Bagan Balloons Memories
Sharing Bagan Balloons Ride Memories
Bagan😇
03/06/2026
🎈ငါပါမှ ပြီးမှာလား
ကိုယ်မပါရင်
မပြီးနိုင်သေးတဲ့အချိန်မှာ
ကိုယ်ပါဝင်ရတာက တာဝန်ပါ။
ကိုယ်မပါလည်း
ဆက်သွားနိုင်ပြီဆိုရင်
“ငါပါမှ” လို့ စွဲနေခြင်းဟာ
တာဝန်မဟုတ်တော့ဘူး။
အတ္တ ဖြစ်လာတတ်ပါတယ်။
အလုပ်က ဆက်သွားနိုင်ရင်
ကိုယ့်နာမည် မကျန်လည်း
လုံလောက်ပါတယ်။
အလုပ်တစ်ခု ပြီးမြောက်ခြင်းဟာ
လူတစ်ယောက်တည်းကြောင့်
မဟုတ်ပါဘူး။
အကြောင်းအရာတွေ ပြည့်စုံလာလို့
အချိန်တန်လာလို့သာ ဖြစ်ပါတယ်။
လိုအပ်တဲ့အချိန်မှာ
ကိုယ်ပါဝင်နိုင်ခြင်းက
တာဝန်ဖြစ်သလို
မလိုအပ်တော့တဲ့အချိန်မှာ
ကိုယ်ဆုတ်ခွာနိုင်ခြင်းက
ပိုမိုမြင့်မားတဲ့
အသိဉာဏ်နဲ့
အစွမ်းသတ္တိ ဖြစ်ပါတယ်။
ဓမ္မဒူတ
ဒေါက်တာအရှင်ပညိဿရ
03/06/2026
🎈မနာလိုမှုမှ လွတ်မြောက်ခြင်း
မနာလိုမှုဆိုတာ
သူ့ကို မထိခိုက်စေဘဲ
ကိုယ့်စိတ်ကိုသာ ပူလောင်စေတဲ့
အမှုကိစ္စတစ်ခုပါ။
သူက သိချင်မှတောင် သိမယ်။
နေရင်းထိုင်ရင်း
ကိုယ်က အကုသိုလ်ဖြစ်၊
စိတ်မဲညစ်၊ ပူပန်ဆင်းရဲနေရတယ်။
သူ့ကံက
သူ့လမ်းကို လျှောက်နေသလို
ကိုယ့်ကံကလည်း
ကိုယ့်စိတ်ပေါ်မှာပဲ
တည်ဆောက်နေရတာပါ။
ကိုယ်မစွမ်းနိုင်တာကို
သူ စွမ်းနိုင်တာဟာ
အပြစ်မဟုတ်ပါဘူး။
လောကရဲ့ သဘာဝ
မညီမျှမှုသာ ဖြစ်ပါတယ်။
ဒီသဘောကို နားလည်လာတဲ့အခါ
မနာလိုဖြစ်တဲ့စိတ်က
တဖြည်းဖြည်း လျော့ပါးလာတယ်။
မနာလိုမဖြစ်ပဲ
ဝမ်းမြောက်နိုင်ခြင်းက
သူ့ကံကို မထိခိုက်စေဘဲ
ကိုယ့်ကံကို ကုသိုလ်ဘက်
ပြောင်းလိုက်တာပါ။
ဓမ္မဒူတ
ဒေါက်တာအရှင်ပညိဿရ
(02-24-2026)
မိုးလေးဖွဲတုန်းသိတရနေ 💦💦
27/04/2026
Category
Contact the business
Telephone
Address
Bagan
05132
Alerts
Be the first to know and let us send you an email when Bagan Balloons Memories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.