Beauty Treasure

Beauty Treasure

Share

100% ပစ္စည်းအမှန်/ဈေးနှုန်းအမှန်နှင့်သာရောင်းချပေးပါတယ်ရှင် 🤍

Photos from Beauty Treasure's post 28/08/2026

Foundation ဆိုရင်ထူပိန်းနေတာ မကြိုက်ဘူးဆိုတဲ့ မင်မင့်သဲလေးတို့အတွက် Hearty Heart Juicy Fruit Foundation ကို
Recommended ပေးချင်ပါတယ်

မင်တို့ဆီမှာ
No 1 Banana Pudding ( အသားဖြူ )
No 2 Cherry Berry Pie ( အသားလတ် )ဆိုပီးနှစ်ရောင်ရပါမယ်နော်

လုံးဝOxidized မဖြစ်ဘဲ ကြာလေမိတ်ကပ်သားတက်လေဆိုတဲ့ Foundation မျိုးရှာနေရင်တော့သူပါဘဲနော်

အရည်ကျဲကျဲTextureလေးမို့ ဆွဲရတာ အဆင်ပြေတယ်..
မိတ်ကပ်သားသိပ်သိပ်လေးနဲ့ ကြည်ကြည်ဥဥလေးဖြစ်နေစေမှာပါ

natural look /Daily look လေးကို ပေါ့ပေါ့ပါးပါးလေးကြိုက်တဲ့သူလေးတွေ အတွက် အရမ်းအဆင်ပြေပါတယ်

မလိမ်းခင်ဘူးလေးကို shake ပေးဖို့တော့မမေ့ပါနဲ့နော် 🫶

Photos from Beauty Treasure's post 28/08/2026

Hearty Heart ရဲ့ jelly lip pouch လေးတွေက ဘယ်နေရာမဆို သယ်သွားရလွယ်ကူတယ် 🤗

နှုတ်ခမ်းနီကို အရောင်အမျိုးမျိုးဆိုးချင်တဲ့သူတွေအတွက်လဲ budget save ဖြစ်တယ် 🍓

Long lasting ဖြစ်ပြီး အရောင်လေးတွေကအစ ဖြူဖြူညိုညို လိုက်ဖက်တာမို့

ဘယ်အရောင်မဆို မျက်စိမှတ်ရွေးချယ်လို့ရတယ်နော်

02/05/06/07 Instock 📌

Photos from Beauty Treasure's post 28/08/2026

ဒါလေးက Fake nails ကို အပျော်တပ်ချင်ရင်ဘဲဖြစ်ဖြစ် တပ်ပျော်တဲ့ ဈေးနှုန်းလေးနဲ့ 😍✨✨✨

ဈေးချိုပေမဲ့ Quality လေးအဆင်ပြေလို့ တပ်ပျော်တယ်ရှင်

hand made Q အကောင်း ရော ဒီလိုဈေးချိုတာလေးတွေရောရှိတာမို့

Fake nails ကြိုက်တဲ့ကောင်မလေးတွေ မင်မင့်ဆိုင်လေးကို လာမွှေသင့်နေပါပီနော် ✌️

12 ခုပါတစ်စုံ - 6500 ks ✅✅

Instock 📌📌

Photos from Beauty Treasure's post 28/08/2026

အဆီထိန်းပေးပြီး အပြစ်အနာအဆာကင်းလှပစေမယ့် Novo Flawless Foundation ✨✨

Concealer ပါပီးသားမို့ အပြစ်အနာအဆာတွေကိုဖုံးအုပ်ပေးပြီး

သူ့တမျိုးထဲနဲ့ ပါးပါးကြည်ကြည် Lookမျိုးလေးရစေပါတယ် 🍁

Medium Coverage လောက်ပေးပြီး

Long Lasting လဲ ဖြစ်တာမို့ အဆီပြန်အသားရေအပြင် Combination Skin ထိပါအဆင်ပြေပါတယ်နော်🍁

ကြည်ကြည်ဥဥ Flawless skinလေးရဖို့ဆို သုံးကိုသုံးပေးရမဲ့ Foundation လေးပါနော် 🫶

Instock 📌📌

Photos from Beauty Treasure's post 28/08/2026

Hearty Heart ရဲ့ play pencil လေးတွေလဲ အရောင်စုံ instock ရောက်ထားပါပီနော် 🥰🫶🫶

မျက်ဝန်းလှလှလေး တစ်စုံအတွက် တစ်ချောင်းလောက်တော့ ရှိထားသင့်တာလေးပါ 😍

အသားလေးက အိအိလေးမို့ ဆွဲရတာလဲ လွယ်ကူလျင်မြန်ပါတယ် ✨

27/08/2026

နှစ်ခုလုံး Instock 🫶

နေ့တိုင်း full makeup ကြီး မိတ်ကပ်လိမ်းဖို့ကျလည်း အဆင်မပြေတော့ လိမ်းထားသလိုလို၊ မလိမ်းထားသလိုလိုနဲ့ မျက်နှာလေး ဝင်းကြည်နေဖို့ ဒီ duo လေးကိုပဲ သုံးဖြစ်နေတယ်။

Primer လေးကတော့ သုံးဖြစ်တာ မကြာသေးပေမယ့် မဆိုးဘူး၊ သုံးပျော်တယ်။ လုံးဝမပါတာထက်စာရင် မိတ်ကပ်သား အတော်လေး ညီစေတယ်။ ချွေးပေါက်လေးတွေကိုလည်း အသင့်အတင့် blurring လုပ်ပေးတယ်။ Matt primer ဆိုပေမယ့် တအားခြောက်သွားတာမျိုး မဟုတ်ဘဲ normal to oily သမားဆို အဆင်ပြေနိုင်ပါတယ်။

BB cream ကတော့ သုံးဖြစ်တာ နှစ်ဘူးမြောက်ကို ကုန်ခါနီးပြီ။ တစ်ရောင်ထဲထွက်ပြီး အရောင်က အနည်းငယ် လင်းလွန်းတော့ အသားအရောင်နဲ့မကိုက်မှာ စိတ်ပူခဲ့ပေမယ့် brush ထိပ်ပြားလေးနဲ့ ဖြန့်ပြီး puff နဲ့ ဖိပုတ်လိုက်ရင် အသားထဲ စိမ့်ပြီး တစ်ညီတည်း ဖြစ်သွားတာလေး ကြိုက်မိတယ်။ ကြာလေ မိတ်ကပ်သားတက်လေမို့ နဂို skin ကောင်းနေသလို finish look မျိုးရတယ်။ Coverage ပိုရချင်ရင် သူ့အပေါ်က concealer or cushion ထပ်လိုက်လိုက်တယ်။

လတ်တလော daily makeup pouch ထဲမှာတော့ ဒီ၂ဘူးကတော့ မရှိမဖြစ်ဘဲ၊ ကုန်ရင်လည်း ထပ်ဝယ်ဖြစ်ဦးမယ်။ 🤭❤️

Your Skin Sis,
Air~

Photos from Beauty Treasure's post 27/08/2026

Rare beauty ရဲ့ Dupe လို့တင်စားကြတဲ့

Sasi sugar rush vol2 lip tint✨🫰🫰

ထိုင်းမှာအရမ်း review တွေ hotနေတာလေး ✨

Sasi က quality ကတော့အထူးပြောစရာမလိုတော့ဖူး

ဒီ series လေးဆိုလဲ ဆိုးလိုက်ရင် စိုစိုအိအိလေးနဲ့

oil tint ပုံစံမျိုးဘက်သွားတယ်

နှုတ်ခမ်းနီကို long lasting ဖြစ်တာမှကြိုက်တယ်

နှုတ်ခမ်းခြောက်တာလဲ မလိုချင်ဘူးဆို ဒါလေးယူနော်

သူကနှုတ်ခမ်းလဲ မခြောက်ဘဲ long lasting ဖြစ်တယ်

color ထွက် လဲမှန်တယ်ရှင်

No -10 လေး တစ်ရောင် Instock ရပါမယ်ရှင် 🫶

Photos from Beauty Treasure's post 27/08/2026

Cosrx salicylic acid foam cleanser ❤️✨

အဆီပြန် အဆီဖု နီမြန်းယောင်ယမ်းတတ်တဲ့ ဝက်ခြံသမားတွေအတွက်

အဆီနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးနိုင်ပီး

သစ်ပီးရင် စိုစိုအိအိလေးကျန်စေတဲ့ cleanser လေးပါရှင်

ance တေွကိုသက်သာစေပီး ချွေးပေါက်တွေထဲထိ သေချာလေး deep cleansing လုပ်ပေးနိုင်တာမို့

ချွေးပေါက်ပိတ်ပီး အဆီဖုဖစ်တာမျိုးတွေကို လုံးဝသက်သာစေပါတယ်

150 ml -49000 ks

Instock 📌

Beauty Treasure
အမှတ်(571) မှော်ကန်(1) လမ်းထိပ် မဂ္ဂတစ်လမ်းမကြီး ပဲခူးမြို့

ဆိုင်ဖွင့်ချိန် - 9:00 am to 7:30 pm

27/08/2026

Customer အန်တီကြီး - ဆိုင်ရှေ့ကနေ ဆိုင်ကယ်ပေါ်ကနေပြီး "" သမီးရေ ရပီလား ဘဲခေါင်းစိမ်း ""

ဆိုင်က ကလေးတွေ - မရသေးဘူး အန်တီ

နောက်တနေ့ ....

အဲ့လိုဘဲ "" သမီးရေ ဘဲခေါင်းစိမ်းရောက်ပီလား ""

Me - ဟဲ့ဟဲ့ သူမေးတဲ့ ဘဲခေါင်းစိမ်းဆိုတာ ဘာလဲ 🤨

ဆိုင်က ကလေးတွေ - bella မိတ်ကပ်ထုပ်ကိုပြောတာလေ အမ

Me - 🥲🥲🥲

အံ့အံ့နဲ့မှ ဩဩပါရှင် သူတို့အခေါ်အဝေါ်နဲ့ သူတို့တော့ ဟုတ်နေတာဘဲ

bella thanakha foundation No.02 ကို ဘဲခေါင်းစိမ်းရောင် အထုပ်နဲ့မို့ ဘဲခေါင်းစိမ်းလို့ ခေါ်တာပါတဲ့

အဲ့မှာ ကိုယ်လဲ အော် ... ဒါ ဘဲခေါင်းစိမ်းရောင်လား တဖြတ်တကဒ် အသိပညာလေးရလိုက် 🤣🤣🤣

ရောက်ပါပြီလို့ ပစ္စည်းပြတ်နေတဲ့ ဘဲခေါင်းစိမ်းလေး 😁😁😁

Photos from Beauty Treasure's post 27/08/2026

R3 oil လေး နှစ်ရောင်ပြန်ရောက်

Hair oil တွေထဲ ဘယ်သူမှကျော်လို့မရတဲ့ ကေသီ ...

အမြဲ best seller 🫶✨

ဆံသားကို ဝပ်ဆင်းပုံကျစေပြီး Shine ဖြစ်စေတယ်

light weight ဖြစ်တဲ့ texture ကြောင့် စေးကပ်ခြင်းမရှိဘဲ လိမ်းလို့အရမ်းကောင်းတယ်

အနံ့လေးတွေကအစ သင်းပြီး fresh ဖြစ်တဲ့ အနံ့လေးတွေချည်းဘဲ

ဈေးသင့်ပီး q အမိုက်စားနဲ့ တစ်ဝကြီးသုံးရတာမို့

အမြဲ best seller ပါဘဲရှင် 🥰❤️

Instock

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 571, Hmaw Kan 1st , Magadid Road
Bago

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00