HtweMi Online Shop-Jp
HtweMi Online Shop-Jp, 美容・化粧品・パーソナルケア, Japan, Tokyoの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
25/09/2025
လက်မှတ်လေးတွေ ဝယ်ပြီးပြီလား
၂၈ရက်နေ့ တွေ့ရတော့မှာနော်🥰
-Welcome to Japan 🦚Daung🦚
Daung's Japan Tour 2025 ပွဲမှ အလှူငွေများ
စီးဆင်းမှုဆိုင်ရာ အသေးစိတ် ထုတ်ပြန်ကြေညာချက်📣
Daung's Japan Tour ကို တိုကျိုမှာ ကျင်းပဖို့
ရက်ပိုင်းသာ လိုတော့တာမို့ ရရှိလာမယ့်
အလှူငွေတွေ ကို ဘယ်လိုစီးဆင်းမလဲဆိုတာလေး
ပွဲမစခင် ပါဝင်အားပေးမယ့်သူတိုင်း
သိရှိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
ရရှိလာမယ့် အလှူငွေ ၁၀၀% လုံးကို
မြန်မာပြည်အတွက် ထိရောက်စွာ ကူညီသွားပါမယ်
ကူညီသွားမယ့် ကဏ္ဍများမှာ⚖️
-စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် အထူးလိုအပ်တဲ့ ကဏ္ဍတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
-ကျန်းမာရေး စောင့်ရှောက်မှု၊စစ်ဘေးရှောင်စခန်းတွေနဲ့ ယာယီဆေးရုံတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးပေါ်ဆေးဝါး၊ ဆေးပစ္စည်းနဲ့ ဆေးကုသစရိတ်တွေကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
-ပညာရေး အထောက်အပံ့ ၊စစ်ဘေးရှောင် ကလေးငယ်တွေ ပညာသင်ကြားမှု မပြတ်တောက်စေဖို့ ယာယီစာသင်ကျောင်းတွေအတွက် စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်းနဲ့ ကျောင်းဝတ်စုံတွေကို ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
-ထို့အပြင် အမိမြန်မာပြည်တွင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သာတူညီမျှတန်းတူအခွင့်အရေးရရှိရန် ကြိုးစားနေသော အဖွဲ့အစည်းများထံ စနစ်တကျ ချိတ်ဆက် ပေးပို့ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
📍အလှူငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ထိရောက်မှုရှိစေဖို့အတွက် ထောက်ပံ့ပြီးစီးတဲ့ အခြေအနေ၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ လိုအပ်တဲ့ အထောက်အထားတွေကိုလည်း အလျင်းသင့်သလို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
အဲတာကြောင့် ဒီပွဲလေးကို အတူတကွလက်တွဲပြီး အားဖြည့်ကြပါစို့ 💪🏻
ဒီပွဲဟာ ဖျော်ဖြေရေးတစ်ခုတည်းသက်သက်သာ မဟုတ်ဘဲ
အမှန်တရားအတွက် ရပ်တည်နေတဲ့ ပြည်သူတွေအတွက် အားတစ်ခု၊ မျှော်လင့်ချက်တစ်ခု ဖန်တီးပေးမယ့် နေရာဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ အားပေးမှု၊ ပါဝင်မှုတိုင်းဟာ အလဟဿမဖြစ်ဘဲ အမိမြန်မာပြည်က အသက်ပေါင်းများစွာအတွက် အမှန်တကယ် အထောက်အကူပြုနိုင်ပါတယ်။
တေးသံတွေနဲ့အတူ ခွန်အားအပြည့်နဲ့ အားလုံးအတူတကွ လက်တွဲကြရအောင်။💪🏻💪🏻
ဒီတော့ လက်မှတ်လေးတွေ အမြန်ဝယ်ယူပြီး စက်တင်ဘာ ၂၈ ရက်နေ့၊ တိုကျိုမှာ ကျင်းပမယ့် ဒီဖျော်ဖြေပွဲကြီးကို မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အရောက်လှမ်းခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ ✊
Tokyo ပွဲပြီးရင် Osaka နဲ့ Kyushu မှာလဲ ဆုံကြမယ်နော် 😍
27/09/2022
အလုပ်အားတဲ့ အချိန်လေး
ကလစ်နေတာနဲ့ ဈေးရောင်းဖို့ မအားလို့
အချိန် အကန့်အသတ် မရှိ
ဈေးရောင်းတာ ရပ်နားပါမယ် နော်🙏
Page လေးတောင်
မပိတ်တတ်တဲ့ ကိုယ်ပါ 😅
ဝယ်ယူ အားပေးခဲ့တဲ့
တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို
ကျေးဇူး အများကြီး တင်ပါတယ် 🙏
16/08/2022
instock ရနိုင်တဲ့
ကရင် ဂါဝန် လှလှလေးတွေပါ🥰
ဒါကုန်ရင် ဖျာပုံ ပြန်မယ်
မရောင်းတော့ပါဘူး ရှန်😅
📮စာတိုက်ကလည်း ပို့ပေးသလို
အပြင်မှာလာချင်တဲ့ သူလေးတွေကတော့
Higashi Nakano ဘူတာ မှာ
လာယူနိုင်ပါတယ် ရှင့် 🙋♀️
ပို့ခ 370 or 520 ပါ
ဝယ်ယူသူမှ ကျခံရပါမယ် ရှင်🙏
အမြဲတမ်း ဝယ်ယူအားပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ် 🥰
04/08/2022
လက်မှတ်လေးတွေ မူရင်း Pageထဲမှာ
အားပေးလို့ ရပါတယ်🥰
17/07/2022
COBRA က ညီအစ်ကိုတွေရဲ့ "လေဆန်"
weclick မှာကြည့်ရှုနိုင်ပါပြီခင်္ငဗျာ
Cobra စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့
ညီကို တွေ သရုပ်ဆောင် - ရိုက်ကူး ဖန်တီးထားတဲ့
“ လေဆန် “ ဆိုတဲ့ ဇာတ်လမ်းတိုလေးဖြစ်ပါတယ်ခင်ဗျာ။
မနက်ကတည်းက တင်ရမယ့် ဒီ ဇာတ်လမ်းတိုလေး အကြောင်းအမျိုးမျိုးကြောင့်နောက်ကျသွားလို့ စောင့်နေရမယ့်လူတွေကိုအားနာပါတယ်ခင်ဗျာ။
📌
ဒီ ဇာတ်လမ်းတိုလေးမှာ
နာမည်ကြီး သရုပ်ဆောင်တွေ တစ်ယောက်မှ မပါပေမယ့်
ဒီ ကာလကြီးထဲမှာ
အနယ်နယ် အရပ်ရပ်က တော်လှန်ရေး ရဲဘော်တစ်ချို့
တကယ် ကြုံနေရတဲ့ ဖြစ်ရပ်လေးတွေနဲ့ ပတ်သက်ပြီး
သူတို့ ပေးချင်တဲ့ Message လေး ကို ပေးနိင်ဖို့
တတ်နိုင်သလောက်
သူတို့ ကိုယ်တိုင် ကြိုးစားထားကြတာမို့ အားပေးကြပါဦးခင်ဗျာ။
ရုပ်ချောတဲ့ သူတွေပဲ
ကလစ်တယ် 😜
12/07/2022
မြန်မာအရေးနှင့်ပတ်သက်၍ ဂျပန်အစိုးရထံသို့ တညီတညွတ်တည်းတောင်းဆိုမည့် လူထုလှုပ်ရှားမှု..........
လာမည့် 24.7.2022( Sunday ) တွင် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားညီအစ်ကိုမောင်နှမများအတူတကွပူးပေါင်း၍ဂျပန်အစိုးရထံသို့တညီတညွတ်တည်းတောင်းဆို ဆန္ဒဖော်ထုတ်သွားကြမည်ဖြစ်ပါသည် ။
လက်နက်ကိုင်စစ်အုပ်စုသည် 1.2.2021 တွင် အရပ်သားအစိုးရထံမှမတရားသဖြင့် အာဏာသိမ်းယူပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်ကိုနောက်ပြန်သွားစေမည့် အကြမ်းဖက်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် များစွာသောဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့ပြီးဖြစ်ပါသည် ။
ထိုကဲ့သို့သောလုပ်ရပ်များကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုအပေါ် ဂျပန်အစိုးရ၏ သံတမန်ဆက်ဆံရေးနှင့်ရပ်တည်ချက်များမှာ မေးခွန်းထုတ်စရာများစွာရှိနေပါသည် ။
မြန်မာပြည်သူများ၏ဆန္ဒကိုဆန့်ကျင်ကာ မပြတ်မသားဖြင့် စစ်အုပ်စုအားအလေးပေးဆက်ဆံနေမှုများမှာ အာဏာလုယူပြီးတစ်နှစ်တာကာလအတွင်း တစထက်တစတိုးပွားလာတာ အားလုံးအသိပင်ဖြစ်ပါသည် ။
သို့ဖြစ်ပါ၍ ဂျပန်ရောက်မြန်မာနိုင်ငံသားပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုများ၏ ဆန္ဒအမှန်ကို ဂျပန်အစိုးရသိရှိစေနိုင်ရန်အတွက် အိတ်ဖွင့်ပေးစာနှင့်တကွ တညီတညွတ်တည်းဆန္ဒဖော်ထုတ်သွားနိုင်ရန် အင်အားပြလှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ပေးကြဖို့ လှုံ့ဆော်အပ်ပါသည် ။
Okinawa မှစ၍ Hokaido အထိ မြို့များအသီးသီးတွင်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ဒေသများမှနေ၍ ပူးပေါင်းပါဝင်ပေးကြရန်နှင့် တူညီသောတောင်းဆိုမှုများအတွက်ရောက်ရာအရပ်မှ သွေးမအေးပဲဖိအားပေးတိုက်တွန်းပေးကြရန် အထူးအလေးထား နှိုးဆော်တိုက်တွန်းအပ်ပါသည် ။
🛑(ဆက်လက်ပြီး မိမိတို့ဒေသအလိုက် အချိန်/နေရာနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာဒေသတာဝန်ခံများမှ တဆင့်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည် ။)
日本政府への要請デモ-全国一斉の大衆運動-
ミャンマー(ビルマ)でのクーデターとテロリスト軍隊による不当な処刑に対する日本政府の具体的な行動、ミャンマー軍隊留学生の受け入れと軍隊への経済的支持の即時中止 、ミャンマー国民統一政府NUGの早期承認を要請する公開状を日本の外務省、あるいは日本政府に提出し、それらを強く訴える大衆運動が7月24日、北の北海道から南の沖縄まで各地にいるミャンマー(ビルマ)人によって一斉に行われます。是非取材して下さい。
地域によって活動時間は違う可能性がありますので、一斉運動日の詳細につきまして後日改めてお知らせいたします。
#အရေးတော်ပုံအောင်ကိုအောင်ရမည်
08/06/2022
၁၂ရက် နေ့
တနင်္ဂနွေနေ့ ညနေ ၆:၃၀ လောက်
Live လေး လွှင့်ချင်လို့
အတူတူ လိုက်ရယ်ပေးကြပါအုံး 🌝
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
ウェブサイト
住所
Tokyo
営業時間
| 月曜日 | 09:00 - 21:00 |
| 火曜日 | 09:00 - 21:00 |
| 水曜日 | 09:00 - 21:00 |
| 木曜日 | 09:00 - 21:00 |
| 金曜日 | 09:00 - 21:00 |
| 土曜日 | 09:00 - 21:00 |
| 日曜日 | 09:00 - 20:00 |