Pixie Dust Korean Cosmetics
Authentic Korean Cosmetics directly imported from Korea. Wholesale & Retail available with best pric
06/10/2023
Aloe Vera ဘူးတွေအကြီးကြီးမို့ ဒီလိုလည်းအသုံးတည့်တယ်နော် 😂😂😂
အားးး
05/10/2023
သီတင်းကျွတ်အကြို အထူးလျှော့စျေးလေးတွေ
တင်ပေးလိုက်ပါပြီနော်
ရှိတဲ့ stock လေးတွေ မြန်မြန် ရောင်းထွက်ချင်လို့
အားလုံးကို ဝယ်ရင်းစျေးနီးပါး လျှော့ပေးထားတာပါ
Stock Clearance Sale မို့လို့ stock ရှိသလောက်ပဲ
ဒီစျေးနဲ့ ရမှာပါနော်
Quality ကိုတော့ ဝယ်ဖူးတဲ့ customer တွေသိပါတယ်
ဒီပို့စ်ထဲက ပစ္စည်းလေးတွေကလွဲရင်
ကျန်တာ instock မရှိသေးပါဘူးရှင်
Korea made အစစ်ကို Korea က တိုက်ရိုက်
တင်သွင်းထားတာပါ
Product information လေးတွေကို
တစ်ပုံချင်းစီမှာ ကြည့်ပေးပါနော်
❄️မှာယူချင်တယ်ဆိုရင် chat box ကပဲ
လာမှာပေးပါနော်
❄️comment တွေအကုန်မမြင်ရလို့ပါရှင်
❄️မြို့နယ်အလိုက် ပို့ခလေးတွေကို comment မှာ
ဖော်ပြထားပါတယ်
❄️မင်မင်တို့ရောင်းချတဲ့ ပစ္စည်းများအားလုံးကို
Korea နိုင်ငံမှ တိုက်ရိုက်တင်သွင်းတာဖြစ်ပြီး
100% ပစ္စည်းစစ်မှန်ကြောင်း
အာမခံပါတယ်နော်
❄️Order confirm ပြီးသားပစ္စည်းလေးတွေ
cancel လုပ်ခြင်း သည်းခံပါ
❄️ကားဂိတ်တင်များနဲ့ Mobile banking မှ လွှဲမဲ့သူများ
order confirm ပြီး ပစ္စည်းမပို့ခင် ကြိုလွှဲပေးပါရှင်
မင်မင် business အသစ်လေး စလုပ်နေလို့ ဒီpage လေးကို ပစ်ထားမိပါတယ် ချစ်တို့ရေ 🙏
မကြာခင် သီတင်းကျွတ်အတွက် အထူးလျှော့စျေးလေးတွေနဲ့ ပြန်လာပါ့မယ်နော် 🥳
မင်မင့် page အသစ်လေးကို ပြထားပေးပါတယ် Led မီးလင်းပန်းချီကား ဆန်းဆန်းလေးတွေ ဝယ်လို့ရပါတယ် giveaway လေးလည်းရှိလို့ like လေးလုပ်ပေးသွားကြပါဦးနော် 🥰🥰🥰
https://www.facebook.com/aprillightpainting?mibextid=nW3QTL
April's Light Painting Shop Light Painting Shop & Service for gifts and self decoration.
14/07/2023
ပစ္စည်းအသစ်လေးမို့ နည်းနည်းပဲ စမ်းမှာလိုက်မိတာ
နောင်တရတယ် ကိုယ်လည်း တစ်ဘူးယူထားပြီး
သုံးကြည့်တာကျေနပ်
ဝယ်ထားတဲ့သူတွေလည်း အဆင်ပြေတာ
သိရလို့ဝမ်းသာ ☺️☺️🤤
နောက်တခါ များများထပ်မှာထားမယ်နော်
ချစ်တို့ရေ 😍😍😍
03/07/2023
Lebelage Moisture Aloe soothing gel (300ml)
Original price – 8,500ks
Discount price – 7,500ks
ရှားစောင်းလက်ပတ် ၁၀၀% နဲ့ ပြုလုပ်ထားတဲ့ soothing gel လေးမို့လို့ အသားအရည်အတွက် ထိခိုက်စေမဲ့ ဓါတုပစ္စည်းတွေမပါဝင်ဘဲ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်လေးက အသားအရေ ယားယံနီမြန်းခြင်း အဖုအပိန့်ထခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ မျက်နှာ၊ ဂျိုင်း၊ လက်၊ ခြေထောက် တကိုယ်လုံးအနှံ့ လိမ်းလို့ရပါတယ်နော်။ စေးကပ်ခြင်းမရှိဘဲ အသားထဲစိမ့်ဝင်လွယ်လို့ lotion လို စေးပြစ်တဲ့ cream တွေ မလိမ်းချင်တဲ့ ပူတတ်အိုက်တတ်တဲ့လူတွေအတွက် ရေဓာတ်ဖြည့် လိမ်းပေးလို့ရတဲ့ ဂျယ်လေးပါ။ ခြောက်သွေ့ပျက်စီးနေတဲ့ မျက်နှာ၊ ခန္ဓာကိုယ် ဘယ်လိုနေရာမဆို အသုံးပြုနိုင်ပြီး မုတ်ဆိတ်မွှေး၊ ခြေသလုံးမွှေး၊ ဂျိုင်းမွှေးတွေ waxing or shaving လုပ်ပြီးတဲ့အခါမှာ အနီစက် အဖုအပိန့်တွေ မထအောင် soothing and calming ဖြစ်အောင် လိမ်းပေးလို့ရတဲ့ ဂျယ်လေးမို့လို့ နေရာအတော်များများမှာ အသုံးတည့်ပါတယ်။
03/07/2023
Lebelage Auto Eyebrow Soft Type (3mmx25mmx2) # Gray Brown
Made in Korea
Original Price – 3,500ks
Discount Price – 3,000ks
လူသိများပြီးသား brand မို့လို့ မိတ်မဆက်ပေးတော့ဘူးနော်။ Lebelage မျက်ခုံးမွှေးဆွဲတံလေးက တဖက်က ခဲသားလေးပါပြီး တဖက်က ပြန်ညှိလို့ရတဲ့ brush အလိမ်ခေါင်းလေးလည်း ပါပါတယ်။ အရောင်ကတော့ gray brown တစ်မျိုးပဲရပါဦးမယ်။ အညိုရောင်လေးမို့ ဆွဲထားရင် အရမ်းကြီးထင်းမနေဘဲ သဘာဝဆန်ဆန် လှပတဲ့ မျက်ခုံးမွှေးလေး ရရှိစေမှာပါ။
03/07/2023
Bergamo Essential Intensive Emulsion 200ml - CICA
Made in Korea
Original Price – 18,000ks
Discount Price – 13,500ks
Bergamo brand ကထုတ်တဲ့ Cica essential intensive emulsion (နို့ရည်) လေးရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အရေးအကြောင်းများ ကာကွယ်ပေးခြင်း၊ အသားအရေကို အေးမြချောမွေ့စေခြင်း၊ အဖုအပိန့်များကို ပျောက်ကင်းသက်သာစေခြင်း၊ ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းလတ်ဆတ်တဲ့ အသားအရေကို ရရှိစေခြင်းတို့ပဲ ဖြစ်ပါတယ်။ ဆေးမြင်းခွာနဲ့ ထုတ်လုပ်ထားတာကြောင့် ဝက်ခြံနဲ့ အဆီဖုသမားတွေ အသုံးပြုလို့ အဆင်ပြေပါတယ်နော်။ လိမ်းလိုက်ရင် စေးကပ်ခြင်းမရှိဘဲ ရေဓာတ်ကိုသာ ဖြည့်ပေးသွားမှာပါ။ အသုံးပြုနည်းလေးကတော့ မနက်ပိုင်း၊ညပိုင်းတို့မှာ toner ကိုအသုံးပြုပြီးနောက် emulsion ပမာဏအနည်းငယ်ကို ယူပြီး မျက်နှာပြင်ကို စိမ့်ဝင်အောင် ညင်သာစွာ လိမ်းပေးနိုင်ပါတယ်။
03/07/2023
Normal price 8,000ks/ Discount price - 6,000ks
ပုံမှန်စျေး တကယ်ဆို ၁၀၀၀၀ကျော်ပါတယ်နော် မင်မင့် supplier က
စျေးသက်သာလို့ပါ။
ဒီ BB cream လေးကို မင်မင်တော်တော် စောင့်ဝယ်လိုက်ရပါတယ်
ကိုရီးယားမှာ အမြဲတမ်းလိုလို ပစ္စည်းပြတ်နေတတ်လို့ပါ
ဘာလို့လဲဆို Anjo Professional brand က စျေးအရမ်းသက်သာပြီး
ကွာလတီကောင်းလို့ တော်တော်များများ လုဝယ်ကြပါတယ်
ဒီ snail BB ကိုလည်း group တစ်ခုမှာ good review လေးတွေ့ထဲက
ဝယ်ချင်နေတာ အခုမှ ရတော့တယ်
Review လေးကို share မရလို့ ss ပဲရိုက်ပြီး တင်လိုက်တယ်နော်
မူရင်းရေးသူ ညီမကိုလည်း credit ပေးပါတယ်
ဘာမိတ်ကပ်လိမ်းလိမ်း ပြာသွားမဲသွားလို့ အဆင်မပြေဘူးဆိုတဲ့
sis တွေ သုံးကြည့်သင့်တယ်နော်
စျေးနှုန်းလေးကလည်း sale price နဲ့ရထားလို့ အရမ်းသက်သာနေတုန်း
စမ်းသုံးကြည့်တာ အကောင်းဆုံးပါ
03/07/2023
Eshumi Collagen Clear Soothing Foam Cleansing 100ml – collagen
Made in Korea
Original Price – 7,000ks
Discount Price – 4,500ks
စျေးနှုန်းသင့်တင့်ပြီး သုံးရအဆင်ပြေတဲ့ထဲက collagen facial foam လေးနော်။ မင်မင်ကိုယ်တိုင်လည်း သုံးကြည့်ပြီး အကြိုက်တွေ့နေပါတယ်။ သူက အနံ့အရမ်းလည်း မစူးဘဲ သင်းသင်းလေးနဲ့ mild type မျက်နှာသစ်ဆပ်ပြာလေးပါ။ တော်တော်လေး ပျော့ပါတယ်။ မျက်စိထဲ ဝင်ရင်တောင် သိပ်မစပ်ဘူး။ သူက moisturizing effect ပါတာမို့ မင်မင်က oily skin ဆိုတော့ သစ်ပြီးရင် အရမ်းပြောင်စင်သွားသလိုတော့ မခံစားရဘူး။ မျက်နှာ အိအိလေးဖြစ်နေတော့ သုံးလို့တော့ အဆင်ပြေတဲ့ထဲပါပါတယ်။ Dry skin/Normal skin တွေအတွက်ဆိုရင်တော့ ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ သူကတော့ for all skin type လို့ရေးထားပါတယ်။
03/07/2023
Elizavecca Hell Pore Bubble Black Boom Charcoal Pore Pack 15ml
Made in Korea
Original Price – 20,000ks
Discount Price – 18,500ks
ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရတဲ့ ချစ်တို့အတွက် ဝက်ရုပ် serum လေးလို့ လူသိများတဲ့ Elizavecca brand ထဲက မီးသွေး pore pack လေးကို ညွန်းပေးချင်ပါတယ်။ အသုံးပြုနည်းလေးကို အရင်ပြောပါမယ်။ ဘူးထဲက charcoal အရည်ပြစ်ပြစ်လေးတွေကို မျက်နှာပေါ် လက်နဲ့ ညီအောင် ခပ်ပါးပါးပဲ သုတ်လိမ်းပါနော်။ ၅မိနစ်လောက်နေလို့ ခြောက်သွားပြီဆိုရင် လက်နဲ့ဆွဲခွာလို့ရသလို ရေနွေးနွေးလေးနဲ့ ဆေးကျောပေးလို့လည်း ရပါတယ်။ သူက မျက်နှာထဲက ချွေးပေါက်တွေထဲထိ သန့်စင်ပေးတဲ့ mask လေးပါ။ သူနဲ့အတူ မျက်နှာပေါ်က ချွေးပေါက်ပိတ်စေတဲ့ ချေးညှော်တွေ၊ အဆီတွေပါသွားတဲ့အတွက် ဆားဝက်ခြံတွေ ဖြစ်ပေါ်ခြင်းကိုလည်း ဟန့်တားပေးမှာဖြစ်ပါတယ်။ တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ် သုံးပေးရင် လုံလောက်ပါတယ်။
03/07/2023
ChoCho's Lab Switch on Silky Velvet Lip Tint
Made in Korea
Original Price – 6,000ks
Discount Price – 4,500ks
ဒီတစ်ခေါက်အရောင်လေးတွေက 04/05/06 ပဲရပါဦးမယ်နော်။ အကုန်လုံး လိမ္မော်ဘက် သွားတဲ့အရောင်လေးတွေပါ။ 04-လိမ္မော်ရောင် 05-ပန်းလိမ္မော် 06- လိမ္မော်နီ ဆိုပြီး သုံးရောင်ပါ။ အသားအရေကာလာမရွေး လိုက်ဖက်မဲ့ အရောင်တွေချည်းပဲနော်။ lip tint လေးဆိုတော့ နည်းနည်းပဲဆိုးပြီး ဖြန့်လိုက်ရင် သဘာဝဆန်ဆန်လေး လှစေပါတယ်။ အရောင်ပျက်မလွယ်ဘူးနော်။ matte လောက်မဟုတ်ပေမဲ့ ကြာရှည်ခံပါတယ်။ ပြီးတော့ expire date 11 လပိုင်းလေးမို့လို့ sale price လေးနဲ့ စျေးပိုလျှော့ထားပေးပါတယ်။
01/07/2023
Anjo Professional My Cica Peeling Gel 180ml
Made in Korea
Original Price – 10,000ks
Discount Price – 8,000ks
ကိုယ့်ရဲ့အသားအရေကို သေချာ ထိန်းသိမ်းဂရုစိုက်မယ်ဆိုရင် peeling gel တစ်ဘူးတော့ ဆောင်ထားဖို့ လိုတယ်နော်။ အသားအရေ ကြည်လင်စေဖို့နဲ့ လိမ်းသမျှ skincare တွေ အသားအရည်ထဲ စိမ့်ဝင်စေပြီး ထိရောက်တဲ့ အကျိုးကျေးဇူးကို ခံစားရဖို့ဆိုရင် ပိတ်နေတဲ့ ချွေးပေါက်တွေ၊ ချေးညှော်တွေနဲ့ ဆဲလ်အသေတွေကို အရင်ဆုံး ဖယ်ရှားပစ်ဖို့ လိုပါတယ်။ အဲ့ဒီလို ဖယ်ရှားဖို့ဆိုရင် သာမန်မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ရုံမလုံလောက်တဲ့အတွက် peeling gel လေးကို လိုအပ်တာပါ။ Anjo Professional ရဲ့ peeling gel မှာဆိုရင် ဝက်ခြံ အဖုအပိန့်တွေကို သက်သာစေတဲ့ cica လည်းပါဝင်စို့ တစ်ပတ်တစ်ခါလောက် အသုံးပြုပေးရုံနဲ့ အဖုအပိန့်ကင်းစင်ပြီး ကြည်လင်သန့်ရှင်းတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။