DEAR AK
natural skincare products for your healthy and glowing skin.
#မှန်လွန်းလို့ကော်ပီယူလာတာပါ
ပိုက်ဆံ လာချေးပါလို့
ဘယ်သူကမှ မဖိတ်ခေါ်ခဲ့ဘူးနော်။
ကိုယ်လိုအပ်လို့
မုန့်ဖိုးထည့်ပေးပါမယ်
အတိုးထည့်ပေးပါမယ် ပြောဆိုပြီး
ချေးပါ ငှါးပါနဲ့
အချိုဆုံး အပြုံးတွေပြုံးပြကာ
အိမ်ထိအိမ်ရောက်လာချေးကြတယ်။
ပိုက်ဆံ ဆိုတာ ငွေတိုးထည့်ပေး
မုန့်ဖိုးထည့်ပေးမှ တိုးပွားတာ မဟုတ်ဘူး
ကိုယ့်အိမ်မှာကိုယ် ပစ္စည်း
ဝယ်လှောင်ထားလည်း
အချိန်နဲ့အမျှ တိုးပွားတာပဲ။
အဲ့ဒါကို လုပ်လို့ရရဲ့နဲ့ မလုပ်ပဲ
ချေးပါချေးပါ တဆာဆာပြောနေလို့
အားနာမှု ယုံကြည်မှုပါ ငွေနဲ့အတူ
ထည့်ချေးပေးလိုက်တာနော်။
လာချေးတုန်းကတော့
အချိန်ဘယ်လောက်ဆို
ပြန်ဆပ်ပါမယ်ပြောပြီး
ကိုယ်ပြန်မဆပ်နိုင်သေးလို့
ကြာခဲ့ရတဲ့ အချိန်ကုန်ဆုံးမှုအတွက်
ငွေထုတ်ချေးသူကို ကိုယ်ချင်းစာပါ။
အဲ့ဒီ့ ကုန်လွန်ခဲ့တဲ့ ကြာချိန် အတွင်း
ထုတ်ချေးပေးလိုက်တဲ့ ပိုက်ဆံကို
ငွေထုတ်ချေးသူကဘယ်လောက်ထိ
တိုးပွားအောင်လုပ်လို့ရတယ်ဆိုတာ
ထည့်စဉ်းစားပါ။
အချိန် ကြာလာတာနဲ့ အမျှ
ငါသူ့ကိုပေးရတာ
ဘယ်လောက်ရှိပြီဆိုတာထက်
ငါခုချိန်ထိ သူများဆီကပိုက်ဆံကို
ချေးငှါထားတာ ပြန်မဆပ်နိုင်သေးလို့
ကြာနေပြီ အားနာဖို့
ကောင်းနေပြီဆိုတာ နားလည်ပါ ။
သူတပါးဆီက ပိုကၦံ ကို
အလကားယူသုံးလို့မရဘူးဆိုတာ
ကလေးသေးသေးလေးကနေ
ကမ္ဘာ ပေါ်ရှိလူသားတိုင်း အားလုံးသိတယ်။
ဘယ်အရာမှ အလကား
မရဘူးဆိုတာ သိပါတယ်နော်။
ငွေချေးယူစဉ်က ငွေချေးခွင့်ရအောင်
ပြောခဲ့တဲ့ အကြောင်းပြချက်တွေကိုလည်း
ပြန်သတိရပါ။
အကြွေးစာရင်း ဆိုတာ
လာချေးချိန်က စ မှတ်လိုက်တာ
ပိုက်ဆံအကုန်ပြန်ဆပ်မှ
ပြန်ဖျက်တယ်ဆိုတာ သိပါ။
ချေးယူသူက ဘယ်သူမှ
မသိအောင်ချေးပေမယ့်
ငွေထုတ်ချေးပေးသူကတော့
ကိုယ့်မိသားစု အားလုံးသိအောင်
စာရင်းအားလုံးသိထားပြီးသား။
အခုတော့
ကိုယ်ပြန်မဆပ်နိုင်သေးလို့လည်း
ကြာသေးတယ်
ပေးရတာ ဘယ်လောက်ရှိပြီလည်း
တွက်နေတော့ကြာကြာမပေးချင်ရင်
သူများပိုက်ဆံ ကို
လာချေးတုန်းကပြောထားတဲ့
ကာလအတွင်းဆပ်နိုင်အောင်ဆပ်လိုက်လေ။
အဲ့ဒါဆို အချိန်ဘယ်လောက်
ကြာအောင်ပေးရတယ်ဆိုတဲ့စကား
ပြောစရာ လိုလို့လား။
ကိုယ်ချေးယူထားတဲ့ ပိုက်ဆံက
ကိုယ်ပြန်မဆပ်နိုင်သေးလို့ကြာနေတာ
ဘယ်သူ့မှာ တာဝန်ရှိတာလဲ။
ကိုယ့်ပိုက်ဆံမဟုတ်တဲ့ ငွေပမာဏကို
အလကားယူသုံးဖို့ ဆိုရင်တော့
အရင်းနှီးဆုံး ကိုယ့်မိဘ
ကိုယ်မိသားစုဆီက ယူသုံးပါ။
ကိုယ့်မိသားစုမဟုတ်တဲ့
သူစိမ်းဆီက ထုတ်ချေးပေးတာကိုပဲ
ကျေးဇူးမတင်ပဲ အချိန်လွန်မှ
တိုင်ချင်ရာတိုင်ဆိုတဲ့စကားနဲ့
ငွေထုပ်ချေးသူကို
ကျေးဇူးဆပ်လိုက်တာဆိုရင် ငွေချေးပေးသူကလည်း လာချေးကတည်းက
ငါ့ဆီလာမချေးနဲ့ ချေးချင်ရာချေးလို့
ပြောလိုက်လို့ရတယ်ဆိုတာ သိထားပါ။
စချေးကတည်းက
လူကြီး သက်သေရှေ့မှာ စာမချုပ်ခဲ့တာက ငွေချေးသူရဲ့မျက်နှာကို ထောက်ထားပြီး စာချုပ်ပေါ်မှာ အသိသက်သေနဲ့
လက်မှတ်ထိုးခိုင်းတာထက်
ပြန်ပေးဆပ်ချင်တဲ့စိတ်ကသာ
အဓိကလို့ သတ်မှတ်ပေးလိုက်မိတာက
တိုင်ချင်ရာတိုင်ဆိုတဲ့စကားနဲ့
ကေ်းဇူး ဆပ္ခံရဖို့
မိုက်ရိုင်းဖို့ ပြန်စော်ကားဖို့
ငွေထုတ်ချေးပေးခဲ့တာမဟုတ်ဘူး
အဲ့လိုမိုက်ရိုင်းတတ်တာ
ကျေးဇူးကန်းတတ်တာ
တာဝန်မဲ့စကားပြောထွက်တတ်တာကို
စကတည်းက သိရင်ထုတ်မချေးပေးခဲ့ပါဘူး။
လာချေးတုန်းက ချေးယူသူရဲ့
လတ်ဆတ်နေတဲ့မျက်နှာအပြုံးတွေက
အချိန်လွန်လာတော့
အမှည့်လွန်သစ်သီးပုတ်လိုမျိုး
ဖြစ်နေပြီဆိုတာလည်းမမေ့ပါနဲ့။
သူတစ်ပါးပိုက်ဆံကို
ယူသုံးဖို့ဆိုရင်တော့
သူ့တန်ဖိုးနဲ့သူ ပေးရတယ်
ငွေချေးသူက ငွေတန်ဖိုး ပိုသိမှာပါ။
ငွေတန်ဖိုးမသိပဲ သူများပိုက်ဆံ
အလကားယူသုံးချင်ရင်
မိမိကိုယ်ကိုယ် အချောင်သမားစိတ်
ရှိသူဟုသာ မှတ်လိုက်ပါ။
ငွေရဲ့ ကျိန်စာဟာ သံသရာထိ
စူးတတ်တာကြောင့်
မိမိချေးငွေအား
ပိုင်ရှင်ထံ ပြန်ဆပ်ခြင်းဖြင့်
မိမိ တန်ဖိုး မိသားစု အသိုင်းအဝိုင်း
ဂုဏ် မြင့်တင်လိုက်ပါ။
Credit HPM
14/06/2025
စေတနာကို ခုတုံးလုပ်ကြသူများ
စေတနာကို ခုတုံးလုပ်ကြသူတွေမှာ
အပိုင်း ၃ ပိုင်းရှိပါတယ်...
သဘာဝဘေးအန္တရာယ်တစုံတခု
ကြီးကြီးမားမားကြုံတွေ့လာရပြီဆိုရင်
စေတနာသဒ္ဒါတရားထက်သန်ကြတဲ့
မြန်မာလူမျိုးတွေရဲ့ ထုံးစံအရ
လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပါမက
နိုင်ငံရပ်ခြားက ရွှေမြန်မာများကပါ
လှူကြတန်းကြပါတယ်...
ဘယ်လောက်ထိတောင်
လှူချင်စိတ်ပြင်းထန်ကြလည်းဆိုရင်
ပလုံကောက်နေတဲ့သူကပါ...
ကျပ် ၁၅၀၀၀ ပြည့်အောင်စုပြီး
ထည့်တဲ့အထိ သဒ္ဒါတရားပြင်းထန်ကြပါတယ်...
သူ့နဲ့ သူ့ကလေးမှာ ဖိနပ်စီးစရာမရှိလို့
ဖိနပ်ဝယ်ပေး...
ဒံပေါက် မစားဖူးလို့ ဒံပေါက်ဝယ်စားဖို့အဆင်မပြေဘူးဆိုလို့
ဒံပေါက်ဝယ်ကျွေး...
ခေါက်ဆွဲကြော်ဝယ်ကျွေး အအေးတိုက်
ကလေးအတွက် အဝတ်အစားသစ်လေးတစ်စုံဝယ်ပေးဖူးတဲ့သူက
ရေဘေးတုန်းက ၁၅၀၀၀ ကျပ်ကို
လာလှူတော့
တော်တော်အံ့ဩမိပြီး...
ညီမရေ အဲ့ငွေ ၁၅၀၀၀ ကို ဦးတိုးစိုက်ပေးပြီး ညီမအတွက် လှူပေးပါမယ်...
ညီမတို့ သားအမိပဲ သုံးလိုက်ပါဆိုတော့...
"""အကိုရယ် ညီမလေ ဆင်းရဲပေမယ့်
ကိုယ့်ချွေးနှဲစာလေးနဲ့
ရေဘေးဒုက္ခသည်တွေကို လှူချင်လွန်းလို့
စားမယ့်အထဲက တစ်ရက်ကို ၁၅၀၀ စုထားလေးပါ လက်ခံပေးပါ"""ဆိုလို့
လက်ခံပြီး
အင်းထဲက ကျန်းမာရေးချို့တဲ့ကလေးကို
လှူတဲ့အခါ သူ့ငွေလေးကို ထည့်လှူပေးလိုက်ပါတယ်ဗျာ...
ဆိုလိုချင်တာက သဘာဝဘေးကြောင့်
ဒုက္ခရောက်နေသူများကို
လှူဒါန်းကြတဲ့အထဲမှာ
ကိုယ်ပိုင်ငွေနဲ့ သိန်းထောင်ပေါင်းများစွာ မတည်ပြီး
မဟာမြတ်မုနိဘုရားကြီး
ငလျင်ကြောင့်ပျက်စီးသည်များကိုပြုပြင်ရန်အတွက်
ရွှေ ၃ ပိသာ ငွေသား သိန်း ၂၆,၀၀၀ လှူဒါန်းသလို
ငလျင်နေရာဒေသစုံ သိန်းထောင်သောင်းချီလှူဒါန်းနေတဲ့
ကွန်းခိုရာ ဖောင်ဒေးရှင်း Haven Foundation က
ဒေါက်တာနိုင်ထွဋ်အောင်+ဒေါက်တာဝေဝေရင်တို့လို
ပုဂ္ဂိုလ်မျိုးတွေပါသလို...
ပလုံကောက်ပြီး စားမယ့်အထဲက
ခွဲဖယ်ပြီး လှူဒါန်းတဲ့ အထက်ဖော်ပြပါ
ပလုံကောက်တဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း
ပါပါတယ်...
ကျွန်တော်လည်း ချမ်းသာလို့လှူတာမဟုတ်ပါဘူး...
သဘာဝဘေးကြုံနေရသူတွေကို
သူတို့နေရာမှာ ကိုယ်ဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာစိတ်လေးနဲ့
ကိုယ်တတ်နိုင်သလောက်လှူချင်လို့
စုဆောင်းထားတဲ့အထဲက
ရွှေလေးတွေ ထုတ်ရောင်းပြီးလှူတာပါ...
မည်သို့ မည်ပုံမည်မျှ လှူဒါန်းသည်ဖြစ်စေ
တူညီကြတဲ့အချက်တစ်ခုကတော့
စေတနာသဒ္ဒါတရားထက်သန်စွာနဲ့
ဘေးဒုက္ခရောက်သူများကို
လှူဒါန်းကြသည့်ငွေများဖြစ်တာကြောင့်
စေတနာကို ခုတုံးလုပ်ကြတာတွေဟာ
မဖြစ်သင့်ပါဘူး...
(၁)ပထမပိုင်းအနေနဲ့ပြောရရင်
တာဝန်ရှိသူတွေအပိုင်းပါ...
လက်ရှိငလျင်ဘေးမှာ
အချို့သော ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့
ပရဟိတအသင်းအချို့မှတာဝန်ရှိသူတွေဟာ
အလုံးစုံပျက်စီးအိမ်စာရင်း ပိုတင်ခြင်း၊
အလုံးစုံပျက်စီးသည့်အိမ်များ
စာရင်းထဲမပါပဲ အလှူငွေမရရှိခြင်း၊
နီးစပ်ရာ ရင်းနှီးကျွမ်းဝင်ရာ
အလုံးစုံပျက်စီးစာရင်းမဝင်သည့်
အိမ်ပေါင်းများစွာ
စာရင်းထဲပါဝင်ကာ
အလှူငွေလက်ခံရရှိခြင်း စသည့်ဖြစ်ရပ်များဖြစ်ခဲ့သလို...
ရေဘေးတုန်းကလည်း
တောင်ပေါ်ဒေသ ရပ်ကွက်တစ်ခုမှာ
အိမ်ရေမျောပါသွားသူများအား
တစ်အိမ် ၃ သိန်းကျပ်လှူဒါန်းရာတွင်
အမှန်တကယ် ရေမျောအိမ် ၉ အိမ်သာရှိပေမယ့်
၁၆ အိမ်စာရင်းပြကာ
တကယ်အိမ်ပါသွားသူ ၂ ဦးသာပါရှိပြီး
ရာအိမ်မှူးနှင့် နီးစပ်သူ အိမ်မျောမပါသူများ
၁၄ ဦးအထိပါခဲ့ကာ
၎င်းတို့အထဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ခယ်မအရင်း
အမွှာညီအမ ၂ ဦးပါလာခဲ့ခြင်းတို့လိုမျိုး ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်...
အထက်ပါဖြစ်စဉ်တွေဟာ
ကျွန်တော့်ဆီမှာ လူသက်သေ
အသံဖိုင်သက်သေ စာရင်းဇယားသက်သေအတိအကျဖြင့်ရှိသည့်
ဖြစ်စဉ်များသာဖြစ်ပြီး
အထက်ပါဖြစ်စဉ်မျိုးတွေဟာ
မည်မျှ ရှိခဲ့မည်ဟုလည်း မပြောနိုင်ပါ...
စေတနာကို ခုတုံးလုပ်သည့်
အဆိုပါ ဖြစ်စဉ်မျိုးတွေသည် လုံးဝမဖြစ်သင့် မရှိသင့်သောဖြစ်စဉ်မျိုးတွေသာဖြစ်ပါတယ်ဗျာ...
ငလျင်ဘေးပြန်လည်ထူထောင်ရေးဗဟိုကော်မတီ အနေဖြင့်
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ အရေးယူမည်ဆိုပါက
ကျွန်တော်အား အချိန်မရွေးခေါ်ယူ
မေးမြန်းကာ သက်သေပစ္စည်းများ
လူသက်သေများ အသံဖိုင်သက်သေများအား စစ်ဆေးနိုင်ပါတယ်ဗျ...
မှန်မှန်ကန်ကန်လုပ်ကိုင်ကူညီပေးနေသော
တာဝန်ရှိသူများအားလည်း
လေးစားမိပါတယ်ဗျာ...
(၂) NGO နှင့် ဖောင်ဒေးရှင်းများ...
အားလုံးမဟုတ်ပေမယ့်
အချို့သော NGO နဲ့ ဖောင်ဒေးရှင်းများဟာ
သဘာဝဘေးကိုအကြောင်းပြုပြီး
စေတနာကို ခုတုံးလုပ်နေကြပါတယ်...
NGO အချို့ဟာ နှောင်ကြိုးပါသော
လှူဒါန်းငွေများကို ပေးအပ်ပြီး
အလှူငွေပေးပြီးနောက်မှာ
အလှူရှင်များကို စစ်ဆေးမေးမြန်းပါတော့တယ်...
စစ်ဆေးမေးမြန်းတဲ့အချက်အလက်ပေါ်မှာ အခြေခံပြီး လိုအပ်ချက်များကို
၎င်းတို့ လှူဒါန်းစဉ်ရိုက်ယူထားခဲ့သော
ဓာတ်ပုံပေါင်း မြောက်များစွာထဲကနေ
သနားဂရုဏာဖြစ်ဖွယ်ပုံများကို
လိုင်းပေါ်တင်ကာ
ကမ္ဘာ့နေရာအနှံ့အပြားကို
ဓာတ်ပုံများပြသကာ အလှူခံကြပါတော့တယ်...
အလှူငွေရရှိငွေ ဒေါ်လာတစ်သန်းဆိုရင်
နိုင်ငံတကာနှင့် မြန်မာပြည်ရှိ ၎င်းတို့အဖွဲ့အစည်းများအတွက် ရုံးခန်းဌားခ မော်တော်ယာဉ်စရိတ် ရုံးအဖွဲ့လစာ အထွေထွေကုန်ကျစရိတ်များ
စာရင်းပြ၍ နုတ်ယူပြီးချိန်မှာတော့
အလှူရှင်တွေထံ မြေပြင်ကိုရောက်ရှိချိန်မှာတော့
ဒေါ်လာတစ်သန်းဟာ
ဒေါ်လာတစ်သိန်းလောက်တောင်
မရှိချင်တော့ပါဘူး...
အချို့သော NGO အဖွဲ့ရုံးခန်းဌားခတွေဟာ
သိန်းရာချီသလို မြန်မာပြည်အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့
လစာဟာလည်း ဒေါ်လာ ၂၅၀၀ အထိတောင်ရှိကြပါတယ်...
ဒါဟာ လစာသာဖြစ်ပြီး
ခရီးစရိတ် အထွေထွေကုန်ကျစရိတ်
မော်တော်ယာဉ်အသုံးပြုခတွေ
ရရှိပါသေးတယ်...
လူကြီးပိုင်းတွေက သိန်းရာချီ ဆယ်ချီ လစာတွေအများကြီးယူထားပေမယ့်
တချို့ NGO တွေကျတော့
ဘွဲ့ရ လုပ်သက် ၉ နှစ် ၁၀ နှစ်ရှိတဲ့
သက်ဆိုင်ရာပညာရပ်နယ်ပယ်က
ကျွမ်းကျင်သူတွေကိုတောင်
လစာ ၁၂၀,၀၀၀ ကနေ
၁၈၀,၀၀၀ သာပေးတာကို
ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးပါတယ်...
အရာကြီးခပ်တဲ့ရေ အရာကြီးဖျင်ဆေးလို့ ကုန်တာပါပဲ...
အချို့သော ဖောင်ဒေးရှင်းတွေဟာလည်း
NGO အဖွဲ့တွေလိုပါပဲ...
အလှူခံရရှိပြီးငွေ စုစုပေါင်း မည်မျှ...
လှူဒါန်းပြီးငွေ စုစုပေါင်း မည်မျှ...
စာရင်းလက်ကျန်ငွေ မည်မျှဆိုတာကို
အများပြည်သူလှူဒါန်းငွေများဖြစ်တာကြောင့်
အများပြည်သူထံပြန်လည် စာရင်းရှင်း
တင်ပြရမယ့် တာဝန် ရှိကို ရှိတာမို့
စာရင်းရှင်းတင်ပြရပါမယ်...
အဖွဲ့အစည်းနဲ့ လုပ်ဆောင်နေတာမို့
အလှူငွေ လက်ခံတဲ့ ငွေစာရင်းဟာလည်း
ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ
အဖွဲ့အစည်းအမည်နဲ့ ဘဏ်စာရင်းသာအဖြစ်သင့်ဆုံးပါ...
သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့လည်း
ငွေကြေးစီးဆင်းမှု့များသော
NGO များ ဖောင်ဒေးရှင်းများအား
နှစ်စဉ် ငွေဝင် ငွေထွက်စာရင်းများအား စစ်ဆေးခြင်းပြုလုပ်ကာ
အများပြည်သူသိအောင်
ပွင့်လင်းမြင်သာစွာ ချပြသင့်ပါတယ်ဗျာ...
ကျွန်တော်ကတော့
ကိုယ်ပိုင်ငွေကြေးထည့်ဝင်မတည်ထားတဲ့
အဖွဲ့အစည်းမျိုးတွေကိုသာ
အားပေးပါတယ်ဗျာ...
သဘာဝဘေးလှူဒါန်းကြသူများကိုလည်း
ညောင်လေးပင်မြို့သူမြို့သားများလို
ကိုယ်တိုင်စုပေါင်းအလှူခံ
ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး
ကိုယ်ထိလက်ရောက် တကယ်လိုအပ်နေသူများကို
သွားရောက်လှူဒါန်းတာမျိုးကို
ကြိုက်ပါတယ်...
အဲ့လို သွားလှူကြတဲ့ အဖွဲ့တွေလည်း
အများကြီးရှိတာမို့
အပင်ပန်းခံ သွားလှူကြသူများအတွက်လည်း
ဂုဏ်ယူလေးစားမိပါတယ်ဗျာ...
အမြဲတမ်းရေရှည် သာရေးနာရေးကူညီရတဲ့
ပရဟိတအသင်းများအနေနဲ့
ရုံးအဖွဲ့ ယာဉ်မောင်းအချို့ကို
လစာနဲ့ ဌားရမ်းထားတာဖြစ်သင့်ပေမယ့်
ခေတ္တခဏကူညီကြရတဲ့
သဘာဝဘေးကူညီကြသူများကိုတော့
ကိုယ့်ငွေ ကိုယ်စိုက် ကိုယ့်စားစရိတ်ကိုယ်သုံး
ကိုယ့်ကားဆီ ကိုယ့်ဖာသာထည့်တာသာဖြစ်သင့်တယ်လို့ ထင်မြင်မိပါတယ်ဗျာ...
မှန်မှန်ကန်လုပ်ဆောင်လှူဒါန်းပေးနေသော
NGO ဖောင်ဒေးရှင်းနှင့်
အဖွဲ့အစည်းများကိုလည်း
လေးစားဦးညွှတ်လိုက်ပါတယ်ဗျ...
(၃) အလှူခံပုဂ္ဂိုလ်များ...
အလှူခံပုဂ္ဂိုလ်များမှာလည်း ၂ ပိုင်းရှိပါတယ်...
ပထမပိုင်းပြောချင်တာက
ရေနစ်တဲ့အထဲမပါ ငလျင်ကြောင့်
အိမ်ပျက်စီးတဲ့အထဲမပါပဲ
အလှူကားတွေလာတိုင်း
ရှေ့ကပိတ်ပြီး ဒီနေရာမှာ လှူပေးပါတို့
ရှေ့မှာ ဘာမှ မရှိတော့ဘူးတို့နဲ့
မိုက်ကြေးခွဲသလိုလို လုယက်တော့မလိုလိုနဲ့
ကားတစ်စီးလာတိုင်း ဟေးကနဲအော်ပြီး
နောက်ကနေ လိုက်ယူတဲ့အဖွဲ့တွေပါ...
သူတို့အတွက်ကတော့
ပြောစရာ စကားလုံးမရှိတော့ပါဘူး...
သူတပါးဒုက္ခရောက်နေချိန်မှာ
ပျော်ပြီး စေတနာကို အကြီးအကျယ်
ခုတုံးလုပ်နေသူတွေ မဟုတ်လား...
နောက်တစ်ပိုင်းက အမှန်တကယ်
ဒုက္ခရောက်တဲ့အထဲပါဝင်ပြီး
အလှူရှင်တွေရဲ့ စေတနာကို
ခုတုံးလုပ်ကြတာပါ...
ဘယ်လိုလုပ်ကြလဲဆိုတော့
ထမင်းထုပ်ကိစ္စ စပြောပါမယ်...
သုံးရက်အတွင်းမှာ
ပထမဆုံးအကြိမ်ထမင်းထုပ်ရောက်လာတော့
အားရဝမ်းသာနဲ့ ကျေးဇူးတင်စကားပြောပြီး
ကြက်ဥကြော်ထမင်းထုပ်ကို
လက်ခံစားသုံးခဲ့ပေမယ့်...
အလှူရှင်များလာချိန်မှာတော့
ထမင်းထုပ်က ဘာဟင်းလဲ
ကြက်ဥကြော် ငါးခြောက်တို့ပြောရင်
မယူတော့ဘူး အဲ့တာတွေ
မစားချင်တော့ဘူး ပြောကြသူတွေ
ကြုံခဲ့ရတယ်...
အဲ့လိုပြောတော့ ထမင်းထုပ်ရဖို့ကို
ည ၂ နာရီလောက်ကတည်းက ထပြီး
အပင်ပန်းခံချက်ပြုတ် ကားတစ်တန်
ခြေလျင်တစ်တန်နဲ့ ရွံ့ဗွက်ဒူးခေါင်းလောက်ထဲမှာ
လိုက်ဝေရတဲ့ အလှူရှင်တွေရဲ့
ရင်ဝကို ဆောင့်ကန်ခံရတဲ့အတိုင်း
ခံစားကြရပါတယ်ဗျာ...
ညနေပိုင်း ထမင်းထုပ်သွားဝေချိန်
တစ်ယောက်တည်းရှိတာကို
ထမင်းနှစ်ထုပ်ယူပြီး
ကြက်သားနှစ်တုံးနဲ့ ငါးခြောက်ကြော်ကို
ပန်းကန်ထဲထည့်
အရက်ပုလင်းထုပ်လာပြီး အမြည်းလေးလုပ်
ထမင်းတွေကိုကျတော့ လာဝေတဲ့သူတွေတောင်
ခြံအပြင်မရောက်သေးဘူး
ဘုတ်ကနဲ ပစ်ထုတ်လိုက်တာမျိုးလည်း
မြင်ခဲ့ကြုံခဲ့ရဖူးတယ်...
နောက်တစ်ခုက
ပျက်စီးတဲ့အိမ်တွေလှူတာမှာ
ပြင်ဆောက်ဖို့ တစ်အိမ်လုံးစာလှူပေးပြီးနေပြီ
တစ်ပတ်အတွင်းပြီးအောင်ပြင်ဖို့
ကတိရမှ ပစ္စည်းဝယ်ပေးပေမယ့်
တစ်လခွဲကျော်တဲ့အထိ ပြန်မပြင်ပဲ
နောက်လူတွေဆီက အိမ်ပြင်ဖို့ဆိုပြီး
အိမ်ပျက်ကိုပြပြီး အလှူခံနေကြတာတွေလည်း ကိုယ်တိုင်ကြုံရတယ်...
ဒီငလျင်ဘေးမှာလည်း
အိမ်တစ်လုံးတည်းကို
အလှူရှင် နှစ်ဦးဆီက အိမ်ဖိုးအလှူငွေလက်ခံ
အိမ်ပြီးတော့ လိုင်းပေါ်တင်ကြတဲ့အခါ
အလှူရှင် နှစ်ယောက်က
လိုင်းပေါ်မှာ သူလှူတာ ငါလှူတာနဲ့
ရန်တွေဖြစ် အချင်းများကုန်ကြရော...
နောက်တစ်မျိုးက
လာလှူတဲ့သူတွေဟာ ငလျင်ကြောင့်
ပျက်စီးတဲ့ အိမ်တွေကို လာလှူတာပါ...
ဒါကို ယခင်က အိမ်မရှိပေမယ့်
အိမ်အသစ်ဆောက်ဖို့အတွက်
အလှူခံကြတယ်ပေါ့...
အလှူရှင်တွေကလည်း
ကိုယ်ချင်းစာပြီး လှူကြပါတယ်...
တချို့ဆိုရင် မြေကွက်တောင်မရှိသေးပေမယ့်
အိမ်က စာရင်းထည့်တင်လိုက်လို့
အိမ်အလှူရှင်ရနေပြီ...
မြေကွက်ဝယ်ပေးဖို့ အလှူရှင်
ထပ်ရှာနေရတုန်း...
တခါအိမ်အတွက်ပစ္စည်းတောင်းတဲ့အခါ
၁၂ ပေ ၂၄ ပေ သွပ်မိုးသွပ်ကာ
ဝါးအိမ်တစ်လုံးအတွက်
ဝါးအလုံး ၃၁၀ တဲ့...
လန့် သွားတာပါပဲဗျာ...
အဲ့လိုအတိုင်းအတာအိမ်တစ်လုံးကို
သိန်း ၃၀ ကျော်ကနေ ၃၅ သိန်းလောက်သာ
ကျသင့်နေချိန်မှာ အိမ်ဖရိန်ဝါးအတွက်တင်
သူတို့ပြောတဲ့အတိုင်းဆိုရင်
၃၆ သိန်းလောက်ကျသင့်နေပြီ
အခင်းအတွက် အမိုးအကာအတွက်
ခန်းဖွဲ့အတွက် အိမ်သာအတွက်
လိုအပ်ချက်တွေ မပါသေးဘူး...
ဝါးခင်း သွပ်မိုးသွပ်ကာလို့ပြောပြီး
အလှူလက်ခံထားပေမယ့်...
သစ်ခင်းပေးပါလား တောင်းဆိုတော့
ကျွန်တော့်မှာ ဘာပြန်ပြောရမှန်းမသိတော့ဘူး...
ငလျင်ကြောင့် ပြိုပျက်တဲ့အိမ်မဟုတ်ပဲ
အိမ်အသစ်ဆောက်လှူပေးတာမှာတောင်
အဲ့လိုတွေ ကြုံရတာပါ...
သဘာဝဘေးဒုက္ခကြုံရသူများကို
ရင်ထဲကခံစားချက်နဲ့ကို စာနာပါတယ်...
ကိုယ်ချင်းစာပါတယ်...
ဒါကြောင့်လည်း ရေဘေးတုန်းက
ကိုယ်ပိုင်ငွေနဲ့ သိန်းငါးရာကျော်
ငလျင်ဘေးမှာလည်း သိန်းနှစ်ရာကျော်ကို
မချမ်းသာပေမယ့် ရှိတာတွေရောင်းပြီးလှူခဲ့တာပါ...
သို့ပေသော်ငြား
အလှူရှင်တွေရဲ့ စေတနာတွေကိုတော့
ခုတုံး မလုပ်ကြစေချင်ပါဘူး...
မှန်မှန်ကန်ကန်သာ အလှူခံကြစေချင်ပါတယ်ဗျာ...
မှန်မှန်ကန်ကန်အလှူခံကြရင်လည်း
အလှူရှင်တွေအနေနဲ့
အိမ်ပြီးသွားလည်း
သဘာဝဘေးဒုက္ခကြုံခဲ့ရသူများကို
တတ်နိုင်သလောက် လှူနေကြဦးမှာဖြစ်ပါတယ်...
ကလောရေဘေးလှူတုန်းက
ရထားလမ်းဘေးက
အိမ်တစ်အိမ်ပေါ့...
ရေမြုပ်တစ်အိမ် တစ်သိန်း
ရေမျော တစ်အိမ် နှစ်သိန်းနဲ့
အစားအသောက် အိမ်သုံးပစ္စည်း
အဝတ်အထည်နဲ့ စောင်အသစ်တစ်အိမ်စာ လှူဒါန်းပေးတဲ့အခါမှာ
ကျေးဇူးတင်တယ်အစ်ကိုကြီးရာ
ဒီနေရာက အကိုကြီး ပထမဆုံးလာလှူပေးတာဖြစ်ပေမယ့်
ကျွန်တော်က ငွေကြေးအဆင်ပြေသလို
ကျန်တာလည်း အဆင်ပြေပါတယ်...
ကျွန်တော်မလိုအပ်တာကြောင့်
လက်မခံပါရစေနဲ့
တကယ်လိုအပ်တဲ့သူကို ပိုလှူပေးလိုက်ပါတဲ့...
နာမည်က ကိုစိုင်းတဲ့...
အဲ့တုန်းကလည်း ကလောက
ညီလေးတွေ ဆပ်အက်နဲ့ ထွန်းဦးတို့
ပါကြပါတယ်...
ကျွန်တော့်မှာ အလှူငွေနဲ့ ပစ္စည်းတွေအများကြီးပါပါတယ်
တခြားလူတွေကိုလည်း
အိမ်တိုင်းစေ့လှူပေးမှာပါပြောပေမယ့်
သူ့ထက်ဆင်းရဲတဲ့သူကို ပိုလှူပေးလိုက်ပါတဲ့...
ရင်ထဲစွဲအောင် လေးစားနေမိတဲ့
အဖြစ်အပျက်လေးပါပဲဗျာ...
ပုံကတော့ ငလျင်ဘေး ကူညီဖို့အတွက်
၃ လပိုင်း ၂၉ ရက်နေ့က ခရီးမထွက်ခင်
ရွှေ ၃ ကျပ်သားကျော်သွားရောင်းပြီး
ငလျင်ဘေးမှာ လှူဒါန်းခဲ့တဲ့
ကိုယ်ပိုင်ငွေ သိန်း ၂ဝဝ ပါဗျာ...
မိတ်ဆွေများအားလုံး
ကပ်သုံးပါးမှ ကင်းဝေးကြပါစေ၊
ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
25/09/2023
💕Review လေးအတွက်ကျေးဇူးပါနော် 💕
🍓အမြဲမကြော်ငြာဖြစ်ပေမယ့် အမြဲအားပေးတဲ့ dear လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်နော်
10/09/2023
နှစ်ခါထပ်မရတော့တဲ့အခွင့်အရေးပါနော်
ငွေကျပ် ၃,၀၀၀ ဝန်ကျင်းနဲ့ Skincare ကောင်းကောင်းသုံးကြမယ်
🍃နေ့စဉ် ဆပ်ပြာတိုက်ရုံနဲ့ မကင်းစင်နိုင်တဲ့
ခန္နာကိုယ်ပေါ်က ဆဲလ်သေလေးတွေကို Herb scrub တိုက်ပေးခြင်းဖြင့် သန့်စင်နိုင်ပါတယ်
🍃ဆဲလ်သေတွေ မဖယ်ရှာပဲ ကြည်လင်တဲ့ အသားရည်ရဖို့မလွယ်ကူပါဘူး
🌿Herb scrub လေးကို တစ်ပတ်မှာ ၂ ကြိမ် မှ ၃ ကြိမ်တိုက်ရုံနဲ့ သဘာဝဆေးဘက်ဝင်အပင် ၁၀ မျိုး ပျားရည် နို့နဲ့ ပင်လယ်ဆားနုနုလေးတွေရဲ့အစွမ်းကြောင့်
✨ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားရေကြည်လင်စေတယ်
✨နေလောင်ဒဏ်ကြောင့် အသားအရေညစ်နွမ်းတာကို သက်သာစေတယ်
✨အသားရည်ဖြူဝင်စေပြီး ဒူးမဲ ဂျိုင်းမဲ တာတွေကို သက်သာစေတယ်
✨သွေးလှည့်ပတ်မှုကောင်းပြီး ပေါ့ပါးလန်းဆန်းစေတယ်
⚠️ Stock ရှိသလောက်သာ ပရိုမိုးရှင်း ခံစားခွင့်ရှိပါမယ်နော်။ ⚠️
❗️Expired က 11လပိုင်း2023 ပါနော်
14/03/2023
☀️✨Clearance Sale ✨☀️
💛❤️ Only 22 pieces available ❤️💛
‼️‼️ Promotion Price - 6,000 ကျပ် (80g) ‼️‼️
⛔️Normal Price - 8,500 ကျပ်
DEAR AK Herb Scrub လေးကို စမ်းသုံးချင်သူတွေ လက်ဆောင်ပေးချင်သူတွေနဲ့ အမာခံ Customer လေးတွေအတွက် သတင်းကောင်းပါနော် 😍😍
🚨Limited stock ဖြစ်လို့ ဦးသူယူပါနော်
Herb Scrub Review
https://www.facebook.com/405274350034282/posts/999347363960308/?d=n
https://www.facebook.com/102696854777266/posts/332839331763016/?d=n
https://www.facebook.com/103260988494783/posts/218777230276491/?d=n
https://www.facebook.com/103280371388365/posts/213042600412141/?d=n
28/02/2023
နေလောင်ဒဏ်နဲ့ နဲ့ air pollution ကြောင့် အသားရောင် ညစ်ထေးပြီး မွဲခြောက်လာသူများအတွက်
သဘာဝ အဆီအနှစ်မျိုးစုံကနေထုတ်လုပ်ထားတဲ့ white strawberry soap လေးက
🍓Collagen ထုတ်လုပ်မှုကို လှုပ်ဆော်ပေးလို့ အသားရေတင်ရင်းစေပါတယ်
🍓အိုမင်းရင့်ရော်မှုကိုလဲ တာဆီးပေးပါတယ်
🍓အမဲစက်နဲ့ အသားခြောက်တာကိုလဲ ကာကွယ်ပေးပါတယ်
🍓ရေဓာတ်ဖြည့်ပေးလို့ အသားအရည်ကြည်လင် ချောမွေ့စေတယ်
အခုဝယ်ရင် ၅၀၀၀ ကျပ်ပဲကျသင့်မှာမို့ အသားရည် စိုပြေနေချင်သူတွေဈေးချတုံး မဖြစ်မနေ ယူပါနော်🫧🌸☺️
သဘာဝပစ္စည်းတွေကနေ ထုတ်ပေးထားတာကို ဒီဈေးနဲ့ မို့ အရမ်း တန်နေပါပြီနော် 😍
#သဘာဝအတိုင်းကြည်လင်တဲ့အသားရေရဖို့
#ရေချိုးရင်းနဲ့skincareကြမယ်
28/02/2023
🌿Herb scrub လေးက ပုံမှန် ၁ပတ်ကို ၁ကြိမ် ၂ ကြိမ်လာက် သုံးပေးရုံနဲ့ ဒီလိုရလာဒ်လေးတွေပိုင်ဆိုင်နိုင်မှာပါနော်
🌚ဂုတ်မဲ ဒူးမဲ ပေါင်ကြားမဲ အကြောပျက်တာတွေကို သက်သာလာစေမယ်
🌞နေလောင်ထားတာတွေ သိသိသာသာ ပြန်လည်သက်သာလာစေတယ်
🍂ဆဲလ်အသေတွေဖယ်ရှားပေးလို့မွဲခြောက်နေတာတွေ စိုပြေစေတယ်
🩸သွေးလည်ပတ်မှုကောင်းစေလို့ အညောင်းအညာတွေအပူအပုပ်တွေကင်းစင်စေပါတယ်
🙊ညိုနေရင်တောင် ကြည်ကြည်လေးနဲ့ သန့်သန့်လေးဖြစ်နေမှာနော်
☘️Scrub texture လေးကလုံးဝနူးညံ့တဲ့အပြင် ဆပ်ပြာလဲထပ်သုံးစရာလဲမလိုတော့ပါဘူးနော်
🧴Scrub သုံးပြီးရင် lotion လဲ သုံးပေးဖို့ မမေ့ရဘူးနော်
14/02/2023
V Day အတွက် ဘာ promotion မှမရှိဘူးလားဆိုတဲ့ dear လေးအတွက် 🎁💐💝
V Day promotion ဆိုပေမယ့် တစ်လလုံး Scrub ဗူးကြီးပဲယူယူ အသေးဘဲယူယူ soap ပဲယူယူ ဘာပဲယူယူ 1,500 save ဖြစ်မှာနော် 💝🥰
ဈေးသက်သက်သာသာနဲ့ လှပတဲ့အသားရေကိုပိုင်ဆိုင်နိုင်မှာမို့ မြန်မြန်သာ order မှာလိုက်တော့နော် 🌸🍓💝🎁
11/02/2023
🌸🇯🇵ဂျပန်နိုင်ငံမှ ရရှိတဲ့ အဖြူရောင် စတော်ဘယ်ရီရဲ့ အဆီအနှစ်တွေနဲ့ ပြုလုပ်ထားတဲ့ dear ak အသားဖြူဆပ်ပြာလေးဟာ
🍓 အသားရေကို လျှင်မြန်စွာ ဝင်းပလာစေခြင်း
🍓 ဒူးမဲ ဂျိုင်းမဲခြင်းကို ဖယ်ရှားပေးခြင်း
🍓 အသားရောင်ညီညာစေခြင်း
🍓 နေလောင်ဒဏ်ကို သက်သာစေခြင်း
🍓 ချွေးပေါက်တွေကို သန့်စင်စေပြီး ဝက်ခြံများကိုလဲ သက်သာစေပါတယ်
🥛🍯🥥အသားရေကို အကျိုးပြုစေတဲ့ White strawberry အပြင် AHA, Vitamin E, အုန်းဆီ, ပျားရည်နဲ့ နွားနို့တို့ကို အချိုးကျဖော်စပ်ထားလို့ အရေပြားကို အဟာရပြည့်ဝစေမှာပါ
🚫White Strawberry Soap လေးကို သဘာဝအသီးအနှံ့တွေနဲ့ထုတ်လုပ်ထားပြီး တိရစ္ဆာန်အဆီ လုံးဝ (လုံးဝ) မပါဝင်ပါဘူးနော်
⚜️ဒါပြင် FDA လက်မှတ်လဲရရှိထားတော့ အန္တရာယ်ကင်းကင်း နဲ့အသားရေဖြူဝင်းနိုင်ပါပြီနော်
08/02/2023
🍓ခုလောလောဆယ် white strawberry soap လေး ဘယ်သူတွေ သုံးနေကြလဲ?
🐝မသုံးဖူးသေးတဲ့သူတွေ စမ်းသုံးကြည့်နော်
🍯တစ်ခါသုံးရုံနဲ့ ရင်ထဲမှာ သေချာပေါက် ရှိနေမှာ အာမခံပါတယ်နော် ❤️
👉🏻အသားရေကြည်လင်မယ်
👉🏻အမဲစက်ကင်းမယ်
👉🏻ဝက်ခြံလျော့ပါးမယ်
👉🏻အိုမင်းခြင်းကို ကာကွယ်တယ်
👉🏻 ကော်လဂျင်ထုတ်လှုပ်မှုကို လှုံဆော်ပေးတယ်
01/02/2023
White Strawberry Soap ထဲမှာပါတဲ့ AHA ဟာ
✅အပေါ်ယံ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးတယ်
✅ဝက်ခြံအမာရွက်နဲ့ အမဲစက်တွေလျော့ပါးစေဖို့အတွက်လည်း ကူညီပေးတယ်
✅အသားအရေ အစိုဓာတ်ထိန်းသိမ်းပေးသလို အသားအရေအရောင်ကိုလည်း ညီညာစေကာ ချောမွေ့စေနိုင်ပါတယ်။
#သဘာဝအတိုင်းကြည်လင်တဲ့အသားရေရဖို့
#ရေချိုးရင်းနဲ့skincareကြမယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hlaing
11051