hanar mum

hanar mum

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from hanar mum, Health/Beauty, Mazin (1)road, Bago.

30/11/2024

ဟို ဆီညှော်ခံ ဆီဂျီးတက်နေတဲ့ ညီမလေး မွှေလိုက်တာ တနိုင်ငံလုံးက ကလေးတွေ ကျောင်းမတက်တော့ဘူး ဆိုတာချဥ်းဘဲ
နဂိုကတည်းက ရိုက်ခတ်မှုပေါင်း တသိန်းနဲ့ ပညာရေး
တခုဘဲရေးချင်တာ
၈တန်းအောင်တဲ့ လူက ၈တန်းအောင် အဆင့်နဲ့ ညီမျှတဲ့ စကားမျိုးဘဲ ပြောတတ်တယ်
သူလည်း ဒုတိယ နှစ်ထိ သာ တတ်ခဲ့ဖူးတော့
ဘွဲ့ရတာ မဂ်လာဆောင်ဖိတ်စာ တွက်ဘဲ အသုံးဝင်တာလို့ ပြောတာ မဆန်းတော့ မဆန်းပါဘူး
ကံ ဥာဏ် စန်း နဲ့ ပေါင်းစပ်ပြီး အောင်မြင်လာတဲ့ အောင်မြင်မှုသေးသေးလေးပေါ် ခုံမင်တယ်လို့ဘဲ
မြင်တယ်
ဘွဲ့ရ/ဘွဲ့လွန် တွေ ဝင်ငွေ သိန်းထောင်ချီပြီးရှာနေတာ သူမသိရှာဘူး(သူကျွမ်းကျင်တဲ့ အပိုင်းလည်း မဟုတ်ဘူးလေ)
အဲ့လိုရှာနေတဲ့ လူတွေက ရှိတာလည်းလူမသိသလို
လူသိလည်း မခံဘူး(ဆင်ခြင်တုံ့တရားရှိတယ်လေ)

အဲ့မို
အတွေးမမှားနဲ့
အားသွားမကျနဲ့
စာတတ်အောင်သင်
ဒီနိုငိငံမှာ မွေးဖွားလာဖြစ်ရင်
ဒီနိုင်ငံက ဘွဲ့ တခုတော့ ရအောင် ယူထား
ဘယ်လိုခောတ် စနစ်ဘဲ ပြောင်းပြောင်း ကိုယ်ဥာဏ်ရှိသလောက် ကွတ်မြူးလို့ ရတယ် အဲ့ဒါဘဲ တိုက်တွန်းချင်တာ
ကျန်တဲ့ အလုပ်တွေက ဘယ်ချိန်ဖြစ်ဖြစ်ထလေ့လာလို့ ရတယ်(ပညာရွှေအိုး လူမခိုးဘဲ ပညာနဲ့ဘဲ သက်တောင့်သက်သာ အသက်မွေးစမ်းပါ)
လမ်းပျောက်နေတဲ့ လူငယ်တွေ
ဝါးကူထိုးပေးလိုက်တဲ့ ညီမလေးနဲ့ တကွ အပေါင်းအဖော်တွေလည်း ကျေးဇူး
ကိုယ်လည်း မနေနိုင်လွန်းလို့ ရေးသည်✍️

20/10/2023

#မနာလိုအားကျ စိတ် နဲ့
#မဖြစ်ညစ်ကျယ် မာန

တစ်သက်လုံး လက်ကိုင်မထားသင့်တဲ့ စိတ်ဓာတ်နှစ်ခုလို့မြင်မိတယ်

ကျွန်မကတော့
အဲ့လိုစိတ်ဓာတ်ကို ဘယ်သောအခါမှ မမွေးမြူမိအောင်ကိုယ့်စိတ်ကိုယ် ဆုံးမသွန်သင်ရင်း နေတယ်

လူတစ်ယောက် ဟာ
ကိုယ်လိုက်မမှီနိုင်တဲ့ အခြေနေတစ်ရပ်မှာ ရောက်နေရင်
ဝေဖန်ပိုင်ခွင့်/တိုက်ခိုက်ပိုင်ခွင့် ရှိတယ်
သူများ privacy ထိခိုက်အောင် မနာလို ခြင်းမျိုးမဟုတ်ရင်တောင် မနာလိုခွင့်ရှိတယ်
(လူသားလေ အဲ့မို့ ရသေးတယ်

#မနာလို အားကျ စိတ်ကတော့ ယုတ်မာလွန်းတယ်လို့ထင်တယ်
#မနာလို အားကျ စိတ် ဖြစ်ပေါ်နေတဲ့ လူတွေဟာ
တပါးသူတစ်ယောက်ရဲ့ အကျိုးစီးပွားအရပ်ရပ်ကို
တမင်ရည်ရွယ်ချက် ရှိရှိတိုက်ခိုက် လိုသောသူမျိုးတွေ/
(ကိုယ်ကျိုးမဲ့ တိုက်ခိုက်ခြင်းမျိုးကို ဆိုလိုတယ်)
အရမ်းသေးသိမ်ပြီး အောက်တန်းကျလွန်းလို့
တစ်သက်လုံးစာ မပေါင်းသင်းအပ်တဲ့ လူတွေလို့ ထင်မြင်မိတယ်✍️

#မဖြစ်ညစ်ကျယ် မာန
ကိုယ်စွမ်းကိုယ်ဆ အရည်အချင်းနဲ့ ထားသင့်အပ်တဲ့ မာန/ကိုက်ညီတဲ့ မာန ဆိုတာ လူတိုင်းမှာ ကိုယ်စီရှိတယ်

ကိုယ်ထားတဲ့ မာန ဟာ
ကိုယ့်အရည် အချင်း/လုပ်ဆောင်ချက်တွေနဲ့ လားလားမှ အံ့ဝင်ခွင်ကျ မဖြစ်ရင်တော့ ကျိန်းသေတယ် အဲ့ဒါ #မဖြစ်ညစ်ကျယ် မာန ဘဲ

အဲ့လို မာန သမားတွေ ဟာ ဘယ်တော့မှ ပန်းတိုင် မတွေ့တတ်ဘူး(ကိုယ်တော့ အဲ့လိုမြင်မိတယ်)

ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်စွမ်းကင်းမဲ့ နေတဲ့
ခပ်ချော်ချော် လူစားမျိုးတွေ လို့ တကယ်မြင်မိတယ်

တက်လမ်းတွေ လွဲချော်ပြီး
ဘာမဟုတ်တဲ့ #မာန တစ်ခုကြောင့် ပျက်စီးရာ သာ ရလိမ့်မယ်လို့သာ ဆင်ခြင် လို့ ကိုယ်တော့ အဲ့လိုမာနမျိုးမထားဘူး
ထားနေတဲ့ လူတွေကိုလည်း
မတက်သာလို့ ပေါင်းသင်းရရင်တောင် စိတ်နှစ်ကိုယ်နှစ်မပေါင်းဘူး

အများအားဖြင့်
#မဖြစ်ညစ်ကျယ် မာန နဲ့လူတွေဟာ
တော်ရုံလည်း လမ်းတည့်ပေးလို့ မရပြန်ဘူး

ပျင်း၍ရေးသည်

28/09/2023

ငွေနောက်လိုက်ရင်း အလိုလို
ရှာမရတော့တဲ့ မေတ္တာတွေ ရှိပါ့

ပြန်မရတော့တဲ့ အချိန်တွေ

ပြုလုပ်ခွင့် မရှိတော့တဲ့ လစ်ဟာမှုတွေ

ကုန်ဆုံးသွားတော့မဲ့ နုပျိုခြင်းတွေ

အလေးအနက်မရှိတော့တဲ့ ဘာသာတရားတွေ

အိပ်မပျော်နိုင်တဲ့ အတ္တစွဲတွေ--------------
----------
-------------------

(တဖြည်းဖြည်း များလာခဲ့မယ် ဆိုရင်)

ငွေဘယ်လောက် ရရ
မတန်ဘူးလို့ ကိုယ်တော့ ထင်တယ်

အရမ်းပင်ပန်းပြီး ဘာခိုလှုံ့စရာ မှ မရှိတဲ့ အခိုက်အတန့်တွေ ကို # ကြိုးစားရှင်သန်ခြင်း ဆိုတဲ့ ခေါင်းစဥ်ကြီးအောက် အတင်းမသွတ်သွင်းချင်ဘူး

တခါတလေ
#ငွေ ဆိုတဲ့ အရာကြီး ရဲ့ ဟားတိုက် လှောင်ရယ်မှုတွေကိုကိုယ်မခံစားနိုင်ဘူး
သို့သော်
လက်တွေ့ ဘဝ တွက်
100% နီးပါး အရေးပါနေတဲ့ ဒင်း ကို
မုန်းမုန်း နဲ့သာ ချစ်နေရပါတော့တယ်✍️

28/08/2023

"ကျွန်တော် ဘာမှ မတောင်းဆိုချင်ဘူး"
တောင်းဆိုမှုတွေ လစ်လှူရှု ခံရတဲ့ အခါ
အရင်င်ဆုံး ထိခိုက် ဝမ်းနည်း ရသူူဟာ ကျွန်တော်ဘဲမို့

နှုတ်ဆိတ်ခဲ့တယ်
ငြိမ်သက်ခဲ့တယ်
တည်ငြိမ်စ ပြုလာပီ
ကျွန်တော့် တန်ဖိုးတွေ နားမလည်တဲ့ လူတွေရှေ့မှာပေါ့

ကျွန်တော် ပျော်မယ်ထင်တဲ့ အရာတွေ
ကြိုးစားလုပ်ဆောင်ဖြစ်တယ်
ကျွန်တော် မနေချင်တဲ့ ရပ်ဝန်းတွေနဲ့ အဝေးဆုံးပြေးထွက်ကြည့် တယ်
ကျွန်တော် မကြားချင်ဆုံး အသံတွေနဲ့ ဝေးရာမှာ
ကျွန်တော် အဖော်မဲ့စွာလည်း နေထိုင်တတ်ခဲ့ပြီ

အထီးကျန်တယ် ဆိုတာ တကယ်တော့ အရသာ
သိမ့်ရှိတာဗျ
တိတ်ဆိတ်ခြင်းရဲ့ အဆုံးသတ်တွေကို ကျွန်တော်ကြိုက်တယ်
ဦးနှောက်တစ်ခု လုံး ရှင်းထုတ်လိုက်ပြီး
အသစ်အသစ်တွေ ထပ်ထည့့်ရတာ ကျွန်တော်နှစ်သက်တယ်
ကျွန်တော် ထမ်းဆောင်ရမဲ့ တာဝန်တွေကို မေ့နေတာ မဟုတ်ဘူး
ကျွန်တော်ကိုယ်တိုင်ကိုယ်က လုပ်ရိုးလုပ်စဥ်တွေကိုငြီးငွေ့လာခဲ့တာရယ်ပါ

နေရာ အသစ်
ပုံစံအသစ်
ကျွန်တော် မဟုတ်တဲ့ ကျွန်တော် အသစ်နဲ့
ကျွန်တော် အစပြုမယ်
ကျွန်တော့် ကို အမြဲတန်ဖိုးထားပေးနိုင်မဲ့ လူတွေဆီမှာပေါ့

30/07/2023

ကိုယ်က ဒုက္ခ လို့ မတွေးသ၍ ဒုက္ခ ဆိုတာကြီး
ကိုယ့်ဆီ ရောက်မလာဘူး ဆ်ိုတာ ယုံတယ်

ကိုယ့်ဘက်က မယုတ်မာ သ၍
ဘယ်သူ ယုတ်မာ ယုတ်မာ ကိုယ်မခံရဘူး ဆိုတာယုံတယ်

ကိုယ်က ကံကိုယုံပြီးလည်း ဆူးပုံမနင်းတက်သလို
ဘယ်သော အခါမှ ဘဝမမေ့တတ်တဲ့ လူတယောက်မို့
အနေအစားလည်း မချောင်ဘူး
အမြဲ ရုန်းကန်နေရတယ်
အဲ့လို ရုန်းကန်ပီး # ငါဒါတွေ လုပ်နိုင်တယ် လို့ ပြောရတာကို ကျေနပ်တာ(မုန့်မစား ရရင် နေပါ ကိုယ်ဘယ်တော့မှ ငိုတတ်တဲ့ ကလေး မဖြစ်ချင်ခဲ့ဘူး)

ဘာသာ တရားကိုလျှစ်လျှူမရှုဘူး
ဘာသာရေး အယူသည်းမှု မရှိဘူး

ကိုယ်ဟာ ကိုယ်ဘဲ
တခြားသူ တစ်ယောက်မဟုတ်လို့
တစ်ခြားသူတွေနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေဘူးဖူး

ကိုယ်လုပ်ရပ်မှန်/မမှန် လူသိဖို့ မလိုဘူး
ကိုယ်သိဖို့သာ လိုတာမို့
ကိုယ့်အကြောင်း သပုတ်လေလွင့်ပြောတဲ့ လူတွေက
ကိုယ်နဲ့ မျက်နှာချင်း မဆ်ိုင်ရဲ ပြန်ဘူး

ကိုယ့်အပေါ် မကောင်းခဲ့တဲ့ လူတွေ ကို
ပြန်ကောင်းရအောင်လည်း ကိုယ်ဟာ ပါရမီ ပြည့်ဝမနေဘူးကွာ

ကိုယ်မမှန်ရင် မပါတ်သပ်နဲ့
လူဆိုတာ ကိုယ့်သဘောကိုယ် ဆောင်တာ လေကွာ

အတ္တ မရှိတဲ့ လူ
လောဘ မရှိတဲ့ လူ ရှိလား ရေးခဲ့

မတော် လောဘ
မတ္တရား အတ္တ မဟုတ်ရင် ပြီးတာ ပါဘဲ

မှီပြီးတက်ရတဲ့ ဘယ်အမြင့်မှ ကိုယ်မကြိုက်ဘူး
ကြည့်ထား ကိုယ်ထူ ကိုယ် ထပြီး တက်ပြမယ်💪

08/07/2023

စိတ်မဆိုးနဲ့နော်! ဆိုပြီး
ဖေးမသလို
ကဲ့ရဲ့သလို
နားလည်ပေးသလို ဘာလိုလိုနဲ့
တပါးသူရဲ့ လွတ်လပ်စွာ ပေါက်ကွဲလိုစိတ်တွေကို သွားမကန့်သတ် လိုက်ပါနဲ့

ကိုယ် ပြုမှု လိုက်တဲ့ အပြုအမှုက ငါသာဆိုရင်ရော စိတ်ဆိုးမှာဘဲမို့လား?
ပေါက်ကွဲမိမှာဘဲ မို့လား? လို့ အရင် ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်စေ့ချင်တယ်

တဘက်က
ခံလည်း ခံလိုက်ရတယ်
ရှေ့က စကားခံပြီး #စိတ်မဆိုးနဲ့နော် ဆိုတော့
အောင့်သက်သက်ကြီးလေဟာ

စိတ်ဆိုးရမဲ့/စိတ်ခုရမဲ့/ပေါက်ကွဲရမဲ့ အခြေအနေကြီးကိုတောင် လိုက် စိုးမိုးရင်း စိတ်မဆိုးပါနဲ့ လို့တော့ လာလာမကန့်သတ် ကြပါနဲ့

ပုထုဇာဥ်လေ ဟာ
လူသားဟ လူသား စျာန် မရသေးဘူး
သွေးနဲ့ သားနဲ့ နှလုံးသား နဲ့ တည်ဆောက်ထားတာ

ကိုယ့် သဘောဆန္ဒ/ကိုယ်အသာစီး ရဖို့ အရေးဘဲ အလေးပေးပြီး
တဖက်ကို တော့ စိတ်ဆိုးခွင့်တောင် မပေးဘဲ
#စိတ်မဆိုးနဲ့နော် ညီမလေး တဲ့

အော် အေး အေး စိတ်တော့မဆိုးဘူး
တသက်လုံးတော့ မပါတ်သပ်တော့ဘူးရှင်

26/06/2023

စိတ်ဆင်းရဲရင်တောင် လှလှလေးဘဲ စိတ်ဆင်းရဲမယ်
(အသစ်တွေ ဝတ်ပီးတော့😆)
ကိုယ်ဟာ
ကိုယ့်စိတ်ကို ရော
ရုပ်ကိုရော
ပျော်ရာ လုပ်ခြင်းနဲ့သာ ကုတယ်😁

ဘယ်သော အခါမှ
မကျန်းမမာ
မလှမပ
မပျော်မရွှင် မဖြစ်နေဘူး

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ယူဆတဲ့ အမျိုးသမီးတိုင်း ကျန်းမာရေး လိုက်စားပြီး
ကိုယ့်တွက်ကိုယ် အမ်းပါ
(အဲ့ဒါ စေတနာ တကယ်ထားပြီးပြောတာ)

ကိုယ်ကတော့
ကိုယ့်ကိုယ်ကိုယ် အရာ အားလုံးထက် အကြိမ် ၁၀၀၀လောက်ကို ချစ်တာ
ဒါပါဘဲရှင်😁

24/06/2023

မြေစာပင်လေး တွေကို ငဲ့ပါ တဲ့
တကယ်တော့ မြေစာပင်လေးတွေက
ပဲပင်ပေါက်တွေပါ
ကိုယ်တွေဆို ခုထိ
ကိုယ့်အဖေ နဲ့ အမေကြားမှာ ညှောင့်တုန်း😂

24/06/2023

ခြိမ်းခြောက်လိုက်
ဟိန်းဟောက်လိုက်နဲ့
ကျားတော့ ကျားဘဲ
ဒါမဲ့
ကျားအိုတွေ
သူများတွေ ကရမဲ့ အလှည့် အိုးစည်ဗုံမောင်းတီးပြီး
ကိုယ် ကပြ ရမဲ့ အလှည့်ကျ ရင် ချိုမှိုင်မှိုင် ဘဲကတာ

ခံစားခွင့် တပုံံတပင် ပွေ့ပိုက်ပြီး
ငါဟဲ့ ပညာရှိဆိုပြီး ဟစ်ကြွေးကြတာ

တကယ်တမ်းတော့
ညံ့ဖျင်းလိုက်တဲ့ စိတ်ဓာတ်တွေ
လေးစားစရာ မြူတမှုံ့တောင် မရှိဘူး

ကိုယ်ကတော့ ရှင်းတယ်
လူကြီးကြောက် ရောဂါရော
လူကြီး ပြာတဲ့ ရောဂါရော မရှိလို့

တော်/တည့့်/ ဖြောင့်မတ် တဲ့ လူကြီးဆို လာပါ့
ခြေထောက် ကိုင်ပြီးတောင် လေးစားပြလိုက်အုံးမယ်(တကယ်)

အသက်ကြီးပြီး
လူကောင် ထွားလာတဲ့ လူကြီး ကတော့
တိုင်မှတ်လို့ နှပ်တောင် မသုပ်ဘူးကွာ(ပြီးရော)

02/06/2023

အပင်ပန်းခံ ပျိုးထောင်ရမှာ
ကြောက်နေခဲ့ရင်
အသီးအပွင့်ကို လည်း မမျှော်လင့်နေပါနဲ့
ကိုယ်ကတော့
ကိုယ့်သားသမီးဘဲ ဖြစ်ဖြစ်
တခြားသူသားသမီး တွေ ဘဲ ဖြစ်ဖြစ်
လက်လွတ်စပယ် ပျိုးထောင်နေတဲ့ မိဘတွေ မြင်ရင်(အမြင်မတော်ရင်)
ဆိုင် ဆိုင် မဆိုင်ဆိုင် ဒဲ့ ပြောထည့်လိုက်ရော

တကယ်တော့
ကလေးတွေ က မွေးဖွားလာတဲ့ ကံတွေ မတူဘူး
လက်ခံတယ်

သို့ပေမဲ့
တကယ်မပျိုးထောင် ပေးချင်ဘဲ(နည်းနည်းလေးမှ အပင်ပန်းမခံဘဲ)
သမာန် အခြေအနေမျိုးထဲ ဇွတ်သွင်းခံရတဲ့ ကလေးတွေ အတွက်တော့ ရင်နာတယ်

ရှင်းရှင်းလေး
မပေးဆပ်နိုင်ရင် မွေးကို မမွေးသင့်တာ
ကိုယ်ခံယူချက်က တော့ ဒီလောက်ဘဲ

ကိုယ်တွေ မိဘ တွေလည်း
သာမာန် ဝန်ထမ်းဘဝ ကနင်
ပညာတတ် ဘဝကို ဆန်ပြုတ်သောက်ပီးပေးခဲ့လို့
ကိုယ်ဟာ သာမာန် အခက်အခဲ လောက်နဲ့ ညည်းထွားနေတဲ့ မိဘတွေ တွေ့ရင် တကယ်မုန်းမိပါတာပါဘဲ

အစွမ်းကုန် ပျိုးထောင်ပြီးမှ
မဖြစ်ထွန်းလာရင်တော့ ကံ လို့ပုံချနိုင်ပေမဲ့
#သူ့ကံ ဘဲလေ လို့ လာပြောရင်တော့
သတ္တိ မဲ့ လိုက်တဲ့ မိဘလို့ ကဲ့ရဲ့မိပါတယ်

မပျိုးထောင်နိုင်ရင် မမွေးပါနဲ့
မပေးဆပ်နိုင်ရင် လူ့လောကထဲ မခေါ်ပါနဲ့
သတ္တိမရှိဘဲ မိဘ မလုပ်ပါနဲ့

ရှောင်ရှားလို့ ရတဲ့ အရာတွေ အများကြီးပါ

အရာရာ ကံဘဲ ဆိုပြီး လာပုံတဲ့ လူတွေကို အရမ်းမုန်းပါတယ်☹️

25/05/2023

ကိုယ်ကိုယ်တိုင် ချစ်လှပါပီရဲ့ ဆိုပြီး
တောင်းရမ်းလက်ထပ်ယူထားတဲ့ အမျိုးသမီးကို
တန်ဖိုးမထားတတ်တဲ့ ယောကျာ်းတွေဟာ
တခြား အမျိုးသားတွေ သူတို့ မိန်းမတွေအပေါ် တန်ဖိုးထား စာနာ ဖေးမကြရင် လှောင်သလို ပြောင်သလို
#မယားကြောက် လို့ သမုတ် ကြတတ်တယ်

အလားတူဘဲ
ကိုယ့်အိမ်ထောင်ဘက် အမျိုးသားရဲ့ လေးစားမှု မခံရတဲ့ ဇနီးမယားတွေဟာ သူများအိမ်ထောင်ဘက်တွေ
သူ့ဇနီးမယားအပေါ် စေတနာထား ကူညီကြရင်း
အလိုလို နေရင်း #မိန်းမပျင်း လို့ သမုတ်ကြတယ်

အသက်ကြီးပြီး အချိန်မစီးတဲ့
လူကြီးအချို့ ကတော့ ငါက မိဘ ဆိုတဲ့ အတ္တနဲ့
သားသမီးတွေရဲ့ အိမ်ထောင်ရေးက်ို စွက်ဖက်ချင်ကြတယ်
ခလောက်ဆန်ချင်ကြတယ်
ကိုယ့် ဥ မှ ကိုယ့် ဥ လာဆန်းဆန်းတင့်ကြတယ်
နှိပ်ကွတ်ချင်ကြတယ်
အဲ့လိုမိဘတွေကို #ငရဲပေးတဲ့ မိဘတွေလို့ ခေါ်တယ်

အရမ်းစိတ်ဓါတ် ကြံ့ခိုင် မာကျောပြီး သတ္တိရှိ တဲ့ မိန်းမ တချို့ကတော့
ကိုယ်မှကိုယ် ဖြစ်မနေတဲ့ ခင်ပွန်းကို လက်လွှတ်ပေးတတ်ကြတယ်
အဲ့ထဲ ကျွန်မ လည်း ပါလိမ့်မယ်ထင်တယ်

#သာမယ်ထင်တဲ့ လမ်းကို လျှောက်စေချင်လို✍️

21/05/2023

ကျွန်မကိုယ် ကျွန်မ ချစ်ရတာ ကြိုက်တယ်
အများထက် ပိုပြီး ရိုးရှင်းရတာ ကြိုက်တယ်

ဘယ်သူမှ ရှိမနေရင်တောင်
ကျွန်မ အတွက် ကျွန်မ ရှိနေဖို့သာ ကြိုးစားတယ်

ကျွန်မ ချစ်တဲ့ ကျွန်မ ဟာ အမြဲ တက်ကြွစွာ
ရှင်သန် လိုစိတ်ရှိနေရမယ်

ကျွန်မ ချစ်တဲ့ ကျွန်မဟာ
သောက ပေးမဲ့ ပါတ်ဝန်းကျင်က ရှောင်ထွက်နိုင်ရမယ်

ကျွန်မ ချစ်တဲ့ ကျွန်မဟာ
ကန့်သတ်ချက် မဲ့စွာ ပျော်ရွှင်နေရမယ်

ကျွန်မချစ်တဲ့ ကျွန်မဟာ
ဘယ်လောက် ပင်ပန်း ပင်ပန်း
သန်မာနေရမယ်

ကျွန်မချစ်တဲ့ ကျွန်မဟာ
ပြသနာ အားလုံးကို တည်ငြိမ်စွာ
ဖြေရှင်းနိုင် ရမယ်

နောက်ဆုံးမှာ ကျွန်မ ချစ်တဲ့ ကျွန်မပျော်ဖို့
ကျွန်မ ကိုယ်တိုင် အားထုတ်ကြိုးစား ပြုပြင်ယူမယ်

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Mazin (1)road
Bago