SWE-Spa Wellness & Esthetic Tokyo

SWE-Spa Wellness & Esthetic Tokyo

共有する

Beauty Spa

12/06/2026

ချစ်သောတို့ရေ✨

Relaxing ဖြစ်စေမယ့် Treatment လေးတွေအစုံရှိတဲ့ SWE-Spa Wellness & Esthetic Tokyo သို့ လာရောက်ပြီး ကိုယ်ရော စိတ်ပါ အပြည့်အဝ အနားယူဖို့ ကြွလှမ်းခဲ့ပါရှင် 💆‍♀️💖

အလှအပနဲ့ အပန်းပြေစေဖို့ကို တစ်ပြိုင်နက်တည်း ခံစားရရှိနိုင်မယ့် Premium Treatments အစုံရှိပါတယ်နော်။ ✨

🌿 Laser Service ( All Body & Facial)– Smooth & Confident Skin အတွက်။

🌿 Body Exfoliation – Dead Skin Cell တွေဖယ်ရှားပြီး အသားအရေကို နူးညံ့ကြည်လင်စေဖို့ အတွက်။

🌿 Pronovisea Stem Cell Booster Treatment – အပြစ်အနာအဆာကင်းတဲ့မျက်နှာအသားအရေ၊ နုပျိုပြီးကြည်လင်တဲ့ မျက်နှာလှလှလေးပိုင်ဆိုင်ရရှိစေဖို့

🌿 Facial Hydra Peeling Treatment - မျက်နှာအသားအရေ အတွင်းပိုင်းအထိ Deep Cleansing ပြုလုပ်ပေးပြီး Refresh & Glow ဖြစ်စေဖို့အတွက်။

🌿 Head Spa - ဦးရေပြားကို သန့်စင်စေတဲ့အပြင်စိတ်ဖိစီးမှုတွေကို လျော့ချပေးကာ Relaxing Feeling အပြည့်ရစေဖို့အတွက် 💆‍♀️✨

🌿 Body Oil Massage (အမျိုးသမီးသီးသန့်) - ပင်ပန်းနွမ်းနယ်မှုနဲ့ ညောင်းညာမှုတွေကို ဖြေလျော့စေဖို့အတွက်။

Luxury Vibe နဲ့ Relaxing Experience ကို တစ်နေရာတည်းမှာ ခံစားချင်ရင် SWE-Spa ကို လာခဲ့လိုက်ပါနော် 🥰✨

📩 SWE-Spa page ကနေ 予約 ကြိုတင်ယူထားပေးဖို့အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင့်။ 💗🙇🏻‍♀️

〒113-0021 Tokyo, Bunkyo City, Honkomagome, 6 Chome−15−9 1F
☎️03-6785-1831
(Komagome Station)

10/06/2026

💆

09/06/2026

🌞 ပူပြင်းလှတဲ့ နွေရာသီမှာ မျက်နှာအသားအရေနဲ့ ခန္ဓာကိုယ်ကို ဘယ်လို Care လုပ်သင့်လဲ? 💦✨

နေပူဒဏ်၊ ချွေးထွက်များမှု၊ ဖုန်မှုန့်နဲ့ UV ဒဏ်တွေကြောင့် နွေရာသီမှာ အသားအရေဟာ ပိုမိုထိခိုက်လွယ်နိုင်ပါတယ်နော် 🥹
ဒါကြောင့် Healthy & Glowing Skin လေးရဖို့ ဒီအချက်လေးတွေကို မမေ့ပါနဲ့ 👇

💧 1. Hydration
ရေများများသောက်ခြင်းက အသားအရေကိုသဘာဝအတိုင်း ရေဓါတ်ဖြည့်ဆည်းပေးတဲ့အတွက် ရေ သောက်ဖို့ မမေ့ပါနဲ့နော်။✨

☀️ 2. Sunscreen မဖြစ်မနေ လိမ်းပါ
မနက်ပိုင်း အပြင်ထွက်တိုင်း SPF ပါတဲ့ Sunscreen ကို လိမ်းပေးဖို့ လိုအပ်ပါတယ်။
ပြင်းထန်တဲ့ UV ကြောင့် အသားမဲခြင်း၊
အမဲစက်၊ Aging Signs တွေ ကို
ကာကွယ်ပေးနိုင်ပါတယ်။

🧼 3. Deep Cleansing လုပ်ပေးပါ
ချွေး၊ ဖုန်မှုန့်နဲ့ မနက်ပိုင်းအသုံးပြုထားတဲ့ Cosmetics တွေကြောင့် ချွေးပေါက် ပိတ်ပြီး ဝက်ခြံ ဖြစ်လွယ်တတ်ပါတယ်။
ဒါကြောင့် ညအိပ်ရာမဝင်ခင် Double Cleansing သေချာလုပ်ပေးခြင်းက သင့်ရဲ့အသားအရေ ပိုမို သန့်စင်စေပြီး ဝက်ခြံပေါက်ခြင်းလျော့ကျစေပါတယ်✨

🧴 4. Body Care ကိုလည်း မမေ့ပါနဲ့
Body Scrub, Moisturizing Lotion နဲ့ UV ကာကွယ်ပေးတဲ့ Body Lotion တွေက အသားခြောက်ခြင်းနဲ့ နေလောင်ခြင်းကို သက်သာစေပြီး အသားအရေကို ပိုနူးညံ့ဖြူဝင်းစေပါတယ် 💖

🥗 5. Healthy Food စားပေးပါ
အသီးအနှံ၊ Fiber၊ Vitamin C rich ဖြစ်တဲ့ အစားအစာတွေ စားပေးခြင်းက မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေကို ပိုမို ကြည်လင်စေပါတယ်။

✨ Regular SPA Treatments for Better Results ✨
ပိုကောင်းတဲ့ Result တွေ ရဖို့ အတွက်
Facial & Body Care Treatments လေးတွေကို SPA မှာ ပုံမှန်လာရောက်ပြုလုပ်ပေးခြင်းကလည်း အသားအရေကို အတွင်းပိုင်းအထိကြည်လင်နူးညံ့စေပြီး Healthy Glow ရရှိစေပါတယ် 💆‍♀️🌿

✨ Summer မှာ Healthy, Fresh & Glowing Skin လေးနဲ့ လှပနေဖို့ SWE-Spa သို့လာရောက်ပြီး ခံစားလိုက်ပါ✨

07/06/2026

✨ပထမဆုံး Spa Treatment စလုပ်ချင်ပေမယ့်

ဘယ်လို Treatment မျိုးယူရမလဲမသိရင်..."

စိတ်မပူပါနဲ့နော်။ 🥰

Spa သို့ပထမဆုံးလာရောက်မယ့် customer များအတွက် အသားအရေအမျိုးအစားမရွေး ကိုက်ညီပြီး အထိရောက်ဆုံးဖြစ်မယ့် Facial Hydra Peeling Treatment (50 Minutes) ကို အရင်ဆုံး စတင်လုပ်ဖို့ အကြံပြုပါရစေရှင်။ 💧

💧 Hydra Peeling လုပ်ရင် ဘာကောင်းလဲ?
မျက်နှာအသားအရေကို
အနက်ရှိုင်းဆုံးအထိ သန့်စင်ပေးပြီး ရေဓာတ်ဖြည့်ပေးတာမို့ Treatment လုပ်ပြီးတာနဲ့ အောက်ပါအကျိုးကျေးဇူးတွေကို သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။

• ✨ Deep Cleansing: မျက်နှာအတွင်းရှိ အညစ်အကြေးများကို အနက်ရှိုင်းဆုံးအထိ သန့်စင်ပေးခြင်း

• ✨ ချွေးပေါက်အတွင်း ပိတ်နေတဲ့ အဆီ၊ dirt တွေကို သန့်စင်ပေးခြင်း

• ✨ ဆဲလ်သေ (dead skin) များဖယ်ရှားပေးပြီး အသားအရေကြည်လင်စေခြင်း

• ✨ Blackhead / Whitehead တွေ လျော့ပါးစေခြင်း

• ✨ အသားအရေကို ရေဓာတ်ပြည့်ဝစွာ ဖြည့်ပေးပြီး ကြည်လင်ဝင်းပတဲ့ glow skin ရစေခြင်း

မိနစ် 50စာ အချိန်လေးအတွင်းမှာ စိတ်ဖိစီးမှုတွေလည်း ပြေပျောက်ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ SWE-Spa ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

📱 Booking ရယူရန်နှင့် အသေးစိတ်စုံစမ်းရန် - Messenger သို့ဆက်သွယ်မေးမြန်းပေးပါရှင့်💬✨





#

06/06/2026
Photos from SWE-Spa Wellness & Esthetic Tokyo's post 06/06/2026

ဂျပန်နွေရာသီမှာ အသားအရေကို လန်းဆန်းဝင်းပစေဖို့
ပေါ့ပေါ့ပါးပါး ဖြန်းလို့ရတဲ့ Utowa Mist လေးတွေ
Swe Spa မှာဝယ်ယူအားပေးနိုင်ပါပြီရှင် 💖

Utowa Mist လေးတွေဟာအသားအရေကို စိုပြေစေပြီး လန်းဆန်းတဲ့ Feeling ရစေတယ်

🌸 မိမိကြိုက်နှစ်သက်ရာ Aroma အနံ့လေးတွေကို ရွေးချယ်နိုင်တယ်။

🌹 အနီရောင် – Rose
ပန်းနှင်းဆီရဲ့ မွှေးပျံ့တဲ့ရနံ့က စိတ်ကို ကြည်နူးစေပြီး ရိုမန်တစ်ဆန်တဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။

💜 ခရမ်းရောင် – Lavender�Lavender ရဲ့ နူးညံ့အေးချမ်းတဲ့ အနံ့က စိတ်ဖိစီးမှုတွေကို လျော့ပါးစေပြီး စိတ်နဲ့ကိုယ်ကို အနားယူစေပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုအတွက် အကောင်းဆုံးရွေးချယ်မှု။

💛 အဝါရောင် – Tranquil�ငြိမ်သက်အေးချမ်းမှုကို ပေးစွမ်းတဲ့ Tranquil အနံ့။ စိတ်ရှုပ်ထွေးမှုတွေကို လျော့ပါးစေပြီး အေးဆေးတည်ငြိမ်တဲ့ ခံစားချက်ကို ရရှိစေပါတယ်။

💙 အပြာရောင် – Morning Bliss�မနက်ခင်းလေပြေလို လတ်ဆတ်သန့်ရှင်းတဲ့ ရနံ့။ စိတ်ကို Refresh ဖြစ်စေပြီး တစ်နေ့တာကို အားအင်ပြည့်ဝစွာ စတင်နိုင်စေပါတယ်။

💚 အစိမ်းရောင် – Herbal Mint�Herbal နဲ့ Mint ပေါင်းစပ်ထားတဲ့ အေးမြလန်းဆန်းသော အနံ့။ သန့်ရှင်းလတ်ဆတ်တဲ့ ခံစားမှုကို ပေးစွမ်းပြီး စိတ်ကို နိုးကြားတက်ကြွစေပါတယ်။

🎀 နေ့စဉ်သုံးဖို့လည်း အဆင်ပြေ၊ အိတ်ထဲထည့်သွားဖို့လည်း လွယ်ကူတယ်
💰 တစ်ဗူး – 2,750¥
နွေရာသီမှာ အနံ့လေးမွှေးမွှေးနဲ့ အသားအရေလေး ဝင်းနေချင်သူတွေအတွက် အရမ်းသင့်တော်တဲ့ Mist လေးပါနော် 🥰

နယ်ကလိုချင်သူများ နဲ့ ၁၀ဗူးနဲ့အထက်မှာလိုသူများChat Box မှာ လာရောက်မှာယူနိုင်ပါတယ်ရှင်

05/06/2026

.

02/06/2026

🍀🍀ဝက်ခြံတွေအရမ်းဖြစ်နေလို့စိတ်ညစ်နေရတဲ့

ညီမလေးရဲ့ 2ကြိမ်မြောက် ရလဒ်လေး

予約လေးတော့ ကြိုပြောပေးကြပါနော်🍀🍀

🥰🥰

あなたの事業をビューティーサロンのトップリストTokyoにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

ウェブサイト

住所

Honkomgome 6-15-9Bunkyo/ku
Tokyo
113-0021