Mg Pyae Cooking For You
Cooking For you
04/10/2024
#ဒါကတော့ ကိုယ်လည်း ဘာသာရေးအလုပ်တွေမအားတဲ့ကြားထဲ အပြေးအလွှားလေး ချက်တဲ့ပုံလေး ၊
#လိုအပ်ချက်များရှိသွားရင် ကြိုပြီးတောင်းပန်ပါရစေ။
#ဝက်ပုန်းရည်ကြီးချက်
01/10/2024
#ကမ္ဘာပေါ်မှာ အမျိုးသမီးများသာမက အချက်အပြုတ်အရာမှာ ကျွမ်းကျင်လှသော အမျိုးသားများပါ ရှိတယ်ဆိုတာ အားလုံးအသိပါပဲ။
#အဒီအထဲကမှ ကျွန်တော်လည်း အမေနှင့် သားနှစ်ယောက်သာ နေရတဲ့ဘဝမှာ မိခင်အစား အချက်အပြုတ်နေရာမှာ မီးဖိုချောင်တာဝန်ယူနေရတဲ့သူဆိုရင်လည်း မမှားပါဘူး။
#ကျွန်တော်တို့ဟာ နေ့စဉ်နေထိုင်မှုဘဝမှာ အသက်ရှင်ဖို့အတွက် အစားအသောက်သည် အရေးကြီးဆုံးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။
# ကျွန်တော်တို့ဟာ အသက်ရှင်ဖို့အတွက် အစားအသောက်ကို နေ့စဉ်စားသုံးနေကြရတယ်။ အစားအစာမရှိရင် အသက်ရှင်ဖို့ရာ မလွယ်ကူပါဘူး။
#ဒါကြောင့် ဒီ Mg Pyae Cooking For you page လေးကနေ နေ့စဉ်ချက်ပြုတ်စားေသာက်ေနရတဲ့ အစားအစာလေးများကို တင်ဆက်ပေးပါရစေ။
#အစားအစာများကို သန့်ရှင်း လတ်ဆက်စွာစားသုံးနေထိုင်ပါက ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမှာပါ။
#ကျွန်တော်ရဲ့ Mg Pyae Cooking For You page လေးကို အားပေးပါအုံးလို့ ပြောပါရစေ။
ဒါလေးကတော့ ဒီကနေ့ချက် ကျွန်တော်ရဲ့လက်ရာ #ထမင်းမြိန်စေမှာတော့ အမှန်ပါ။
# ပထမဦးဆုံး ဈေးထဲသွားပြီး ငါးပြင်မဟင်းစားသွားဝယ်လာခဲ့တယ်၊ ဟင်းစားကိုတော့ ဈေးထဲက အမတွေကိုပဲလုပ်ခိုင်းလာခဲ့တယ်။( မိမိတို့စားချင်တဲ့အစားအသောက်ကို မိမိတို့ကိုယ်တိုင်သွားဝယ်ရင်းနှင့် တစ်ခါတည်း လုပ်ကိုင်ပေးတဲ့ ဝန်ဆောင်မှု့ပါ ရောင်းသူတွေက လုပ်ပေးလာကြပါပြီ)
# လုပ်ပြီးသား ငါးဟင်းစားကို (ရေစင်အောင်၊အညှိပြောင်အောင် ကျောက်ချဉ်၊ ဒါမှမဟုတ် သရက်သီးစားရည်စိမ်ရေနဲ့ နှစ်ခါသုံးခါလောက်ဆေးပေးရတယ်၊ ဆေးပြီးသားငါးကို ရေစစ်ပြီး ဆား၊ ဆနွင်း၊ ဟင်းခပ်မှုန့်တို့နှင့် နှပ်ပြီး ရေခဲသေတ္တာထဲတွင် နာရီဝက်လောက်ထားပေးရတယ်၊ ဒါမှသာ အသားထဲကို အရသာဝင်စေမှာဖြစ်တယ်၊
#ပထမဦးဆုံးချက်ပြုတ်တော့မယ်ဆိုရင် ငရုတ်သီးထောင်း၊ ဆီသပ်၊ ဟင်းစားကိုဆီသပ်ပြီးသား ဒယ်အိုးထဲကိုထည့် ၊ ပြီးရင် ဟင်းစားထည့်နယ်ထားတဲ့ ပန်းကန်လေးကို ရေလေးနဲ့ ကျင်းပြီး ထည့်ပေးရတယ် ၊ ထည့်ထားတဲ့အရေလေးခမ်းတော့မယ်ဆိုရင် နောက်ထပ် တစ်ရေလောက်တော့ ထပ်ထည့်ပေးရတယ်၊ ငါးကလည်းအနူး၊ အကျက်မြန်တဲ့အထဲမှာပါတော့ ရေလေးတစ်ရေ၊ နှစ်ရေခမ်းတော့မှ မန်ကျ ်းရေလေးကိုထည့်ပေးရတယ်၊ အရေကျပြီဆိုတော့မှ လိုအပ်တဲ့ ဟင်းခပ်မှုန်၊ ဆား၊ ငံပြာရည်တို့ကို ထပ်ထည့်ပြီး အရသာကို မြည်းစမ်းရတယ်။
#အရသာအဆင်ပြေ, အနေတော်ဖြစ်သွားပြီဆိုမှ နံနက်ရွက်၊ ငရုပ်သီးစိမ်းလေးကိုထည့်အုပ်ပြီး မီးဖိုပေါ်မှ ချရတယ်။
#နောက်ဆုံးအဆင့်အနေနဲ့ အရသာရှိရှိသုံးဆောင်နိုင်တဲ့ ငါးပြင်မ ဆီကျန်၊ ရေကျန်ဟက်းလေးရပါပြီ။
#အားလုံးကိုလည်း စားကြပါအုံးလို့!
Click here to claim your Sponsored Listing.
Category
Website
Address
08012