Guess My Scent
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Guess My Scent, Kalemyo.
100% Authentic Brand
24နာရီမပြည့်ခင် Cancelလျှင် ငွေပြန်အမ်းပေးသည်
၀ယ်ပြီးပစ္စည်းစိတ်တိုင်းမကျလျှင် ပြန်လဲပေးသည်
Double Cash Back Warranty
❌ No Clone,No Inspired ❌
25/05/2026
3သိန်းခွဲပဲပေး အသစ်သုံးရမှာ
ပစ္စည်းသယ်ရင်း ပါကင်ပြဲသွားလို့လျှော့ရောင်းတာ
Testerအလုံးမဟုတ်ဘူးနော် Retail Packingအလုံး၊
2လုံးပဲရမယ် ဒီဈေးနဲ့ ဒါကုန်ရင် ထပ်မရှိ၊
အနံ့က Original Bad Boyအနံ့ကို Freshဖြစ်တဲ့ Versionမို့
ဘယ်နေရာဆွတ်ဆွတ် အဆင်ပြေတယ်။ ❤️❤️
. [NorGee]
25/05/2026
ငွေ 3သိန်းလောက်နဲ့ Luxury Brand အစစ်အမှန်သုံးချင်
ဒီကောင်လေးဆွတ်ကြည့် အနံ့ကလုံး၀ ကျော့ရှင်းနေတာ၊
Laliqueဆိုတာ ပြင်သစ် Brandတွေထဲမှာ
Luxury furnitureတွေအဓိကထုတ်ပြီး ပြင်သစ်နိုင်ငံရဲ့
အထက်တန်းလွှာ Million/Billionaireတွေရဲ့
Life Styleနဲ့ လူနေမှုအဆင့်အတန်းအတွက်
သိပ်ကိုအရေးပါတဲ့အပြင်
နိုင်ငံတော်တော်များများရဲ့ 5Star Hotelလိုနေရာတွေမှာ
အလှဆင်တဲ့ မီးဆိုင်းတွေ တန်ဖိုးကြီးဖန်ထည်ပစ္စည်းတွေကို
Limited Editionနဲ့ထုတ်လုပ်ပေးတဲ့ Brandကြီးပေါ့ဗျာ၊
ဒီလို Brandကြီးကထုတ်တဲ့ Perfumeတွေဖြစ်တဲ့
Lalique Encre Noire Seriesတခုလုံးက
မိုးတွင်းအတွက် နာမည်ကြီးလူကြိုက်များသလို
ရာသီနေရာမရွေးဆွတ်ဖို့ Fresh Herbalဖြစ်တာဆွတ်မယ်ဆို
Lalique Whiteက တော်တော်လေးသုံးကောင်းတယ်၊
ဒါပေမယ့် ဈေးတန်းကိုကြည့်ရင် တချို့ UAEကလုန်းတွေထက်
မယုံနိုင်စရာ သက်သာနေတာကိုတွေ့ရတယ်၊
(ပါ၀င်ML Sizeကလဲ 125mlတောင်ပါတာ)
Whiteကတော့ Laliqueထဲမှာ
Freshကို ရိုးရိုးမသွားပဲ Herbalနဲ့တွဲထားတာမို့
သာမန်သဘာ၀ဆန်တဲ့ရေမွှေးထက် Extra Naturalဖြစ်မယ်
ခါးသက်သက် Herbalဖြစ်တဲ့အရသာကို ပေးနိုင်ပြီး
Grapefruit, Lemon Leaf, Woody ဒါမျိုးအနံ့တွေ
တွဲထားတာကြောင့် ဆွတ်ထားတဲ့အခါ တည်ကြည်သပ်ရပ်ပြီး
ခန့်ညားနေတဲ့ Luxury Vibeကို
သဘာ၀ဆန်ဆန်လေး ရနေတာမျိုး၊
7/8ချက်ဆွတ်ရင် 6နာရီ၀န်းကျင်အ၀တ်ပေါ်အနံ့စွဲတယ်၊
Funဖြစ်တာမှကြိုက်တဲ့ လူငယ်တွေအတွက်မဟုတ်ဘူးနော်
တည်တည်ကြည်ကြည်လေးလေးနက်နက်ရှိတဲ့
တကယ့်လူကြီးလူကောင်း တယောက်ရဲ့အနံ့မျိုးမို့
20အထက် လူလတ်ပိုင်းတွေပဲ၀ယ်သင့်တယ်၊
(Shirtအဖြူလေးနဲ့တွဲဆွတ် လုံး၀သန့်နေမှာ)
Review Videoမလုပ်ရခြင်းက လွန်ခဲ့တဲ့ 5နှစ်အရင်တည်းက
Reviewလုပ်ခဲ့ပြီးသားမို့ ထပ်မလုပ်တော့တာ
Reviewတင်ရင်လဲ ရှိတဲ့Stockလောက်မှာမဟုတ်ဘူး
ဒါကြောင့် ဒီအတိုင်း Postပဲ တင်လိုက်တယ်ဗျာ၊
Stock 10လုံးလောက်ပဲရှိလို့ လက်သွက်ဖို့လိုမယ်နော်၊
Coupleပုံလေးကတော့ လွန်ခဲ့တဲ့ 5နှစ်အရင်
Aiတွေမပေါ်ခင်တည်းက Lalique Reviewအတွက်
လုပ်ခဲ့တဲ့ပုံလေးပေါ့ဗျာ။ ❤️❤️
. [NorGee]
Reviewပေးတဲ့Style ကြွေနေပြီမလား ??
Tiktokမှာဆို ကိုယ့်ကတကယ့်အနှောက်
Understoodက အသက် 😄😄
. [NorGee]
21/05/2026
နင်ဒီလောက် တန်ဖိုးကြီးရေမွှေးတွေရောင်းနေတာ
ငါ့ကို Rojaတလုံးလောက်တောင် မပေးချင်ဘူးလားဆိုလို့
ပုံထဲက Rojaလေး ပို့ပေးလိုက်တယ်၊
(တောင်းတဲ့သူက ကျုပ် Exပါ)
157လမ်းမှာ ရိုဂျား အလိုင်ဇန် 3သိန်းခွဲကများတာပေါ့၊
အာဒါးလမ်းမှာ 2000/-ပဲရှိတာ။ ❤️❤️
. [NorGee]
စိတ်ကတော့ ခရီးတခုခုထွက်ပြီး ရိုက်ချင်နေတာ
မထွက်နိုင်သေးတော့ အိမ်ထဲရှိတဲ့နေရာရှာကြံပြီးဖြုတ် ❤️❤️
. [NorGee]
20/05/2026
ဒီလူ လိုင်းပေါ်စကားပြောတာကြည့်ရင်သာ နားထဲကန့်လန့်၊
သူ့ဆီရေမွှေး၀ယ်လို့တော့ အင်မတန်ကောင်းတာ တဲ့
ဘေးမှာပါလာတဲ့ သူ့အသိကို ပြောပြနေတာ၊
ဒီမနက်လာ၀ယ်တဲ့ Customerဆီကပြန်ရတဲ့
ကိုယ့်ကိုပေးတဲ့ Feedbackပေါ့၊
မနေ့ကပဲ PDMတွေအကြောင်းရေးတင်ထားတာ
ဒီနေ့ရောက်လာပြီး ကိုယ်ညွှန်းတဲ့ PDMတွေချည်း
3လုံး တန်းစီဖြုတ်သွားတာ၊
ရေချိုးခန်းမှာရတဲ့အနံ့မျိုးလိုချင်တာ ညီလေးတဲ့
အဲဒီအကိုက ကိုယ့်ဆီအမြဲ၀ယ်နေကျ VIP Customer.
ဒါသုံးကြည့်အကိုဆိုပြီး PDM Percivalပြပေးလိုက်တာ
အနံ့ရှူကြည့်ပြီး သူလိုချင်တဲ့အနံ့နဲ့တထပ်တည်းတူနေလို့
တအံ့တဩဖြစ်ပြီး ခုဏအပေါ်မှာ ကိုယ့်ပေးတဲ့ Feedbackကို
သူ့မိတ်ဆွေကို အားရပါးရပြောပြပြီး ရယ်တော့တာပဲ၊
(Percivalက PDMတွေထဲမှာ တကယ့်Luxury Shower Gel အနံ့)
ဒီထဲမှာ တကွက်ပြထားတာသည်
မနေ့က PDMတွေကိုတင်ထားတာ Personal Sharingပဲနော်၊
အရောင်း Postစာသားတခုမှမပါဘူး၊
ပစ္စည်း Stockရှိတယ်လဲ ရေးမထားဘူး၊
ဒီစကားထည့်ပြောရတာက မနေ့တနေ့ကမှကိုယ့်သိတဲ့သူတချို့
ကိုယ်ကStockပုံတွေမတင် အရောင်း Postလဲမတင်ဆိုတော့
လိုင်းပေါ်ပွဲတွေဖြစ်ပြီးနောက်ပိုင်း
ဒီကောင်မြောင်းထဲရောက်သွားပြီလို့
ထင်တဲ့တာဇံတသိုက်ကသပ်သပ်ရှိလို့ ပြောပြတာ၊
တကယ်တမ်းကိုယ်က ဟိုတုန်းတည်းက
အရောင်း Postတင်လေ့တင်ထ သိပ်မရှိတာ၊
NorGeeကို ဘယ်ကောင်တွေဘာပြောပြော
လက်ရှိ Industryထဲမှာ နှစ်ရှည်အကြာကြီးရပ်တည်နိုင်တာက
ကိုယ့်ပစ္စည်းအကြောင်း ကောင်းကောင်းသိတယ်
Customerက သူလိုချင်တာပြောရင်
ဘယ်ဟာနဲ့အဆင်ပြေမလဲသိတယ်၊
ကိုက်ညီမှုမရှိနိုင်တာကို ဇွတ်ထိုးမရောင်းဘူး
အဆင်ပြေမယ့်ဟာကိုပဲ မှန်မှန်ကန်ကန်ရောင်းပေးတော့
ယုံယုံကြည်ကြည် အားပေးကြတယ် ဒါပါပဲ။ ❤️❤️
. [NorGee]
19/05/2026
Castleyကိုစထွက်ထွက်ချင်း ပထမတလုံးဆွတ်တယ်
Freshဖြစ်တဲ့အနံ့မို့ မဆိုးဘူးပေါ့ ဒါပေမယ့်
ဘာလိုမှန်းမသိလို့ ဆွတ်နေရင်းကုန်တော့
သိအောင်နောက်တလုံး၀ယ်ဆွတ်တယ်
ဒါလဲဘာလိုမှန်းမသိ လိုနေတုန်းပဲ၊
PDMထုတ်တဲ့ Freshလိုင်းထဲမှာ ဒီကောင်က
ကျုပ်အတွက် အစုတ်ဆုံးလို့တောင် ပြောလို့ရတယ်
တော်တော်ကိုပေါ့တာ၊
ရေမွှေးမှာ ထွက်သမျှအားလုံး Latestအနောက်လိုက်ရင်မှားမယ်
အရင်ထွက်တာ နောက်ထွက်တာမကြည့်ပဲ
တကယ့်အနှစ်ကျတာတွေကိုသာ သေချာလေ့လာပြီးဆွတ်၊
ရေမွှေးတွေမှာ တကယ့်ရွှေအလုံးတော်တော်များများက
Golden Yearsလို့သတ်မှတ်ကြတဲ့ 2018/19,
2021/22/ဒီ၀န်းကျင်တွေမှာ သုံးခဲ့ကြတဲ့ပုလင်းတွေသည်သာ
လက်ရှိအချိန်ထိ ရောင်းအားအသွက်ဆုံး အကောင်းဆုံးနဲ့
လူကြိုက်အများဆုံးတွေဖြစ်နေတာ၊
အခုPDMမှာဆိုလဲ ဒီအတိုင်းပဲ
Freshလိုင်းထဲမှာဆို အရင်ကထွက်တဲ့ Greenleyလောက်
တခြားဟာတွေကို တန်းတန်းမစွဲဘူး
Greenleyကို ဘယ်အချိန်ဆွတ်ဆွတ်
ပန်းသီးစိမ်းနဲ့ သစ်ရွက်စိမ်းပေါင်းထားတဲ့သူ့အနံ့က
ဆွတ်တိုင်းကျေနပ် ဆွတ်တိုင်းသဘောကျ။ ❤️❤️
. [NorGee]
18/05/2026
ဟိုနေ့က Reviewမတင်ခင်
Bvlgari Glacial Essence ၀ယ်သွားတဲ့မိတ်ဆွေတွေကို
ပြောဖို့မေ့သွားတာ Bvlgariထဲ အဲဒီSeriesအကုန်လုံးက
Sprayခေါင်းကို ဖြေးဖြေးချင်းညှစ်ဆွတ်ရင်
ရေမွှေးအရည်က Sprayလိုဖွာမထွက်ပဲ
အရည်တွေပန်းထွက်တတ်တယ်နော်
Sprayခေါင်းကို ဖြတ်ကနဲ့ ခပ်သွက်သွက်ဖိချပြီးဆွတ်ပါ
Sprayခေါင်းကိုက မာတဲ့အတွက်အားမသုံးပဲ
တခြား Sprayခေါင်းတွေလိုဖြေးဖြေးချင်းဆွတ်ရင်
အရည်တွေပဲပန်းထွက်တော့
Spray Errorဖြစ်တယ်ထင်မှာကြောင့် ပြောပြတာ၊
Glacial Essence 10လုံးရှိတာ
Reviewမတင်ခင်ကတောင် Postရေးလိုက်သေးတယ်
Reviewမတိုင်မီ ဝယ်ထား Reviewပြီးရင် တလုံးမကျန်ကုန်မှာလို့
Reviewမတိုင်မီက ၀ယ်ထားတဲ့သူတွေတော့ ရလိုက်တယ်
မနေ့က Reviewတင်ပြီးမှလာမေးသူတွေ 2ဦးပဲရတယ်
Reviewမတိုင်မီက 10လုံးအပြင်
Reviewအပြီးလာမေးရင် ရောင်းဖို့ဖယ်ထားတဲ့ 5လုံးလဲကုန်ပြီ၊
ခုထပ်လာမေးနေတာလဲ တလုံးမှမကျန်တော့ဘူး
ကိုယ်ကောင်းတယ်ညွှန်းရင်
ယုံယုံကြည်ကြည်နဲ့ကို အားပေးတဲ့ မိတ်ဆွေများအားလုံး
ကျေးဇူးအများကြီးတင်တယ်ဗျာ ချစ်တယ်နော် အိုင်လဗ်ယူ ❤️❤️
. [NorGee]
သူများဘားအံသွားတာထိုင်ငေးပြီး
သွားရည်ကျမယ့်အဖွဲ့ ဒါတွေဆွတ် 😄😄
မိုးအေးလေ ဆွတ်လို့ကောင်းလေပဲ။
. [NorGee]
ခင်ဗျားတို့အမြင်ရောပြောကြည့်
ဘယ်ဟာ အမိုက်ဆုံးလဲ ?? ❤️❤️
. [NorGee]
13/05/2026
NorGeeထုတ်တဲ့ TShirtတွေထဲက
နောက်Design 2မျိူး ဖော်ပြပေးလိုက်ပြီဗျာ
Sizeက S/M/L, 3 Sizeရှိမယ်
L Sizeက ပုံမှန် T Shirt XXLလောက်ရှိလို့
၀တဲ့သူကောင်းကောင်း၀တ်လို့ရတယ်
ဈေးက 1ထည် 88000/- Packagingက Boxနဲ့ လာမယ်
Packingဖွင့်ပြီး Tshirtထုတ်တာနဲ့
ကိုယ်၀ယ်ထားတဲ့ TShirt Designအတိုင်း
သက်ဆိုင်တဲ့အနံ့လေး မွှေးနေအောင်စီစဉ်ပေးထားတယ်၊
Black Colourအနေနဲ့ တမျိုးထဲပါတဲ့ GIOနဲ့
Designအလှဆုံးဖြစ်တဲ့ Elysiumက
ဘာမှမတင်ခင်တည်းက အိမ်မှာရေမွှေးလာကြည့်သူတွေ
အားပေးကြမ်းလို့ အရေအတွက်နည်းနေပြီနော်
Boxမရခင်တည်းက ပထမဆုံး Elysium Design၀ယ်ထားတဲ့
15ဦးအတွက် Giveaway သပ်သပ်စီစဉ်ထားတယ်နော်
ဒီရက်ထဲ အဲဒီအတွက် ကံထူးရှင်ကို Liveနဲ့ရွေးပေးမယ်၊
Quality & Designကို အဓိကကြိုးစားပြီးထုတ်ထားလို့
ရေမွှေးချစ်သူတွေအတွက် ပွဲတက်ဖို့ထိ၀တ်လို့ရတယ်၊
၀ယ်ချင်တဲ့ Broတွေ Cbမှာမေးလို့ရတယ်
Viber/WhatsApp - 09792872828.မှာမေးလဲရတယ်
အခုဆို YGNကိုယ်စားလှယ်ရှိနေပြီမို့
ရန်ကုန်မြို့တွင်းဆို ဒီနေ့မှာ ဒီနေ့ရတယ်ဗျာ။ ❤️❤️
. [NorGee]
Click here to claim your Sponsored Listing.