Sweet Smile Online Shop
Clothing (Brand),Beauty, Cosmetics & Personal care
04/11/2021
စီးပွားရေး နဲ့အကြွေး
*****************
လုပ်ငန်းတိုင်း အကြွေးရှိကြသလို၊ အကြွေးတိုင်း မကောင်းဘူးလို့ပြောလို့မရပါ။
လုပ်ငန်းကြီးလာသည်နှင့်အမျှ အကြွေးဆိုတာရှောင်လွဲလို့မရ ပုံစံအမျိုးမျိုးနဲ့ရှိကြပါတယ်။
ငွေကြေး ကို သီးသန့်ချေးမှ အကြွေးမဟုတ်ပါ။
Consignment ဆိုတာအကြွေးပါပဲ။
Drop-Shipping ဆိုတာလဲအကြွေးပါပဲ။
Account payable ဆိုတာလဲအကြွေးပါပဲ။
Hire purchase ဆိုတာ အကြွေးပါပဲ။
Mortgage တို့ဆိုတာအကြွေးဖြစ်ပြီး..
ဟိုဘက်ကို ငွေချေမယ်ပြောပြီး ဒီဘက်နဲ့လည့်ဝယ်တဲ့ပွဲစား လဲ အကြွေး နဲ့လုပ်တာပါပဲ။
အကြွေးဆိုတာ ငွေကြေးပုံစံနဲ့ရှိသလို၊ ကုန်ပစ္စည်းပုံစံ၊ ဝန်ဆောင်မှု ပုံစံနဲ့လဲရှိတတ်ပါတယ်။
အကြွေး ကို Finance ပညာရပ်မှာ Leverage (ကုတ်အား) လို့ခေါ်တာအကြောင်းရှိပါတယ်။ Lever ဆိုတာ ကုတ် ဒုတ်ချောင်း ကိုခေါ်တာပါ။ ကုတ်ဆိုတာ ကိုယ်တစ်ဦးတည်းမရွှေ့နိုင်တဲ့ကျောက်တုံးကို ကုတ်အားသုံးပြီး မ လို့ရပါတယ်။ရွှေ့ လို့ရပါတယ်။
ဒါပေမယ့် အချက် ၂ ချက်ပေါ်မူတည်ပါတယ်။
၁။ ကုတ် ဒုတ်ချောင်း ရဲ့အတို၊အရှည် ပမာဏ
၂။ ဆုံချက် (Fulcrum) ရဲ့နေရာအပြောင်းအလဲ ဆိုတဲ့အချက်ပေါ်မှုတည်ပါတယ်။
"အကြွေးဆိုတာ သုံးတတ်ရင် ကုတ် လိုဖြစ်ပြီး၊
မသုံးတတ်ရင် ဂုတ် ပေါ်က ထွန်တုံးလို လေးတတ်ပါတယ်။"
အကြွေးရဲ့အတိုအရှည်၊အနည်းအများ ကို ကြည့်ဖို့ဆိုတာ ကိုယ့်စီးပွားရေးရဲ့အညွန်းကိန်းတွေကို သိဖို့လိုပါတယ်။
ဘယ်လိုအညွန်းကိန်းတွေလဲဆိုတော့..
Total Debt Ratio
Long-term Debt Ratio
DE ratio
ကိုယ့်လုပ်ငန်းရဲ့အကြွေးပေးနိုင်စွမ်း ကိုပြတဲ့ညွန်းကိန်းတွေက ...
Time Interest Earned
The Cash coverage
ညွန်းကိန်းတွေကိုမသိဘူး၊ ညွန်းကိန်းတွေကပြောပြတဲ့အကြောင်းအရာတွေကို မသိဘူးဆိုရင်တော့..
ကားအင်ဂျင်ဝိုင်ကို တံမြတ်စည်းရိုးနဲ့ထိုးတိုင်းသလိုပဲ ရှိမှန်းတော့သိတယ်၊နည်းလားများလား၊ကောင်းလားဆိုးလား တိတိကျကျမသိသလိုပါပဲ။
ဒါကြောင့် ... ကိုယ့်လုပ်ငန်း.... အကြွေးတွေ ကြောင့် စုံးမြုပ်နှစ်သွားမလား၊ မြောက်တက်ကြီးထွားအကျိုးများမလား၊ ဆိုတာ ( ဒုတ်ချောင်းရဲ့အတိုအရှည် နဲ့ဆုံချက်တည်နေရာ ) ဆိုတဲ့အချက် (၂) ချက်ပေါ်မှုတည်နေပါတယ်။
အကြွေးရှိတိုင်းမကောင်းတာမဟုတ်ပါဘူး။ ကျားကြီး ခြေရာကြီးပါ။
အမှန်တော့ လူတိုင်းက မွေးလာကတည်းက....မိဘကြွေးဆိုတာ ရှိပြီး .အကြွေးနဲ့မွေးလာကြတာပါ။
အကြွေးရှိတာကိုက လူဖြစ်ကြောင်းသက်သေပြနေတဲ့အချက်ဖြစ်ပြီး ဂုဏ်ယူစရာပါ။ လူသားဆန်တဲ့အရာပါ။
ပြန်မဆပ်မှသာ .. ရှက်စရာပါ။
ပြန်ဆပ်ရင်တော့.. ရှက်စရာမဟုတ်ပါဘူး။
ရှိခြင်း၊ မရှိခြင်းဆိုတာ ...
ဆပ်ခြင်း၊ မဆပ်ခြင်း နဲ့မဆိုင်ပါဘူး။
ရှိပြီး .. မဆပ်မှသာ .. ရှက်စရာပါ။
(မိဘကျေးဇူးလိုပါပဲ)
ရှိပြီး .. ဆပ်နေသူများအဖို့.. ဂုဏ်ယူသင့်ပါကြောင်း..အတွေးလေးတစ်ခုကို မျှဝေလိုက်ရပါတယ်ခင်ဗျာ။
အမြင်တိုး၊အကျိုးများ ကြပါစေ။
#မာသင်
#တွေးမိတာ.. ရေးမိသည်
သင့် မှာ တုတ် (ကုတ်အား) ရှိပါသလား ?
07/10/2021
ခေါင်းကိုက်တယ်ပဲ အလွယ်ပြောလိုက်ပေမယ့် တကယ်တမ်းက ကိုက်တဲ့နေရာ၊ အကြောင်းရင်းတွေမတူတဲ့ အမျိုးအစားတွေကွဲပြားတယ်ဆိုတာလေး ဆက်ပြီးပြောပြချင်ပါတယ်။ အဖြစ်များကြတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားတွေထဲက (၉) မျိုးကိုလေ့လာကြည့်ရအောင်။ ကိုယ်ဖြစ်ဖူးတာတွေ အများကြီးပါနေတာတွေ့ရပါလိမ့်မယ်။
အဖြစ်အများဆုံး ခေါင်းကိုက်ခြင်း တွေကို သင်ဘယ်လိုသိနိုင်မလဲ - Hello Sayarwon ခေါင်းကိုက်ခြင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲကမှ အဖြစ်အများဆုံး ၉မျိုးကို ရှင်းပြထားတာ ဖြစ်ပါတယ်။ ခေါ....
07/10/2021
သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲ ခံတွင်းနံ့ ဆိုးစေတဲ့ ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် Tonsil stone တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ……. ဆိုတာကို ပြောပြပေးသွားပါမယ်။
Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ....... Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ....... ဆိုတော့ အခုလို ဖယ်ရှားလိုက်ပါ။ Tonsil stoneတွေက သေးငယ်တယ်ဆိုရင်အခုလိုလေး ဖယ်ရှားလို့ ....
04/09/2021
ဘာကြောင့် Heawon သွားတိုက်ဆေးကိုရွေးချယ်ရသလဲ??
Haewon သွားတိုက်ဆေးသည် ဆေးဖက်ဝင် ၉ မျိုးပေါင်းစပ်ထုတ်လုပ်ထားသောသွားတိုက်ဆေးဖြစ်ပါသည်။
တစ်ချိန်တည်းမှာပဲ သွားတိုက်ဆေးအဖြစ်အသုံးပြုနိုင်သည့်အပြင် ပလုတ်ကျင်းဆေးရည်အဖြစ်လဲအသုံးပြုနိုင်သည့် 2 in 1 သွားတိုက်ဆေးဖြစ်ပါသည်။
100% သဘာဝစစ်စစ်ထုတ်ကုန်များကိုသာအသုံးပြုထားတဲ့အတွက်ကြောင့် သွားကြွေလွှာကိုမပျက်စီးစေပါ
အသက်အရွယ်မရွေး ကလေးလူကြီးပါအသုံးပြုနိုင်ပါသည်။
100 % အာမခံ ဂျုံမှုန့်/ သကြားဓာတ် လုံးဝမပါ
တကယ့်သွားတိုက်ဆေးအသားစစ်စစ်ဖြစ်ပါသည်။
အကျိုးအာနိသင်ကောင်းသည်။ ပဲစိမ်းအစေ့ပမာဏလောက်သာညှစ်ထုတ်လိုက်ရုံနဲ့ ခံတွင်းတစ်ခုလုံးကို သန့်ရှင်းစေပါသည်။ တစ်ဗူးကို အကြိမ်ပေါင်း 500 ကျော်အသုံးပြုနိုင်ပါသည်။
တန်သည်၊ စျေးတော်သည်၊ အရည်အသွေးလဲပြည့်စုံသည်။
ာဝဆေးပင်သွားတိုက်ဆေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bago