Thiha Zaw
If you are good, no one will say bad things about you.
28/01/2026
#ဘဝဆိုဘာလဲ
#ဘာအကောင်းဆုံးလဲ
*ပျော်ရွှင်မှုဆိုတာ...ဘာလဲ၊
ဘယ်လောက်ကြာကြာ ပျော်ရလဲ။
*ဝမ်းနည်းမှုဆိုတာ...ဘာလဲ၊
ဘယ်လောက်ကြာကြာ ဝမ်းနည်းရလည်း။
*အခက်အခဲဆိုတာဘာလဲ ၊
ဘယ်နှစ်ကြိမ်ခက်ခဲဖူးလဲ။
*အဆင်ပြေတယ်ဆိုတာ ဘာလဲ၊
ဘယ်နှစ်ကြိမ်အဆင်ပြေဖူးလဲ။
*အချစ်ဆိုတာဘာလဲ၊
ဘယ်နှစ်ကြိမ်ချစ်ခဲ့ဖူးလဲ။
*အသည်းကွဲတယ်ဆိုတာဘာလဲ၊
ဘယ်နှစ်ကြိမ်အသည်းကွဲဖူးလဲ။
#အခက်အခဲ
ခက်ခဲတယ်၊အခက်အခဲဆိုတာဘာလဲ၊
ဘယ်နှစ်ကြိမ်ခက်ခဲဖူးလဲ။
ဘယ်လောက်ကြာကြာ ခက်ခဲခဲ့ဖူးလဲ ။
နောက်ဆုံးအကြိမ်ခက်ခဲတယ်ဆိုတာရှိခဲ့ဖူးလား။
မခေါ်ပဲရောက်ရောက်လာတဲ့အခက်အခဲတွေကို
ဘယ်နှစ်ကြိမ်ရှောင်ပြေးနေမှာလဲ
ဘယ်လောက်ကြာကြာ ပုန်းနိုင်ခဲ့လဲ။
ငါတို့အခက်အခဲတွေကို
ဘယ်နှစ်ကြိမ်အရှုံးပေးခဲ့ဖူးလဲ
ဘယ်နှစ်ကြိမ်ပြန်ရုန်းထဖူးလဲ
ဘယ်နှစ်ကြိမ်ပြန်တွန်းလှန်ခဲ့ဖူးလဲ။
ဘယ်တုန်းကမှကောင်းကြိုးမပေးတဲ့ကောင်
ရဲရဲကြီးရင်ဆိုင်ပစ်မယ် ရဲရဲကြီးတွန်းလှန်ပစ်မယ်
စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသလို
ခန္ဓာကိုယ်ကလည်းအဆင်သင့်ဖြစ်နေပြီ
ထိပ်တိုက်တွေ့ဖို့ခွန်အားတွေလည်းအဆင်သင့်ဖြစ်နေပြီ။
မင်းလားအခက်အခဲ မင်းလားအခက်အခဲလို့
အော်ဟစ်ပြီး
အဲဒီကောင်မျက်နှာကြီးကို ဆွဲထိုးပစ်စမ်းပါ။
လူသတ်ရင်တောင် ပုဒ်-၃၀၂ နဲ့ထောင်ကျအုန်းမယ်
အခက်အခဲဆိုတဲ့ကောင်ကို ကြိုးစားမှုနဲ့သတ်ရင်
ဒီကောင်အလူးအလဲခံရမှာပဲ ။
ကြိုးစားမှုနဲ့သာဒီကောင်ကိုဖိနှိပ်ထား၊နှိပ်ကွပ်ထား
အခက်အခဲဆိုတဲ့ကောင် နလန်ပြန်ထူလာနိုင်လည်း
လေပြည်လေညှင်းသာသာပေါ့ ဘာမှု့စရာလိုမလဲ။
ရှောင်လို့မရမဲ့အတူတူ ထိပ်တိုက်ရင်ဆိုင်လိုက်ပါ။
နလန်မထူနိုင်အောင်ကြိုးစားမှုနဲ့အလဲထိုးပစ်ပါ။
#ပင်ပန်းမှုဆိုတာတစ်ရက်တည်းကြုံရမှာလား
ဒီနေ့ပင်ပန်းလိုက်တာလို့ငြီးမိတဲ့အခါ၊
အရင်ကဘယ်နှစ်ကြိမ်ပင်ပန်းခဲ့ဖူးလဲ။
ဒီ့ထက်ပင်ပန်းခဲ့ဖူးတဲ့ အချိန်တွေရောရှိခဲ့ဖူးလား၊
ဒီတစ်ကြိမ်ပင်ပန်းတာ နောက်ဆုံးပင်ပန်းခြင်းလား။
ပင်ပန်းလာလိုက် ငြီးတွားလိုက်နဲ့၊
မရင့်ကျက်တဲ့အပြုအမူတွေနဲ့၊
ဘယ်အချိန်ထိသံသရာလည်နေမှာလဲ။
ဘယ်အချိန်ထိငြီးတွားနေအုန်းမှာလဲ။
#ပျော်ရွှင်မှုဆိုတာ
ပျော်ရွှင်မှုဆိုတာဘာလဲ၊
ဘယ်လောက်ကြာကြာပျော်ရမှာလဲ၊
တစ်နာရီစာလား တစ်ဘဝစာလား။
ပျော်ရွှင်ခဲ့ရဖူးတဲ့အချိန်တွေကရော၊
တစ်ကယ့်ပျော်ရွှင်မှုတွေလား။
ဘယ်လောက်ကြာကြာအချိန်ပေးပြီး၊
ဘယ်လောက်ကြာကြာပျော်ခဲ့ရလဲ။
တကယ့်ပျော်ရွှင်မှုဆိုတာဘာလဲ။
#ဝမ်းနည်းမှု
ဝမ်းနည်းရတယ်ဆိုတာဘာလဲ၊
ဘယ်နှစ်ကြိမ်ဝမ်းနည်းရဖူးလဲ၊
ဘယ်နှစ်ကြိမ်ထပ်ပြီး၊
ဝမ်းနည်းစရာတွေကြုံရအုန်းမလဲ၊
ဘယ်လောက်ကြာကြာဝမ်းနည်းခဲ့ရဖူးလဲ၊
တစ်နာရီစာလား တစ်ဘဝစာလား။
တစ်ဘဝလုံးဝမ်းနည်းပြီးသေသွားတဲ့လူရယ်လို့၊
ရှိဖူးလို့လား ကြားဖူးလို့လား ။
သိပ်ချစ်ပါတယ်ဆိုတဲ့မိဘ၊
သိပ်ချစ်ပါတယ်ဆိုတဲ့သားသမီးဆုံးသွားရင်တောင်
အဲဒီဝမ်းနည်းမှုပူဆွေးမှုကတစ်လထက်ပိုလား
ကုန်ကုန်ပြောရရင်တစ်နှစ်ထက်ပိုလား။
သွေးရင်းသားရင်းတစ်ယောက်
လူ့လောကထဲကထွက်သွားရတာထက်
ပိုပြီးဆုံးရှုံးရတယ်ထင်ရင် ဝမ်းနည်းစရာရှိသေးရင် လာပြပါ ကြည့်ချင်လို့ပါ။
အဲဒီဆုံးရှုံးမှုဝမ်းနည်းမှုနဲ့နှိုင်းယှဉ်ရင်
ငါတို့ဆုံးရှုံးလိုက်ရတာတွေဝမ်းနည်းရတာတွေက
ဘဝမှာဘယ်လာက်အရေးပါသေးလဲ
တစ်ဘဝစာမှမဟုတ်ရင် ဘာလို့ဝမ်းနည်းနေမှာလဲ။
#အချစ်ဆိုတာ
အချစ်ဆိုတာဘာလဲ
ချစ်ဖူးသမျှငါမင်းကိုအချစ်ဆုံးပါလို့
လူဘယ်နှစ်ယောက်ကိုပြောခဲ့ဖူးလဲ
လူဘယ်နှစ်ယောက်ပြောတာခံခဲ့ဖူးလဲ။
ကိုယ်ပိုင်ဆိုငိရတဲ့အရာလေးမို့ချစ်တာလား၊
မပိုင်ဆိုင်ရတာတွေကရော မချစ်ချင်ဘူးလား။
နားလည်မှု၊မေတ္တာ၊သံယောဇဉ်တွေမပါပဲ
အချစ်တစ်ခုတည်းသီးသန့် လူတစ်ယောက်ကို
ဘယ်လောက်ကြာကြာချစ်နိုင်လဲ။
သူ့အပေါ် ငါချစ်တာလား၊သံယောဇဉ်ရှိတာလားလို့
တွေးဖူးလား။
အချစ်ဆိုတဲ့ကြိုးကပိုခိုင်မာတာလား၊
သံယောဉ်ဇဉ်ဆိုတဲ့ကြိုးက ပိုခိုင်မာတာလား။
ငါတို့ဘယ်ကြိုးနဲ့ချည်သင့်လဲ။
#အသည်းကွဲတယ်ဆိုတာဘာလဲ
အသည်းကွဲတယ်ဆိုတာဘာလဲ
ဘယ်နှစ်ကြိမ်အသည်းကွဲဖူးလဲ
ဘယ်လောက်ကြာကြာကွဲဖူးလဲ။
သူကလွဲပြီးထပ်မချစ်တော့ဘူးလို့ အာမခံရဲလား။
အချိန်တစ်ခုရောက်ရင်
နေသားကျမယ်ဆိုတာသိနေရင်
ဘာကြောင့် အချိန်တစ်ခုပေးနေမှာလဲ။
သူတောင်နေတတ်သေးရင်
ငါကဘာလို့မနေနိုင်ရမှာလဲ။
ကိုယ်တန်ဖိုးထားတဲ့ပစ္စည်းတစ်ခု တစ်ဖက်က
ဈေးဆစ်ဝယ်နေရင် မင်းရောင်းမှာလား
တန်ရာတန်ကြေးဆိုတာ မင်းသိတယ်မလား။
ကိုယ်တန်ဖိုးထားပြီးပေးလိုက်တဲ့အရာတွေ
တစ်ဖက်ကတန်ဖိုးမထားရင်
တန်ဖိုးမသိတဲ့လူတစ်ယောက်ရဲ့လက်ထဲကို
မင်းရဲ့နှလုံးသားတစ်ခုလုံးပုံအပ်ထားမလို့လား။
သူမရှိလို့ငါမဖြစ်ဘူးဆိုတာ ခနပါ
မင်းထပ်တွေ့အုန်းမှာပဲ မင်းထပ်ချစ်ရအုန်းမှာ
အဲဒီလူကမင်းရဲ့အချစ်ဆုံးဆိုတာဖြစ်လာအုန်းမှာပါ
အချိန်တစ်ခုရောက်လို့ နေသားကျသွားမယ်ဆိုတာ
မေ့နိုင်မယ်ဆိုတာသိသိနဲ့ဘယ်လောက်ကြာကြာ
အသည်းကွဲနေအုန်းမှာလဲ
#လူတွေကိုဘယ်လိုမြင်လဲ
သိန်းထောင်ကျော်ကားစီးနေတဲ့လူတွေနဲ့
ဆက်ဆံဖူးတယ်
လမ်းဘေးနေလမ်းဘေးစားတွေနဲ့ပေါင်းဖူးတယ်။
သိန်းထောင်ကျော်တန်ကားစီးနေလို့လည်း
ပြည့်စုံလိုက်တာထင်မနေနဲ့
လူတိုင်းကသူ့အပူနဲ့သူ သူ့ရောဂါနဲ့သူ
လမ်းဘေးနေလမ်းဘေးစားဆိုပြီးလည်း
ဘဝတွေကစုတ်ချာလိုက်လားသွားမထင်နဲ့
သူတို့လည်းသူတို့ဘဝမှာသူတို့အပျော်နဲ့သူတို့
တစ်ခါတစ်လေကိုယ်ကတောင်အားကျရအုန်းမယ်။
ဘယ့်သူ့ကိုမဆိုအားကျလို့ရတယ်
မနာလိုစိတ်မမွေးနဲ့
အထင်လည်းမကြီးသလိုအထင်လည်းမသေးနဲ့။
လူဆိုတဲ့အမျိုးကအဆင်ပြေတာတွေပဲ
ထုတ်ပြတဲ့လူရှိသလို
အဆင်မပြေတာတွေပဲထုတ်ပြတတ်တဲ့
လူကသက်သက်ကိုရှိတယ်။
အဓိကက ကိုယ့်ကိုကိုယ်သိဖို့
ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ဖို့
ကိုယ့်အကြောင်းကိုယ်တွေးကိုယ့်မိသားစုအကြောင်းကိုယ်တွေးဖို့ပဲအရေးကြီးတယ်
ဘယ်သူ့ကိုမှအားကျဖို့မလိုသလို ဘယ်သူကိုမှ
မနာလိုဖြစ်ဖို့လည်းမလိုဘူး။
#အောင်မြင်မှုဆိုတာ
သူ့လိုဖြစ်ချင်ရင် သူ့လိုကြိုးစား
ကြိုးစားရင်မဖြစ်ဘူးဆိုတာမရှိဘူး
မကြိုးစားလို့မဖြစ်တာ မလုပ်လို့မဖြစ်တာ။
ငါကတော့ကြိုးစားတာပဲ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်ဘူး အဲဒီလိုမတွေးနဲ့။
အောင်မြင်မှုဆိုတာက
ဒေါက်ဒေါက်လို့နှစ်ချက်လောက်ခေါက်ယုံနဲ့
ပွင့်လာမဲ့ အမေ့အိမ်ကတံခါးမဟုတ်ဘူး
ပိုက်ဆံအပြည့်ထည့်ထားတဲ့အခန်းတစ်ခန်းကို
ဘယ်သူကမှ
တစ်ခွဲအထူရှိတဲ့ကျွန်းတံခါးနဲ့ပိတ်ထားမှာ
မဟုတ်သလို
အခန်းထဲကပစ္စည်းကတန်ဖိုးရှိရင်ရှိသလို၊
လိုအပ်ရင်
ခြောက်လက်မခုနှစ်လက်မအထူရှိတဲ့သံတံခါးနဲ့
ပိတ်ထားရင်လည်းပိတ်ထားမှာပဲ။
အောင်မြင်မှုဆိုတဲ့တံခါးကလည်းအဲဒီလိုပဲ
နှစ်ချက်သုံးချက်ခေါက်ယုံနဲ့
အောင်မြင်မှုဆိုတဲ့ကောင်ကအခန်းထဲက
တံခါးခေါက်သံကြားလို့ဆိုပြီးလာဖွင့်ပေးမှာ
မဟုတ်ဘူး။
ဆယ်ချက်ခေါက်ရင်ခေါက်ရမယ်
အချက်တစ်ရာခေါက်ရင်ခေါက်ရမယ် ။
လိုအပ်ရင်တံခါးကိုဖျက်သင့်ရင်ဖျက်ရမယ်
အခန်းနံရံကို ဖြိုသင့်ရင်ဖြိုရမယ် ။
အဲဒီလိုကြိုးစားနေချိန်မှာ
ဒဏ်ရာရတဲ့အခါရှိမယ်။
ပင်ပန်းလာတဲ့အချိန်ရှိမယ်။
အားအင်ကုန်ခမ်းတဲ့အခါရှိရင်ရှိမယ်။
မောပန်းလာတဲ့အချိန်ရှိမယ်။
အဲဒီလိုကြုံတွေ့ရတဲ့အခါ
အနားယူသင့်ရင်ယူရမယ် အချိန်ယူသင့်ရင်ယူမယ်
အရေးကြီးတာ မလောဖို့
လွယ်လွယ်နဲ့စိတ်မပျက်ဖို့
စိတ်ဓာတ်ကျတဲ့အခါ ကိုယ်ထူကိုယ်ထ
ကိုယ့်အားကိုကိုယ်ကိုး
အားကိုးတယ်ဆိုတဲ့နေရာမှာ
မိဘကိုလည်းအားမကိုးနဲ့၊
ဆွေမျိုးကိုလည်းအားမကိုးနဲ့
(Background ကောင်းတဲ့ကောင်တွေကတော့
အားကိုးချင်ကိုးမကိုးချင်နေပေါ့၊)
မိဘကအသက်နှစ်ဆယ်အထိကျွေးမွေးလာတာ
တော်တော်တာဝန်ကျေနေပြီ
သူတို့မှာလည်းအသွေးနဲ့အသားနဲ့ကျန်းမာရေးဖြစ်ဖြစ်၊လူမှုရေးဖြစ်ဖြစ်၊ငွေးရေးကြေးရေးဖြစ်ဖြစ်
အဆင်ပြေတာရှိမယ်အဆင်မပြေတာရှိမယ်
ပြီးတော့ကိုယ်တစ်ယောက်ထဲမွေးထားတာ
မဟုတ်ဘူး။
လူရယ်ဖြစ်လာရင်လူတိုင်းမှာသူ့အခက်အခဲနဲ့သူ
ဘယ်သူကမှကိုယ့်အတွက်အဆင်သင့်ဖြစ်နေမှာ
မဟုတ်ဘူး။
လိုအပ်တိုင်းကူညီရအောင်ဘယ်သူ့မှာမှ
တာဝန်မရှိဘူး။
မကူညီရကောင်းလားဆိုပြီးဘယ်သူမကောင်းဘူး
ဘယ်ဝါမကောင်းဘူးလို့လည်းအပြစ်မရှာနဲ့
အပြစ်ရှိသူက ကိုယ် သူများမဟုတ်ဘူး
အဆင်မပြေရင်
အဆင်မပြေတဲ့ဒဏ်ကိုရဲရဲခံရဲရမယ်။
ရမယ်ရှာတယ် အပစ်တင်တယ်ဆိုတာ
လူညံ့တွေလုပ်တဲ့အလုပ်။
တစ်ခြားလူတွေအပေါ် မျှော်လင့်ချက်ထားပြီး
ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါကျမှ
သူမကောင်းဘူးလို့သွား အပြစ်တင်လို့မရဘူး။
ကိုယ့်ရှိမှကိုယ် ကိုယ်လက်ထဲတစ်ထောင်ရှိရင်
အဲဒီတစ်ထောင်ကမင်းပိုင်တာပဲ
အဲဒီတစ်ထောင်ကမှမင်းအပိုင်
ကိုယ့်ဘဝကိုယ်သိ၊ကိုယ်ကိုယ်တိုင်ကြိုးစား
ကိုယ့်ခြေထောက်ကိုယ့်အားကိုး
ကိုယ့်လက်ကိုယ့်အားကိုး
ကိုယ့်ဦးနှောက်နဲ့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ပါ။
မျှော်လင့်ချက်မပျက်ပဲ ဇွဲရှိရှိနဲ့သာ ကြိုးစား
ကြိုးစားနေတဲ့ လူတစ်ယောက်က တစ်နေ့ မုချ
အောင်မြင်လာမှာပါ အောင်မြင်လာမှာမဟုတ်ဘူး
အောင်မြင်မှာ။
Zaw
27/01/2026
#ကိုယ့်limitနဲ့ကိုယ်
တစ်ယောက်နဲ့တစ်ယောက်
ရည်မှန်းချက်ပန်းတိုင်မတူသ၍
စိတ်ဆင်းရဲတာ၊စိတ်ချမ်းသာတာတွေက
ကွဲပြားနေအုန်းမှာပဲ
တစ်ခြားလူအတွက် ဘာမှမဟုတ်တဲ့
အမှားလေးပါကွာလို့ပြောပေမဲ့
မင်းအတွက်တော့ မင်းရဲ့ရည်မှန်းချက်၊ပန်းတိုင်ပေါ်
မူတည်ပြီးအမှားကြီး ဖြစ်ရင်ဖြစ်နေမှာပဲ
အရက်သမားလောင်းကစားသမားကို
ကျနော်ညအရက်တစ်ခွက်သောက်လိုက်မိတယ်
ညကဂိမ်းဆော့တာတစ်သောင်းရှုံးသွားတယ်လို့
သွားပြောရင်
အဲဒီအရက်သမားလောင်းကစကားသမားအတွက်ရယ်စရာဖြစ်ရင်ဖြစ်နေလိမ့်မယ်
သူတို့အတွက်ဘာမဟုတ်တာလေးပါဆိုပေမဲ့
မင်းလိုလူကောင်းအတွက်တော့အမှားကြီးမှားလိုက်သလိုခံစားရမှာပဲ
ရည်မှန်းချက်ချင်းပန်းတိုင်ချင်းမတူရင်
ခံယူချက်ကလည်းကွဲပြားနေအုန်းမှာပဲ
ကျောင်းသားဘဝလို ရည်းမှန်းချက်ရှိတဲ့ကောင်က
စာမေးပွဲမှာအမှတ်လျော့တာကိုကြောက်ရွံ့နေသလို
ရည်မှန်းချက်မရှိတဲ့ကောင်က
စာမေးပွဲကျလည်းရင်ခုန်နေမှာမဟုတ်ဘူး
ခံယူချက်ချင်းမတူရင်ပျော်တာချင်းလည်းတူမှာ
မဟုတ်သလို သူများပျော်တိုင်းလိုက်ပျော်ချင်လို့မရဘူး
သူများတွေhappy newyearမှာပျော်ပါးနေချိန်
မင်းကအိမ်မှာမိုးလင်းပေါက်စာကြည့်ရင်ကြည့်နေရမယ်
Happy Newyear ဆိုတာနှစ်တိုင်းရှိတယ်
အတန်းတင်စာမေးပွဲဆိုတာတစ်နှစ်တစ်ကြိမ်ပဲရှိတာ
အချိန်တန်တဲ့အခါတကယ့်ပျော်ရွှင်မှုအစစ်ကို
မင်းပဲခံစားရမှာ
ဘဝမှာလည်းပျော်ရွှင်မှုဆိုတာအချိန်မရွေးရှိတယ်
ဒါပေမဲ့ကြိုးစားဖို့အချိန်ဆိုတာတော့နှစ်ခါပြန်မရဘူး
ကြိုးစားရမဲ့အချိန်မှာကြိုးစားရတာကို
ပင်ပန်းနေတယ်လို့ထင်နေရင်အသက်အရွယ်ရလို့
နားရမဲ့အချိန်မှာနားချင်လို့နားမရဖြစ်သွားလိမ့်မယ်
ကိုယ့်ဘဝရဲ့အခက်ဆုံးအပင်ပန်းဆုံးလို့ထင်ခဲ့တဲ့
အချိန်တွေကိုပြန်တွေးကြည့်ပါ အခုချိန်ပြန်တွေးမိရင်
ဘဝမှာအပင်ပန်းဆုံးနေ့လို့မြင်မိသေးရဲ့လား
ပြန်တွေးကြည့်ရင်ရယ်စရာဖြစ်နိုင်ကောင်းဖြစ်နိုင်ပါတယ်
အဲဒီအရွယ်အဲဒီအသိနဲ့တုန်းကတော့ကိုယ့်အတွက်
ပင်ပန်းစရာလို့ထင်ကောင်းထင်မိပေမဲ့
နေရာတစ်ခုရောက်လို့အမြင်ကျယ်လာတဲ့အခါ
ငါကြိုးစားခဲ့တာတွေကလွယ်ကူတဲ့အရာတွေပါလားဆိုတဲ့အသိနဲ့ တစ်ချိန်ကစိတ်ပင်ပန်းမှုတွေကို
ချစ်မိလိမ့်မယ်
ပြန်တွေးကြည့်ပြီးကြည်နူးသာယာမိလိမ့်မယ်
အဲဒီလိုကြိုးစားရမဲ့အရွယ်စိတ်ပင်ပန်းခံရမဲ့အရွယ်မှာ
ကြိုးစားမှုမရှိပဲ သက်သက်သာသာဖြတ်သန်းနေမိရင်
သက်သက်သာသာနေရမဲ့အရွယ်မှာ ပုံမှန်ဘဝနဲ့ဖြတ်သန်းနေရလိမ့်မယ်
သူများတွေပျော်ပါးသုံးစွဲနေတဲ့အချိန်လုပ်ချင်တာလုပ်လို့ရနေတဲ့အချိန်မှာ မင်းကဝန်ထမ်းဘဝနဲ့အလုပ်ကိုပုံမှန်လုပ်နေရလိမ့်မယ်
မင်းလည်းပျော်နိုင်ရင်ပျော်နိုင်မှာပဲဒါပေမဲ့
ပျော်ရတာချင်းတော့တူမှာမဟုတ်ဘူး
ကိုယ်ကအလုပ်တစ်ဖက်နဲ့ပျော်နေချိန်
တစ်ခြားလူအတွက်စိတ်လွတ်ကိုယ်လွတ်ပျော်တာမျိုးဖြစ်နိုင်တာပဲလေ
ပျော်သင့်တဲ့အချိန်မှမပျော်ပဲမပျော်သင့်တဲ့အချိန်မှာ
ပျော်နေမိရင် ပျော်ရမဲ့အချိန်မှာမပျော်နိုင်ဖြစ်သွားလိမ့်မယ်
သူများကဘာမဟုတ်တဲ့အမှားလေးပါကွာ
စိတ်ထဲမထားနဲ့ဆိုတိုင်းပေါ့ပျက်ပျက်မဖြစ်ပါစေနဲ့
ကိုယ့်ရည်မှန်းချက်၊ကိုယ့်မူဝါဒနဲ့ကိုယ်ရှင်သန်ပါ
သူတို့လည်းလုပ်နေတာပဲငါလည်းဒါလေးလုပ်လိုက်လို့ဘာမှမဖြစ်ပါဘူးဆိုပြီးမတွေးပါနဲ့
သူတို့နဲ့နှိုင်းယှဉ်ပြီးနေမိရင်သူတို့လိုပဲဖြစ်သွားလိမ့်မယ်
တံငါနားနီးတံငါမုဆိုးနားနီးမုဆိုးဆိုတဲ့စကားလိုပဲ
သားသတ်သမားတွေရဲ့ကြားမှာကြီးပျင်းလာတဲ့
လူတစ်ယောက်အတွက်သားသတ်တာကအဆန်းမဟုတ်သလို အမှားတွေလုပ်နေတဲ့လူတွေကြားထဲကလူတစ်ယောက်ကအမှားလုပ်မိနေရင်တောင် အမှားလို့မြင်ချင်မှမြင်နိုင်လိမ့်မယ်
ဘုန်းကြီးကျောင်းမှာကြီးပျင်းလာတဲ့ကျောင်းသားကခြင်တစ်ကောင်သတ်မိတာကိုအပစ်တစ်ခုလို့မြင်သလို
ကြိုးစားနေတဲ့လူတွေကြားထဲမှာနေတဲ့လူကလည်း
တစ်ရက်တစ်လေစိတ်ပြေလက်ပျောက်အပြင်သွားမိတာကိုပဲဖြစ်ဖြစ်၊ခဏလောက်အနားယူလိုက်တာဖြစ်ဖြစ် လုပ်ချင်တာလုပ်ပြီးတဲ့အခါမင်အတွက်
တစ်ရက်နောက်ကျသလိုခံစားရသလို အဲဒီလိုလုပ်နေချိန်မှာ ပျော်နိုင်မှလည်းပျော်နိုင်လိမ့်မယ်
အမှားတစ်ခုလုပ်သလိုခံစားရလိမ့်မယ်
ပတ်ဝန်းကျင်အပေါ်မူတည်ပြီးအမှားအမှန်ပေါ်
ကိုယ့်ရဲ့အမြင်ကလည်းကကွဲပြားနိုင်တယ်
ရည်မှန်းချက်မရှိတဲ့လူတွေကြားမှာရောက်နေတဲ့
လူကလည်း ကိုယ်လုပ်နေတဲ့အမှားကို ကိုယ်မြင်မှမြင်နိုင်လိမ့်မယ်
သူများယောင်တိုင်းလိုက်ယောင်
သူများပျော်တိုင်းလိုက်ပျော် ကိုယ့်ရည်မှန်းချက်ကို
လျစ်လျှုရှု့ပြီး နောက်နေ့မှလုပ်လိုက်မယ် အချိန်တွေရှိပါသေးတယ်
တစ်ရက်ကလေးနဲ့ဘာမှမဖြစ်ပါဘူး
ဒါလေးလုပ်လိုက်လို့ဘာမှမဖြစ်ပါဘူးဆိုတဲ့အတွေးနဲ့
ကိုယ့်ကိုကိုယ်ဆင်ခြေပေးနေသ၍ ဘယ်တော့မှ
မင်းအောင်မြင်မှာမဟုတ်ဘူး
မင်းရောက်ချင်တဲ့ပန်းတိုင်ကအလှမ်းဝေးနေအုန်းမှာပဲ
ရောက်ဖို့နောက်ကျနေအုန်းမှာပဲ
အရက်သမား၄ယောက်နဲ့ပေါင်းရင်၅ယောက်မြောက်
အရက်သမားကမင်းဖြစ်လာလိမ့်မယ်
ရည်မှန်းချက်မရှိတဲ့လူနဲ့ပေါင်းရင်မင်းရဲ့ရည်မှန်းချက်ကလည်း တနေ့ထက်တနေ့
တရက်ထက်တရက်ဝေဝါးသွားလိမ့်မယ်
တချို့လူတွေကပြောကြတယ်
သူ့တို့ကိုအားကျလိုက်တာဘာမှမရှိလည်း
စိတ်ချမ်းသာနေကြတာပဲ
သူတို့စိတ်ချမ်းသာနေတယ်ဆိုတာကလည်း
ဘာမှမဖြစ်ချင်လို့ဘာမှရည်မှန်းချက်မရှိလို့
စိတ်ချမ်းသာနေကြတာပါ
မင်းလည်းတရက်တာရတဲ့ငွေလေးနဲ့တစ်နေ့ကို
အဆင်ပြေသလိုဖြတ်သန်းလိုက်မယ်
မင်းမှာလိုချင်တာ၊လိုအပ်တာမရှိဘူး
ရည်မှန်းချက်ပန်းတိုင်မရှိဘူး
ဒါဆိုမင်းလည်းပျော်ရမှာပဲ
သူတို့နဲ့သွားနှိုင်းပြီးပျော်ချင်နေမယ်
ရောင့်ရဲတင်းတိမ်နေမယ်ဆိုရင်
မင်းဘဝကမင်းဖြစ်ချင်သလိုဖြစ်လာမှာမဟုတ်
သလို ဘယ်တော့မှတိုးတတ်မှာမဟုတ်ဘူး
လူပင်ပန်းမှာစိတ်ပင်ပန်းမှာကြောက်နေလို့မရဘူး
မင်းဒါဖြစ်ချင်တယ်ဆိုဖြစ်အောင်လုပ်
ညဏ်ကောင်းတာမကောင်းတာနဲ့မဆိုင်ဘူး
မင်းကြိုးစားရင်ကြိုးစားသလောက်
လုံ့လရှိရင်လုံ့လရှိသလောက်အကျိုးကိုပြန်ခံစားရမှာပဲ
အရွယ်တစ်ခုရောက်လာရင် မဖြစ်ဘူးဆိုတာမရှိဘူး
ဖြစ်အောင်လုပ်ချင်စိတ်လွယ်လွယ်နဲ့အလျော့မပေးတတ်တဲ့စိတ်ပဲရှိဖို့လိုတယ်
ဖြစ်ချင်တဲ့ဆန္ဒ၊ဖြစ်ချင်တဲ့ရည်မှန်းချက်ရှိနေပါလျက်နဲ့
ရောင့်ရဲနေမယ်၊ဇိမ်ခံနေမယ်ဆိုရင်
လတ်တလောမှာတော့စိတ်ချမ်းသာရင်သာနိုင်ပေမဲ့
အရွယ်တစ်ရောက်မှငါမကြိုးစားခဲ့လို့
ငါအသာနေခဲ့လို့ငါလိုချင်တဲ့အခြေအနေမရောက်ခဲ့ဘူးဆိုတဲ့ နောင်တတစ်ထွေးကြီးနဲ့နိဂုံးချုပ်ရလိမ့်မယ်
ကြိုးစားနေတဲ့လူတွေကြားမှာနေတဲ့လူက
ကိုယ့်ရှေ့မှာကြိုးစားနေတဲ့လူတွေရဲ့အောင်မြင်မှုကို
မြင်ပြီးအားကျစိတ်နဲ့ကြိုးစားချင်စိတ်တွေတဖွားဖွားပြင်းထန်နေတတ်သလို
ရည်မှန်းချက်မရှိတဲ့လူတွေကြားမှာနေမိတဲ့လူကလည်း
ရည်မှန်းချက်တွေမပြည့်ဝသေးလို့စိတ်ဖိစီးပြီး
စိတ်ဓာတ်ကျနေတဲ့အချိန်မှာကိုယ့်ဘေးက
ရည်းမှန်းချက်မရှိပဲဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့လူတွေရဲ့အပေါ်ယံပျော်ရွှင်ကိုစိတ်ပြေလက်ပျောက်ဝင်ရောရင်း အချိန်တွေနှောင့်နှေးတတ်တယ်
ကိုယ်ကရည်မှန်းချက်ပေါ်စိတ်ဓာတ်မခိုင်မှာရင်
လမ်းပျောက်သလိုဖြစ်သွားတတ်ပါတယ်
စိတ်ဓာတ်ကျနေတဲ့လူတွေနဲ့ပေါင်းမိရင်
စိတ်ကျရောဂါကူးစက်ခံရလိမ့်မယ်
မင်းမှာရည်မှန်းချက်ပန်းတိုင်ရှိမယ်ဆိုရင်
မင်းရဲ့ရည်မှန်းချက်မပြည့်သ၍
စိတ်ဆင်းရဲမှုများစွာနဲ့ကြိုးစားနေရမှာပဲ
ကြိုးစားနေရချိန်မှာကြုံတွေ့ရတဲ့အခက်အခဲ
စိတ်ဒဏ်ရာတွေကိုချစ်ပါ တစ်ခနတာသည်းခံလိုက်ပါ
မင်းသေအောင်စိတ်ဆင်းရဲပြီးကြိုးစားနေတာမှန်ရင်
မင်းသေချာပေါက်ချမ်းသာလာလိမ့်မယ်
မင်းရဲ့ရည်မှန်းချက်ပေါ်မူတည်ပြီး
လေးငါးဆယ်နှစ်လောက်ပဲဖိကြိုးစားလိုက်ပါ
ဆယ်နှစ်လောက်ကြိုးစားလိုက်ရင်
နှစ်နှစ်ဆယ်မကသက်သက်သာသာနေရမယ်
ကြိုးစားချိန်မှာမကြိုးစားပဲအသာနေလိုက်ရင်
ဘဝမှာကျောင်းပိတ်ရက်မရှိဆိုတာဖြစ်သွားမယ်
ဘဝဆိုတဲ့ကျောင်းကိုနောက်ဆုံးအချိန်ထိတတ်ရလိမ့်မယ်
ကိုယ့်ကိုကိုယ်ဘောင်ခေတ်ပါ
ကြိုးစားရမဲ့အရွယ်အပင်ပန်းခံနိုင်တဲ့အရွယ်မှာ
ကြိုးစားပါ
Zaw
18/10/2025
#လူရွေးမှန်ဖို့လိုပါတယ်
အချစ်ကရိုးရှင်းပါတယ်
မင်းမှာငွေမရှိလည်း
ချစ်တဲ့လူကချစ်မှာပဲ
မင်းမှာရုပ်ရည်ရူပကာမရှိလည်း
ချစ်တဲ့လူကချစ်မှာပဲ
မင်းမှာငွေရှိလည်း
ဖောက်ပြန်တဲ့လူကဖောက်ပြန်မှာပဲ
မင်းမှာရုပ်ရည်ရူပကာရှိလည်း
ဖောက်ပြန်တန်လူကဖောက်ပြန်မှာပဲ
အချစ်ကရိုးရှင်းသလောက်
လူတွေကမာယာများပါတယ်
အသက်၂၀ကျော်လာရင် စဉ်းစားတတ်လာပါပြီ
သစ်ရွက်လှုပ်တိုင်း ရင်ခုန်လို့မဖြစ်တော့ဘူး
ပန်းကလေးတစ်ပွင့် စကားလေးတစ်ခွန်းနဲ့
ကြည်နူးနေလို့ မဖြစ်တော့ဘူး
အပေါ်ယံသာယာချင်းရဲ့နောက်ကွယ်က
တစ်ဖက်လူရဲ့စိတ်ရင်းမှန်ကိုလေ့လာဖို့လိုမယ်
ကိုယ့်ရှေ့မှာကောင်းပြနေသလောက်
တခြားလူတွေနဲ့အဆင်မပြေဖြစ်နေရင်
ကိုယ့်အပေါ်မှာရောစိတ်ရင်းမှန်နဲ့ဆက်ဆံတာမျိုးဖြစ်နိုင်ရဲ့လား အစစအရာရာတွေးမယ်
ရုပ်ရည်ကြောင့်မချစ်ပါနဲ့
ပကာသနာကြောင့်မတွယ်တာပါနဲ့
ရုပ်ရည်ပကာသနာကအကြောင်းအမျိုးမျိုးကြောင့်အချိန်မရွေးပြောင်းလဲပျောက်ကွယ်နိုင်တယ်
ယောကျာ်းလေးတစ်ယောက်ကဘာမှမရှိရင်တောင်ကြိုးစားချင်စိတ်ရှိရမယ်
မိန်းကလေးတစ်ယောက်ကြိုးစားချင်စိတ်မရှိရင်တောင်ဘယ်လိုအခြေအနေမျိုးမဆို
အနားကထွက်မသွားတဲ့စိတ်မျိုးရှိရမယ်
အတူကြိုးစားချင်တဲ့စိတ်အေးအတူပူတမျှ
ရောင့်ရဲလိုတဲ့စိတ်
သူ့မှာအဲဒီလိုစိတ်မျိုးရှိလားအရင်လေ့လာပါ
ပြီးမှဆုံးဖြတ်ပါ
သေချာရွေးချယ်ပါ
လူတစ်ယောက်ကိုချစ်ပြီဆိုတာနဲ့အရင်ဆုံးပေးဆပ်လိုက်ရတာ အချိန်ပါ
အမြဲတမ်းမှမချစ်နိုင်ရင်ချစ်ရေးမဆိုပါနဲ့
အမြဲတမ်းအတွက်မသင့်တော်ရင်လက်မခံပါနဲ့
အမြဲတမ်းအတွက်မှမဖြစ်နိုင်ရင်အချိန်မပေးပါနဲ့
ပြန်မရနိုင်တဲ့အချိန်တွေပြန်မရနိုင်တဲ့နုပျိုမှုတွေ
နှမြောဖို့ကောင်းပါတယ်
စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုစစ်မှန်တဲ့လူဆီကပဲယူပါ
ကိုယ့်အတွက်မှမဟုတ်ရင်တစ်ယောက်ထဲနေလိုက်တာကပိုကောင်းပါတယ်
အရွယ်ရောက်လာရင်အလုပ်ကဖိစီးမှု
မိသားစု၊ဆက်ဆံရေးတွေရဲ့ဖိအားတွေရှိလာမယ်
အဲဒီလိုအချိန်မျိုးမှာမှအလိုက်မသိတတ်တဲ့
ချစ်သူမျိုးရှိနေရင် ထပ်ဆင့်ပူလောင်ရပါတယ်
သူ့ရဲ့ဆန္ဒတွေထက်
ကိုယ့်ရဲ့စိတ်ခံစားမှုကိုဦးစားပေးမဲ့
ရင်ဖွင့်လို့ရတဲ့ရင်ခွင်ကိုသာခိုလှုံပါ
နားလည်ပေးနိုင်မဲ့လူကိုသာရွေးချယ်ပါ
တချို့ကရှိတယ်
ကိုယ့်ကိုယ်တော့အရမ်းချစ်တယ်
ဒါပေမဲ့ဆက်ဆံရေးမှာတော့အမြဲတမ်း
သူ့ဆန္ဒကိုပဲဦးစားပေးမယ် သူ့အတွက်ပဲတွေးနေမယ်ဆိုရင် မရွေးချယ်လိုက်ပါနဲ့
ချစ်နေယုံနဲ့မပြီးသေးပါဘူး၊အချစ်ကဘဝမဟုတ်ပါဘူး
ချစ်သူဘဝမှာမှ အဆင်မပြေမှုတွေများနေရင်
ချက်ချင်းရပ်တန့်လိုက်ပါ
နောင်တချိန်ပိုဆိုးလာဖို့ကိုယ်ထိလက်ရောက်ဖြစ်လာဖို့ပဲရှိပါတယ်
ထပ်တူမကျတာတွေများလာတဲ့အခါ
ခွင့်လွှတ်နိုင်ရမယ်စွန့်လွှတ်နိုင်ရမယ်
လွှတ်ချနိုင်ရမယ်
တစ်လောကလုံးမှာတစ်ယောက်ပဲမြင်ပြီးနောင်မှ
အိမ်ထောင်ရေးကံမကောင်းပါဘူးဆိုပြီးလွှဲချမနေနဲ့
ကျနော်တော့အိမ်ထောင်ရေးကံဆိုတာကိုလက်သင့်မခံဘူး
ကျနော်တို့မှာဆုံးဖြတ်ပိုင်ခွင့်ရွေးချယ်ခွင့်လူတိုင်းမှာရှိပြီးသားပါ
အချစ်တစ်ခုတည်းရှေ့တန်းတင်နေလို့မရပါဘူး
စစ်မှန်တဲ့ပျော်ရွှင်မှု
သာယာတဲ့အိမ်ထောင်ရေးတစ်ခုတည်ဆောက်ဖို့
ချစ်တဲ့အခါမှာရွေးချယ်တဲ့နေရာမှာ
နှလုံးသားတစ်ခုတည်းမဟုတ်ပဲဦးနှောက်နဲ့ယှဉ်တွဲဆုံးဖြတ်ရမယ်
နှလုံးသားနဲ့ချစ်ပြီး ဦးနှောက်နဲ့ဆုံးဖြတ်ပါ
ချစ်ခြင်းမေတ္တာနဲ့တကွနားလည်မှုပေးနိုင်မဲ့လူကိုစောင့်ပါ
လူရွေးမစောပါနဲ့
လူရွေးမှန်ဖို့ပဲလိုပါတယ်
Zaw
18/10/2025
#လူရွေးမှန်ဖို့လိုပါတယ်
အချစ်ကရိုးရှင်းပါတယ်
မင်းမှာငွေမရှိလည်း
ချစ်တဲ့လူကချစ်မှာပဲ
မင်းမှာရုပ်ရည်ရူပကာမရှိလည်း
ချစ်တဲ့လူကချစ်မှာပဲ
မင်းမှာငွေရှိလည်း
ဖောက်ပြန်တဲ့လူကဖောက်ပြန်မှာပဲ
မင်းမှာရုပ်ရည်ရူပကာရှိလည်း
ဖောက်ပြန်တန်လူကဖောက်ပြန်မှာပဲ
အချစ်ကရိုးရှင်းသလောက်
လူတွေကမာယာများပါတယ်
အသက်၂၀ကျော်လာရင် စဉ်းစားတတ်လာပါပြီ
သစ်ရွက်လှုပ်တိုင်း ရင်ခုန်လို့မဖြစ်တော့ဘူး
ပန်းကလေးတစ်ပွင့် စကားလေးတစ်ခွန်းနဲ့
ကြည်နူးနေလို့ မဖြစ်တော့ဘူး
အပေါ်ယံသာယာချင်းရဲ့နောက်ကွယ်က
တစ်ဖက်လူရဲ့စိတ်ရင်းမှန်ကိုလေ့လာဖို့လိုမယ်
ကိုယ့်ရှေ့မှာကောင်းပြနေသလောက်
တခြားလူတွေနဲ့အဆင်မပြေဖြစ်နေရင်
ကိုယ့်အပေါ်မှာရောစိတ်ရင်းမှန်နဲ့ဆက်ဆံတာမျိုးဖြစ်နိုင်ရဲ့လား အစစအရာရာတွေးမယ်
ရုပ်ရည်ကြောင့်မချစ်ပါနဲ့
ပကာသနာကြောင့်မတွယ်တာပါနဲ့
ရုပ်ရည်ပကာသနာကအကြောင်းအမျိုးမျိုးကြောင့်အချိန်မရွေးပြောင်းလဲပျောက်ကွယ်နိုင်တယ်
ယောကျာ်းလေးတစ်ယောက်ကဘာမှမရှိရင်တောင်ကြိုးစားချင်စိတ်ရှိရမယ်
မိန်းကလေးတစ်ယောက်ကြိုးစားချင်စိတ်မရှိရင်တောင်ဘယ်လိုအခြေအနေမျိုးမဆို
အနားကထွက်မသွားတဲ့စိတ်မျိုးရှိရမယ်
သူ့မှာအဲဒီလိုစိတ်မျိုးရှိလားအရင်လေ့လာပါ
ပြီးမှဆုံးဖြတ်ပါ
သေချာရွေးချယ်ပါ
လူတစ်ယောက်ကိုချစ်ပြီဆိုတာနဲ့အရင်ဆုံးပေးဆပ်လိုက်ရတာ အချိန်ပါ
အမြဲတမ်းမှမချစ်နိုင်ရင်ချစ်ရေးမဆိုပါနဲ့
အမြဲတမ်းအတွက်မသင့်တော်ရင်လက်မခံပါနဲ့
အမြဲတမ်းအတွက်မှမဖြစ်နိုင်ရင်အချိန်မပေးပါနဲ့
ပြန်မရနိုင်တဲ့အချိန်တွေပြန်မရနိုင်တဲ့နုပျိုမှုတွေ
နှမြောဖို့ကောင်းပါတယ်
စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုစစ်မှန်တဲ့လူဆီကပဲယူပါ
ကိုယ့်အတွက်မှမဟုတ်ရင်တစ်ယောက်ထဲနေလိုက်တာကပိုကောင်းပါတယ်
အရွယ်ရောက်လာရင်အလုပ်ကဖိစီးမှု
မိသားစု၊ဆက်ဆံရေးတွေရဲ့ဖိအားတွေရှိလာမယ်
အဲဒီလိုအချိန်မျိုးမှာမှအလိုက်မသိတတ်တဲ့
ချစ်သူမျိုးရှိနေရင် ထပ်ဆင့်ပူလောင်ရပါတယ်
သူ့ရဲ့ဆန္ဒတွေထက်
ကိုယ့်ရဲ့စိတ်ခံစားမှုကိုဦးစားပေးမဲ့
ရင်ဖွင့်လို့ရတဲ့ရင်ခွင်ကိုသာခိုလှုံပါ
နားလည်ပေးနိုင်မဲ့လူကိုသာရွေးချယ်ပါ
တချို့ကရှိတယ်
ကိုယ့်ကိုယ်တော့အရမ်းချစ်တယ်
ဒါပေမဲ့ဆက်ဆံရေးမှာတော့အမြဲတမ်း
သူ့ဆန္ဒကိုပဲဦးစားပေးမယ် သူ့အတွက်ပဲတွေးနေမယ်ဆိုရင် မရွေးချယ်လိုက်ပါနဲ့
ချစ်နေယုံနဲ့မပြီးသေးပါဘူး၊အချစ်ကဘဝမဟုတ်ပါဘူး
ချစ်သူဘဝမှာမှ အဆင်မပြေမှုတွေများနေရင်
ချက်ချင်းရပ်တန့်လိုက်ပါ
နောင်တချိန်ပိုဆိုးလာဖို့ကိုယ်ထိလက်ရောက်ဖြစ်လာဖို့ပဲရှိပါတယ်
ကျနော်တော့အိမ်ထောင်ရေးကံဆိုတာကိုလက်သင့်မခံဘူး
ကျနော်တို့မှာဆုံးဖြတ်ပိုင်ခွင့်ရွေးချယ်ခွင့်လူတိုင်းမှာရှိပြီးသားပါ
အချစ်တစ်ခုတည်းရှေ့တန်းတင်နေလို့မရပါဘူး
စစ်မှန်တဲ့ပျော်ရွှင်မှု
သာယာတဲ့အိမ်ထောင်ရေးတစ်ခုတည်ဆောက်ဖို့
ချစ်တဲ့အခါမှာရွေးချယ်တဲ့နေရာမှာ
နှလုံးသားတစ်ခုတည်းမဟုတ်ပဲဦးနှောက်နဲ့ယှဉ်တွဲဆုံးဖြတ်ရမယ်
နှလုံးသားနဲ့ချစ်ပြီး ဦးနှောက်နဲ့ဆုံးဖြတ်ပါ
ချစ်ခြင်းမေတ္တာနဲ့တကွနားလည်မှုပေးနိုင်မဲ့လူကိုစောင့်ပါ
လူရွေးမစောပါနဲ့
လူရွေးမှန်ဖို့ပဲလိုပါတယ်
Zaw
14/10/2025
#တစ်ရက်ချင်းကြိုးစားသွားပါ
ဘဝဆိုတာစာသင်ခန်းထဲကကျောင်းသားလိုပဲ
တစ်ရက်ချင်းကမသိသာဘူး
တစ်လကြာတဲ့အခါသိသာလာလိမ့်မယ်
တစ်နှစ်ကြာတဲ့အခါအဖြေထွက်လာလိမ့်မယ်
ကျောင်းသားဘဝမှာကိုယ့်ကိုကိုယ်ညာလိုက်လို့
အခွင့်အရေးရှိသေးတယ်
ဘဝမှာကိုယ့်ကိုကိုယ်ညာရင်တော့အခွင့်အရေးဆိုတာနောက်တစ်ခါမရှိတော့ဘူး
တနေ့တာပုံမှန်ဖြတ်သန်းသူနဲ့
တနေ့တာကိုလေးအနက်ထားကြိုးစားသွားသူ
အဲဒီလူနှစ်ဦးကြားကကွာခြားမှုက
နောက်5နှစ်မှာသိသာသာကွာခြားသွားတယ်
ပေါ့ပေါ့ပါးပါးဖြတ်သန်းမိတဲ့လူအနေနဲ့
နောက်၅နှစ်ကိုပြန်ကြိုးစားလို့မရဘူးလားဆိုတော့
ကြိုးစားလို့ရပါတယ် ဒါပေမဲ့
ကြိုးစားနေသူထက်၁၀နှစ်နောက်ကျသွားတယ်
ကျောင်းသင်ခန်းစာတွေကတစ်ရက်ကြိုးစားရင်
တစ်ရက်သိသာတယ်
ဘဝသင်ခန်းစာတွေကတော့တစ်ရက်ကြိုးစားယုံနဲ့
မသိသာဘူး
တစ်နှစ်ကြာမှသိသာလာရင်သိသာလာမယ်
နှစ်နှစ်ကြာမှလည်းသိသာရင်သိသာလာမယ်
အဓိကကတော့
တစ်ရက်ချင်းစီကိုကြိုးစားသွားဖို့ပါပဲ
တရက်ချင်းစီအားထုတ်မှုကတစ်နေ့မှာ
စမ်းတဝါးဝါးဖြစ်နေတာတွေထင်ထင်ရှားရှားမြင်လာလိမ့်မယ်
ခက်ခဲနေတဲ့အရာတွေလွယ်ကူလာလိမ့်မယ်
လွယ်ကူလာတဲ့အရာတွေကျွမ်းကျင်လာလိမ့်မယ်
ကျွမ်းကျင်နေတဲ့အရာတွေသပ်ရပ်လာလိမ့်မယ်
သပ်ရပ်လာတဲ့အရာတွေလှပါလာပါလိမ့်မယ်
တစ်ရက်ချင်းကြိုးစားပါ၊အချိန်ကိုတန်ဖိုးထားပါ
တစ်မိနစ်ကစတဲ့အလုပ်၁နာရီမှာ
ရုပ်လုံးပေါ်လာလိမ့်မယ်
တစ်ရက်ကစတဲ့အလုပ်တစ်နှစ်မှာအကောင်အထည်ပေါ်လာပါလိမ့်မယ်။
Zaw
02/10/2025
21/09/2025
#ကိုယ်ပိုင်စီးပွားရေးလုပ်မယ်
လက်ရှိလုပ်နေတဲ့အလုပ်ကတကယ်အသုံးချလို့ရရဲ့လား
လက်ရှိလုပ်နေတဲ့အလုပ်ကကိုယ့်အတွက် တွက်ခြေကိုက်လားဆန်းစစ်ပါ။
ကိုယ်ကကျွမ်းကျင်အဆင့်ရောက်နေရင်တောင်တချိန်မှာဒီပညာကိုအပြည့်အဝပြန်အသုံးပြုနိုင်မလား(ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်မလား)စဉ်းစားကြည့်ပါ။
လုပ်ငန်းရဲ့ပညာပိုင်းဆိုင်ရာမှာတဖက်ကမ်းခပ်တတ်ကျွမ်းပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ကိုယ်ပိုင်ဆိုင်ပြန်မဖွင့်နိုင်တဲ့ကျွမ်းကျင်အဆင့်ဝန်ထမ်းတွေများစွာရှိပါတယ်။
သူတို့ရဲ့လုပ်သက်ကျွမ်းကျင်မှုသက်တမ်းက
(၁၅နှစ်မှ၃၅နှစ်)အထိပျမ်းမျှရှိပါတယ်။
အဲဒါကိုသတိထားကြည့်လိုက်ရင်
ကိုယ်လုပ်နေတဲ့အလုပ်ကတကယ်ရောပြန်အသုံးချလို့ရပါ့မလား။
နှစ်တွေရင်းပြီးကိုယ်ပိုင်မလုပ်နိုင်ဘူးလားလို့
သွားဝေဖန်လို့လည်းမရပါဘူး။
ဥပမာ-လူတစ်ယောက်ကိုမင်းကတ်ကြေးညှပ်တတ်လားမေးရင်ငါညှပ်တတ်တာပေါ့လို့တန်းဖြေလိမ့်မယ်
ဒါဆိုမင်းကတ်ကြေးညှပ်တတ်ရင်
ဆံပင်ညှပ်ပြ|အကျီချုပ်ဖို့အဝတ်ကိုက်ပြ|ပန်းပင်ကိုငှက်ရုပ်ပုံဖြစ်အောင်လို့ညှပ်ပြလို့ပြောလိုက်ရင်တော့ကြောင်အမ်းအမ်းဖြစ်သွားလိမ့်မယ်။
#မဝေဖန်မိစေနဲ့
အဲဒီဥပမာလိုပဲပညာတစ်ခုရဲ့နယ်ပယ်ကိုကျယ်ကျယ်ပြန့်ပြန့်မသိပဲ
ကိစ္စတစ်ခုရဲ့အတိမ်အနက်ကိုမသိပဲ
အပေါ်ယံအမြင်နဲ့ဝေဖန်လို့မရပါဘူး။
တစ်စုံတစ်ယောက်ကိုဝေဖန်လိုက်ပြီဆိုတာနဲ့
ကိုယ်ကအကြီးဆုံးအမှားတစ်ခုကိုမှားလိုက်တာပါပဲ။
ဘာအကြောင်းနဲ့မှတစ်ခြားသူကိုမဝေဖန်မိပါစေနဲ့။
ဝေဖန်ခြင်းကမှားယွင်းခြင်းပါ။
#ငွေလားရွေးချယ်ခွင့်လား
ပိုက်ဆံနောက်ကိုမလိုက်မိစေပါနဲ့
ရွေးချွယ်ခွင့်နောက်သာလိုက်ပါ။
ဝန်ထမ်းဘဝမှာတနေ့တစ်သောင်းရတယ်
ငါကွမ်းယာဆိုင်ဖွင့်လို့ရောတနေ့တသောင်းမရဘူးလား။
ကယ်ရီဆွဲလို့ရောမရနိုင်ဘူးလား။
ဒါကထင်သာမြင်သာရှိတဲ့အနီးကပ်ဆုံးအလုပ်ကိုပြောပြတာပါ။
ဝန်ထမ်းဘဝမှာတနေ့သုံးသောင်းရရင်တောင်
ကိုယ်ရဲ့တပိုင်တနိုင်အလုပ်နဲ့တနေ့သုံးသောင်းရှာလို့ရတဲ့လုပ်ငန်းအသေးတွေများစွာရှိပါတယ်။
ဥပမာပြောရရင် ကယ်ရီဆွဲတယ်ဆိုပါစို့
ဝန်ထမ်းလုပ်ရင်တနေ့နှစ်သောင်းရမယ်
ကယ်ရီဆွဲရင်တနေ့နှစ်သောင်းရမယ်
နှစ်သောင်းရလိုက်တာခြင်းတော့အတူတူပဲ
ဒါပေမဲ့ရွေးချယ်ခွင့်၊ရပိုင်ခွင့်၊လွတ်လပ်ခွင့်တော့ကွာတယ်
ဝန်ထမ်းဘဝမှာအလုပ်ရှင်ရဲ့ဖိအားတွေရှိမယ်
ဝန်ထမ်းအချင်းချင်းကြားအဆင်မပြေတာတွေရှိချင်ရှိမယ်
အလုပ်ချိန်မှာမုန့်စားနေလို့မသလို
ဖုန်းကြည့်နေလို့လည်းမဖြစ်ပြန်ဘူး
အိပ်ဖို့ဆိုတွေးလို့တောင်မရတဲ့အခြေအနေပါ
ဝန်ထန်းဘဝကအချိန်နဲ့ငွေလဲလိုက်တဲ့သဘောပေါ့ဗျာ
ကိုယ့်ပိုင်ကယ်ရီဆွဲတဲ့အလုပ်က
မနက်ပိုင်းနဲ့တင်ကိုယ့်အတွက်
တွက်ချေကိုက်သွားရင်
နေ့တပိုင်းလုံးအိပ်နေမလား
အိမ်မှာလုပ်စရာရှိတာတွေလုပ်မလား
သွားစရာရှိတာသွား၊မလားစားစရာရှိတာစားမလား
လက်လှမ်းမှီတဲ့စီးပွားရေးတစ်ခုထပ်လုပ်မလား
အနီးစပ်ဆုံးကိုပြောပြတာပါတခြားရွေးချယ်စရာလုပ်ငန်းတွေလည်းရှိပါတယ်
ကိုယ်ပိုင်အလုပ်ဆိုတာကိုယ်ကြိုးစားရင်ကြိုးစားသလောက်ရတယ်။
ဖိအားမရှိ၊အချုပ်အခြယ်မရှိ၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ကိိုယ်ပိုင်လွတ်လပ်ခွင့်
ကိုယ့်ရဲ့အချိန်ကိုစိတ်တိုင်းကျစီမံခန့်ခွဲခွင့်ရှိတယ်။
#အချိန်ကိုတန်ဖိုးထားပါ
30ကျော်တဲ့အထိမစောင့်ပါနဲ့။
ကိုယ်တတ်ကျွမ်းတဲ့အလုပ်ကိုပြန်အသုံးမချနိုင်ရင်30ကျော်ထိမစောင့်ပါနဲ့။
ဝန်ထမ်းအများစုက30ကျော်မှကိုယ်ပိုင်စီးပွားစလုပ်ဖို့တွေးတယ်
တချို့ဆိုတွေးတောင်မတွေးမိဘူး။
ကိုယ်ပိုင်လုပ်ငန်းရှိတဲ့လူတွေကျတော့
30ကျော်လာရင်လုပ်ငန်းထဲကိုယ်တိုင်ထဲထဲဝင်ဝင်မပါချင်တော့ဘူး။
စစအကောင်အထည်ဖော်ချင်းချက်ချင်းအဆင်မပြေနိုင်ပါဘူး
ကျရှုံးတဲ့ချိန်ရှိမယ်လဲကျတဲ့အချိန်တွေရှိမယ်။
အသက်ငယ်လေပြန်ထဖို့အချိန်နဲ့အခွင့်အရေးပိုရှိတယ်။
ဘယ်နှစ်ကြိမ်လဲကျလဲကျပြန်ဖို့အချိန်ရှိတယ်။
30ကျော်လာရင်
လူငယ်တစ်ယောက်လိုလူခွန်အားစိတ်ခွန်အားမရှိတာ့ဘူး။
လွဲချော်မှာတွေကြောက်လာတယ်။
အဆင်မပြေဖြစ်မှာတွေကြောက်လာတယ်။
အဲဒီစိုးရိမ်မှုတွေကအသက်အရွယ်ကစကားပြောလာလိမ့်မယ်။
အသက်အရွယ်ဆိုတာကိန်းဂဏန်းတစ်ခုပါ။
အရင်းအနှီးများရင်အမြတ်များမယ်
ဖိအားများမယ်။
အရင်းအနှီးနည်းရင်အမြတ်နည်းမယ်
ဖိအားလည်းနည်းမယ်။
စီးပွားရေးအမြင်ဘယ်လောက်ရှိလဲ
ဘယ်လောက်ထိတွေးနိုင်လဲ၊အမျှော်အမြင်
ရှိလဲဆိုတာကအခရာကျပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်လေအကျိုးခံစားခွင့်အတွက်အချိန်ပိုရလေပါ။ဝန်ထမ်းဘဝဆိုတာကိုယ်လုပ်နိုင်နေ
သ၍ပဲငွေဝင်နေမှာပါ။
အကြောင်းကြောင်းကြောင့်ကိုယ်မလုပ်နိုင်တဲ့တနေ့ဝင်ငွေရပ်တန့်သွားမယ်ဆိုတာသတိထားပါ။
ကိုယ့်မှာစိတ်ချရတဲ့ငွေဝင်မဲ့လမ်းကြောင်းတော့ရှိထားဖို့လိုပါတယ်။
#ပညာသင်မလားအရင်းအနှီးရှာမလား
ကျနော်တို့ရွေးချယ်စရာနှစ်ခုရှိပါတယ်
ကိုယ်ပိုင်တဇင်ထောင်ဖို့ပညာကို
အချိန်ပေးပြီးတဖက်ကမ်းခက်သင်မလားဒါမှမဟုတ်ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုမှာလုပ်ရင်အရင်းအနှီးအတွက်ပိုက်ဆံစုမလား။
#ဘယ်လိုနေရာတွေမှာစုမလဲ
ပိုက်ဆံစုတဲ့နေရာမှာလက်ထဲငွေသားကိုင်ပြီးစုတာထက်အိမ်ခြံမြေ၊ရွှေဝယ်ပြီးစုတာကိုတိုက်တွန်းချင်ပါတယ်
မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနဲ့ဆိုပိုက်ဆံကိုင်ထားဖို့အဆင်မပြေပါဘူး
ကုန်ဈေးနှုန်းနှစ်ဆတတ်သွားတာကိုသတိထားကြည့်ရင်ကျနော်တို့လက်ထဲရှိတဲ့
ငွေတွေကအလိုလိုတန်ဖိုးကျသွားတာပါပဲ
အရင်10နှစ်ကစုလာခဲ့တာကျနော့်မှာသိန်း100ရှိတယ်ဆိုပါဆို့
လက်ရှိမြန်မာနိုင်ငံငွေဈေးဖောင်းပွမှုကြောင့်ကုန်ဈေးနှုန်းနှစ်ဆတစ်သွားတဲ့အခါသိန်း100ကနေပိုင်ဆိုင်မှုမှသိန်း50ကိုအလိုလိုနေရင်းတန်ဖိုးထိုးကျသွားတာပါပဲ
အဲဒါကြောင့်ပိုက်ဆံစုတာထက်အိမ်ခြံမြေ
ရွှေ
ဝယ်ပြီးစုတာကိုတိုက်တွန်းချင်ပါတယ်
#ငွေဝင်စေတာလားငွေထွက်စေတာလား
ပိုက်ဆံပိုနေလို့အိမ်တစ်လုံးဝယ်မယ်ဆိုပါဆို့
ကိုယ်တိုင်နေမယ်ဆိုပြင်ဆင်စရိတ်ရေဖိုး၊မီးဖိုးကြောင့်ကုန်ကျစရိတ်ရှိနိုင်တယ်
အိမ်အငှားတင်ရင်တော့နေ့စဉ်ငွေဝင်နေမှာပါ
ကိုယ်ဝယ်ယူလိုက်တဲ့အရာကဝင်ငွေလားထွက်ငွေလားဆိုတာခွဲခြားတတ်ဖို့အရေးကြီးပါတယ်
အဲတာကတော့ရင်းနှီးမြှပ်နှံ့မှုဘက်ကိုသွားတယ်
#အနာဂတ်အတွက်ကြိုကြိုးစားပါ
နိဂုံးချုပ်အနေနဲ့ကျနော်ကတော့
ကိုယ့်အတွက်မဟုတ်ရင်တောင်နောင်
မှာ
ကိုယ့်သားသမီးကို
ကျောင်းကောင်းကောင်းထားနဲ့ဖို့နဲ့
ကျူရှင်ဆရာကောင်းကောင်းခေါ်သင်နိုင်ဖို့ကြိုးစားချင်ပါတယ်
တခြားလူတွေကိုဖြည့်ဖို့ကြိုးစားရင်ကိုယ့်အတွက်အလိုလိုပြည့်နေပါလိမ့်မယ်
ကိုယ့်တုန်းကကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးကြိုးစားခဲ့ရပေမဲ့
မိဘအရွယ်ရောက်လာလို့
မိဘကဖူဖူလုံလုံရှိနေရင်ကိုယ့်ရဲ့သားသမီးကအလုပ်လုပ်တဲ့အခါရတဲ့လစာကိုမိဘကိုထောက်ပံ့ဖို့ထက်ကိုယ်တိုင်ရပ်တည်ဖို့သုံးနိုင်တယ်
သင်တန်းတွေတတ်ဖို့အချိန်ရမယ်
ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာလည်း
ကိုယ်ပိုင်စုငွေဒါမှမဟုတ်မိဘကလည်းအရင်းအနှီးထုတ်ပေးနိုင်တယ်
အရင်းအနှီးရှာဖို့အချိန်နည်းသွားသလို
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်းအချိန်ပိုရတယ်
မိဘတစ်ယောက်အနေနဲ့အောင်မြင်တဲ့လမ်းကြောင်းပေါ်အဆင်သင့်တင်ပေးနိုင်တယ်
#မျိုးရိုးဂုဏ်ကိုမြှင့်တင်ပါ
မိဘလက်ထက်ကသစ်အိမ်ဆောက်နိုင်ရင်
ကျနော်တို့လက်ထက်မှာတိုက်အိမ်ဆောက်နိုင်ရမယ်ကျနော်တို့သားသမီးလက်ထက်မှာအိမ်တစ်လုံကားတစ်စီးဒီထက်ကချင်မှလည်းကမယ်
အဲဒီလိုနဲ့ကိုယ့်ရဲ့မျိုးရိုးဂုဏ်ကိုမြှင့်တင်ပေးရမယ်
မျိုးဆက်တစ်ခုချင်းကိုမြှင့်တင်သွားရင်
ကိုယ်ကဆင်းရဲနွမ်းပါးတဲ့အခြေအနေကနေရှင်သန်လာခဲ့ရင်တောင်
ချမ်းသာကြွယ်ဝတဲ့မျိုးရိုးကိုပြောင်းလဲနိုင်ပါတယ်
ကိုယ့်လက်ထက်မှာကိုယ့်ရဲ့မိသားစုမျိုးရိုးရဲ့တန်ဖိုးကအရင်ကထက်ကျဆင်းသွားလား
ပိုမြှင့်တင်ပေးနိုင်လားဆိုတာသိဖို့လိုပါတယ်
အမျိုးကောင်းသားသမီးအဖြစ်ရှင်သန်ပါ
📝 Thiha Zaw
Click here to claim your Sponsored Listing.