My poem
Noing
24/03/2025
ဘယ်ခုနှစ်ဖွားတွေ ရှိလဲ
တကယ်ပါဗျာ 💔
23/03/2025
ထပ်ပြီးရွေးကြည့်လည်း
သူ့မျက်ဝန်းတွေကိုပဲ ပြေးမြင်တယ်
တစ်ယောက်တည်းကိုပဲ
မငြီးငွေ့နိုင်အောင် သဘောကျရတယ်
တွယ်တာမိသမျှထဲ မလွှတ်ချချင်တဲ့သက်ရှိလေးဟာမင်းပါပဲ ။
23/03/2025
စိတ်ချမ်းသာစေချင်တယ်
ပျော်ရွှင်စေချင်တယ်
ပြီးတော့ နွေးထွေးစေချင်တယ်
ငါ့ကိုယ်ငါဆို ဖြစ်သလိုပါပဲ ဒါပေမယ့်
မင်းကိုတော့ ကောင်းတာလေးတွေပဲ ရစေချင်တယ်။
ဆိုင်ကယ်စီးတတ်ခဲ့တာရယ် ..
ဂစ်တာတီးတတ်ခဲ့တာရယ် ..
ကဗျာတွေကိုချစ်တတ်ခဲ့တာရယ် ..
အရက်သောက်တတ်တဲ့သူငယ်ချင်းတွေကြားမှာ
မသောက်ပဲပျော်တတ်ခဲ့တာတွေရယ်က ..
ဘဝမှာ အကျေနပ်မိဆုံး အစိတ်အပိုင်းတွေအဖြစ်ရှိနေမယ်ထင်တယ် ..
ပီယာနိူ မတီးတတ်တာနဲ့ ပန်းချီမဆွဲတတ်တာက ပျော်ရွှင်မူရဲ့ယိုပေါက်ပေါ့ ...။
ကမ္ဘာဟာ နောက်ပြန်မလည်သလို ၊
ရှေ့ကပုလင်းပေါ်က ကျားကြီးလည်း နောက်ပြန်မလျှောက်ဘူး
မူးစရာရှိတာမူးကြ .. ရူးစရာရှိတာရူးကြရုံပေါ့ဗျာ...။
23/03/2025
မီးထဲက ပိုးဖလံသာသာပါ
တခါတရံ ညည်းတဲ့သီချင်းတွေမှာ
အလွမ်းတွေပါတတ်တယ်
ဘယ်ဘုရားရောက်ရောက်
ဘာဆုမှ မတောင်းတော့ဘူး
လိုချင်တာ တကယ်အလှမ်းဝေးလွန်းတယ်
ငရဲဟာ လက်တစ်ကမ်းရောက်လာတဲ့အခါ
ငါဟာ ပြာပူမကြောတ်တော့ဘူး
ကိုယ်ချည်ပီး ကိုယ်ပြန်မဖြတ်ရဲတဲ့
သံယောဇဉ်ကိုပဲ ကြောတ်တတ်လာတယ်
အရမ်းအေးတဲ့ ဆောင်းမှာ
ငါဟာ အနွေးထည်မေ့တယ်
စိတ် ဟာ လူနဲ့ ဝေးလာခဲ့
ချစ်တယ်လို့ပြောပီး
ဘယ်တော့မှ မချစ်ခဲ့တဲ့ သူကို
မေ့နိုင်တယ် ပြောပီး
မေ့မရတဲ့သူဟာ ငါပေါ့
ဒီလိုပါပဲ
အသည်းမာတဲ့ကောင် ခိုးပီးငိုလို့ရပေမယ့်
ခေါင်းအုံးလေးကိုတော့ လိမ်လို့မရခဲ့
ခင်ဗျာလည်း သွားတော့
ကျနော်လည်း မလိုက်တော့ဘူး
သံသရာမှာ ပြန်တွေ့တဲ့ အခါ
တစ်ချက်တော့ ပြုံးပြခဲ့ပေါ့
ကျနော် စိတ်မနာတတ်ပါဘူး
23/03/2025
ဆရာမင်းသိင်္ခက
"မိန်းမတွေဟာ သူတို့မချစ်ဘူးပြောထားရင်
ချစ်အောင်ကြိုးစားလာတဲ့သူကိုမချစ်တတ်ဘူး
ပိုမုန်းသွားတတ်တယ်။
မချစ်ရင် ရှေ့ဆက်ပြီးအခြားအကြောင်းအရာတွေနဲ့
ခင်မင်ရင်းနှီးစွာဆက်ဆံဖို့အခွင့်အရေးရှိသေးတယ်။
မုန်းသွားရင်
ဘယ်လိုမှဆက်ဆံလို့ရမှာမဟုတ်တော့သလို
ခင်မင်ပတ်သတ်ခွင့်လည်းရတော့မှာမဟုတ်ဘူး"တဲ့
ဆရာတက္ကသိုလ်ဘုန်းနိုင်ကလဲ
"ယောကျာ်းရယ်လို့ဖြစ်လာရင်
မိန်းမတစ်ယောက်ကမချစ်ရင်တောင်
အင်မတန်ကံဆိုးတာ
ခွင့်မလွတ်နိုင်အောင်မုန်းတယ်ဆိုရင်တော့
လူဖြစ်ရှုံးတာပဲ"တဲ့။
ကျွန်တော်တို့တွေဟာလည်း
မချစ်နိုင်ဘူးလို့ငြင်းဆိုထားရင်
ရပ်တန့်လိုက်သင့်တယ်။
မချစ်ဘူးဆိုတာနဲ့တင်
ရောင့်ရဲတင်းတိမ်သင့်တယ်။
မုန်းတာထက်စာရင်
မချစ်တာဟာ ပိုသာပါတယ်။
သူ့ဘက်ကမချစ်နိုင်ဘူးဆိုရင်
သူမုန်းသွားအောင်လုပ်မလုပ်သင့်ဘူး။
ကိုယ့်ဘက်ကဘယ်လောက်ချစ်ချစ်
သူလက်မခံနိုင်ဘူးဆိုရင်
နောက်ပြန်မဆုတ်နိုင်ရင်တောင်
ရှေ့တော့ဆက်မတိုးသင့်ဘူး။
မဟုတ်ရင်...
မုန်းတာလည်းခံရမယ်
ရင်းနှီးကျွမ်းဝင်ခွင့်လည်းပိတ်ပင်ခံရမယ်။
မချစ်နိုင်ဘူးဆိုရင်..
ကျွန်တော်တို့တွေဟာ အားလုံးရှုံးရတော့တော့ပါပဲ။
22/03/2025
ဒီတစ်ခါလွဲရင် ပြန်မဆုံနိုင်မှန်းသိသိနဲ့
မင်းလည်း..ငဲ့မကြည့်ခဲ့။
ငါလည်း..လှည့်မကြည့်ခဲ့။
အလွယ်အစားထိုးလို့ရတဲ့အရာတွေလို့ တွေးထားသရွေ့..ကမ္ဘာကြီးဟာ လမ်းကျဥ်းလေးတစ်ခုဖြစ်ရင်တောင်
နောက်တစ်ကြိမ်ဘယ်တော့မှ ဝင်တိုက်မိကြမှာမဟုတ်ဘူး။
ဘယ်ရထားမှာ လွဲခဲ့ကြလဲ။
ဘယ်ရထားစီးရင် ပြန်ဆုံနိုင်လဲ။
တစ်ယောက်ဟာ...
စီးလက်စ ရထားဟောင်းကြီးပေါ်မှာ
ပိုင်ရှင်မဲ့အိမ်မက်တွေတစ်ပွေ့တစ်ထုပ်ကြီးနဲ့
အပြင်ကို ခေါင်းတပြူပြူ။
တစ်ယောက်မှာ....
တက်လက်စ ရထားသစ်ကြီးပေါ်မှာ
အပျော်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
ရင်ခွင်သစ်ထဲ ခေါင်းတပြူပြူ။
တစ်ယောက်ဟာ လမ်းလွဲကြတယ်သိ၍
ဆက်လက်မျှော်။
တစ်ယောက်မှာ လမ်းခွဲကြတယ်သိ၍
ဆက်လက်ပျော်။
ခုဆို...
လမ်းလွဲတာလား၊လမ်းခွဲတာလား သဲကွဲပြီမို့
ရှေ့လျှောက် မေ့ပစ်ပါစို့။
ဝေးလက်စနဲ့မို့..
ဆက်လက်၍ မေ့လိုက်ကြပါစို့။
22/03/2025
မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။
သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။
ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို
ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ် ချစ်သောရဲ့။
တချို့အမှတ်တရတွေကို ရင်မှာ သိမ်းထားတယ်။
တချို့ကိုတော့ မေ့ထားလိုက်တယ်။
ဝန်ခံရရင် အများကြီး သတိရတယ်။
ကိုယ့်အပိုင်မဟုတ်ကြောင်း အတွေးဝင်မိတော့
လျှောက်လာတဲ့ ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့ရတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်။
ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်။
ချစ်သောရေ ...
ဝေးသော အရပ်မှာ နီးတဲ့သူနဲ့ အဆင်ပြေပါစေ။
မပိုင်ဆိုင်ရလည်း မြတ်နိုးရပါကြောင်း
အမှာပါးလိုက်ပါရစေ။
Click here to claim your Sponsored Listing.