Tha Zin Shwe

Tha Zin Shwe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tha Zin Shwe, Health/Beauty, လင်းနက်ဖုန်းဆိုင်၊ယာဉ်ဝင်းဟောင်းလမ်းဆုံအနီး၊ပဲခူး။, Bago.

29/07/2026

“အထက်စီးကနေ ဆက်ဆံတိုင်း ပါဝါရှိတာ မဟုတ်ဘူး”

🔳 လူအများစုက ပါဝါ (Power) ဆိုတာနဲ့ ကြမ်းတမ်းခက်ထန်မှု၊ ရိုင်းစိုင်းမှုတွေကို တွဲမြင်တတ်ကြတယ်။

အထူးသဖြင့် အလုပ်ခွင်တွေမှာ လူတွေက "ခက်ထန်တဲ့သူ (Tough guy)" ပုံစံဖမ်းတာကို ပါဝါရှိတယ်လို့ အထင်မှားတတ်ကြတယ်။

တစ်ဖက်လူကို အထက်စီးကနေ ဆက်ဆံတာ၊ စကားကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာတွေကို ပါဝါရဲ့ လက္ခဏာရပ်တွေလို့ မှတ်ယူထားကြပါတယ်။

🔳 တကယ်တော့ အမြဲတမ်း အော်ဟစ်ပေါက်ကွဲနေတာ၊ ဒေါသတကြီးနဲ့ အမိန့်ပေးနေတာတွေဟာ ပါဝါရှိတာ မဟုတ်ဘဲ မိမိကိုယ်ကို မလုံခြုံမှု (Insecurity) ကနေ လာတာဖြစ်ပါတယ်။

သူတို့ဟာ မိမိရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့အတွက် တမင်သက်သက် ရန်လိုတဲ့အပြုအမူတွေကို အသုံးချလေ့ရှိပါတယ်။

တကယ့် သမိုင်းဝင် အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ (ဥပမာ- စစ်သူကြီး ဂျော့ရှ်မာရှယ်၊ သမ္မတ အိုင်ဆင်ဟောင်ဝါ၊ သမ္မတ ရုစဗဲ့) ဟာ ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးလေ့မရှိဘဲ ယဉ်ကျေးမှု၊ ညှိနှိုင်းတတ်မှုနဲ့ တည်ငြိမ်မှုတွေကိုသာ အသုံးချခဲ့ကြတာကို တွေ့ရပါတယ်။

အရေးကြီးတဲ့ အချိန်တွေမှာ တကယ်တမ်း ပါဝါရှိသူတွေဟာ အမြဲတမ်း ခြိမ်းခြောက်ပြောဆိုနေသူတွေ မဟုတ်ပါဘူး။

🔳 တချို့လူတွေက သူတို့ခိုင်းတာကို တစ်ဖက်လူက အလွယ်တကူ လုပ်ပေးလိုက်ရင်တောင် သူတို့ရဲ့ ပါဝါကို အသုံးမချလိုက်ရဘူးလို့ ခံစားရတတ်တယ်။

ဒါကြောင့် အကြောင်းမဲ့ ပြဿနာရှာတာ၊ ဒေါသထွက်ပြတာမျိုးတွေ လုပ်ပြီး ကိုယ်နိုင်ကြောင်း ပြသချင်ကြတယ်။

ဒါပေမဲ့ သတိမထားမိကြတာက ခက်ထန်ကြမ်းတမ်းစွာ မပြောဆိုတတ်သူတွေဟာ အဲဒီလို ခက်ထန်သူတွေထက် အမြဲတမ်း ရှေ့ရောက်နေတတ်တယ် ဆိုတာပါပဲ။

ကြမ်းတမ်းတဲ့ အင်အားသုံးတာထက် ပျော့ပြောင်းညင်သာမှုနဲ့ ရွှင်လန်းတဲ့ အပြုံးက ပိုပြီး အစွမ်းထက်တဲ့ အရာတွေ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဒေါသနဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းက ပြိုင်ဘက်တွေကိုတောင် သတိလက်လွတ် ဖြစ်သွားစေနိုင်ပါတယ်။

📌 ဒါကြောင့် ပါဝါရှိချင်လို့ သူများကို ဖိနှိပ်ဖို့ မလိုပါဘူး။

ကြမ်းတမ်းတဲ့ မျက်နှာထား၊ ရိုင်းစိုင်းတဲ့ အပြောအဆိုတွေဟာ အစစ်အမှန် ပါဝါမဟုတ်ပါဘူး။

ကိုယ့်ရဲ့ တည်ငြိမ်မှု၊ ပြုံးရွှင်နိုင်စွမ်းနဲ့ အခက်အခဲတွေကြားထဲမှာ ကျက်သရေရှိရှိ ရင်ဆိုင်နိုင်စွမ်းဟာသာလျှင် သင့်ကို တကယ့် ပါဝါရှင်တစ်ယောက် ဖြစ်စေမှာပါ။ ❤️

#ဉာဏ

◾ ပါဝါ POWER - TEAM NYĀNA

◾ စာမျက်နှာ - 414

◾ Size - 5.5 x 8.5 inch

◾ Woodfree Paper

◾ ဈေးနှုန်း - 25000 Ks

ပါဝါ POWER စာအုပ်မှာယူလိုပါက Chat Box မှာ ဆက်သွယ်နိုင်သလို၊ City Mart နဲ့ စာအုပ်ဆိုင်များမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ပါဝါ #ဉာဏစာအုပ်တိုက် #ဉာဏ

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

လင်းနက်ဖုန်းဆိုင်၊ယာဉ်ဝင်းဟောင်းလမ်းဆုံအနီး၊ပဲခူး။
Bago
08011