Tulip H

Tulip H

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tulip H, Health/Beauty, Bago.

17/10/2024

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)
ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ဆီမီး ၁၀၀၀၀ ပူဇော်

08/10/2024

အောက်တိုဘာလ ၈ ရက်(ယနေ့)ည၊ ညဉ့်နက်ပိုင်းနှင့် နံနက်အစောပိုင်းအချိန်များတွင်-
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ဘက်ခြမ်းတို့တွင် ည အပူချိန်များလျော့နည်းကျဆင်းလာပါမယ်။

03/10/2024

လူတွေဟာ လေဆိုရင်တောင်
အလကားရတယ် ဆိုပြီး
ပေါ့သေးသေး မှတ်ကြတယ်။

တကယ်တမ်း လေကို ဝဝလင်းလင်း
ရှုရှိုက်ဖို့ နှာခေါင်းနဲ့ ကြိုးစားအားထုတ်ရတာကိုတော့
ဘယ်သူကမှ မတွေးတတ်ကြဘူး။

အောင်မြင်မှုဆိုတာလည်း ဒီသဘောပဲ။
ကိုယ့်အားကိုယ်ကိုးပြီး ကြီးပွားတိုးတက်အောင်
လုပ်ဖို့ဆိုတာ တော်ရုံဆို လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။
အပင်ပန်းခံရမယ်။ ဇွဲရှိရမယ်။ စွန့်စားရမယ်။
စွန့်လွှတ်ရမယ်။ ဘဝရဲ့ အမှောင်ဆုံးအချိန်မှာတောင်
အဖော်မရှိဘဲ ငိုကြွေးရမယ်။

သေသပ်လှပတဲ့ တောတောင်နဲ့
မြူတွေထိုင်းနေတဲ့ သဘာဝရှုခင်းတွေကို
ကြည့်ချင်ရင် တောင်ပေါ်တော့ တက်ရမှာပဲ။
ပုလဲ လိုချင်လား။ ဒါဆို ပင်လယ်အောက်မှာ
ရေဆင်း ငုတ်ကို ငုတ်ရမှာပဲ။
မိုးနဲ့ မပတ်သက်ဘဲ ဘယ်သက်တန့်ကိုမှ
မြင်ခွင့်ရမှာ မဟုတ်ဘူး။
အကောင်းဆုံး၊ အလှဆုံး ပန်းဥယျာဥ်ခြံကို
မြင်ချင်တဲ့အခါလည်း ဒီသဘောပဲ။
မြက်နုတ်ရမယ်၊ ပေါင်းရှင်းရမယ်၊ ​
မြေဆွရမယ်၊ ပန်းပျိုးရမယ်၊ ရေလောင်းပေးရမယ်၊
မြေတောင် မြှောက်ပေးရလိမ့်မယ်။

အောင်မြင်မှုဆိုတာ ပင်ပန်းဆင်းရဲမှုနဲ့
တစ်တွဲတည်း ရှိနေတဲ့အရာပဲ။
အောင်မြင်မှုဆိုတာကို လက်ဆောင်ပေးလို့မရ၊
အမွေပေးလည်း မရ။ ရှင်းရှင်းလေးပါ။
ကိုယ်တိုင်လုပ်ယူမှ ရတာ။

ပန်းတိုင်ကို သွားရတယ်ဆိုတာ လရောင်အောက်မှာ
လမ်းလျှောက်တာမဟုတ်ဘူး၊။

ဝန်ခံချက်။ ။ ဓာတ်ပုံပါ စာသားသည်
စာရေးဆရာကြီး မြသန်းတင့်စာသားအား
လေးစားသမှုပြုကာ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။


#စာဖတ်ခြင်းဖြင့်_ဘဝကိုမြှင့်တင်ပါ

26/09/2024

၂၆.၉.၂၀၂၄ ည(၆:၃၀)အချိန်တိုင်းတာချက်အရ
ပဲခူးမြစ်ရေ
စိုးရိမ်ရေမှတ် ၈၈၀
လက်ရှိရေမှတ် ၈၇၈
စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း။

Photos from Tulip H's post 25/09/2024

ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်မှု အခြေအနေ

25/09/2024

၂၅.၉.၂၀၂၄ ည(၆:၃၀)အချိန်တိုင်းတာချက်အရ
ပဲခူးမြစ်ရေ
စိုးရိမ်ရေမှတ် ၈၈၀
လက်ရှိရေမှတ် ၈၇၅

24/09/2024

လေဖိအားနည်းဆဲလ်အရှိန်နှင့် မုတ်သုံလေအားကောင်းနေခြင်းကြောင့် မိုးကြီးခြင်းများနှင့်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

နေပြည်တော် စက်တင်ဘာ ၂၃

ယနေ့ညမှ စက်တင်ဘာလ ၂၅ ရက်အတွင်း နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်

ခြင်းများ ဖြစ်ပေါ်နိုင်၊ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်

မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာ ရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

( မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အား ကိုးကားဖော်ပြခြင်း ဖြစ်ပါသည်။ )

24/09/2024

၂၄.၉.၂၀၂၄ ည(၆:၃၀)အချိန်တိုင်းတာချက်အရ
ပဲခူးမြစ်ရေ
စိုးရိမ်ရေမှတ် ၈၈၀
လက်ရှိရေမှတ် ၈၅၃

24/09/2024

၂၄.၉.၂၀၂၄ နံနက်(၆:၃၀)အချိန်တိုင်းတာချက်အရ
ပဲခူးမြစ်ရေ
စိုးရိမ်ရေမှတ် ၈၈၀
လက်ရှိရေမှတ် ၈၄၁

23/09/2024

ရေကြီးခြင်းသတိပေးချက်

(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ (၁၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။

23/09/2024

၂၃.၉.၂၀၂၄ ညနေ(၆:၃၀)အချိန်တိုင်းတာချက်အရ
ပဲခူးမြစ်ရေ
စိုးရိမ်ရေမှတ် ၈၈၀
လက်ရှိရေမှတ် ၈၂၀
နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ပါသည်။

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Bago
08011