Fifty Myanmar
Korea to Myanmar K,Cosmetic Dealer
Ph.no +8210 4459 6212
Relationship ပဲဖြစ်ဖြစ် Friendship ပဲဖြစ်ဖြစ်
Brain Level မတူရင် ဘယ်ဆက်ဆံရေးမှ ကြာကြာမခံဘူး... Brain Level ဆိုတာလည်း ပညာတတ်တာမတတ်တာကိုပြောတာမဟုတ်ဘူးနော်...
ကိုယ်တွေးသလို သူပြန်တွေးပေးမလား
ကိုယ်သည်းခံသလို သူပြန်သည်းခံမလား
အကူညီပဲယူတတ်ပီး ပြန်မပေးတတ်တဲ့လူလား
ဒါတွေကိုဆိုလိုချင်တာပါ...♡︎
29/09/2023
ကိုကိုထံ ပြန်ခဲ့သော မြနန္ဒာ၏ စာတစ်စောင်....
°°° ကိုကိုချစ်တတ်တာလည်း အဆန်းပဲ။ နန္ဒာ့ကိုချစ်တုန်း ထွေရာလေးပါး စိတ်ကူးနိုင်သေးတယ်နော်။ နန္ဒာတို့ ချစ်တယ်ဆိုတာကတော့ စိတ်ထဲက ဘာမှမကူးမိအောင် မအားလပ်အောင် ကိုယ်ချစ်တဲ့သူကို တွေးနေတာ။ လန်ဒန်တုန်းက ကိုကို ဆေးရုံမှာ သွားလုပ်နေပေမယ့် နန္ဒာစိတ်က လိုက်ပြီး ကိုကို့ဆံပင်ကို နမ်းမိတယ်။ ကိုကို့ပုခုံးကို ဖတ်မိတယ်။ ပီယာနိုတီးတာလည်း ကိုကို့ကို ချစ်လို့ သတိရလို့တီးတာ။ ခုလည်း လှမ်းမြင်နေရတဲ့ ပန်းရောင်တိုက်ပန်းပွင့်နွယ်တွေပေါ် လိပ်ပြာဖြူဆင်တူလေးတစ်သိုက် ရှုပ်ပွေလုံးထွေးပြီး အတောင်တွေခတ်နေတော့ မဆီမဆိုင် ကိုကို့ကို ချစ်ချင်လာပြန်တယ်။ သတိရလာပြန်တယ်။
ဒါပေမယ့် ကိုကို့ကိုချစ်တာနဲ့အမျှ စိတ်ဆင်းရဲရမှာကြောက်တော့ နောက်ဆုတ်နေလိုက်တယ်။ ချုပ်တည်းနေလိုက်တယ်။ အသေလို နေလိုက်တယ်။ သေပစ်လိုက်တယ်။ ကိုကို့ကြောင့် နန္ဒာ ခဏခဏ သေရတယ်။ သားလေးအနားရောက်လာရင် ခဏပြန်ရှင်လာပြန်ရော။ သီချင်းတစ်ပုဒ်တတ်ရင် ခဏပြန်ရှင်လာပြန်ရော။
ဒါပေမယ့် အသစ်တကယ်ပြန်ပြီးမွေးဖွားလာဖို့ကတော့ အင်အားလိုတယ် ကိုကိုရဲ့။ ဒီအင်အားကို ကိုကိုကတော့ ဘယ်တော့မှ မပေးနိုင်တော့ပါဘူး ထင်ပါရဲ့။
ဆရာမကြည်အေး၏ “ မောင်၊ ကိုကို နှင့် မြနန္ဒာ ” ဝတ္ထုမှ
artwork credit to the original creator
29/05/2023
👉Cb မှာ ချက်နည်း ပြုတ်နည်း လာလာမေးနေကြတဲ့ သူတွေအတွက် တင်ပေးလိုက်ပါပီ🤣
14/05/2023
ဒီအတိုင်းသာဆို စစ်တွေ တစ်မြို့လုံး နီးပါး ရေဖုံးတော့မယ်
“မိုခါ” မုန်တိုင်းက စစ်တွေ နဲ့ မိုင် ၃၀ အကွာမှာ ရောက်နေပြီ
ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပါပြီ။ MPT Telenor အော်ရီဒူး မရတော့ပါ
ကယ်ဆယ်ရေးတွေ ကိုယ်တိုင် အသက်လုနေရ
အစိုးရက အနီရောင်အဆင့် ကြေငြာခဲ့ပါတယ်။ လုံးဝ အနီရောင်ကနေ မလျှော့ခဲ့တာ သတိထားမိပါတယ်။
အနီအဆင့်ကြောင့် ရှောင်တိမ်းသွားကြတာ မြို့နေလူထုရဲ့ ၂၀ ရာခိုင်နှုန်းတဲ့
မုန်တိုင်းကြောင့် ဒီရေက ၁၆ ပေထိ မြင့်တက်နိုင်တယ်လို့ ကြေငြာထား
“မိုခါ” က ရခိုင်ကမ်းရိုးတန်း၊ မကွေး၊ ချင်း၊ စစ်ကိုင်းနှင့် ရှမ်းပြည် မှ လူပေါင်း (၁၇) သန်းဝန်းကျင် ထိခိုက်နိုင်သည်တဲ့
ကံသာအားကိုးရာပဲ။ ကံကောင်းကြပါစေ
14/05/2023
1978 ဝန်းကျင်လောက်က ဆောက်ထားတဲ့
စစ်တွေကဆက်သွယ်ရေးတာဝါတိုင် ကျိုးကျ
စစ်တွေမြို့ရဲ့ အကြီးဆုံး ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲ
စစ်တွေမြို့တွင်ရှိသည့် အကြီးဆုံး ဆက်သွယ်ရေးတာဝါတိုင်ဖြစ်သော MPT တာဝါတိုင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် မိုခါမုန်တိုင်းမှာ စစ်တွေသို့ စတင်ဝင်ရောက်နေပြီဖြစ်ပြီး လေတိုက်နှုန်းမှာ တနာရီမိုင် ၁၂၀ခန့်ထိရှိနိုင်ကြောင်းလည်း မိုဇလက ထုတ်ပြန်ထားသည်။
ပုံစာ- ပြိုလဲသွားသည့် တာဝါတိုင်/CJ (14/May/2023)
14/05/2023
ဂွမြို့နှင့် ကျောက်ဖြူဒေသများတွင် လေပြင်းကြောင့် ပျက်စီးမှုအချို့ရှိ
ဧရာဝတီ၊ မေ ၁၄၊ ၂၀၂၃
မိုခါမုန်တိုင်း ဝင်ရောက်ဖြတ်ကျော်နိုင်သည့် ရခိုင်ပြည်နယ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး သံတွဲခရိုင် ဂွမြို့နှင့် ကျောက်ဖြူမြို့နယ်များတွင် မိုးများ ရွာသွန်း၍ လေပြင်းများ စတင်တိုက်ခတ်နေပြီး ပျက်စီးမှုအချို့ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ဒေသခံ တဦးက “ဂွမှာတော့ လေပြင်းတွေ စတိုက်နေပြီ။ စစ်တွေကတော့ ငြိမ်သွားလိုက် တချက် တချက် တိုက်လိုက်။ လေတိုက်ရင် အိမ်တွေ တုန်ခါလိုက်၊ အဲ့လို့ အားယူနေတဲ့ အခြေအနေဖြစ်တယ်။ လက်ရှိ ၁၀ နာရီခွဲ ဝန်းကျင်မှာ အဲ့လို ဖြစ်နေတယ်။ လမ်းမပေါ်မှာတော့ လူတွေ မရှိတော့ဘူး အကုန်လုံး ရှောင်တိမ်းနေကြပြီ”ဟု ပြောသည်။
အင်တာနက်နှင့် ဖုန်းလိုင်းများ ရသေးသော်လည်း ယနေ့ နံနက် ၈ နာရီကျော် ဝန်းကျင်မှ စတင်ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားသည်မှာ လက်ရှိအချိန်ထိ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကျောက်ဖြူမြို့ခံ ဦးဖိုးစံက “ကျောက်ဖြုမှာတော့ လေပြင်းတိုက်လိုက် ၊ ငြိမ်လိုက် အဲဒီလို အခြေအနေရှိတယ် ၊ မယက ရုံးရှေ့ ဓာတ်တိုင် ၁ တိုင်တော့ လေတိုက်လို့ လဲသွားတယ် ၊ ရေတက်တာတော့ မတွေ့သေးဘူး ၊ မြို့ခံတွေကတော့ မြေနိမ့်ပိုင်းက လူတွေကို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆိုင်ကလုန်း Shelter တွေကို ပြောင်းရွေ့ထားတာ တွေ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အနီရောင်အဆင့်ဖြစ်ပြီး လေတိုက်နှုန်းမှာ တနာရီလျှင် ၁၂၅ မိုင်မှ ၁၃၅ မိုင်နှုန်းထိ ရှိနိုင်ပြီး လာမည့် ၃၆ နာရီအတွင်း ခန့်မှန်းချက်မှာ မိုခါမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်၍ ယနေ့ နံနက်ပိုင်းမှ စကာ ရခိုင်ကန်းရိုးတန်းကို စတင်ဖြစ်ကျော်နိုင်ကြောင်း၊ နေ့လည်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားစစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း ခန့်မှန်းထားသည်။
ပုံစာ-လေပြင်းတိုက်ခတ်မှုများကြောင့် ကျောက်ဖြုမြို့နယ်နှင့် ဂွမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများ/CJ
13/05/2023
ငပလီ
စတင်တိုက်ခတ်
13.05.2023 (15:00)
🚫ဂရုစိုက်ကြပါ🚫
06/04/2023
ဒဏ်ရာတွေ ဘယ်လောက်များများ
အတိတ်ကို ပြန်မသွားတတ်တဲ့ နှလုံးသားက ပိုသန်မာတယ် ။
အရှုံးတွေ ဘယ်လောက်ကြုံကြုံ
စိတ်ဓာတ်တွေ ကျမသွားအောင် ကိုယ့်စိတ်ကို ကိုယ်ထိန်နိူင်တဲ့သူက ပိုရင့်ကျက်တယ်။
ချစ်ခြင်းတွေ နဲ့မကင်းနိူင်တဲ့လောကမှာ
မိသားစုအရေး၊အိမ်ထောင်ရေး၊အချစ်ရေးနဲ့လူမှုရေးတွေ အဆင်မပြေ ဖြစ်နေပါစေ
မလိုမုန်းထားသူတွေ ဘယ်လောက်များနေပါစေမေတ္တာတွေ နဲ့နေတတ်တဲ့သူက အေးချမ်းပါတယ်။
ဘယ်လောက်ပဲ အားထုတ်ကြိုးစားပါစေ
မလျော့တဲ့ဇွဲနဲ့ ရှေ့ဆက်နိူင်သူက ပန်းတိုင်နဲ့ ပိုနီးတယ် ။
ဒဏ်ရာတွေ ဆိုတာ သန်မာဖို့အတွက်
အလေ့အကျင့်တွေ ဖြစ်ပါစေ ။
လဲကျခြင်းတွေဆိုတာ ပြန်ထနိူင်ဖို့ အတွက်
ခွန်းအားသစ်တွေ ဖြစ်ပါစေ ။
နောက်တစ်လှမ်းဆုတ်ခြင်းက ရှေ့ဆယ် လှမ်းတက်ဖို့အတွက် အရှိန်ဖြစ်ပါစေ။
ဘယ်အရာမဆို ဖြစ်နိူင်ပါတယ် ဒါပေမယ့် မဖြစ်သေးတဲ့အရာတွေအပေါ်ကြိုတွေးပြီး စိတ်ဓာတ်ကျမနေဖို့တော့လိုတယ်။
ဘဝမှာ ဘယ်အရာမှ မလုပ်နိူင်ဘူးဆိုတာ မရှိပါဘူး မဖြစ်သေးတာနဲ့ သင်ကိုယ်တိုင် ဖြစ်မြောက်အောင် မကြိုးစားသေးတာပဲ ရှိပါတယ်။
သင်ကိုယ်တိုင် မကြိုးစားသရွေ့တော့ သင့်အိမ်မက်တွေက လက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။
လေးစားစွာဖြင့်
MayHsu(ရာမညမြေ)
02/04/2023
အဟီး☺️
29/03/2023
လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့…
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။
————————–———–
သိထားဖို့က…
သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ…
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။
————————–———
လူဆိုတာ…….
မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊
လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊
————————–———
ဒီအတွက်ကြောင့်….
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ…
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ..
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…
————————–———–
နောက်ဆုံးတော့…
သိတာလည်း အားလုံးမပြောနဲ့…
မြင်တာလည်း အားလုံးမယုံနဲ့….
သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့……….။
Click here to claim your Sponsored Listing.