Beauty By Hnin
Health & Beauty
12/01/2025
💛💜💚
Ready to Beautie Myanmar
✨ ဘဝမှာ လှလှပပ နေချင်သူများအတွက် ✨
USA🇺🇸 Branded Beauty Products များကို တစ်နေရာထဲမှာ အဆင်ပြေဆုံးနဲ့ ရနိုင်ပါပြီ 💕
▪️ 100% Authentic
▪️ Premium Quality Care
▪️Best Service with love
💄 Ready to Beautie နဲ့အတူ နေ့စဉ် လှကြစို့ 🤍
10/01/2025
ရင်မှာ ဝမ်းနည်းကြေကွဲ...
10/01/2025
⚡️Quick Review of My Current Sunscreen
[2025 edition] ✨
2025 ရောက်တဲ့အထိ ဘယ် sunscreen ရွေးရမှန်းမသိ ဗျာများနေတဲ့ အဖွဲ့အတွက် air လက်ရှိ သုံးနေသမျှ sun care လေးတွေကို တိုတိုတုတ်တုတ် collect လုပ်ပေးထားပါတယ် .. ☀️🫶🏻
အရင်ဆုံး ဒီပုံထဲမှာ ပါသမျှအားလုံးက chemical / hybrid type တွေပဲမို့ ဖြန့်လိမ်းရ အင်မတန်လွယ်သော sunscreen တွေပါပဲ ပွတ်ဆွဲပြီးလိမ်းနေရမလား၊ ထူးပိန်းနေမလား လုံးဝ(လုံးဝ) ခေါင်းစားစရာမလိုဘူး နောက်ပြီး chemical တွေရဲ့ ထုံးစံအတိုင်း ဘယ်လောက်ပဲလိမ်းလိမ်း white cast (ဖြူဖြူပြာပြာ) လုံးဝမကျန်ဘူး၊ အလိပ်လိပ်မဖြစ်ဘူး၊ အနံ့ကတော့ ပါတဲ့ဟာပါတယ် ( strong ဖြစ်လွန်းတဲ့ artificial fragrance တော့မဟုတ် ) အရေးကြီးဆုံး sun protection အပြည့်အဝရတယ် ( air သုံးထားတဲ့ အတွေ့အကြုံအရ enough amount သာလိမ်းရင် စိတ်ပူစရာမရှိ ) ✅
Quick check မို့ details မရေးတော့ဘူးနော်
Sunscreen ဖြစ်တဲ့အလျောက် gel hydrator တွေလိုတော့ လိမ်းပြီး ပျောက်သွားမှာမဟုတ်ဘူး! Moisturizing အကောင်းဆုံးကနေ moist to light အစဉ်အတိုင်း list လုပ်ထားတယ် >>>
* Derma Factory : emulsion လို အရည်ခပ်ကျဲကျဲ texture လေးနဲ့ဆိုပေမယ့် moisturizing တော်တော်လေးကို ကောင်းတဲ့ sunscreen ထဲမှာပါတယ် သာမန် combination ဆို ရာသီဥတုအေးနေရင်တောင် moisturizer မပါဘဲ သူ့ချည်းဘဲလိမ်းရင်တောင် အဆင်ပြေတယ် Dry & dehydrated skin တွေ တကယ်ကြိုက်လိမ့်မယ်
* Celimax : oxidized ဖြစ်တာနည်းလို့ sunscreen လိမ်းပြီး မျက်နှာမည်းသွားတဲ့ပြဿနာကို သက်သာစေတယ် Tone up မဟုတ်ပေမယ့် လိမ်းပြီးရင် မျက်နှာလေး အနည်းငယ်လင်းသွားလို့ daily makeup base အနေနဲ့လည်း အိုခေတယ်
* Yoon Skin : ingredients ပါဝင်မှု အနည်းဆုံး sunscreen ဖြစ်လို့ sensitive skin နဲ့ တော်ရုံ sunscreen မလိမ်းရဲ/ချင်သူများ ဒါလေးနဲ့စကြည့်ဖို့ အကြံပြုတယ် Gentle ဖြစ်တဲ့အပြင် moisturize လည်းဖြစ်လို့ မတည့်သူမရှိသလောက်ပဲ
* Cosrx : ultra lightweight ဆိုတဲ့အတိုင်း gel ပါးပါးလေး လိမ်းနေရသလိုမျိုး အသားကိုအေးနေစေလို့ တအားလိမ်းလို့ ကောင်းပါတယ် 🤭 Hydrating တော်တော်ကောင်းပြီး စိုအိနေတဲ့ radiant finish မျိုးကျန်တယ် Healthy glow look မျိုး ကြိုက်တတ်ရင် ကွက်တိပဲ
* BOJ : dehydrated oily & combination skin တွေအတွက် everyday sunscreen အနေနဲ့ အသင့်တော်ဆုံးပဲ တအားလည်း စိုရွှဲမနေဘူး တအားလည်း စီးစီးပိုင်ပိုင် ကပ်ကပ်ကြီးဖြစ်မနေဘဲ သဘာဝကျကျ natural finish ရစေတယ်
* APLB : အသားပေါ်မှာ လိမ်းလို့လိမ်းထားမှန်း မသိအောင်ကို fit ဖြစ်ပြီး comfortable အရမ်းဖြစ်တယ် Finish ကလည်း သိသိသာသာမကျန်ခဲ့တာမို့ Nia + gluta နဲ့သာတည့်ရင် skin type သိပ်ရွေးစရာမလိုတဲ့ထဲပါတယ်
* Viho : Hybrid sunscreen ကိုမှ လိမ်းပြီးရင် residue လုံးဝမကျန်သလောက်ဘဲ Texture အနည်းငယ်ပျစ်ပေမယ့် တစ်ချက်နှစ်ချက်ဆွဲတာနဲ့ ပျောက်သွားပြီး soft matt finish မျိုးရတယ် Oily skin ကိုမှ လုံးလုံး physical ကြီး မကြိုက်တတ်ရင် ဒါမျိုးရွေးပါ
ဒီထဲက တစ်ချို့ကိုတော့ full review ရေးဖူးပြီးသားမို့ ရှာဖွေကြည့်နော် 🙊 မရေးရသေးတာလည်း နောက်ပိုင်းလာဖို့ ရှိပါတယ် ခုတော့ဒီလောက်ပဲ .. 🫶🏻
𝘠𝘰𝘶𝘳 𝘚𝘬𝘪𝘯 𝘚𝘪𝘴,
𝘈𝘪𝘳~
06/01/2025
06/01/2025
2025 မှာ ဆက် မလုပ်သင့်တော့တဲ့
စကင်းကဲ အိုဗာတင်း (3) မျိုး 🫠‼️
ဒါတွေက အများစု "တန်ဆေး လွန်ဘေး" ဖြစ်လေ့ရှိကြတဲ့ အပိုင်းတွေဆိုလည်း မမှားဘူး။ ကိုယ်ကတော့ ကောင်းစေချင်လို့၊ ကောင်းမယ်ထင်လို့ လုပ်လိုက်တာပဲ။ ဒါပေမယ့် ရလဒ်ဆိုးက စောင့်ကြိုနေတယ်ဆိုရင် Skincare ရတာ ဘယ်တန်တော့မလဲနော်။
ဒါကြောင့် 2025 မှာတော့ ဒီ အိုဗာတင်းနည်း (3) နည်းကို ဆက်မလုပ်တော့ဖို့ အိ အကြံပြုချင်ပါတယ်။
‼️Over-cleansing
Double Cleansing တင်မကဘူး၊ Triple Cleansing ကိုမှ Step တခုကို (2-3) မိနစ်လောက်ဆိုတော့ လိမ်းထားတာ မိတ်ကပ်လား၊ ကပ်တရာစေးလား ပြန်မေးရတော့မလိုပဲ။ Cleansing Step က အသားအရေနဲ့ ထိတွေ့ချိန်အနည်းဆုံးအဆင့်ဆိုပေမယ့် ပျက်စီးမှုနှုန်းအများဆုံး Skincare Step ပါ။
ဒါကြောင့် ဘာမှလိမ်းမထားရင် မျက်နှာသစ်ဆေးတခု၊ Sunscreen/ Make-up လောက်သုံးထားရင် Double Cleansing နဲ့ Waterproof makeup အထူကြီးတွေ or Face Paint တွေ လုပ်ထားမှသာ ပြောင်စင်တဲ့အထိ လိုအပ်သလို Cleansing လုပ်ပေးသင့်ပါတယ်။
‼️ Over-exfoliating
Skin Barrier ကို စုတ်ပြတ်သွားစေခြင်းရဲ့ အဓိကအကြောင်းအရင်းတခုက Exfoliating အလွန်အကြူးလုပ်ခြင်းပါပဲ။
ဘယ်နှစ်ကြိမ်လုပ်သင့်တယ်၊ ဘယ်လောက် % သုံးသင့်တယ်ဆိုတာတွေက Skin Types အပြင်၊ ကိုယ့် Skin က ကိုယ်သုံးမယ့် Exfoliant နဲ့ ဘယ်လောက်အထိ ရင်းနှီးလဲ၊ အသားကျထားလဲ ဆိုတာပေါ်ပါမူတည်တာကြောင့် ကိုယ့်ဟာကိုယ်ချိန်တာအကောင်းဆုံးပါပဲ။
General Guide ပေးရရင်တော့
Sensitive Skin: LHA, PHA, toner pad လောက်ဆိုရပါတယ်။ AHA, BHA သုံးချင်ရင် 0.5% ဝန်းကျင်တွေပဲရွေးပါ။
Face Scrub: Recommend မပေးပါ။
AHA: သုံးကျင့်မရှိရင် 1-3% လောက်ကစပါ။ တပတ် 2 ကြိမ်ဆို ရပါပြီ။ သုံးနေကျမလို့ ပုံမှန်သုံးမယ်ဆို 4-8% က အလွန်ဆုံးပါပဲ။
BHA: သုံးကျင့်မရှိရင် 0.1-0.5% လောက်ကစပါ။ တပတ် 2 ကြိမ်ဆို ရပါပြီ။ သုံးနေကျမလို့ ပုံမှန်သုံးမယ်ဆို 1-4% က အလွန်ဆုံးပါပဲ။ 4% ဆိုတာ Betaine Salicylate ဆိုရင်ပြောတာ။ Salicylic Acid ဆို max. 2% ပဲနော်။
Vit A Derivatives: Retinol, Adapalene, tretinoin တွေက AHA, BHA မှ ကောင်းကောင်းသုံးနေမကျသေးရင် မသုံးသေးဖို့ အကြံပြုပါတယ်။ သုံးချင်သပါ့ဆို Derma Factory က Retinol လိုမျိုး အပျော့စားလေးတွေ စသုံးပါ။ Deriva, Differin ကို နောက်တခါမှစဉ်းစားပါ။
‼️ Over-hydrating/ Over-moisturizing
ကိုယ့် အသားအရေက လိုအပ်တာ 100
ကိုယ့် **skincare routine ကပေးနေတဲ့ အစိုဓါတ်က 500 လောက်ဆို အဖုထနိုင်ခြေများပါတယ်။ အသားအရေ ပျက်စီးလောက်တဲ့အထိမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် လိုတာထက်ပိုသုံးရင် ပိုက်ဆံပိုကုန်မယ်၊ အသားပေါ်မှာ မလိုအပ်ဘဲ ပိုနေမယ်၊ ဒီကနေတဆင့် အဖုထမယ်။ ဒါပါပဲ။
**Skincare routine လို့ ပြောရတဲ့အကြောင်းအရင်းက routine တခုလုံးကို ခြုံငုံပြီးကြည့်ရမှာမလိုပါ။
ဥပမာ - အိက moisturizer ကို တခါသုံး 0.3g လောက်လိမ်းတာက ကွက်တိဆိုပေမယ့်၊ အဆီစုပ်/ အသားခြောက်စေတဲ့ Adapalene နဲ့တွဲမယ်ဆို နှစ်ဆ 0.6g လောက် သုံးမှ ကွက်တိသွားကျတာမျိုးပါ။ မဟုတ်ရင် အသားခြောက်ပြီး အဖတ်လန်ရော။ အဲ့လိုပေါ့။
ဆိုတော့ ဒီလောက်ဆို တော်တော်လေးနားလည်သွားလောက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
🎀 စာဖတ်သူတွေထဲမှာရော ဒီ အိုဗာတင်းနည်းတွေကြောင့် breakouts ဖြစ်ဖူးသူတွေရှိလားဆိုတာ ကောမန့်မှာ မျှဝေခဲ့နော်။ တခြား Skincare Girlies တွေပါ သိရအောင်လို့ Like & Share ဖို့လည်း မမေ့ပါနဲ့ရှင် ✨
Keep Calm, There’s No Bias Here 😉🤞🏻
~ Ei
06/01/2025
ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
Glass Skin ဖြစ်ဖို့ လမ်းစလေး..ပေါ့လေ…
Glass Skin ဆိုတာ ဘာလဲ???
Glass Skin ဆိုတဲ့…အယူအဆဟာ…
ကိုရီးယား…စကင်ကဲလောက..ကနေ..စတင်လာပြီး…
အာရှမှာ…လူကြိုက်များလာတဲ့…အယူအဆလေးပေါ့လေ…
မီမာပီကသူ…တော်တော်များများကလည်း…
Glass Skin အရမ်းလိုချင်ကြတဲ့ထဲမှာ…ပါကြပါတယ်…
ကျန်တဲ့…အာရှကလူတွေနဲ့မတူတာက…
အကြွေတစ်ရာ…ငွေတစ်ရာနဲ့…Glass Skin လိုချင်ကြတာပေါ့လေ…
Glass Skin က အကြွေတစ်ရာ…ငွေတစ်ရာလောက်နဲ့…မရပါဘူး…
ပိုက်ဆံတော့…သုံးရင်သုံးသလောက်…ကုန်မယ်ပေါ့…
Glass Skin ဆိုတာ ဖန်သားလို..ကြည်လင်နေတဲ့…စကင်...
တစ်နည်းအားဖြင့်…ဖန်စကင်…လို့ခေါ်ပါတယ်…
ပိမင်ကတော့…အတိုကောက်…ဖန်ကင်…လို့ခေါ်မယ်ပေါ့လေ…
ကိုယ့်အခြေအနေဟာ…ဖန်ကင်..ဘဝ..ရောက်နေပြီလို့…ဘယ်လိုသိနိုင်မလဲ???
ဖန်ကင်ဖြစ်ဖို့ရာ…အကြမ်းဖျင်းအချက်၃ချက်လိုပါတယ်…
၁ - စကင်ဟာ…ရေဓာတ်…အစိုဓာတ်…ပြည့်ဝနေပြီး…ဘလင်းဘလင်းနဲ့…ကြည်လင်တောက်ပ…မျောက်မဖြစ်နေမယ်..
၂ - အရေပြားက…ပြောင်ချောပြီး…အရေအကြောင်း…ချွေးပေါက်..ဝက်ခြံ…ဘာမှရှိမနေပဲ…ဂျက်ဘေဇိုရဲ့…ဂတုံးလို…ပြောင်တောက်ချောမွတ်နေမယ်…
၃ - အနီစက်…အနီကွက်…အမဲစက်…အမဲကွက်…အဖြူကွက်..တွေရှိမနေပဲ…အရေပြားအရောင်ဟာ…တစ်ညီတည်းဖြစ်နေမယ်…ဒီနေရာမှာ…ညိုခြင်း…ဖြူခြင်း…အရေးမကြီးပါဘူးနော်…တစ်ညီတည်းဖြစ်နေဖို့ပါပဲ…
ဖန်ကင်ရဲ့…ဝိသေသတွေ…သိပြီဆိုတော့…
ဖန်ကင်ဖို့ရာ…ဘယ်လို…လမ်းစရှာကြမလဲ???
ဖန်ကင်ဖို့ရာ…စကင်ကဲရပါမယ်…
စကင်လောကထဲ ဝင်လိုက်ပြီဆိုတာနဲ့…
ဖန်ကင်တဲ့…ဘဝကို…ရောက်နိုင်သလို…
ဖန်ခင်ရတဲ့…ဘဝလည်း…ရောက်သွားနိုင်တာပေါ့လေ…
အခုတော့…ဖန်ကင်ဖို့…စကင်ကဲလမ်းစဉ်လေးတွေပဲ…
ပြောပြပါ့မယ်…
ဖန်ကင်ဖို့…စကင်ကဲတဲ့နေရာမှာ…
ဒီအပိုင်းလေးတွေက…မရှိမဖြစ်လိုနိုင်ပါတယ်…
၁ - Cleansing သေချာလုပ်ဖို့လိုတယ်…
ဂျေးဘလဗျစ်နဲ့…စကင်ဟာ…ဘယ်တော့မှ…
ဖန်ကင်မဖြစ်နိုင်ပါဘူး…
အဲ့တော့…မျက်နှာကို…သေချာ…Cleansing လုပ်ဖို့လိုပါတယ်…
Cleansing လုပ်ရာမှာ…နှစ်ဆင့်လုပ်သင့်တာပေါ့လေ…
Oil-based Cleanser တွေနဲ့ သန့်စင်ပြီးတော့မှ…
Water-based Cleanser နဲ့ သန့်စင်တဲ့…နည်းလမ်းလေးကတော့…
ဖန်ကင်ဖို့ရာ အကောင်းဆုံး…အထောက်အကူပြုမှာပါ…
အဲ့လို…Water နဲ့ Oil-based Cleanser နှစ်မျိုးသုံးတာကို…
Double Cleansing လို့…ခေါ်မယ်ပေါ့လေ…
Double Cleansing လုပ်ရင်…အညစ်အကြေးတွေပြောင်ပြီး…
နောက်လိမ်းမယ့်…စကင်ကဲတွေကို…အာနိသင်လည်း…ပိုကောင်းစေပါတယ်…
၂ - တိုနာသုံးမယ်…
တိုနာက…ဖန်ကင်ချင်တဲ့သူတွေအတွက်…မရှိမဖြစ်လိုတဲ့ထဲမှာပါပါတယ်…
မျက်နှာ pH ဓာတ်မညီမျှရင်…ဖန်ကင်ဖို့ခက်သလို…
စကင်ကဲတွေရဲ့ pH ဓာတ်မညီမျှစေတဲ့…ဆိုးကျိုးတွေကိုလည်း…ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး…
အဲ့တော့…ဖန်ကင်ဖို့ရာ…တိုနာသုံးပါ….
တိုနာကို…ရေဓာတ်ဖြည့်ပေးတဲ့…အာနိသင်ပါတာလေးတွေသုံးရင် ပိုကောင်းပါတယ်…
ဥပမာ…Hyaluronic Acid ပါတာလေးတွေပါ…
၃ - Essence လေးတွေလည်း သုံးသင့်ပါတယ်…
Essence ကိုလည်း ထူလပြစ်ကြီးမဟုတ်ပဲ…
Light ဖြစ်တာလေးတွေသုံးပါ…
ရေဓာတ်ဖြည့်တာပါတဲ့…Essence လေးတွေဆို…ပိုကောင်းပါမယ်…
၄ - အစိုဓာတ်လည်း…ထိန်းဖို့လိုပါတယ်…
မျက်နှာကို ရေဓာတ်ဖြည့်ပြီးရင်…
အဲ့ဒီရေဓာတ်တွေ မဆုံးရှုံးသွားရအောင်…
အစိုဓာတ်ထိန်းပေးဖို့လိုပါတယ်…
အစိုဓာတ်ထိန်းပေးတာကတော့…အခြားသူမဟုတ်ပါဘူး…
မင်းသားကြီး…Moisturizer ပါပဲ…
အသားခြောက်သွေ့တတ်ရင်…Cream Type လေးတွေသုံးပါ…
ပုံမှန်အသားရေ…အဆီပြန်သမားတွေကတော့…Gel Type လေးတွေသုံးပေါ့လေ…
၅ - Sunscreen သုံးပါ…
ဒီလောက်…နေလောင်တဲ့…မီမာပီကြီးမှာ…
Sunscreen မသုံးရင်…
သင်္ဘောသား..မယား..လင်ငယ်နေသလိုပါပဲ…
ကိုယ်က စကင်ကဲလိုက်…
ခရမ်းလွန်ရောင်ခြည်က…နောက်ကဝင်တီးလိုက်နဲ့…
ဘာမှအဖတ်မတင်ပဲ…ရှိပါလိမ့်မယ်…
၆ - Mask တွေသုံးပါ…
ဖန်ကင်ဖို့ရာ…Mask နှစ်မျိုးအရေးကြီးပါတယ်…
Sheet Mask နဲ့ Sleeping Mask တွေပါ…
သူတို့တွေကတော့…
နေ့တိုင်းသုံးစရာမလိုပဲ…
တစ်ပတ် ၂ကြိမ်…၃ကြိမ်လောက်…သုံးပေးရင်…
လုံလောက်ပါပြီ…
ဖန်ကင်နိုင်ဖို့အတွက်…စကင်ကဲမှာ…ဘယ်လိုပါဝင်ပစ္စည်းတွေ ရှာဝယ်ရမလဲ???
ရေဓာတ်ဖြည့်နိုင်သမျှ..ဖြည့်ဖို့…Hyaluronic Acid
အသားရေတောက်ပဖို့…ချော့မွတ်ဖို့…Niacinamide
Skin Barrier အားဖြည့်ဖို့…Ceramide
အမဲစက်တွေနည်းဖို့…Vitamin C
အရေပြား…တောက်ပစေဖို့…Exfoliation…ဆိုတာတွေ…
ပါအောင်…ရှာဝယ်ဖို့လိုမယ်ပေါ့လေ…
ဖန်ကင်ဖို့က…မလွယ်ပါဘူး…
သေချာလေ့လာလိုက်စားပြီးမှ…
ဖန်ကင်မယ့်…လမ်းစဉ်ကိုရောက်နိုင်မှာပါ…
ဖန်ကင်တဲ့…ကိစ္စနဲ့ပတ်သက်ပြီး…
ရှည်သွားပြီဆိုတော့…
နောက်နေ့မှ ဖန်ကင်မယ့်…အကြောင်းလေးတွေ..ဆက်ရေးပေးပါ့မယ်…
အခုတော့…ဒီလောက်ပါပဲ…
ပိမင်ရေးထားတာလေးတွေဖတ်ပြီးသူတိုင်း…
အမြန်ဆုံး..ဖန်ကင်နိုင်ကြပါစေလို့…ဆုတောင်းပေးလိုက်ပါတယ်နော်…
ဟုန်…ပိပါပိ…ကျေးဇု…
~ကူးချသူfinနူ~
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hlaing
MDM149C
10/01/2025
06/01/2025
06/01/2025
06/01/2025