Khet Khet Aung
Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Khet Khet Aung, Charoen Nakhon 14, Bankokoro.
ကိုယ်တိုင်စျေးဝယ်ပြီးချက်ပြုတ်ရတာဝါသနာပါသလိုစားရတာလည်းဝသနာပါတယ်😁 အစားသောက်နဲ့ပတ်သတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေကိုလည်းမျှဝေတယ်ရှင့်🥰အားလုံးပဲမဂ်လာပါရှင့်🙏🥰🤝🤝
27/09/2026
မနက်ဖန် ဗိုလ်စားပဲနဲ့ ဘဲဥ ကြော်စားမယ်
27/09/2026
ညနေစာ လယ်ကန်ဇွန်းရွက်နဲ့ ဟင်းနုနွယ် ရွက် ရော ကြော်လေး😋😋
ပုဇွန်ခြေညက်သေးသေးလေးပါထည့်ကြေည်ထားတော့လပိုစားလို့ ကောင်းသွားတယ်ရှင့် မိတ်တွေတို့ရော ညနေစာ ဘာဟင်းနဲ့စားကြလည်းရှင့်
#အိမ်ချက်လက်ယာ
#အရွက်ကြော
မိုးမိုးအေးအေးလေးနဲ့ လိုက်ဖက်တဲ့ အစားစာမှာ
ဆန်ပြုတ်ပူပူလေးလည်ပါတယ်ရှင့်
ဆန်ပြုတ်စို မခကိအရမ်းကြိုက် ဘာဆန်ပြုတ်ဖြ်စဖြစ် ကြိုက်တယ် 😋 မိတ်ဆွေတို့ရော ဆန်ပြုတ်ကြိုက်လားရှင့်
#အိမ်ချက်လက်ယာ
27/09/2026
*နေ့စဉ်စားသင့်တဲ့ ကျန်းမာရေးအသီး - ဗိုလ်စားပဲ (Green Beans) 💚*
စိမ်းစိုလတ်ဆတ်ပြီး အရသာရှိတဲ့ ဗိုလ်စားပဲလေးက ဟင်းကောင်းတစ်ခွက်သာမက၊ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးအများကြီး ပေးနိုင်ပါတယ်။
*ဗိုလ်စားပဲရဲ့ အဓိက အကျိုးကျေးဇူး ၅ ချက်*
*၁. ❤️ နှလုံးကျန်းမာရေးကို ကာကွယ်ပေးခြင်း*
Antioxidants နဲ့ အမျှင်ဓာတ်ကြွယ်ဝလို့ မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးကို ကျန်းမာစေပါတယ်။
*၂. ⚖️ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း*
ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များလို့ ဗိုက်ပြည့်လွယ်စေပါတယ်။ Diet လုပ်နေသူတွေအတွက် အသင့်တော်ဆုံးပါ။
*၃. 🛡️ ကိုယ်ခံအားမြှင့်တင်ပေးခြင်း*
Vitamin C အပြည့်အဝပါဝင်လို့ ဖျားနာခြင်းမှ ကာကွယ်ပေးပြီး ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။
*၄. 🦴 အရိုးအဆစ် သန်မာစေခြင်း*
Vitamin K နဲ့ Calcium ဓာတ်တို့ကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်စေပါတယ်။
*၅. ✨ အသားအရေ လှပစေခြင်း*
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးလို့ အသားအရေကို စိုပြေနုပျိုစေပါတယ်။
*💡 ဘယ်လိုချက်စားမလဲ?*
အာဟာရမဆုံးရှုံးရအောင် ဆီလျှော့ပြီး ကြော်စားတာ၊ ရေနွေးဖျောပြီး သုပ်စားတာ၊ ဒါမှမဟုတ် ဟင်းချိုချက်သောက်တာက အကောင်းဆုံးပါခင်ဗျာ။
ဒီနေ့ညနေစာမှာ ဗိုလ်စားပဲဟင်းလေးတစ်ခွက် ထည့်စားဖြစ်အောင် လုပ်လိုက်ရအောင်နော်။ 💚
ဗိုလ်စားပဲကို ဘယ်လိုချက်စားရတာ အကြိုက်ဆုံးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးခင်ဗျာ 👇
#ဗိုလ်စားပဲ #ကျန်းမာရေး
27/09/2026
မိုးမိုးအေးအေး နဲ့ ဆားဘဲဥ ဆန်ပြုတ် ချက်စားကြမယ်🥰
#အိမ်ချက်လက်ယာ
25/09/2026
🌿 ပေါ်ပြီနော်... တစ်နှစ်မှာ တစ်ခါပဲ ရတဲ့
မြန်မာ့ရွှေဖူး - မဲဇလီဖူးလေး 🌿
မဲဇလီဖူးသုပ် ချဉ်စပ်လေး...
ချဉ်ပေါင်ရွက်နဲ့ ဟင်းချိုပူပူလေး...
တွေးလိုက်တာနဲ့တင် သွားရည်ကျနေပြီမလား? 😋
အရသာရှိရုံတင်မက
ဆေးဖက်ကပါ ထိပ်ဆုံးကမို့
မြန်မာတွေ အရမ်းကြိုက်တာ မဆန်းပါဘူး ✨
🍀 မဲဇလီဖူး စားခြင်းရဲ့ အံ့ဖွယ် ၄ ချက်
1️⃣ ဝမ်းမှန် ပေါ့ပါး 💨
သဘာဝ ဝမ်းနုတ်ဆေးလေးမို့
ဝမ်းချုပ်သူတွေ အတွက် အကောင်းဆုံး
2️⃣ ကိုယ်တွင်းအပူ ကင်းစင် ❄️
အပူအပုပ်တွေ ဖယ်ပြီး
ခန္ဓာကိုယ်ကို အေးမြလန်းဆန်းစေ
3️⃣ နှစ်ခြိုက်စွာ အိပ်ပျော် 😴
စိတ်ဖိစီးမှုလျော့ပြီး
အာရုံကြောကို ငြိမ်ကျစေ
4️⃣ သွေးချို သွေးတိုး ထိန်း 🩸
သွေးတွင်းသကြားနဲ့ သွေးပေါင်ကို
ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်
⚠️ သတိပြုရန်
ဆေးဖက်ဝင်ပေမယ့် အများကြီး
အလွန်အကျွံ မစားပါနဲ့နော်
ကိုယ်ဝန်ဆောင်မေမေတွေဆို
ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပါ 🤰
💚 ဒီနေ့ဈေးမှာ တွေ့ရင်
ဝယ်ခဲ့ဖို့ မမေ့နဲ့နော်!
မဲဇလီဖူးကြိုက်သူတွေ Mention ခေါ်လိုက်တော့ 👇
#မဲဇလီဖူး #ရာသီစာ #မြန်မာ့အစားအစာ #ကျန်းမာရေးဗဟုသုတ #မြန်မာ့ဟင်းလျာ
25/09/2026
ဝက်သားရဲ့ ဘယ် အဆိပ်အပိုင်းဖြစ်မလည်း
ဖြေကြည့်နော်🥰🤝🤝
ငပိရည် တို့စရာ ကိုယ်တိုင်လုပ် ချဥ်ဖတ် အစုံနဲ့ 😋
ဂေါ်လခါး ချိူချိူလေးပြုတ်ရည် နဲ့ ကြက်ဥကြော်လေးရယ်
ဂွတ်ဂွတ်ကို ရှယ် လို့ရှင့်😋😋 ကြိုက်တယ်စိုရင်အတူတူလာစားဖို့ ဖိတ်ခေါ်ပါတယ်နော်🤝🤝
#မြန်မာဟင်းလျှာ
ငပိရည် တို့စရာအချဥ်ဖက် လေးရယ်
ဂေါ်လခါးသီး ပြုတ်အရေသောင် ပူပူလေး😋😋
ပရိုတင်းဓါတ် ကတော့ကြက်ဥကြော်ပေါ့ရှင့်
#အိမ်ချက်လက်ယာ
#ငပိရည်တို့စရာ
ခေါက်ဆွဲလေးကြော်နေပါပြီရှင့်
သားသတ်လွတ်
ပဲသီး ဂေါ်ဖိထုပ် မုန်လာဥနီ အသားတု
#အိမ်ချက်လက်ယာ
Téléphone
Adresse
Bankokoro
10600