Fun Dark Future - Your Future

Fun Dark Future - Your Future

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fun Dark Future - Your Future, Seoul.

Photos from Fun Dark Future - Your Future's post 01/08/2025

၂ရက်နေ့ ၇လပိုင်း ၂၀၂၅ခုနှစ်မှာ
ဖိလစ်ပိုင်နိုင်ငံတွင် ဖိလစ်ပိုင်ကလေးတွေကို ပညာသင်ကြားနိုင်ရေး ကူညီပေးနေတဲ့ အသက်၅၅နှစ်အရွယ် ကိုရီးယားလူမျိုး YouTuber တစ်ယောက်ကို ကလေးသူငယ်ညှင်းပမ်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ရယူမှု၊ လူကုန်ကူးမှု၊ အဓမ္မမှု အစရှိတဲ့ ပြစ်မှုတွေနဲ့အတူ ဖမ်းဆီးလိုက်ပါတယ်..
အကြောင်းအရင်းကတော့ အသက်၁၃နှစ်အရွယ် ဖိလစ်ပိုင်ကလေးတစ်ဦး ကလေးမွေးဖွားရာမှ စခဲ့တာပါ.. ကလေးအဖေကတော့ အဖမ်းခံရသူ ကိုရီးယားလူမျိုးပါ.. သူကတော့ သူ့ကိုယ်သူ ပြစ်မှုကျူးလွန်သူလို့ မထင်တဲ့အပြင် ကလေးကိုလဲ သူတို့နှစ်ယောက်ရဲ့ အချစ်သက်သေလေးပါဆိုပြီး ပြောဆိုနေပါတယ်.. ပုံမှန် သမီးရည်းစားအတွဲ ကလေးရသလိုပေါ့..
သတင်းဌာနတွေက ကောင်မလေးအိမ်ကို သွားရောက်မေးမြန်းရာမှာတော့ ကလေးထိန်းနေတဲ့ ကောင်မလေးရဲ့ အုပ်ထိန်းသူ အမေဖြစ်သူနဲ့ အရင်တွေ့ဆုံခဲ့ပြီး သူ့အနေနဲ့ သူ့သမီးနဲ့ ကိုရီးယားလူမျိုးတို့ရဲ့ ဆက်ဆံရေးကို ခွင့်ပြုခဲ့တာမျိုးမဟုတ်ပေမယ့် ကိုယ်ဝန်ရှိပြီး ဗိုက်ပူလာမှ သိရှိခဲ့ရပြီး ဘယ်လိုမှ မတတ်နိုင်တဲ့အခြေအနေမို့ ဒီတိုင်းကြည့်နေခဲ့ရပါတယ်လို့ ဖြေဆိုခဲ့ပါတယ်.. နောက်ပြီး ကလေးကြည့်ဖို့လာတဲ့ သမီးဖြစ်သူနဲ့ အင်တာဗျူးခဲ့ရမှာလဲ ပုံမှန်အခြေအနေလိုပဲ ဖြေဆိုခဲ့ပါတယ်..
ဒီကိုရီးယားလူမျိုးဟာ ဆင်းရဲပြီး ပညာမသင်နိုင်တဲ့ ဖိလစ်ပိုင်ကလေးတွေကို ပညာသင်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျောင်းထောင်ပြီး YouTube ရိုက်ကူးရေးမှ ရရှိတဲ့ အကျိုးအမြတ်နဲ့ အလှူငွေတွေကို ကလေးတွေရဲ့ ပညာရေးမှာ ပြန်လည်သုံးစွဲပေးနေတဲ့သူပါ..သူ့ Channel ကိုကြည့်ပြီး သူ့ကို ယုံကြည်လေးစားလို့ လှူဒါန်းနေတဲ့ အလှူရှင်တွေလဲရှိသလို တစ်ဖက်မှာလဲ အင်မတန် အံ့သြသင့်လက်ခံနိုင်ဖွယ်မရှိတဲ့ လှူဒါန်းမှုတွေလဲရှိနေပါတယ်..
အဲဒါကတော့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုပါ.. ကျူးလွန်သူတွေကို သူတို့လှူချင်တဲ့ကလေးကို ရွေးချယ်ချိတ်ဆက်စေပြီး video call နဲ့ အမူအရာတွေ လုပ်ပြခိုင်းတာ၊ အတွင်းခံတွေပြခိုင်းတာ၊ private part ခန္တာကိုယ်အစိတ်အပိုင်းတွေပြခိုင်းတာ စသဖြင့် ခိုင်းစေပြီး မုန့်ဖိုး၊ ထောက်ပံ့ငွေ စသဖြင့် ပေးပါတယ်.. ကလေးတွေကတော့ မုန့်ဖိုးလိုချင်တော့ ခိုင်းသမျှလုပ်ပါတယ်.. ကလေးတွေကလိုလိုလားလားလုပ်တာ ဘယ်သူမှအတင်းအကျပ်မခိုင်းဘူးဆိုပေမယ့် ဒါဟာ ဥပဒေနဲ့ငြိစွန်းတဲ့ ပြစ်မှုကျူးလွန်တာမလို့ အရေးယူလို့ရပါတယ်..
Channel တည်ထောင်သူဟာ ဒီလို ပရဟိတအလုပ်တွေမလုပ်ခင်က သူ့ YouTube Channel မှာ တင်ထားခဲ့ဖူးတဲ့ ကြည့်ရှုသူနှုန်း တော်တော်များများရထားတဲ့ ဖိလစ်ပိုင် မိန်းကလေးငယ်ငယ်လေးတွေနဲ့ တွေ့ဖို့နည်းလမ်းဆိုတဲ့ ဗီဒီယိုအကြောင်းပါ တစ်ဆက်ထဲ လူပြောများနေတာပါ.. မိန်းကလေးငယ်ငယ်လေးတွေကို အများကြီးစုနိုင်ဖို့ မိဘတွေပါ ကြည်ကြည်ဖြူဖြူခွင့်ပြုအောင် စာသင်ပေးမယ်၊ မုန်ဖိုးပေးမယ်ဆိုတာနဲ့ မြှားခေါ်တာလို့ ထင်ကြေးပေးတဲ့သူတွေလဲရှိပါတယ်..
ပရဟိတလုပ်ရင်းနဲ့က လမ်းမှားသွားတာလား.. အစထဲက မဟုတ်တာလုပ်ဖို့ ပရဟိတနဲ့ cover ယူတာလား..
လက်ရှိမှာတော့ ကလေးတွေနဲ့ ရေတူတူချိုးတာတွေ.. ကိစ္စအချို့ကို မြင်တွေ့သိခဲ့တဲ့ ကလေးမျက်မြင်သက်သေတွေနဲ့မလို့ အဖမ်းခံရပြီး ကျောင်းကိုလဲ ပိတ်လိုက်ပါပြီ.. YouTube Channel ကတော့ run နေတုန်းမလို့ စောင့်ကြည့်နေပါတယ်..
မြန်မာမှာလဲ အဲ့လိုတွေ ရှိနေတယ်နော် ပရဟိတဘန်းပြပြီး အမြတ်ထုတ်မှုတွေ သတိကြီးကြီးထားကြပါ..

18/07/2025

ဟနွိုင်းက photobooth တစ်ခုမှာ ကိုရီးယားကုမ္ပဏီဝန်ထမ်း ကိုရီးယားမ၂ယောက်နဲ့ ဗီယက်နမ်ကျောင်းသူလေး၂ယောက် ဖြစ်ကြတဲ့ရန်ပွဲ.. နှစ်နိုင်ငံလုံးမှာနာမည်ကိုကြီးလို့..
ကိုရီးယားမက ဇရှိတဲ့ပုံပေါ်တယ် လက်ယဥ်နေရောပဲ အရင်စရန်ရှာတာ.. ခံလိုက်ရတဲ့ ကလေးမလေးလဲ အတော်နာသွားမယ့်ပုံ.. လုပ်ပြီးနောက်နေ့လဲကျ ချက်ချင်း ကိုရီးယားပြန်ပြေးသွားရော..
အဲ့ photobooth ပိုင်ရှင်ကလဲ ကိုရီယားတဲ့.. သူတို့ပြောပုံအရဆို cctv record ကို ချက်ခြင်းမပေးပဲ ဟို၂ယောက် နိုင်ငံကထွက်သွားပြီးတဲ့အထိ အချိန်ဆွဲပြီးမှ ပေးတယ်ဆိုပဲ.. ဝန်ထမ်းတွေကလဲ သူဌေးတို့ လူမျိုးတွေဆိုတော့ အဆူခံရမှာစိုးလို့လားဘာလား မထိရဲဘူး.. ဒါကတော့ ထားလိုက်ပါတော့..
ခံလိုက်ရတဲ့ကောင်မလေးကလဲ အသက်မပြည့်သေးတဲ့ကျောင်းသူလေးဆိုတော့ မလုပ်တတ်မကိုင်တတ်.. လိုင်းပေါ်ကလူတွေအင်အားနဲ့ ဝိုင်းကူမှပဲ ကိုရီးယားသတင်းဌာနတွေပါသိပြီး ဟိုဘက်က တောင်းပန်စာတင်တာ.. စာလုံးပေါင်းအမှားတွေနဲ့.. မူးလို့ဖြစ်သွားတာတဲ့.. သူ့ personal information တွေ ပေါက်ကြားခံရလို့ သူက victim ပါဆိုပဲ.. အကြောတင်းပုံကြည့်ရတာ မတတ်သာလို့သာ တောင်းပန်စာတင်ရတာ တစ်စက်မှ နောင်တမရတဲ့ပုံ.. နစ်နာသူကို ကိုယ်တိုင်မတောင်းပန်သေးတဲ့အပြင် လျော်ကြေး ၆ပြားပေးမယ်ဆိုတာလဲ အခုထိမပေးရသေးဘူး.. ကုမ္ပဏီဘက်ကတော့ အလုပ်ထုတ်လိုက်ပြီတဲ့.. ဗီယက်နမ်မှာမရှိတော့ဘူးဆိုတော့ ဥပဒေအရ ဘယ်လိုအရေးယူမလဲတော့ မသိဘူး စောင့်ကြည့်ရမှာပေါ့.. အဲ့လိုလူပါးဝပြီး ထွက်ပြေးလို့ ရလားဆိုတာ 🤌🤌🤌

အောက်မှာသတင်းလင့် ⬇️⬇️

https://youtu.be/cvACGdgyLj8?si=mQWmRUdqJOy_rz9k

17/07/2025

ပြေပြေလည်လည် သားအဖတွေ 🥰🥰
#메스를든사냥꾼

Photos from Fun Dark Future - Your Future's post 17/02/2025

ဒီ၂ကား တစ်ထပ်ထဲတူနေတာ သတိထားမိကြလား?? ဆော့တဲ့ ဂိမ်းနာမည်ပဲကွာတယ် ကျန်တာ အကုန်တူတူပဲ! ဂျပန်ကတော့ sequel တွေအများကြီးရှိတယ်။ မကြည့်ရသေးရင် ကြည့်ပြီး ပြန်ပြောပေးဦးနော်~ ကိုရီးယားက ပိုကောင်းလား ဂျပန်က ပိုကောင်းလားဆိုတာ??

30/01/2025

옷을 사면 돈이 없어집니다.
하지만 옷을 사지 않아도 돈은 없어집니다.
여러분 옷을 포기하지 마세요.

အင်္ကျီဝယ်ရင် ပိုက်ဆံမရှိပါဘူး။
ဒါပေမယ့် အင်္ကျီမဝယ်လဲ ပိုက်ဆံမရှိပါဘူး။
ယောရောဘွန်းတို့ အင်္ကျီကို လက်မလျှော့ကြပါနဲ့။
😁😁😁

01/01/2025

For 2025⭐️
Happy new year for all 🎉🧨✨️

Photos from Thai Poster : parody's post 31/12/2024

ကြွေပြီလေ ဦးရယ် 🤭🤭

19/12/2024

သူလဲသနားဖို့ကောင်း.. ကိုမာဖြစ်ပြီး ပြန်နိုးလာတာနဲ့ ကျောင်းတန်းတက်ရတာပဲ.. ကိုယ်သာဆို ၁နှစ်လောက်နားပြစ်လိုက်မှာ 🥲🥲


#조명가게

18/12/2024

မြန်မာပြည် ကလောစျေးထဲမှာ သူများခွေးကိုက်ခံရတာတွေ့ပြီး ထရောမာရသွားတဲ့ ကိုရီးယားမလေး!
#လမ်းဘေးခွေး
#ကလောစျေး

Want your business to be the top-listed Beauty Salon in Seoul?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address

Seoul