Hanuman health product

Hanuman health product

Share

ဒူးနာ၊ခါးနာ၊ကျီးပေါင်း အတွက်အကောင်းဆုံးတိုင်းရင်းဆေးရောင်းချပေးနေပါတယ်ရှင်

30/04/2023

လေဖြတ်လူနာတောင် နှစ်ပတ်မကြာ လမ်းပြန်လျှောက်နိုင်တဲ့နည်း

အကြောညပ်၊အဆစ်လွဲ၊ ခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအပြင် လေဖြတ်လူနာတောင် နှစ်ပတ်မကြာ လမ်းပြန်လျှောက်နိုင်တဲ့နည်း

ညောင်းညာကိုက်ခဲလို့ပဲဖြစ်စေ ၊ အကြောညပ်လို့ပဲဖြစ်စေ ၊ အရိုးအကြောအဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းပဲဖြစ်စေ ခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအတွက် အထူးကောင်းမွန်တဲ့အိမ်တွင်းသုံးလိမ်းဆေးလေးပါ။

ကျွန်တော့်အဖေ လေဖြတ်တာ သုံးခါ။ လေဖြတ်တာကိုသိတာနဲ့ အဲ့ဒီဆေးဖော်ပြီးလိမ်းပေးပါတယ်။ နှစ်ပတ်မကြာဘူး။ လမ်းပြန်လျှောက်နိုင်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ပြုစုဖို့တော့လိုပါလိမ့်မယ်။

ထိခိုက်ပြတ်ရှဒဏ်ရာတွေ သွေးထွက်လွန်ရင်လည်း ဆေးရည်အနည်းငယ်လောင်းရုံနဲ့ သွေးတိတ်နိုင်ပါတယ်။

အိမ်တွင်းသုံး ဘက်စုံလိမ်းဆေးကြီးပြုလုပ်ပုံကတော့…

အရက်ဆီ ၊ဒီဇယ်ဆီ ၊နှမ်းဆီ ၊ရှောက်သီး….. အရည်ကိုညှစ်ယူရပါမယ်။

အထက်ပါအရည်များကို ဆတူရောနှောပါ။ ရှောက်သီးမှာပါတဲ့ အခွံကအစ အစေ့အဆုံး လွှင့်မပစ်ရပါ။ ထိုအရည်ထဲတွင်ရောထည့်ပါ။

ထိုအရည်များကို အဝကျယ်ဖန်ပုလင်းအတွင်းကိုထည့်ပါ။ အဝတ်ချုပ်အပ်ကလေးငါးချောင်းထည့်လိုက်ပါဦး။

ထို့နောက်နေပူလှန်းပါ။ ပုလင်းထဲမှအပ်ကလေးအရည်ပျော်သွားချိန်တွင် စတင်အသုံးပြုလို့ရပါပြီ။

ပုလင်းအဝကျယ်သုံးစေခြင်းမှာ ပုလင်းထဲရှိရှောက်ခွံများကိုနှိုက်ယူနိုင်ရန်ဖြစ်သည်။ ဆေးလိမ်းလျှင် ထိုရှောက်ခွံကလေးများနှင့် နာကျင်သည့်နေရာကို အသားထဲစိမ့်ဝင်အောင် ပွတ်ပေးရပါမည်။

အကိုက်အခဲကြောင့် ဝေဒနာခံစားရသူများ အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ။

အထက်ပါဆေးနည်းမှာ ကျွန်တော့်အဖေ ပထမဆုံးလေဖြတ်စဉ်က အဖေ့မိတ်ဆွေတစ်ဦးမှ ပြောပြခဲ့ခြင်းဖြစ်ပါသည်။

အလွန်အသုံးဝင်သော လိမ်းဆေးဖြစ်ပါသည်။ပြုလုပ်နည်းမခက်ပါ။ ကျန်းမာကြပါစေ။

(လေးစားမှုဖြင့် ခရက်ဒစ်)
ပြန်လည်မျှဝေသည်။

27/04/2023

ခါးကြောကြီးတင်းပြီး နေရခက်တာမျိုးဖြစ်ဖူးလား !?

================================================================

#ခါးကြောညှပ်ခြင်းဝေဒနာ‼️

ဘာတွေကြောင့်ဖြစ်နိုင်လဲ ?
▪️ခါးဆစ်ရိုးတွေကျဉ်းလာခြင်း
▪️ခါးဆစ်ကြားကြားအရိုးနုပြားကျွံခြင်း
▪️ကျီးပေါင်းနဲ့အရိုးပွလာခြင်း

ခံစားရလက္ခဏာများ ‼️
▪️ကြာကြာထိုင်ရာကနေထရင်အရမ်းနာကျင်ခြင်း
▪️အနေထားတစ်ခုမှာ ကြာကြာနေမိရင်အောက်ပိုင်းကျဉ်ခြင်း
▪️ခါးနဲ့တင်ပခွက်တလျှောက်နာကိုက်လာခြင်း (နဖက်လုံးဖြစ်တတ်ပါတယ်)

သက်သာအောင် နေထိုင်နည်း ‼️
▪️အနေထားတစ်ခုထဲကြာကြာနေခြင်းရှောင်ပါ။
▪️တနေကုန်လှဲအိပ်နေတာမျိုးရှောင်ပါ။
▪️လှုပ်လှုပ်ရှားရှားနေပေးပါ။
▪️အလေးအပင် မ ခြင်းရှောင်ပါ။
▪️ခါးကုန်းပစ္စည်းကောက်တာမျိုးရှောင်ပါ။
▪️နင်းနှိပ်ခြင်းရှောင်ပါ။
▪️ရေနွေးအိတ်ကပ်ပါ။
▪️ခါးပတ်ပတ်ပါ။
▪️ကြွက်သားနာကျင်ရောင်ရမ်းမှုသက်သာဖို့ရာဆေးအကူယူပါ။

ဒီလိုဝေဒနာခံစားနေရသူများတွက် သဘာဝတိုင်းရင်းဆေးဘက်ဝင်အပင်များနဲ့အဓိကထုတ်လုပ်ထားတဲ့ #ဟာနုမာန်တိုင်းရင်းဆေး ကပ်ခွာဖြင့်သက်သာမှုယူနိုင်ပါတယ်။

ဆေးကပ်ခွာထဲမှာ ကြွက်သာနာကျင်ရောင်ရမ်းမှုတွက် ထိရောက်မှုသက်သာမှုရစေတဲ့ တိုင်းရင်းဆေစဘက်ဝင်အပင်များကိုသာ အဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်။

လူပေါင်းရာနဲ့ချီ ခါးကြောညှပ်ဝေဒနာရှင်များလည်း အသုံးပြုသက်သာနေကြပြီဖြစ်သလို လက်ရှိလည်းပဲ အသုံးမပျက်တဲ့ အိမ်တွင်းတိုင်းရင်းဆေးလို့လည်းမမှားပါဘူးရှင်

အသုံးပြုပြီးသက်သာမှုရတဲ့လူနာများရဲ့စကားသံကို comment များမှာလေ့လာနိုင်ပါတယ်ရှင် 🍃 ✨

25/04/2023

#နှလုံးရောဂါအကြောင်းသိထားစရာ‼

နှလုံးရောဂါရဲ့လက္ခဏာတွေနဲ့ဆောင်ရန်၊ရှောင်ရန်တွေကိုပြောပြပေးသွားမှာပါ။
လူတစ်ယောက်အသက်ရှင်ရန် အဓိက အင်္ဂါအစိတ်အပိုင်းဟာ နှလုံးဖြစ်တဲ့အတွက်နှလုံးကျန်းမာရေးဟာ အရေးကြီးပါတယ်။ နှလုံးမှာ ကြွက်သားသုံးထပ်ရှိပြီး အခန်း ၄ ခန်းရှိပါတယ်။ လူခန္ဓာကိုယ်ရဲ့ ရင်ဘတ်အလယ်ပိုင်းနဲ့အဆုတ်ကြားမှာ ရှိပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်ရှိပါတယ်။နလုံးဟာတစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားနဲ့ တနေ့ကို အကြိမ်ပေါင်း ၁၀၀၀၀ လောက်ခုန်ပါတယ်။ နှလုံးရဲ့အဓိကတာဝန်ကို နှလုံးကြွက်သားတွေက ထမ်းဆောင်ကြပါတယ်။ နှလုံးရဲ့ကြွက်သားတွေက Contraction ညှစ်ထုတ်ခြင်း နဲ့ Relaxation လျော့ချခြင်း တို့ကို စနစ်တကျပြုလုပ်ပေးမှသာ နှလုံးဟာကောင်းစွာအလုပ်လုပ်တာပါ။ ဒါမှပဲ နှလုံးကျန်းမာတယ်လို့ခေါ်နိုင်ပါတယ်။
နှလုံးမကောင်းတဲ့တဲ့လူတစ်ယောက်ရဲ့ ရှေ့ပြေးလက္ခဏတွေကတော့.....
ရင်ဘတ်အောင့်ခြင်း။
နှလုံးခုန်အလွန်မြန်ခြင်း။
အသက်ရှူတိုတောင်ခြင်း။....စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။
နှလုံးကျန်းမာရေးအတွက်ဆောင်ရန်၊ရှောင်ရန်တွေကတော့....
ကိုလက်စထရောများတာတွေကိုရှောင်ပါ။
ဆိုဒါတွေပါတဲ့အစားအသောက်တွေကိုရှောင်ပါ။
Ready-made ဖျော်ရည်တွေကိုရှောင်ပါ။
Fast food နဲ့ Sausage တွေကိုရှောင်ပါ။
အနီရောင်ပါတဲ့အသီးအနှံတွေကိုစားပါ။
သစ်သီးဖျော်ရည်တွေကိုသောက်ပါ။
ဆေးလိပ်သောက်တတ်သူဆိုရင်ဆေးလိပ်ကို ဖြေးဖြေးခြင်းဖြတ်ပါ။ဆေးလိပ်ဖြတ်ခြင်းကနှလုံးနဲ့အဆုတ်တင်မကပါဘူးခန္ဓာကိုယ်တစ်ခုလုံးအတွက်ကောင်းစေပါတယ်။
နောက်တစ်ခုကတော့ လေ့ကျင့်ခန်းလုပ်တာပါ။လေ့ကျင့်ခန်းလုပ်တာဆိုတာနှလုံးအတွက်မဟုတ်ပဲ ခန္ဓာကိုယ်အတွက်ကိုပြုလုပ်တာပါ။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တာမျိုးမဟုတ်ပဲ ကခုန်ခြင်း၊လမ်းလျှောက်ခြင်းကိုပြုလုပ်ပါကလဲ နှလုံးရဲ့သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်။
ပြောပြပေးခဲ့တာတွေကတော့ နှလုံးရောဂါရဲ့သိထားသင့်တွေအချက်လေးတွေပါ။နောက်အပတ်တွေမှာလဲ ကျန်းမာရေူဗဟုသုတရရှိစေမယ့် post လေးတွေကို Sharing လုပ်ပေးသွားပါဦးမယ်။crd

24/04/2023

�ဇာတ်ကျီးပေါင်း ဝေဒနါအမြန်သက်သာဖို့ရာဒါတွေလိုက်နာရပါမယ်☘
======================

အာရုံစိုက်ပြီးလုပ်ရတဲ့ အလုပ်တွေ ရှောင်ကြဉ်ပါ။

ခေါင်းအုံးမြှင့် အုံးအိပ်တာရှောင်ကြဉ့်ပါ။

ဆီးဝမ်းမှန်အောင် ဂရုစိုက်ပါ ။

စိတ်ဖိစီးမှူများ လျော့ချပါ။

အိပ်ရေး ဝ အောင်အိပ်ပါ။

ဇာတ်ချိုးတာတွေ ရှောင့်ကြဉ်ပါ။

လည်ပင်း ကြွက်သားပြေလျော့စေမဲ့လေ့ကျင့်ခန်းများလုပ်ပါ။

အတတ်စာ အသင့်စားများရှောင်ပါ။

ဆေးဝါးအကူယူပါ။

အကျိုးရှိတယ် အသုံးဝင်တယ်ဆို like & share. ပြိးကူညီပေးပါရှင့်❣

Photos from Hanuman health product's post 23/04/2023

#ဒန့်သလွန် အကြောင်း သိကောင်း စရာ

ဒန့်သလွန်သီး' ၊ ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက်လေ့ရှိကြပါတယ်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တဖုံ၊ ဟင်းခါးရည် ချက်လို့ တမျိုး စားကြပါတယ်။

ဒန့်သလွန်ရဲ့ ရုက္ခဗေဒအမည်က Moringa Oleifera ဖြစ်ပြီး horseradish tree, drumstick tree, Ben Oil tree လို့ အရပ်အမည် ခေါ်တွင်ပါတယ်။ ဒန့်သလွန်ရဲ့ ဇာတိနေရာကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပျံ့နှံ့ပေါက်ရောက်နေပါတယ်။

ယနေ့အခါမှာ အာဖရိကနိုင်ငံများ ၊ တောင်အမေရိက ၊ သီရိလင်္ကာ ၊ မက်ဆီကို ၊ မလေးရှား ၊ ဖိလစ်ပိုင်နိုင်ငံတို့မှာ အများအပြား စိုက်ပျိုးကြပါတယ်။ ဒန့်သလွန်ကို နိုင်ငံအလိုက် သက်ဆိုင်ရာ ဘာသာစကားနဲ့ အမည်တွင်ပေမဲ့ အသီး ပုံသဏ္ဌာန်ကြောင့် drumstick tree လို့ လူသိများပါတယ်။

ဒန့်သလွန်ပင် တစ်ပင်လုံးဟာ လွှင့်ပစ်စရာမရှိအောင်ကို အဖိုးတန်လှ ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဆေးဖက်ဝင်အပင် အဖြစ် ဒန့်သလွန်ဟာ ယနေ့ထက်တိုင် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါတယ်။ အခြား နိုင်ငံများတွင်မှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်ကာ ချက်ပြုတ်လေ့ရှိကြပါတယ်။
ဒန့်သလွန်းအသုံးဝင်ပုံများ
👇👇👇

#မူရင်းရေးသားသူအားCreditပေးပါတယ်ရှင့်

#ကျန်းမာရေးဗဟုသုတ

22/04/2023

Customer အမေးများတဲ့ မေးခွန်းတွေလာဖြေပေးပါမယ်ရှင့် 🥰

အမေး ၁)
" ဆေးကပ်ခွာက ဓာတ်မတည့်တာမျိုးရှိလား ကပ်ပြီး အနီစက်ထွက်လာလို့ "

အဖြေ ၁)
" ဟာနုမာန်ဆေးကပ်ခွာသည် 100% သဘာဝတိုင်းရင်းဆေးဘက်ဝင်နှင့်သာထုတ်လုပ်ထားပေမဲ့ တချို့သော လူတွေမာ သဘာဝပစ္စည်းကိုတောင် ဓာတ်မတည့်တာမျိုးရှိကြပါတယ်။သို့ပေမဲ့ အများစုကတော့ ဆေးကြောင့်အနီစက်ထွက်လာတာမျိုးမဟုတ်ဘဲ ပလာစတာကြောင့်ဖြစ်တတ်ပါတယ်။အရေပြား sensitive ဖြစ်လွန်းသူများ ကပ်ခွာကို ခန္ဓာကိုယ်ထက် ဖဝါးမှာသာ အဓိက ကပ်ပေးပါ။သာမာန်အရေပြားသမားများတွက်က 6-8 နာရီတွင်းသာကပ်ပေးပါ။ကပ်ပြီးပြန်ခွာချိန် ကော်များကျန်နေတတ်သည့်အတွက်တစ်ရှူးအစို သို့ အဝတ်စိုဖြင့် ပြန်လည်သန့်စင်ပေးပါ။"

အမေး ၂)
" တစ်ချို့နေရာက ကပ်လိုက်ရင်အရည်မဲတွေအများထွက်တယ် ၊တစ်ချို့က မထွက်ဘူးဘလိုကွာလို့လဲ "

အဖြေ ၂)
" အရည်မဲထွက်တဲ့အပိုင်းကို နပိုင်းခွဲပြောပြပါမယ်။လူခန္ဓာကိုယ်ရဲ့ ချွေးကလင်းက ဖဝါးတွေမာအများဆုံးဖြစ်ပါတယ်။ဒါကြောင့် ဖဝါးနဲ့ တခြားနေရာယှဉ်ရင် ဖဝါးက ပိုထွက်ပါတယ်။နောက်တပိုင်းက ခန္ဓာကိုယ်မှာမှ တနေရာကအရည်မဲရွှဲတယ် နောက်တနေရာကတိတ်မထွက်ဘူးဆိုတာက ဝေဒနာပြင်းထန်မှု ၊ မူမမှန်မှုတွေပေါ် ကွဲပြားသွားခြင်းပါ။ဒဏ်ဖြစ်တာကြာတဲ့ ဝေဒနာကအရည်မဲပိုထွက်ပါတယ်။"

အမေး ၃)
" တစ်ခြား English ဆေးတွေသောက်နေတာ ကပ်ခွာနဲ့လိမ်းဆေးက တွဲသုံးလို့ရလား "

အဖြေ ၃)
" ရပါတယ်ရှင် ဟာနုမာန်တိုင်းရင်းဆေးသည် ပြင်ပကနေသာဝေဒနာကိုသက်သာလျော့နည်းအောင်လုပ်ပေးတာမို့ အတွင်းပိုင်းသောက်သုံးတဲ့အရာတွေနဲ့ မသက်ဆိုင်ပါရှင် "

အမေး ၄)
" ဆေးက သုံးပြီးရင် စွဲသုံးသွားရမာလား "

အဖြေ ၄)
" ဟာနုမာန်တိုင်းရင်းဆေးသည် ကုသဆေးမဟုတ်ပါ။ခံစားရဝေဒနာကိုသာ သက်သာမှုရဖို့ ကူညီပေးတာပါ။အနေထိုင်ဂရုစိုက်သွားမယ်ဆိုရင်တော့ ဟာနုမာန်ဆေးမှမဟုတ် ဘယ်ဆေးမှ စွဲသုံးစရာမလိုပါဘူးရှင် "

အမေး ၅)
" ဆီးချို ၊သွေးဆိုးသမားတွေအော သုံးလို့ရလား "

အဖြေ ၅)
" ပုံသုံးသင့်ပါတယ်ရှင်၊သွေးတိုးဆီးချိုသမားများဟာ နာတာရှည်ဝေဒနာခံစားနေရတဲ့သူတွေဖြစ်ပြီး ဆေးနေ့စဉ်နဲ့အမျှသောက်နေရတာမို့ အကိုက်ခဲပျောက်ဆေးတွေကို တတ်နိုင်သလောက်ရှောင်ခြင်းဟာ သူတို့တွက် safe ပိုဖြစ်ပါတယ် "

သိလိုသည်များကို မေးမြန်ထားနိုင်ပါတယ်ရှင် 🥰🍀

#သင်တို့ရဲ့ကျန်းမာရေးတွက်ဟာနုမာန်အစဉ်အမြဲတည်ရှိလျက်ပါရှင် 🍃

22/04/2023

ဘာဆေးတွေက ဘာရောဂါအတွက်ဆိုတာ
အကြမ်းဖျင်းသိထားရန်
============================

ဦးနှောက်အတွက် = Omega3 နဲ့ Vitamin D3

နှလုံးအတွက် = CoQ10 , Magnesium, Garlic

အာရုံကြော = Ginkgo , B12

အသည်း = Milk thistle , Tumeric , Liver Detox

အဆုတ် = Acetylcystine

ဆံပင် ခြေသည်း လက်သည်း= Biotin

အသားရည်လှပဖို့ = placenta extract, collegen , hair skin nail

အစာခြေစနစ် အစာအိမ် /ကိုယ်ခံအားတတ်စေဖို့= Probiotic , နွယ်ချို , oxbile , HCL pepsin, Digestive enzyme

အမျိုးသား 50ကျော်= Arginine

အမျိုးသမီး 50ကျော်= ဒေါင်းကွေးမြစ်

အိပ်ပျော်ဖို့ = Melatonin

အရိုး အဆစ်အမြစ်အတွက် = Glucosamine , Boswellia ,D3&K2, UCII ( အ ရွတ် )

အားဆေးသောက်မယ်ဆို = Zinc ပါတာ
ရွေးသောက်ပါ

သည်းခြေကျောက်တည် = Apple Cider Vinegar

ဆီးချို အတွက် = Cinnamon

အသည်းအဆီဖုန်း = Vitamin E , Vitamin D3 , Lecitin

အနာကျက် သွားဖုံးသွေးယို =Zinc , Vitamin C

မျက်စိအတွက် = Lutein, zeaxanthin

ဆီးကျိတ်အတွက် = saw palmetto+Bee Pollen

သွေးအားကောင်းဖို့ = Chlorella, Folate , iron

ဆီးလမ်းကြောင်းအတွက် = Cranberry

ရာသီလာစဉ် နာကျင်တာသက်သာဖို့ =Evening Primrose oil

အားကစားသမားများအတွက်=BCAA

Credit #

22/04/2023

🙌 ဒီနေ့ခေတ်အခါမှာ လူကြီး၊ လူငယ်မရွေး အဆစ်အမြစ်တွေကိုက်ခဲလာကြတယ် ကိုက်ခဲလာပြီဆို အလွယ်တကူချိုးတတ်ကြတယ် ချိုးတဲ့အခါမှာဆို အသံမြည်ရင်ပိုကောင်းပိုသက်သာတယ်ထင်ကြတယ်

ဒီလို အဆစ်ချိုးရင် ဘာလို့ အသံမြည်ရတာလဲ❓
💨 အရိုးကိုဆက်ပေးထားတဲ့ အဆစ်နှစ်ခုကြားက Gas အငွေ့လေးတွေ ထွက်သွားလို့ပဲဖြစ်ပါတယ်။
❗ သာမန်အားဖြင့် အန္တရာယ်မရှိပေမဲ့ အဆစ်လွဲတာ၊ အာရုံကြောဖိမိတာ၊ ကျီးပေါင်းတက်တာတွေဖြစ်တတ်ပါတယ်

🔺 ကျီးပေါင်းဆိုတာက အဆစ်တွေကြားက တင်းအား၊ ခန္ဓာကိုယ်အနေအထားမမှန်မှု၊ ခန္ဓာကိုယ်အားပြုကာ လှုပ်ရှားရတာများတာနဲ့ ဖုန်း၊ ကွန်ပြူတာအသုံးများတာတွေကြောင့် ဖြစ်ပေါ်တတ်ပါတယ်။

🔺အဆစ်တွေကြားကျီးပေါင်းတက်ပြီဆိုရင် ခံစားရတဲ့ဝေဒနာဆိုးဝါးပါတယ် ပုံမှန်ဇက်ကြောတက်တာကနေ လက်ထုံကျင်လာတာမျိုးထိပါဖြစ်နိုင်ပါတယ်

ဒါ့အပြင် ကျီးပေါင်းဆိုတာက အသက်အရွယ်ကြီးသူ၊ အာရုံစူးစိုက်အလုပ်လုပ်ရသူတွေမှာ ဖြစ်နိုင်တာမို့ အတတ်နိုင်ဆုံး ဇက်ချိုး၊အဆစ်ချိုးခြင်းကို
ရှောင်ရှားရအောင်🙋

ကျီးပေါင်းဝေဒနာကင်းဝေးပြီး သက်သာပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ...

#ကျီးပေါင်း
#ဇက်ချိုးခြင်း #ဇက်ကျီးပေါင်း

21/04/2023

#ဝါးမီးသွေးလို့နာမည်ချင်းတူပေမယ့်အရည်အသွေးပိုင်းမတူပါဘူး❗

ဝါးမီးသွေးပါတဲ့ကပ်ခွာများထဲက ရိုးရိုးဝါးမီးသွေးမထည့်ပဲ Positive ions အဆိပ်အတောက်အညစ်အကြေး
အစစ်အမှန် ဖယ်ရှားစုပ်ယူနိုင်စွမ်း 100%ရှိတဲ့
ထုတ်လုပ်မှုအဆင့်အဆင့်နေရာမှာ အရမ်းခက်ခဲတဲ့ အနှုတ်လက္ခဏာဆောင် အိုင်းယွန်းအပြည့်ပါ #ဝါးမီးသွေး သာ ကပ်ခွာထဲထည့်ထားပေးတယ်✅

#အရည်အသွေးတကယ်ပြည့်မှီတဲ့သဘာဝတိုင်းရင်းဆေးပါဝင်ပစ္စည်း ကြောင့် Hanuman ကပ်ခွာကို နည်းမှန်မှန်ကပ်လိုက်ရင် အချိန်တို ခဏတာအတွင်း သိသာထူးခြားမှု ဝေဒနါသက်သာမှု ရရှိကြကုန်ခြင်းဖြစ်ပါတယ်💛

Photos from Hanuman health product's post 20/04/2023

#အပူရှပ်ခြင်း

ကူးယူဝေငှသည်။
******************

အပူလျှပ်တယ်ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုက နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊မျက်နှာသစ်လိုက်တာတို့ကြောင့် လို့ ထင်နေကြတယ်။

ရုတ်တရက် သတိလစ် အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။

သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန်နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့ ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။

အပူလျှပ်ခြင်း အစစ်ကတော့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် (အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလိုပူတဲ့အခါ ပူတဲ့လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ် ဆားတွေပါ ပါသွားပါတယ်။ ဆားတွေများများပါသွားလေလေ ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။ ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့ ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။ ဒီတော့ ဆီးအရောင်ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့ချွေးတွေ အလွန်ထွက်ပြီး ရေနဲ့ဆားတွေ ဆုံးရှုံးရတော့ လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။ အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။ ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။ အပူလွန်၍ပင်ပန်းခြင်းပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆားပြန်ဖြည့်တဲ့ ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ကြည့်လိုက်ရင် ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ် ချွေးက နည်းနည်းမှမရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီ ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံသွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင် ဘာလုပ်ရမှာလဲ ဆိုတော့ အပူကျအောင် လုပ်ရပါမယ်။

အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။ Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့ လို့ ဆိုပါတယ်။

ရေနဲ့ဆားအရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ် သီးစုံဓာတ်ဆား မတိုက်သင့်ပါ။ Shark၊ ကျွဲရိုင်း၊ ကော်ဖီ၊ အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး ❌
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီးဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချပေးရပါမယ်။
ရေနွေးနွေးလေးကို ရေအေးငါးခါလောင်းပြီးတိုင်း တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက အပူလျှပ်ခြင်း ဖြစ်သွားရင်တော့ ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀ မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။ ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည်ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။

သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။ အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။ အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။ ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်းအကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Note အတွက် ပြင်ဆင်ထားတဲ့ စာတွေကို ပြန်လည်ကောက်နှုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက် ယခုလို နွေကာလ အပူကြီးချိန်တွင် ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေပတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ ဒူးခေါက်ကွေး၊ ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

#မူရင်းရေးသားသူကိုCreditပေးပါတယ်

#ကျန်းမာရေးဗဟုသုတ

20/04/2023

ပူအိုက်လွန်းတဲ့ ဒီအချိန်မှာ
ရေသောက်ပေးဖို့ မမေ့နဲ့နော်🙋

18/04/2023

"ထုံကျင်နေသူတို့အတွက် ဆေးတစ်လက်"

မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေတင်းနေပြီး၊ လေ့ကျင့်ခန်းလုပ်တာတောင် မပြေချင်တဲ့ အနေအထားမျိုးဖြစ်နေကြသူများကို ထုံကျင်နာများပျောက်သါားစေပြီးရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။

ဒိဆေးနည်းလေးကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရသူများဖြစ်ကြတဲ့ ရုံးသမားများ၊ စက်ချုပ်သမားများ၊ စား၀တ်နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲ မှာအလုပ် များနေသူများအတွက် ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။

အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲဖြစ်တတ်ပါတယ်။ နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်းမှာတော့ ထုံကျဉ်တဲ့ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရပါတယ်။

တခြားနည်းတွေလည်းရှိပေမယ့် ဒီဆေးနည်းလေးကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင်ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင် တခြားသူများကို နည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့် ထပ်ဆင့် တင်ပြပေးတာဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ချင်းတက်၊ စပါးလင်၊ သံပုရာသီးတို့ပဲဖြစ်ပါတယ်။ ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။ ပြီးတဲ့အခါ ချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကို သံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးရပါမယ်။

ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ညအိပ်ရာ၀င်ချိန်တွင် ပေါင်တံရင်းမှနေ၍ခြေဖျားအထိ အထက်မှအောက် ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာ၀င်ရပါမယ်။နေ့စဉ်နဲ့အမျှ လိမ်းပေးခြင်းဖြင့် ဝေဒနာသက်သာ‌ လျော့
နည်းလာပါမယ်။

စပါးလင်၊ ချင်း၊ သံပုရာသီးတို့ကတော့ ရှာဖွေရတာလွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့် ဆေးနည်းလေးလို့ပြောချင်ပါတယ်။ ထုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေလို့ပြောချင်ပါတယ်။

Thura Htayaung
Credit: Mobile Guide Journal(June 3, 2019)



#ထုံကျင်ခြင်းအတွက်တိုင်းရင်းဆေးနည်း

Category

Telephone

Website

Address

အင်္ဂပိုလမ်း
Hinthada

Alerts

Be the first to know and let us send you an email when Hanuman health product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hinthada.