we are meet in 9pm
art
30/08/2026
"အဖျား၁၀၁''
အမေကကျွန်တော့်ကိုအိမ်ထောင်ပြုစေချင်တာကြာပါပြီ။ကျွန်တော်ကိုယ်တိုင်လည်းအိမ်ထောင်ပြုချင်စိတ်အပြည့်ရှိပါတယ်။သို့ပေသိအလုပ်မအားတာကတကြောင်း၊ချော ချောလှလှ တအားရှားပါးတာကတကြောင်းဆိုတော့ဖူးစာရှင်လုံးဝရှာမတွေ့ ဘဲရှိနေပါတယ်။အမေကိုယ်တိုင်ကအညာသူဖြစ်နေတော့အမေတို့ရွာတဝိုက်ကအညာသူမချောမလှ တွေနဲ့ခဏခဏစပ်ဟပ်ပေးပေမဲ့ခေါင်းတွင်တွင်ခါလွန်းလို့ကြည့်မရဖြစ်ပြီးမိတ်ဆက်မပေးတာအတော်တောင်ကြာလှပေါ့။
"ကိုစိုးမြင့်...နေကောင်းလားဗျ ''
"ကောင်းပါတယ်''
"သိပ်လည်းဝမ်းမနည်းနေပါနဲ့ဗျာ။ကျွန်တော်တို့ရှိပါတယ်။စားရေးသောက်ရေးအတွက်မပူနဲ့။လမ်းထိပ်ကထမင်းဆိုင်လက်ရာမဆိုးဘူး။ကြီးကြီးညွန့်မရှိတော့တာနဲ့အိမ်ကြီးရောင်းပစ်ဖို့မတွေးပါနဲ့ဗျာ။''
"မရောင်းပါဘူးဗျာ။ကျွန်တော်ကဥတလုံးတကောင်ကြွက်ဖြစ်သွားပေမဲ့ကိုယ့်အသိုက်ကိုယ်မဖျက်ပါဘူးဗျ။''
"ကြားရတာဝမ်းသာတယ်ဗျာ''
"ဟုတ်...လိုက်ပွဲယူဦးမလား''
"နည်းနည်း ''
"စိုးမြင့်ရေ...ငါတို့လာပြီဟေ့''
"ဟုတ်ကဲ့ ကြီးကြီးသည်ဖက်လာထိုင်ကြပါ။''
"ရေဝေးမှာအားလုံးအဆင်ပြေချောမွေ့ရဲ့လား။ဟဲ့နင့်အမေအိပ်မက်တွေဘာတွေများပေးသေးလား။''
"မပေးပါဘူး။အားလုံးတိတ်တိတ်ဆိတ်ဆိတ်ပါပဲ။''
"နင်ရောအ ခြေနေဘယ်လိုနေလဲ။''
"ဘာကို မေးတာလဲကြီးကြီး...''
"မိန်းမယူဖို့မစဥ်းစားတော့ဘူးလားမေးတာ။နင်တစ်ယောက်တည်းပရမ်းပတာဖြစ်နေမှာစိုးလို့။''
တယ်အလိုက်သိတတ်တဲ့ကြီးတော်ပဲဗျာ။သွားလေသူဖခင်ကြီးကွယ်လွန်သွားပြီးကတည်းကဖတဆိုးလေးကျွန်တော့်ကိုပညာသင်ပေး၊အလုပ်ရှာပေးနဲ့အခုလည်းကြင်ယာပါရှာပေးတော့မလို့နဲ့တူတယ်ဗျ။ဟန်ကျတယ်ဗျာ။
"ကြီးကြီးမှာကျွန်တော့်အတွက်ရည်ရွယ်ထားတဲ့သမီးပျိုချောချော လှလှ၊ပညာတတ်လိမ္မာရေးခြားရှိပြီးလင်ယောကျာ်းအပေါ်ချစ်ရိုသေမဲ့သူရှိလို့လား...ကြီးကြီးကျွန်တော့်ကိုပြော...အခုပဲကန်တော့ပွဲသွားဝယ်လိုက်မယ်။''
"ဟဲ့ အကောင်ဘာကန်တော့ပွဲလဲနင်တော်တော်အဖျားတက်နေတာပဲ။အခုနင့်အိမ်မှာနင့်အမေ ရဲ့နာရေးရက်လည်လုပ်နေတာနော်။ဟင်း...ဟင်း.ပြောကိုမပြောချင်ဘူး။.....
ဆက်လက်ကြိုးစားပါဦးမည်။
30/08/2026
"အစွန်းနင်းမိသူများ ''
"မိန်းမရေ...မီးခံသေတ္တာထဲကရွှေချောင်း ၃ခြောငျးနဲ့ ဒေါ်လာ၂အုပ်ရှိလားစစ်ကြည့်ဦး''
"pw ပြောဦးလေကျွန်မမွေးနေ့လား''
"၆၆၁၁ လေမိန်းမရဲ့မင်းမွေးနေ့ဆိုလူတကာသိကုန်မပေါ့။''
"ဟုတ်ပါပြီ...ပစ္စည်းတွေအကုန်ရှိတယ်။ဘာမှစိတ်ပူမနေနဲ့။ခရီးထွက်မဲ့အရေးတောင်စစ်ခိုင်းမြောက်စစ်ခိုင်းနဲ့မပြီးတော့ဘူး''
"တွေ့လားကိုညိုကြီးမိန်းမတွေများဗျစ်တောက်ဗျစ်တောက်နဲ့ဒါလေးခိုင်းမိတာကို...''
"ဒါကြောင့်ကျွန်တော်လူပျိုကြီးလုပ်တာပေါ့ဆရာရဲ့...''
"ကောင်းတယ် ကောင်းတယ် နားအေးတာပေါ့သည်အထုပ်တွေအကုန်လုံးကားနောက်ခန်းထဲထည့်ပေးပါကိုညိုကြီး...''
"ဟုတ်ကဲ့ ဆရာ..ဆရာတို့ခရီးသွားတာဘယ်နှရက်လေောကျကွာမလဲဆရာ..''
"တစ်ညအိပ်ပါပဲမနက်ဖြန်နေ့လည်ပြန်ရောက်မှာပါ။ဘာဖြစ်လို့လဲကိုညိုကြီးရွာပြန်ချင်လို့လား။''
"မပြန်ချင်ပါဘူးဆရာ..ဆရာတို့ကခရီးထွက်ရင်ရက်ကြာတတ်လို့လေ...အိမ်ကိုစိတ်ချပါဆရာကျွန်တော်သေချာစောင့်ရှောက်ထားပါ့မယ်''
ပစ္စည်းများကားပေါ်တင်ပြီးတာနဲ့အိမ်ခြံဝင်းထဲကနေတရှိန်ထိုးမောင်းထွက်သွားတဲ့ကားနောက်ကျောကိုငေးမောကြည့်ကာကိုညိုကြီးတစ်ယောက်သွားပေါ်ရုံကလေးပြုံးလိုက်တယ်။
မိုးချုပ်ပြီးလူခြေတိတ်တဲ့အချိန်ရောက်သည့်အခါကိုညိုကြီးရှိနေတဲ့အိမ်ခြံဝင်းထဲကိုသူခိုး၃ယောက်မျက်နှာဖုံးစွပ်တွေစွပ်ကာရောက်ရှိလာခဲ့ကြတယ်။အဆင်ပြေချောမွေ့စွာနဲ့ပဲသူခိုး၃ယောက်ဟာအိမ်ရှင်လင်မယားအခန်းထဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်။ခေါင်းဆောင်ဖြစ်ဟန်တူသူကမီးခံသေတ္တာဆီတန်းတန်းမတ်မတ်သွားတယ်။အလွယ်တကူpw နံပါတ်ကိုနှိပ်လိုက်တယ်။မီးနီပေါ်လာတယ်။နောက်တစ်ခါထပ်နှိပ်တယ်။မီးနီထပ်ပေါ်လာတယ်။သည်တခါမှာတော့သူခိုး၃ယောက်စလုံးလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။တစ်ယောက်မျက်နှာတစ်ယောက်စေ့စေ့ကြည့်လိုက်ကြတယ်။အားလုံးတညီတညွတ်တည်းခေါင်းညိတ်လိုက်ကြတယ်။ခေါင်းဆောင်ဖြစ်ဟန်တူသူကပဲpwနံပါတ်ထပ်နှိပ်ဖို့ဟန်ရေးပြင်လိုက်ချိန်မှာပဲအသံစူးစူးဝါးဝါးများကိုသူခိုး၃ယောက်စလုံးကြားလိုက်ရတယ်။
"လက်မြှောက်ထားကြစမ်း၊မင်းတို့ကိုစောင့်နေတာကြာပြီ။မီးခံသေတ္တာထဲကနေဘာတစ်ခုမှယူဖို့မကြိုးစားနဲ့။မင်းတို့မှာပါသမျှအကုန်ထုတ်လိုက်စမ်း။...''ဟူသတည်း။ ။
ဆက်လက်ကြိုးစားပါဦးမည်။
"မည်
သူ
မဆိုတဲ့။
ရိုးသားလိုက်တာ။
တန်းတူဆက်ဆံခံရတာ။
အခွင့်ရေးပေးခံရတာ။
ပျော်ဖို့ကောင်းလှပါဘိ။''
ခေါင်းစဥ်-သူတို့၏သဘောထားများ
ကလောင်အမည်-ဝင်းနုရီ
"သူတို့၏သဘောထားများ''
မောင်သက်တင် တစ်ယောက်သည်တစ်ခေါက်ရွာပြန်ရတာချီတုံံချတုံံဖြစ်နေတယ်။ချီတုံံချတုံဖြစ်နေတယ်ဆိုတာကလဲတခြားမဟုတ်ပါဘူး။သူကိုယ်တိုင်အမြင်ထက်သူများတွေရဲ့အမြင်၊စိတ်နေသဘောထားကိုသူ့စိတ်ထဲအမျိုးမျိုးအဖုံဖုံတွေးမိနေခြင်းကြောင့်ဖြစ်တယ်။မောင်သက်တင် ကသည်ရွာသားမဟုတ်တော့ရွာသူရွာသားတွေသူ့ကိုမျက်မုန်းကျိုးနေမှာစိုးရိမ်တယ်။မောင်သက်တင် တစ်ယောက်အတွေးထဲနစ်မျောနေချိန်မှာပဲရွာသာရွာထဲကိုနွားလှည်းကြီးစီးပြီးရောက်ရှိသွားပါတယ်။
"ဟေ့ ဘယ်သူလဲထန်းရည်လာသောက်တာလား။ဧည့်သည်ကဘယ်သူတုန်းဗျ''
"ကျွန်တော် မောင်သက်တင်ပါ။မမှတ်မိဘူးလား။'
"မောင်သက်တင်ဟုတ်စ...အေး..အေးပြန်လာတာဝမ်းသာတယ်ဟေ့။မခင်လှတော့ အ မျှော်ရပ်ပြီပေါ့။''
ထန်းရည်ခံနေတဲ့လူကြီးစကားကြောင့်မောင်သက်တင် အားရှိသွားတယ်။နောက်...သူ့ခြေလှမ်းတွေဟာလဲဒုန်းစိုင်းပြေးနေတဲ့မြင်းတစ်ကောင်လိုလျင်မြန်ဖျတ်လတ်နေတယ်။သူ့ခြေလှမ်းတွေရွာလယ်က အကြော်တဲရှေ့ အရောက်ခြေအစုံံရပ်သွားတယ်။အကြော်တဲထဲမှာမျက်မမြင်အဖွားအိုတစ်ယောက်ထိုင်နေတယ်။ထိုအဖွားအိုရဲ့လက်အစုံံကိုမောင်သက်တင်အားပါးတရသူ့လက်နဲ့ဆုပ်ကိုင်လိုက်တယ်။
"ဟင်....မောင်....သက်တင်...မောင်သက်တင်ပြန်လာတယ်။...ဟဲ့ ခင်လှ...ညဥ်းနဲ့ညဥ်းကလေး တ မျှော်တည်း မျှော်နေကြတဲ့မောင်သက်တင်ပြန်လာပြီ...ဟဲ့ညဥ်းလင်ပြန်လာပြီ....။''
မျက်မမြင်အဖွားအိုရဲ့ဝမ်းပန်းတသာစကားကိုမခင်လှတစ်ယောက်ကြားဟန်မပြု။ကြော်လက်စအကြော်အိုးကိုသာမျက်ခြည်မပြတ်ကြည့်နေလေတယ်။သည်မြင်ကွင်းကိုမြင်လိုက်ရတဲ့မောင်သက်တင်ကသူ့ဇနီးဖြစ်တဲ့မခင်လှအားစနောက်ချင်ဇောနဲ့ရန်စကားစလိုက်တယ်။
"ဒီမယ် မခင်လှ ၆နှစ်လုံးလုံးမြို့တက်ပြီးနင်ကောင်းစားဖို့အလုပ်လုပ်နေတဲ့နင့်လင်ကိုခရီးဦးကြိုဆိုဖို့အစီအစဥ်မရှိဘူးလား...ဟမ်...မခင်လှ''
"မရှိဘူး...မရှိဘူး ဘယ့်နှယ့်အခုမှရုတ်တရက်ပေါ်လာပြီးကျွန်မလင်ဖြစ်ချင်သေးတယ်။ဆုတောင်းရှင့်....ဆုတောင်း....''
မခင်လှစကားကြောင့်အကြော်တဲထဲမှာရှိနေကြတဲ့စားသောက်နေသူအကုန်လုံးတဝါးဝါး...တဟားဟားရယ်ကုန်ကြ၏။ ။
ဆက်လက်
ကြိုးစားပါဦးမည်။
အရင်လကစာရင်းစစ်တုန်းငွေ၁၀သိန်းကျော်ကွာနေတယ်။အခုလဘယ်လိုအခြေနေရှိမလဲ။ဟာ...သည်လလဲထိုနည်းလည်းကောင်းပါပဲလား။အင်း...လှို့ဝှက်ကင်မရာတပ်ဦးမှပဲ။သည်ကိစ္စကိုအိမ်ကဟာကြီးသိသွားလို့မဖြစ်ဘူး။သူကစနေသမီးဆိုတော့စိတ်မြန်လက်မြန်ရှိတယ်။သူခိုးကိုအသိပေးလိုက်သလိုဖြစ်သွားမယ်။ငါကိုယ်တိုင်ကင်မရာတပ်ရမှာပဲ။......ပိုက်ဆံအံဆွဲရှေ့တစ်နေကုန်ထိုင်နေတာကျွန်တော့်မိန်းမ။သူကအပြင်တွေဘာတွေလဲသွားတာမဟုတ်ဘူး။သူများယူထားတာလား။မဖြစ်နိုင်ပါဘူး။သူငွေလိုရင်ကျွန်တော့်ဆီပြောမှာပေါ့။ဒါဆိုရင်အဖေလား။အဖေများလား။အဖေလဲငွေတွေအများကြီးမသုံးလောက်ပါဘူး။ဘာပဲဖြစ်ဖြစ်လှို့ဝှက်ကင်မရာတပ်ထားတာပဲကောင်းပါတယ်။.....''ကိုစိုးနိုင် သည်အရုပ်ကြီးကဘာဖြစ်လို့အပေါ်ကိုရောက်နေတာလဲ။ပြုတ်ကျလို့ခေါင်းကွဲနေဦးမယ်။''
"မကျပါဘူး။မိန်းမရာချစ်စရာကောင်းလို့ဝယ်ထားတာ။မိန်းမမကြိုက်ရင်အိမ်ကိုသယ်သွားလိုက်မယ်လေ။''
"ကြိုက်ပါတယ်။ကွဲသွားမှာစိုးလို့ပြောတာ။အိမ်ကိုသယ်သွားမှရှင့်သားလက်ချက်နဲ့ကွဲမှာ။ဆိုင်မှာပဲထား။''
တော်ပါသေးတယ်။လှို့ဝှက်ကင်မရာတပ်ထားတဲ့အရုပ်ကြီးကိုထားခွင့်ပေးလို့။ဆိုင်ပိုင်ရှင်ကကျွန်တော်ဆိုပေသိပိုင်ရှင်အစစ်ကကျွန်တော့်မိန်းမဖြစ်နေတယ်။ကျွန်တော့်ကိုစာရင်းတွေစစ်ခိုင်းတာအဖေ။တကယ်တော့သည်အိမ်ဆောက်ပစ္စည်းဆိုင်ကအဖေတည်ခဲ့တဲ့ဆိုင်ပါပဲလေ။တစ်ရက်၊တစ်ရက်နဲ့ထုံးစံအတိုင်းလကုန်ရက်ရောက်လာပြီ။ကျွန်တော်စာရင်းစစ်ကြည့်လိုက်တယ်။အစဥ်အလာမပျက်တဲ့သူခိုးက၁၀သိန်းကျော်ခိုးထားပြန်တယ်။ဒါနဲ့ကျွန်တော်ကိုယ်တိုင်လှို့ဝှက်တပ်ဆင်ထားတဲ့ကင်မရာကိုအစဥ်အတိုင်းသေချာကြည့်တယ်။စေ့စေ့စပ်စပ်ကြည့်တယ်။ဟုတ်တယ်လေဗျာ။ဒါနဲ့ဆိုသူခိုးကသိန်း၃၀ကေျာ်ကျော်ခိုးထားတာလေ။သိန်း၃၀ဆိုတဲ့ငွေပမာဏကဝန်ထမ်းတွေကိုလစာပေးလို့ရတယ်လေ။အနည်းလေး၈ယောက်စာရှိတယ်မဟုတ်လားဗျ။အရင်လတွေတုန်းကတော့သည်သူခိုးလွတ်ချင်လွတ်မယ်။သည်တခါတော့ကျွန်တော့်လက်ထဲကလုံးမလွတ်....လွတ်...ဟာပိုက်ဆံအံဆွဲထဲကနေ၁၀သိန်းအထုပ်ကိုပိုက်ဆံအိတ်ထဲခပ်တည်တည်ထည့်နေတဲ့သူကကျွန်တော်ကိုယ်တိုင်ပါပဲလား။ဟင်ဒါဆို..သည်ပိုက်ဆံသိန်း၃၀ကေျာ်ကိုဘာတွေများဘယ်လိုသုံး....သြော်ကျွန်တော်သတိရပြီ၊ဘိလိယက်ထိုးသင်ပေးတဲ့ကေသီနဲ့ဘေဘီကိုမူးမူးနဲ့ရူးပြီးကျွန်တော်ဆုချခဲ့တာပဲ။ဘာပဲဖြစ်ဖြစ်။ကေသီတို့ဘေဘီတို့ဆိုတာကလဲ...ဝန်ထမ်းတွေပါပဲလေ...နော့.....။
Category
Telephone
Website
Address
Bago