Hsu - funny time
I want to help you for your health &.beauty I.want to help you
10/10/2023
ဆောင်းရာသီရဲ့ ပန်းကလေး ရိုးလှသန္တာ
တစ်ခါကနေနတ်ဘုရားကို ချစ်မြတ်နိုးမိသွားတဲ့ တိုင်းပြည်တစ်ခုက မင်းသမီးလေးဟာ လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့တယ်..။
နတ်ဘုရားတစ်ပါးနဲ့ လူသားမျိုးနွယ် ကြားက
လက်ထပ်ပွဲတစ်ခုဟာ မင်းသမီးလေးရဲ့အိပ်မက်တစ်ခုထက်မပိုခဲ့ဘူး..။
နေနတ်ဘုရားကလည်း ပြန်လည်မချစ်ခဲ့ဘူးလေ
နေနတ်ဘုရားရဲ့ငြင်းဆိုမှုကြားတဲ့အခါ
စိတ်ထိခိုက်လွန်းတဲ့မင်းသမီးလေးကသူ့ကိုယ်သူ
အဆုံးစီရင်ခဲ့ပြီး သူမရဲ့ပြာတွေကနေ
အဖြူရောင်ပန်းလေးတွေပွင့်လာခဲ့သတဲ့..
နေနတ်ဘုရားကို တစ်ဖန်ပြန်ဆုံတွေ့ဖို့တောင်
သူမမှာ အင်အားမရှိတော့ဘူးထင်ပါရဲ့
ညအခါမှ သာပွင့်လန်းတဲ့ Night Jasmine
(ဆိတ်ဖလူးပန်း)လေးတွေဖြစ်လာခဲ့တယ်..
ရိုးလှသန္တာလို့လည်းခေါ်ပါတယ်တဲ့
မင်းသမီးလေးရဲ့နာမည် Parijatakaကိုအစွဲပြုပြီး
Parijat flowerလို့လည်းခေါ်ကြတယ်
ဒီချစ်ခြင်းက ကြေကွဲဖွယ်ပေမဲ့
မမှားခဲ့ပါဘူး..။
ဟိုးအဝေးကြီးကတောက်ပတဲ့နေရောင်ခြည်လေးဟာ သိပ်လှလွန်းတာမလို့ ချစ်မိသွားတာဟာ
ဖြစ်သင့်တာပါပဲလေ
ဒါပေမဲ့ တစ်ချို့သောချစ်ခြင်းတွေဟာ
အိပ်မက်လှလှလေးအနေနဲ့ပဲ ရှိနေသင့်ရုံ..
ဒီအတိုင်းလေးပဲ ရပ်နေသင့်ရုံ
ရောင့်ရဲသင့်ခဲ့ရုံ...
ဆိတ်ဖလူးပန်းလေးရဲ့ ပန်းစကားလေးက
ဆုတောင်းလေးတစ်ခုဖြစ်နေခဲ့တယ်..။
''ဘယ်လိုအခက်အခဲမှ မကြုံရပါစေနဲ့တဲ့''
တစ်ဖက်သာ ချည်တဲ့ ဒီချစ်ခြင်းမျိုး
ချစ်ရတဲ့နေရောင်ခြည်လေးကတော့
မကြုံတွေ့ပါစေနဲ့လေ
ပျော်ရွှင်စွာ ရှင်သန်ပါ
ဒါက သိပ်နာကျင်ရတာမလို့
မင်းကိုတော့ မပေးရက်ပါကွယ်
အမြဲတမ်းလက်ဆေးဖို့မမေ့နဲ့stay home ဖြစ်နေတုန်းမှာလေ့ကျင့်ခန်းလေးလုပ်ကြပါနော်အမြဲတမ်းဖုန်းသုံးနေရင်ဇက်ကြောတက်မယ်ခေါင်းလဲကိုက်မယ်နော် ထိုင်နေရင်းနဲ့လုပ်လို့ရမယ့်လေ့ကျင့်ခန်းလေးတွေလည်းပြောပြပေးတယ်နော်အားလုံးကိုချစ်ပါတယ်နော်
23/04/2020
ချစ်တို့ရေ အမြဲတမ်းလက်ဆေးဖို့မမေ့ကြနဲ့နော်stay homeနေတဲ့အချိန်တွင်းမှာexercisesလေးတွေလည်းလုပ်ပါအုန်း
23/04/2020
For health stay at home
COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ် ဒဏ်ရာရရှိမှုနှင့် ကွယ်လွန်မှုအပေါ် ဝမ်းနည်းရပါကြောင်း
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၂) ရက်နေ့
COVID-19 ဓာတ်ခွဲနမူနာများအား စစ်တွေမြို့မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ကူညီသယ်ယူပို့ဆောင်ခဲ့စဉ် ဒဏ်ရာရှိခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဦးပြည့်စုံဝင်းမောင်သည် (၂၁-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့မှုအပေါ် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပါသည်။ ဦးပြည့်စုံဝင်းမောင်သည် မိမိတို့နိုင်ငံ COVID-19 ကပ်ရောဂါကြီးအား ကျော်လွှားအောင်မြင်နိုင်စေရန် ပြည်သူများ၏အကျိုး အတွက် လုပ်ငန်း များကို ဆောင်ရွက်ခဲ့သူဖြစ်သဖြင့် နိုင်ငံအတွက် တာဝန်ကျေပွန်သူနိုင်ငံသား တစ်ဦးကို ဆုံးရှုံးခဲ့ရခြင်းလည်းဖြစ်ပါသည်။
ထို့အပြင် ဓာတ်ခွဲနမူနာများ သယ်ယူပို့ဆောင်စဉ်လိုက်ပါခဲ့သည့် စစ်တွေမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) ဦးအောင်မျိုးဦး ဒဏ်ရာများ ရရှိခဲ့မှုအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် များစွာ ဝမ်းနည်းပါသည်။ ဦးအောင်မျိုးဦး အမြန်ဆုံးကျန်းမာစေရန်အတွက်လည်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး COVID-19 ကပ်ရောဂါဘေးကို ကျော်လွှားနိုင် ပါစေ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ကဲပထမဦးဆုံးလေးပါနော်
Amazing cosmetics myanmar Amazing cosmetics is manufactured by SSUP Beauty & Wellness Group, Thailand's premier cosmetics comp
Click here to claim your Sponsored Listing.