တွေကို
ကြိုးစား လုပ်ဆောင်တယ်။

ကိုယ်ဖန်တီးထားတဲ့ လူတွေအတွက် တကယ်
လက်တွေ့အကျိုးရှိတာတွေကို လူသိများအောင်
Marketing Content တွေ သေချာ တစ်ရက်မှ
မပျက်မကွက် ဖန်တီးပြီး တင်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ဦးနှောက်ထဲ ဘာမှမဝင်သလိုလိုနဲ့
အရမ်းခက်ခဲတယ်။ “လုပ်နိုင်ပါ့မလား၊
ဖြစ်ပါ့မလား” ဆိုပြီးလဲ ကိုယ့်ကိုယ်ကို
သံသယတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ "ငါ မလုပ်ရင် သေရတော့မယ်" ဆိုတဲ့
ဇွဲနဲ့ ဆက်တိုက် ဖိလုပ်ခဲ့ပါတယ်။

ပထမတစ်ပတ်မှာ ဘာမှမထူးခြားပါဘူး။

ဒုတိယတစ်ပတ်မှာတော့ ကိုယ့်ရဲ့စာအုပ်လေးတွေကို
တဖြေးဖြေး လူသိလာပြီး ဝယ်လာတာကြောင့်
ပထမဆုံး (1သိန်းကျပ်)ကို ကိုယ့်လက်နဲ့ကိုယ်
ရှာနိုင်လိုက်ရတဲ့ အချိန်မှာ ရင်ထဲမှာ ငိုချင်လောက်အောင် ပျော်သွားတယ်။

အဲဒီငွေပမာဏက နည်းပေမယ့် "ငါ့မှာလည်း လူတစ်ယောက်ကို မမှီခိုဘဲ ကိုယ့်ဘာသာ ရပ်တည်နိုင်တဲ့ စွမ်းအားရှိပါလား" ဆိုတဲ့ ယုံကြည်မှုကို အကြာကြီးနေမှ
ပြန်ရလိုက်တယ်။

အဲဒီနောက်မှာတော့ ကျွန်မ ပိုပြီး အရှိန်မြှင့်လိုက်တယ်။
Freelance လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်တယ်။
ညဘက်တွေ အိပ်ရေးပျက်ခံပြီး ကြိုးစားတယ်။

တစ်လ, နှစ်လ, သုံးလ အကြာမှာတော့ ကျွန်မရဲ့
ဝင်ငွေဟာ တဖြည်းဖြည်းနဲ့ တက်လာပြီး
ကိုယ့်ဘာသာ ကိုယ် လွတ်လပ်စွာ
သုံးစွဲနိုင်တဲ့အဆင့်ကို ရောက်လာခဲ့တယ်။

စာအုပ်တွေလဲ လုံးဝ Sold Out ဖြစ်တဲ့အထိ
ရောင်းလိုက်နိုင်ပြီး အခြားမထင်မှတ်ထားတဲ့
အခွင့်အလမ်းတွေနဲ့ ဝင်ငွေတွေပါ ရရှိခဲ့ပါတယ်။

သူများနိုင်ငံမှာ Freelance ၊ ကိုယ်ပိုင်စီးပွါးရေး
လုပ်သူ ဖြစ်နေတာကြောင့် စိုးရိမ်ပူလောင်မှုတွေ
အများကြီး ရှိခဲ့ပေမဲ့ အခုဆိုရင်
ကျွန်မ ဘယ်သူ့ကိုမှ အားကိုးစရာမလိုတော့ပါဘူး။

ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မလိုဘဲ
ကျွန်မ လိုချင်တာ ဝယ်နိုင်တယ်၊
ကျွန်မ သွားချင်တဲ့ဆီ သွားနိုင်တယ်။

အရေးကြီးဆုံးကတော့ ကိုယ့် ကံကြမ္မာကို
ကိုယ်တိုင် ဖန်တီးနိုင်ပြီဆိုတဲ့ "Unshakable Confidence (အကြွင်းမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ)"
ကျွန်မရင်ဘတ်ထဲမှာ အပြည့်ရှိနေပါပြီ။

ဒီစာကို ဖတ်နေတဲ့ သူလေးတွေရော...
တစ်ချိန်က တခြားသူကို အားကိုးမိလို့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးဖူးလား? အခုရော လမ်းပျောက်နေလား?

"ဒီနေ့ကစပြီး တခြားသူတွေကို
မျှော်လင့်စောင့်စားနေသေးတယ်ဆိုရင်
ရပ်လိုက်ပါတော့…

ကိုယ့်အတွက် ကိုယ် တိုက်ပွဲဝင်ပါ။
သင့်မှာ သူများမသိသေးတဲ့ ကြီးမားတဲ့ အစွမ်းတွေ၊
အရည်အချင်းတွေ အများကြီး ရှိပါတယ်။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့
ခံစားချက်က ကမ္ဘာပေါ်မှာ အကောင်းတကာ့
အကောင်းဆုံးနဲ့ အလွတ်လပ်ဆုံး ခံစားချက်ပါပဲ။"

အခုပဲ ကိုယ့်ဘဝအတွက် ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး စတင်လိုက်ပါ... သင် လုပ်နိုင်ပါတယ်။💪🫶✨✅

ချစ်တဲ့သဇင်

01/10/2026

စိတ်မကြည်တဲ့နေ့ဆိုရင် ဘာလုပ်လဲသိချင်လား❓ 🙈🥰

29/09/2026

Korea မှာ ပိုက်ဆံ လုံးဝ မရှိတော့တဲ့
အခြေအနေ ကြုံရတဲ့အခါ ✅✨

သဇင့်စာလေးတွေကို အမြဲစောင့်မျှော်
ဖတ်ရှု့ကြတဲ့ စာပေချစ်သူတွေအတွက်
ဒီနေ့လဲ အကျိုးရှိတဲ့အပြင် အားဖြစ်စေမဲ့
ဖြစ်ရပ်မှန် သင်ခန်းစာလေးတစ်ခုကို
မျှဝေပေးလိုက်ပါတယ်။

ဒီ 2026 ဟာ သဇင့်အတွက်တော့
ကုန်တာလဲ အရမ်းမြန်သလို
အလုပ်တွေ အရမ်းကြိုးစားခဲ့တာတောင်
အနိမ့်အမြင့် အတက်အကျ ကြမ်းတဲ့
နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။

ဒါ့အပြင် ကိုယ့်မှာ ကိုယ်ပဲရှိတယ်ဆိုတာကိုလည်း
ကွင်းကွင်းကွက်ကွက် သိမြင်ခဲ့ရတဲ့
နှစ် ၁နှစ်လို့လဲ ပြောလို့ရပါတယ်။

သူများကို အားကိုးချင်စိတ်၊
မှီခိုချင်စိတ်တွေကြောင့်
ကိုယ်တိုင်ကပေါ့ပေါ့ပျက်ပျက်
ဖြစ်သွားချိန်မှာ ကျွန်မ ဘဝတစ်ခုလုံးဟာ
လုံးဝ ယိုင်နဲ့ သွားခဲ့ရပါတယ်။

အမှတ်မရှိစွာ သူများအပေါ် မှီခို ခဲ့မိတာကြောင့်
လုပ်နိုင်စွမ်းတွေ၊ ယုံကြည်မှုတွေ၊
ဝင်ငွေတွေဟာ တော်တော်လေး ကျဆင်း
ခဲ့တာကြောင့် ကျွန်မ ဆီမှာ လုံးဝ
ပိုက်ဆံ ပြတ်လပ်သွားတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

အခြားသူကို အားကိုး ယုံကြည်ပြီး
အပျင်းကြီးသွားတာလဲ ပါသလို
ကိုယ့်ဘဝကို သူများဆီမှာ
သွားပုံအပ်မိသလို ဖြစ်သွားတာကြောင့်
ကိုယ်ရဲ့ Dream တွေ ၊ ပန်းတိုင်တွေကိုလဲ
မေ့သွားခဲ့ပါတယ်။

ကိုယ် ဘယ်လောက်အထိ ပိုက်ဆံရှာနိုင်ခဲ့တယ်၊
ကိုယ် ဘယ်လောက်အထိ အောင်မြင်မှုတွေ
ရခဲ့တယ်၊ ဘယ်လောက်အထိ လူချစ်ခင်
လေးစား တန်ဖိုးထားခံရတယ် ဆိုတာတွေကအစ
ပြန်စဉ်းစားလို့ မရတော့အထိ စိတ်ဓာတ်တွေလဲ
ဟိုးး အောက်ဆုံးကို ကျခဲ့ရပါတယ်။

ဒါပေမဲ့ ကံကောင်းတာတစ်ခုက
ကျွန်မမှာ မိတ်ဆွေကောင်း ၊
သူငယ်ချင်းကောင်း ၊ Network ကောင်းတွေ
ရှိသလို လုပ်နိုင်တာတွေ အရမ်းများပြီး
ဘာကိုမဆို မရမက အကောင်းဆုံးကြိုးစား
လုပ်တတ်တဲ့ အကျင့်​လေးကြောင့်
အခွင့်အလမ်းများစွာ ရရှိခဲ့ပြီး
နေ့တိုင်း နီးပါးလဲ ဖြေးဖြေးချင်း
ငွေပြန်ဝင်လာပါတယ်။

စဖြစ်တော့ ကျွန်မလဲ အရမ်း စိုးရိမ် ပူလောင်
ပင်ပန်းကာ ကူရာမဲ့ ဖြစ်ခဲ့ပါတယ်။

သူငယ်ချင်း၊ မိတ်ဆွေတွေကို
ကိုယ့်အခြေအနေ အကြောင်း
ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကိုယ့်နဲ့
ကိုက်တဲ့ အလုပ်ရှိရင်ပြောပါလို့
အကူအညီ တောင်းခဲ့ပါတယ်။

ကိုယ်တိုင်ကလဲ တစ်ခါမှ
နာမည်ပျက် မရှိဖူးတာကြောင့်
ချက်ချင်းဆိုသလို ကိုယ့်ဆီ အလုပ်တွေ
အများကြီး လာအပ်ကြပါတယ်။
ရရှိလာသမျှ အခွင့်အရေးတွေ အားလုံးကို
သေချာ ဖမ်းဆုတ်ပြီး အကောင်းဆုံး
နိမ့်ချကာ အလိုက်သိစွာ နေထိုင်
လုပ်ဆောင်ပေးခဲ့ပါတယ်။

ပင်ပန်းပေမဲ့ ကိုယ်အရမ်းဝါသနာပါကာ
ရူးသွပ်တဲ့ အလုပ်တွေ မဟုတ်ပေမဲ့
အရင်လို အလုပ်ကြမ်းတွေ ပြန်မလုပ်ရဘဲ
လူတွေကို ကူညီကာ ပိုက်ဆံ ရှာနိုင်ခဲ့တာကိုပဲ
ကျေးဇူးတင်မိပါတယ်။

ကူညီပေးခဲ့တဲ့ မိတ်ဆွေ ၊သူငယ်ချင်း
အားလုံးကို အရမ်းလဲ ချစ်ပါတယ်။
အရမ်းလဲ ကျေးဇူးတင်ပါတယ်။

အခုတော့ zero 0️⃣ ကနေ နေထိုင်စားသောက်ဖို့
အထိ ပြန်လည်အဆင်ပြေ သွားခဲ့ပါပြီ။

ဒါပေမဲ့ အရင်လို ကိုယ်ပိုင် လုပ်ငန်းတွေကို
ယုံကြည်မှုရှိရှိ ပြန်လုပ်နိုင်တဲ့သူလို
စိတ်ရော ကိုယ်ရော အဆင်သင့်တော့
မဖြစ်သေးပါဘူး။

လူတစ်ယောက်ကို အရမ်း မှီခိုလွန်သွားပြီး
ကိုယ့်ဘာသာ ပျောက်ဆုံးသွားတာကို
ပြန်လည် ရှာဖွေနေရတဲ့ အခိုက်အတန့်လေးပေါ့။

ဒါဟာ ဒီနှစ်အတွက် အကြီးမားဆုံး
သင်ခန်းစာ တစ်ခုပါပဲ။

ဘယ်လောက် ကိုယ့်အပေါ် ချစ်ပါစေ။
ကောင်းပါစေ။ ကိုယ့်လောက် ကိုယ့်ဘဝကို
တာဝန်ယူပေးနိုင်တဲ့သူ၊ ကိုယ်လောက် ကိုယ့်ကို
ဂရုစိုက်ပေးမဲ့သူ မရှိသလို
ကိုယ်သာလျှင် ကိုယ့်အခက်အခဲ
ကိုယ့်ဒုက္ခကို ချက်ချင်း ဖြေရှင်းပေးနိုင်တဲ့သူမှန်း
သိခဲ့ရပါတယ်။

အခက်အခဲ ပြသနာတွေ ကြုံတိုင်း
ချက်ချင်း ရင်ဆိုင် ဖြေရှင်း နိုင်တဲ့
သတ္တိ နဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားလို့လဲ
ကိုယ့်ကိုယ်ကို အရမ်း ဂုဏ်ယူပါတယ်။

ဖြစ်နိုင်ရင် ဘယ်သူမှ မလိုဘဲ
တောက်ပနိုင်တဲ့ သူများသာ
ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချစ်တဲ့သဇင်

28/09/2026

အဆင်မပြေနေချိန်မှာ
ကိုယ့်အတွေးတွေကို သတိထားပါ။

အခုတလော ကြားရ မြင်ရတဲ့ထဲမှာ
သတင်းကောင်းတွေထက်
သတင်းဆိုးတွေက များသလို
ကိုယ်တိုင်လဲ အခုတလောက
အစက ပြန်စနေရသလို ဖြစ်နေတော့
အခက်အခဲတွေ ၊အဆင်မပြေမှုတွေ ၊
လေးစားမှု မရှိတဲ့သူတွေနဲ့ ကြုံရတဲ့အခါ
ကိုယ့်အတွေးတွေကို အရင်လို
မှန်ကန်ကောင်းမွန်တဲ့ ဘက်မှာချည်း
ထားဖို့က မနည်းကြိုးစားရပါတယ်။

ကိုယ့်အတွက်ထက် အခြားသူတွေအတွက်ကိုပဲ
အမြဲ ကြည့်ပေး ၊ လိုက်လျောပေးကာ
ကိုယ့်ကိုယ်ကို တန်ဖိုးမထား ၊ ဂရုမစိုက်သလို
ဖြစ်ခဲ့တာကြောင့် စိတ်တွေလဲရှုပ်ထွေး၊
ကိုယ့်ရဲ့ တကယ်လုပ်ရမဲ့ အလုပ်တွေကျတော့
ပုံနေလို့ စိတ်ပင်ပန်းရပါတယ်။

ဒါပေမဲ့ ကြိုးစားပြီး အကောင်းမြင်စိတ်နဲ့ပဲ
ကြည့်သလို ငါ သည်းခံ နိမ့်ချတာကို
စော်ကား တင်စီး မလေးစား လုပ်ကြရင်လဲ
သူတို့ ပဲ အကုသိုလ်ဖြစ်မှာ ဆိုတဲ့ စိတ်နဲ့
ကိုယ့်စိတ်ကိုပဲ အကောင်းဆုံး ဖြူအောင်
ကြိုးစားနေခဲ့တယ်။

ဘုရားသေချာ ရှိခိုးဖြစ်သလို
ကိုယ့်ရင်ထဲက တောင်းတနေတဲ့
ကိုယ့်အတွက် လုပ်ပေးရမှာတွေကိုလဲ
လုပ်ပေးဖြစ်တဲ့အခါ
မှန်ကန်တဲ့ ကောင်းမွန်တဲ့ အေးချမ်းတဲ့
စိတ်လေးတွေ ပြန်ဝင်လာခဲ့တယ်။

ဒီနေ့ ဘုရားရှိခိုး ၊ မေတ္တသုတ်ရွတ်ရင်း
အဆင်မပြေသူတွေကိုလဲ အဆင်ပြေပါစေလို့
မေတ္တာပို့ ဆုတောင်းဖြစ်သလို
အဆင်ပြေနေသူတွေကိုလဲ အမြဲ အဆင်ပြေပါစေ
ပိုအဆင်ပြေကြပါစေလို့ ဆုတောင်း ဖြစ်ခဲ့ပါတယ်။

အားလုံးကို မိတ်ဆွေ အနေနဲ့ပဲ ထားချင်တဲ့
ကိုယ့်စိတ်၊ ရန်သူထက် မိတ်ဆွေပဲ များချင်တဲ့
ကိုယ့်စိတ်တွေကြောင့် သည်းခံမြဲ သည်းခံ၊
နိမ့်ချပြီးသာ နေခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ်က ချစ်ခင်လို့ ကူညီတာကို
ပိုက်ဆံ နဲ့စျေးဖြတ်၊ မောက်မာ ပြတာ၊
ဆက်ဆံပုံတွေက အထက်စီးဆန်တာတွေနဲ့
ကြုံတာအခါ လူတိုင်းကို စိတ်ရင်းနဲ့
ဆက်ဆံလို့ မရဘူး ၊ လူတိုင်းက ကိုယ့်လို
မဟုတ်ဘူး။

သေချာ ပေါင်းသင်းကြည့်၊ နှစ်ရှည် လက်တွဲကြည့်မှ
လျော့ပေးသင့်တာ လျော့ပေး၊
ပိုပေးသင့်တာပိုပေး၊
တကယ် မေတ္တာ စေတနာ အပြည့်နဲ့
လုပ်ပေးသင့်ပြီး ခဏလောက် တွေ့တဲ့
သူဆိုရင် အခြေအနေပေါ်မူတည်ပြီးသာ
ကိုယ် သတ်မှတ်ထားတဲ့အတိုင်း ၊
ကိုယ် ရသင့် ရထိုက်တဲ့ အတိုင်း ၊
ကိုယ် လုပ်ဆောင်ပေးရတာနဲ့ တန်တဲ့ ပမာဏကို
တောင်းပြီး business ဆန်ဆန် သာ
အရမ်း မနိမ့်ချဘဲ Professional တစ်ယောက်လိုသာ
အကန့်လေးနဲ့ ဆက်ဆံတာ ကောင်းတယ် ဆိုတာ
သင်ခန်းစာ ရခဲ့ပါတယ်။

ဘုရားဟောတဲ့အတိုင်း ဘယ်သူကောင်းကောင်း၊
မကောင်းကောင်း ၊ကိုယ်ကောင်းအောင်
နေခိုင်းတာဟာ ကိုယ့်ကိုယ်ကို အတင်းနိမ့်ချဖို့၊
အောက်ကျို့ပြီး ဆက်ဆံဖို့ မဟုတ်ဘဲ
သင့်တင့်မှန်ကန်စွာ မတရားလောဘကြီးနဲ့
မတန်မရာတွေ မတောင်းဘဲ
မလိမ်မညာဘဲ ဆက်ဆံဖို့ ပြောတာ ၊
ကိုယ်က ပညာတတ်၊ ကိုယ့်အကူအညီလိုလို့
ကိုယ့်ကို အလုပ်လာအပ်တာ ဆိုတာ
မေ့မေ့မသွားနဲ့ ဆိုတာကို
သေချာ ဆုံးမ လိုက်သလိုပါပဲ။

သဇင့်လိုဘဲ လူတိုင်းကို စိတ်စေတနာ
အပြည့်နဲ့ လျော့ပေး၊ ပိုကူညီပေး၊ ပိုအားစိုက်ပေး၊
နိမ့်ချ ဆက်ဆံပေးမိလို့ မလေးမစား ဆက်ဆံတဲ့
သူတွေကြောင့် ကိုယ့်ရဲ့ အကောင်းမြင်စိတ်လေး
ထိခိုက်သွားရတဲ့၊ အစော်ကားခံရလို့
စိတ်ပင်ပန်းသွားရတဲ့ သူတွေအတွက်
အကျိုးရှိမယ် ယုံကြည်ပါတယ်။

နှစ်နဲ့ချီ ဆက်ဆံ ပေါင်းသင်းလာရတဲ့သူတွေကိုတောင်
မိမိ တန်ဖိုးကို လျော့ပြီး မလုပ်ပေးမိကြပါစေနဲ့
ကိုယ်ဟာ ပညာတတ်၊ တန်ဖိုးရှိတဲ့လူသား၊
ကိုယ့်မိဘ ရဲ့ အဖိုးတန်၊ ကိုယ့်ဘဝရဲ့ အရှင်သခင်
ဆိုတာကို မေ့မသွားဖို့ရာ သတိပေး ရေးသားခဲ့ပါတယ်။

ချစ်တဲ့သဇင်

26/09/2026

Korea ကိုရောက်ရင် မဖြစ်မနေသွားသင့်တဲ့
Skincare နတ်ပြည်လေး ✨✅

📍 Location & Directions:
Seoul, Jung-gu, Eulji-ro 281, DDP Basement Level 2, DDP Market, B the B (서울 중구 을지로 281 DDP 지하 2층 DDP마켓 비더비) #동대문
Directions: Head to Dongdaemun History & Culture Park Station, Exit 1. Walk right into the DDP Market, and 'B the B' is right there!
⏰ Operating Hours:
Open Everyday from 12:00 to 20:00!

23/09/2026

စပ်စုစိန်လေးတွေအတွက် ကျွန်မရဲ့ Busy day တစ်နေ့တာ ✨🥰 #ကိုယ်ပိုင်လုပ်ငန်း #အပိုဝင်ငွေ

22/09/2026

Korea မှာ Content Creator အနေနဲ့ PR Gift အပြင် Talent Fee ပါ ဘယ်လို ရအောင်လုပ်မလဲ ? ✅✨ #အပိုဝင်ငွေ #ကိုယ်ပိုင်လုပ်ငန်း

21/09/2026

Bad days are more delicious to me. 😏

21/09/2026

2026 က သဇင်ကျော်ရဲ့ 2016 က သဇင်ကျော်ကို ပြောချင်တဲ့စကားလေး ✅✨ အခြားသူတွေ အတွက်လဲ အကျိုးရှိမယ် ယုံကြည်ပါတယ် 🥰 #ကိုယ်ပိုင်လုပ်ငန်း #အပိုဝင်ငွေ

あなたの事業をTaito-kuのビューティーサロンのトップに掲載しませんか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

電話番号

ウェブサイト

住所

Taito-ku, Tokyo
111-0032

アラート

Jinjinhappilyが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

メール登録

Taito-kuに新しい情報があればお知らせします。