KyawGyi

KyawGyi

Share

Eco
Model&styling
09775312919

08/10/2023
07/10/2023

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ.....

၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)
၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက္ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။
အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွားအောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။
၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင် ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။
ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ် 92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ ကံဆိုး/ ကံကောင်းပေါ့။
၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်းသလို 10000 km ထိရတာလည်း ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level အမှတ် အနားကပ်ရပါမယ်။ workshop တော်တော်များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။
၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။
ဒီမှာ လေ့လာကြည့်ပါ
၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့ အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့ကတော့ plug လဲလိုက်တာအကောင်းဆုံး
၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါ
နှင့်) အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေ
တာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။
၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက အသုံးများတော့ ဂျီးကပ်ပြီး ဖိအား
မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။
၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။
၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါရစေ။
Swift, Vitz, Fit, Ractis, Demio, C**t, Passo
စတဲ့ တံခါး ၅ ပေါက်ပါတဲ့ ကားတွေက Hatchback အမျိုးအစားပါ။
Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ ကားတွေက Saloon (Sedan)
ကားတွေပါ။
AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။
တံခါး ၅ပေါက်မှာမှ Suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။
Wish တို့ Ipsum တို့ က
MPV (Multipurpose Vehicle) ပါ။
စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်
ပါတာပါ။
2 rpm မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
Nissan March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။
ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။
Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။

++++++++++++++++++++++++
မူရင်းရေးသားသူအားလေးစားစွာဖြင့်
credit ပေးပါသည်။
hmkautoparts

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ဗျ။

Mobile uploads 07/10/2023
07/10/2023
07/10/2023

Range Rover💜

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Bago
09775312919