Girl Generation GG comestic

Girl Generation GG comestic

Share

Head to Toe ❤️ Skincare, Haircare, Bodycare and Cosmetics အမျိုးမျိုးကို
GG မှာ ‌အားပေးနိုင်ပါတယ်နော်

11/05/2026

မျက်ဝန်းတစ်ဝိုက် အသားအရေသာမက မျက်တောင်/မျက်ခုံးပါ အပြတ်အသတ် ဂရုစိုက်တတ်သူတွေအတွက် GG မှာ Perfect Duo လေး
ရှိနေပါတယ်နော်။

ဒီ Duo လေး သုံးပေးခြင်းအားဖြင့် မျက်လုံးတစ်ဝိုက် ကျန်းမာပြီး မျက်ခုံး မျက်တောင် လှလှလေးတွေနဲ့ ဘယ်သူနဲ့မှမတူ ဆွဲဆောင်မှု ရှိနေမှာ အမှန်ပါပဲ။

နှစ်မျိုးမှာဆိုရင် Scinic Snail Matrix Eye Cream လေးက မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေကို အဓိကဖယ်ရှားပြီး မျက်ဝန်းတစ်ဝိုက် စိုပြေအောင်လုပ်ပေးမှာပါ။

‎ Dr. Banggiwon Nourishing Serum လေးကတော့ အားနည်းပြီး ကျွတ်လွယ်တဲ့ မျက်တောင်နဲ့ မျက်ခုံးမွှေးတွေကို ပိုသန်မာပြီး ရှည်လျားစေဖို့ အာဟာရဖြည့်ပေးမှာပါ။

ကျန်းမာစိုပြေပြီး အရေးအကြောင်းကင်းရုံမက
မျက်ခုံး မျက်တောင်ထူထူလေးနဲ့ ဆွဲဆောင်မှုရှိတဲ့
မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
ဒီ Perfect Duo လေးကို အခုပဲ ဝယ်ယူပြီး
သုံးကြည့်ပါနော်။

Price -
Eye cream - 29500 ( 30 ml )
Eye serum - 22000 ( 15 ml )

Photos from Beauty Partnering By Saung's post 10/05/2026

အဆီပြန်ထိန်းပေးပြီး ချွေးပေါက်ကျယ်တာတွေ ဖုံးပေးနိုင်တဲ့ Momeii က powder pact
အမိုက်စားလေးတွေအကြောင်း မမဆောင်းရဲ့
ဦးဦးဖျားဖျား review လေး🥰🥰
စိတ်ဝင်စားရင် ဖတ်ကြည့်ပြီး Giveaway ကံစမ်းသွားလို့ ရပါတယ်နော်။

Price - 25000 ( 9 g)

Photos from Girl Generation GG comestic's post 08/05/2026

Essence သုံးရတာ ကြိုက်နှစ်သက်သူတွေအတွက်
GG Official ထဲက Essence ကောင်းကောင်းလေးတွေကို မင်မင်က Collection လုပ်ပေးလိုက်ပါတယ်နော်🥰

Essence လေးတွေက Essential step တော့ မဟုတ်ပေမဲ့ ကိုယ့်အသားအရေက ပုံမှန်ထက်
Hydration ပိုလိုအပ်တယ်၊ Skin barrier ပိုကောင်းချင်တယ်၊ နောက်လိမ်းမယ့် step တွေ စိမ့်ဝင်အား
ကောင်းပြီး အာနိသင်ပိုထိရောက်ချင်တယ်ဆိုရင်
သုံးပေးသင့်ပါတယ်။

အချို့ Essence လေးတွေကတော့ Toner လောက်လည်းမကျဲ Serum လောက်လည်း မပျစ်တာမို့
Toner +Serum နှစ်မျိုးမသုံးချင်သူတွေအတွက်လည်း သူ့တစ်မျိုးတည်းနဲ့ အိုကေစေပါတယ်။

အချို့ Essence တွေကတော့ Toner လို အရည်ကျဲကျဲလာတာဖြစ်ပြီး အချို့ကတော့ Serum လို
ပျစ်ပျစ်လေး လာပါတယ်။

သူ့ texture အလိုက် Toner အစားထိုး သို့မဟုတ်
serum အစားထိုးအနေနဲ့ ချိန်သုံးတာတော့ အကောင်းဆုံးပါပဲနော်။

GG Essence 5 မျိုးမှာဆိုရင် Graymelin Mugwort
Pure Essence ကတော့ Toner+ Serum ပုံစံလေး
သုံးရတာမို့ နှစ်မျိုးမသုံးချင်ရင် သူ့ကို
သုံးလို့ရပါတယ်။

Scinic First Treatment Essence နဲ့
Dr Ceuracle Vegan Kombucha Tea Essence
တွေကတော့ Toner step မှာ သုံးရမှာပါ။

Scinic Snail Matrix Essence နဲ့
Dr Ceuracle Tea Tree Purifine 95% Essence
တွေကတော့ Serum step မှာ သုံးရမှာဖြစ်ပါတယ်။

အကုန်လုံးက သုံးလို့ကောင်းပြီး ထိရောက်တာတွေမို့
ကိုယ်နဲ့ကိုက်ညီတာကို သေချာ ရွေးသုံးပါနော်။
ပုံအောက်မှာ ရွေးလို့လွယ်အောင် Short note တွေ ပါပါတယ်နော်🤩

Photos from Girl Generation GG comestic's post 07/05/2026

ညတိုင်း Double Cleansing လုပ်ဖြစ်ကြရဲ့လား🤗

Double Cleansing လုပ်တယ်ဆိုတာက မျက်နှာ
နှစ်ကြိမ်သစ်တာမျိုးမဟုတ်ဘဲ သာမန်မျက်နှာသစ်ဆေးနဲ့ မပြောင်တဲ့ အညစ်အကြေးတွေကို
First Cleanser လို့ခေါ်တဲ့ Cleansing Water or Oil or Balm တွေနဲ့ အရင် Cleansing လုပ်ပြီးမှ
သုံးနေကျ Cleanser နဲ့ ထပ်သစ်တာကို ခေါ်တာပါနော်။

Double Cleansing လုပ်ခြင်းအားဖြင့်
ချွေးပေါက်ပိတ်နိုင်ချေ နည်းသွားပြီး
အဆီဖု၊ဝက်ခြံ၊ ဆားဝက်ခြံတွေ လျော့ပါးသက်သာစေပါတယ်။
အညစ်အကြေးကင်းစင်ပြီး ဆဲလ်သေတွေလည်း
ဖယ်ရှားပေးတာမို့ Clear skin ကို ပိုင်ဆိုင်စေပါတယ်။

ဘယ်သူတွေ Double Cleansing လုပ်သင့်လဲဆိုရင်တော့ Morning Skincare step များများလိမ်းတဲ့သူ၊
Physical Sun Cream & Tone Up Sun Cream လိမ်းတဲ့သူ၊ မိတ်ကပ် ဖောင်ဒေးရှင်း၊ Eye Make up နဲ့ နှုတ်ခမ်းဆိုးဆေး ဆိုးတဲ့သူ‌တွေ လုပ်သင့်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်က ဖုန်မှုန့်နဲ့ အညစ်အကြေး
ကပ်လွယ်ရင်လည်း လုပ်ပေးတာ
အကောင်းဆုံးပါ။

မလုပ်လည်း ရတဲ့သူတွေကတော့
Skincare step တွေလည်း အများကြီး မလိမ်းဖြစ်ဘူး၊ Chemical Sunscreen ပဲ သုံးတယ်၊
make up လို အဆီပါတာတွေ သိပ်မသုံးဖြစ်ဘူး၊
ဆားဝက်ခြံလည်း မထွက်ဘူးဆိုရင်တော့
ပုံမှန် Double Cleansing မလိုတဲ့ Cleanser မျိုး
သုံးပေးရင် ရပါတယ်။

Double Cleansing product တွေ မျိုးစုံရှိပေမဲ့
GG မှာတော့ Cleansing Water တစ်မျိုးနဲ့
Cleansing oil သုံးမျိုး ရပါမယ်နော်။

Cleansing Water ကိုတော့ Sensitive skin ‌တွေနဲ့
အဆီပြန်လွယ်သူတွေ၊ ပေါ့ပေါ့ပါးပါး Skincare ပဲ သုံးသူတွေ အဓိက သုံးပေးသင့်ပါတယ်။

Cleansing oil တွေကတော့ အသားခြောက်တဲ့သူ
Combination to Dry skin တွေရယ်၊
ဆားဝက်ခြံသက်သာချင်သူတွေ၊
အဆီများတဲ့ Make up နဲ့ Sunscreen သုံးတဲ့သူတွေ
ပိုရွေးသင့်ပါတယ်။

Photos from Girl Generation GG comestic's post 06/05/2026

Skincare လုပ်တဲ့အခါ Toner step မပါမဖြစ်
ထည့်သုံးတဲ့သူတွေအတွက် သုံးလို့ကောင်းတဲ့
GG Toner 15 မျိုးကို မင်မင်က တင်ပေးလိုက်ပါတယ်နော်။

Skin type အလိုက်ရယ်၊ လက်ရှိဖြစ်နေတဲ့ Skin Concern တွေအရရယ် ရွေးစရာများတာမို့
ကိုယ်နဲ့ အဆင်ပြေဆုံးကို သေချာ ရွေးသုံးဖို့ မမေ့ပါနဲ့နော်။

15 မျိုးထဲမှာဆိုရင်
Graymelin Mugwort Pure Toner
Graymelin Centella 50 Toner
RL Mugwort Calming Toner
RL Pine Calming Cica Toner
Dr Ceuracle Cica Toner
Dr Ceuracle Tea Tree Toner Pad

တွေကတော့ Acne prone skin ဝက်ခြံအဆီဖုသမားတွေ သုံးလို့ အဆင်ပြေပါတယ်နော်။

Graymelin Return Toner
Graymelin Bifida Toner
Graymelin Trouble Solution Toner

တွေကတော့ တင်းတိပ်အမည်းစက်ရှိပြီး အသားညစ်သူတွေအတွက်ပါ။

Dokdo Toner
Scinic The Simple Toner တွေကတော့
Sensitive skin နဲ့ Skin barrier ပျက်စီးထားသူ၊
Mild ဖြစ်တာ ကြိုက်သူတွေအတွက်ပါ

RL Birch juice Toner
Scinic Hyaluronic acid toner တွေကတော့
အစိုဓာတ်အပြည့်နဲ့ တင်းပြောင် Glow ချင်သူတွေအတွက်ပါ။

Graymelin Stemcell Toner
Scinic Snail Matrix Toner တွေကတော့
အမည်းစက်အမာရွတ် အရေးအကြောင်းရှိသူတွေအတွက် ဖြစ်ပါတယ်။

မင်မင်က အသေးစိတ် ထပ်တင်ဦးမှာမို့
မရွေးတတ်သေးရင် Cmt မှာ မေးခဲ့ပါနော်။

Photos from Girl Generation GG comestic's post 05/05/2026

အသားအရေ ပိုကောင်းဖို့အတွက် Treatment effect ပါတဲ့ Serum/ Ampoule ကောင်းကောင်း
လေးတွေ သုံးပေးပါနော်။

ပုံမှန် Skincare တွေသုံးပေးရုံနဲ့တော့ ချွေးပေါက်ကျယ်တာတွေ၊ အမည်းစက် အမာရွတ် ဖြစ်တာတွေက သိသိသာသာသက်သာဖို့ ခဲယဉ်းနိုင်ပါတယ်။

သိသိသာသာ သက်သာချင်ရင်တော့ Clinic တွေမှာ
Treatment ကောင်းကောင်းသွားယူလို့ရပါတယ်။

ကိုယ်က အဲလိုတွေသွားဖို့လည်း အချိန်မရဘူး၊
ငွေအများကြီးလည်း မသုံးနိုင်ဘူးဆိုရင်တော့
သုံးနေကျ Skincare routine ထဲမှာ Treatment effect ကောင်းတဲ့ Serum or Ampoule လေးတွေ
ထည့်သုံးပေးလို့ ရပါတယ်။

လတ်တလောမှာတော့ GG Official ထဲက
15 မျိုးလောက် in-stock ရနေတာမို့ ကြိုက်တာတွေ့ရင် လဆန်းရက်လေးမှာ အားပေးလို့ရပါတယ်နော်။

15 မျိုးထဲမှာဆိုရင်
Graymelin Mugwort Pure Serum
RL Mugwort Calming Serum
RL Pine Calming Cica Ampoule
Scinic Madecassoside Ampoule
Dr Ceuracle Azelaic 10 Ampoule

စတဲ့ 5 မျိုးကတော့ Acne prone skin ဝက်ခြံအဆီဖုသမားတွေ သုံးလို့ safe ဖြစ်ပါတယ်နော်။

Graymelin Return serum
Graymelin Bifida serum
Graymelin Yellow Food Serum
RL Dark Spot serum
လေးတွေကတော့ တင်းတိပ်အမည်းစက်ရှိပြီး
အသားညစ်သူတွေ သုံးလို့ ရပါတယ်။

ရေဓာတ်ဖြည့်ပြီး စိုပြေ Glow ဖို့
RL Birch juice serum နဲ့
Scinic Hyaluronic acid serum လေးတွေက
အကောင်းဆုံးပါပဲ။

Sensitive ဖြစ်ပြီး Skin barrier Repair လုပ်ချင်ရင်တော့ Round Lab Dokdo Ampoule လေးက အသင့်တော်ဆုံးပါ။

ချွေးပေါက်ကျဉ်းချင်တယ်၊ အသားအရေ နုဖတ်အုအက်ပြီး ပြောင်တင်းချောမွတ်ချင်ရင်တော့
Graymelin Red Food Serum
Scinic 150 Shot Booster serum
RL Camellia Deep Collagen Ampoule လေးတွေက အသင့်တော်ဆုံးပါပဲနော်။

Photos from Dan's Diary's post 04/05/2026

Dan'' Recommend Sunscreen တွေထဲမှာ
GG က 9 မျိုးပါပြီး လတ်တလော 7 မျိုး
ရနေတာမို့ ကြိုက်တာတွေ့ရင် အားပေးလို့ ရပါတယ်နော်🤩

Graymelin Return Sun Block - 38000 ( 50 ml )
RL Birch juice အပြာ -52000 ( 50 ml )
RL Birch juice အစိမ်း - 52000 ( 50 ml )
Dr Ceuracle Cica - 22800 ( 50 ml )

Scinic Super Mild Sun Essence - 36000 ( 50 ml )
Scinic Safety mild sun Cream - 38000
( 50 ml )
Scinic All In one Fluid - 49000 ( 100 ml )

Photos from Girl Generation GG comestic's post 04/05/2026

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်ရအောင် Sunscreen နေ့တိုင်းလိမ်းပြီး ကြိုတင်ကာကွယ်ပါနော်။

ငယ်ရွယ်စဥ်မှာ Sunscreen ကို သေချာလိမ်းခဲ့သူတွေက အသက်ကြီးတဲ့အခါ မလိမ်းသူတွေထက် အရေးအကြောင်းအဖြစ်နည်းသလို တင်းတိပ်အမည်းစက်လည်း မဖြစ်သလောက် နည်းပါးပါတယ်။

ဒါကြောင့် နုပျိုပြီး တင်းတိပ်အမည်းစက်
ကာကွယ်ချင်သူတိုင်းအတွက် Sunscreen က
မပါမဖြစ် Essential step ပါပဲနော်။

Sunscreen ကောင်းကောင်း ရှာနေသူတွေအတွက်
GG မှာ လတ်တလော ရနိုင်တဲ့ Sunscreen အမိုက်စား 13 မျိုးကို တင်ပေးလိုက်ပါတယ်နော်။

13 မျိုးထဲမှာဆိုရင် 7 မျိုးက ပေါ့ပေါ့ပါးပါး
Lightweight ဖြစ်တဲ့ Chemical Sunscreen တွေပါ။

Graymelin 2 မျိုးကလည်း Hybrid လို့ပြောပေမဲ့
Chemical Sunscreen လိုပဲ Moisturizing effect ကောင်းကောင်းနဲ့ လိမ်းရတာ ပေါ့ပါးကြပါတယ်။
Graymelin Mugwort ကတော့ ကမ္ဘာအေး၊ တောင်ညွန့်ဆိုင်တွေမှာပဲ ရတော့မှာပါ။

မိတ်ကပ်သားပါတာ ကြိုက်သူတွေအတွက် Scinic ထဲက tone Up Sun Cream 2 မျိုးရှိပါမယ်။

Sensitive skin မို့ Physical ကြိုက်ရင်
Scinic ထဲက Safety mild, Round Lab ထဲက
Birch juice Mild up တွေ ရပါမယ်နော်။

ဝက်ခြံအဆီဖုရှိသူတွေ သုံးလို့ပြေတာကတော့

Graymelin Mugwort
RL Pine Cica
RL Birch juice Mild up
Scinic Super Mild
Scinic Safety mild
Dr Ceuracle Cica Sun Cream တွေပါ။

ကျန်တာတွေကတော့ Hydration, Anti aging နဲ့
Hyperpigmentation အတွက်များပါတယ်။

ဈေးလေးတွေ ပုံအောက်မှာ ရေးထားပါမယ်နော်။

Photos from Dan's Diary's post 04/05/2026

Dan'' Recommend Moisturizer List ထဲမှာဆိုရင် GG Official ထဲက 14 ခုပါပြီး လတ်တလော 10 ခု in-stock ရလို့ လိုတာရှိရင်
အားပေးလို့ရပါတယ်နော်🤩🤩

‎Graymelin ‎Mugwort Calming Gel -36000 ( 100 ml )

‎Round Lab
‎Mugwort Cream - 68000 ( 80 ml )
‎Pine Calming Cica Lotion - 65000 ( 250 ml )
‎Birch juice cream - 68000 ( 80 ml )
‎Birch juice soothing gel - 39000 ( 150 ml )
‎Dark Spot cream - 55000 (50 ml )

‎Scinic
‎The Simple Relief Water Cream - 36000 ( 80 ml )
‎The Simple Daily Lotion - 35000 ( 145 ml)
‎HA Cream - 42000 ( 80 ml )

‎BOH Panthecell Repair Cica Cream - 75000 (50 ml )

03/05/2026

Barrier ပျက်စီးနေသူတွေ သုံးကြည့်သင့်တဲ့
Scinic barrier Cream လေးက Stock နည်းနည်းပဲ ကျန်ပါတော့မယ်နော်။

Price - 29000 ( 40 ml )

🫶🏻အသားရေ ပျက်စီးနေသူတွေ သုံးသင့်တဲ့ Barrier cream တွေပါ။ သုံးဖူးသမျှ ထဲမှာ Intensive & Treatment result ပေးတဲ့ Moisturizer တွေပါ။

▫️Medipeel Young Cica PDRN Trouble Soothing cream

Moisturizer တစ်ခုက Dermocosmetics , Beauty science ဆန်ဆန် ingredients တွေ ကို focused လုပ်ပြီး အသားရေ ကို Regeneration နဲ့ Healing လုပ်ပေးတဲ့ PDRN နဲ့ Formulated လုပ်ထားတဲ့ Treatment step တစ်ခုကို Skincare ဆန်ဆန်သုံးရမယ်ဆို စိတ်ဝင်စားလား? မင်တေဇဆို ဘာစသုံးသုံး product တစ်ခုက performance ကို စိတ်ကူးယဉ်လို့မရအောင် ကြီးကြီးမားမား offer မပေးနိုင်တဲ့ ingredient တွေ သုံးထားရင် လုံးဝ မသုံးဖို့ စိတ်ကူးလိုက်တယ်။ သိသာချင်လို့ skincare ကောင်းကောင်းသုံးတာပါ။
ဒီကောင်က cream ဆိုတာထက် texture က gel cream type ပုံစံ စိမ့်ဝင်လာပြီး ဒီလိုနွေ လိမ်းတာတောင် စေးကပ်ပူတာ မရှိဖူး။ အသားရေနီးမြန်းနေတာတွေ ချက်ချင်းသက်သာပြီး နဖူးက အဆီဖုမာမာကျစ်ကျစ်တွေဆို ပျော့ပြောင်းပြေပြစ် သွားတာ။ သိသာချင်လို့ ခပ်ထူထူလိမ်းစရာ မလို ပုံမှနိ လိမ်းနေကျ ပမာဏလိမ်းရင် ရပြီ။ Sensitive skin တွေ Texture ပြစ်တဲ့ Physical sunscreen တွေနဲ့ တွဲလိမ်းရင် Finish ကအစ မကွက်ပဲ လှပါလိမ့်မယ်။

Official Distributor >>> Medipeel Myanmar

▫️Anua PDRN + Hyaluron Cream

ဘာသုံးသုံး အသားခြောက်တာ မပျောက်တဲ့သူတွေ ✅ သုံးကြည့်သင့်ပါတယ်။ ကြည်စို glow လာလိမ့်မယ်။ အသားရေရဲ့ တစ်လွှာချင်း ရေဓာတ်ပြည့်ပြီး အိစိုလာတဲ့ result ရလိမ့်မယ်။ တစ်ချိ့ dry skin တွက် ထုတ်ထားတဲ့ cream တွေဆို လိမ်းတာ နဲ့ညအသားရေ ကတစ်ခြား စီ , မစိမ့်ဝင်သလို , ပြီး အိုက်စက်စက် စီးစီး ခံစားရတယ်။ ဒီကောင်က လုံးဝမဖြစ်ဖူး။ Laser , Hifu , Chemical peeling treatment ယူပြီး အသားခြောက်သွားတဲ့သူတွေ သုံးသင့်ပါတယ်။ ‼️Oily Skin ဆို greasy ပုံစံ ခံစားရပါလိမ့်မယ်။

Official Distributor >>> Beauty & Me

◻️ 345 cream

အဆီပြန်ပြီး အသားတင်းခြောက်တဲ့ oily dehydrated skin , combination skin ကိုမှ အဆီဖုနဲ့ အတူ အသားကညစ် , ချွေးပေါက်က ကျယ် barrier ပျက်စီးနေတဲ့ သူတွေအတွက် 3 Blemish-Relief , 4 Nourishing and 5 Soothing Ingredients တွေပါလို့အသားရေကို ဘက်ပေါင်းစုံကနေ ထိထိ ရောက်ရောက် ကယ်ပေးမယ့်ကောင်ပါ။
‼️Dry Skin သမားတွေ မပြေနိုင် , over sensitivity မြင့်နေတဲ့သူတွေတွက် not recommend ပါ။

▫️Fiorese Deep Skin Barrier Cream

Steroid ကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အသားရေ လောင်ပြီး ပျက်စီး သွားတဲ့ သူတွေ တွက် ဒီကောင်သင့်တော်တယ်။ Skin ကို reactive ဖြစ်စေတဲ့ ingredients တွေထွက် အရေပြားအလွှာတိုင်းတုပပေးတဲ့ ceramide profile တစ်ခုလုံးပါတော့ recovery ဖြစ်တာ ပိုအားကောင်းတယ်။ Adapalene တို့ Azelaic တို့ နဲ့ တွဲ သုံး ရင် ပိုကောင်းတဲ့ အာနိသင် ရပါလိမ့်မယ်။

Official Distributor >>> Fiorese Myanmar

▫️Scinic Barrier Cream

အသားရေတွေ အဖတ်တွေ လန် အရေခွံကွာမတက် ခြောက်ပြီး ပျကိစီးယားယံနေတဲ့ အသားရေ ပိုင်ရှင်တွေ , Anua လောက်လည်း စျေးမနိုင်တဲ့သူတွေ တစ်မျိုးတည်းလိမ်းရုံနဲ့ ပြီးပြည့်စုံလိုက်အောင် Moisturized and Barrier Repair ပေးမယ့် ကောင်ပါ။
ဝက်ခြံသမားတွေ / ချွေးပေါက်ပိတ်လွယ် သမားတွေ ပူအိုက်တဲ့ ရာသီမှာ မသုံးစေချင်ပါ။

Official Distributor >>> Scinic Myanmar , Girl Generation GG comestic

▫️Soone Cica Soothing Gel Cream

အသားရေ ပြသာနာတော်တော် များများရဲ့ အစက ရေရေဓာတ်မလုံလောက်တာကနေ စသလို အသားရေ ပြန်ကျန်းမာဖို့ဆိုတာ ရေဓာတ်ဖြည့်ပေးဖို့လဲ လိုတယ်။ Over moisturized ဖြစ်သွားရင်လည်း အဆီဖုသေးသေးလေးတွေ ထတာ , ချွေးပေါက် ပိုကျယ်လာတာတွေ ဖြစ်တတ်တယ်။ အထူးသဖြင့် ဝက်ခြံထလွယ် အဆီပြန် sensitive သမားတွေဆို Moisturizer ရွေးခါနီး တအား ခေါင်းစားရတယ်။ ဒါက ချွေးပေါက် ပိတ်နိုင်လား , ဒါက အသားပေါ် အေးမြစေလား ? ဒါက ရေဓာတ် တကယ် ရော် ဖြည့်ပေးနိုင်မလား ပေါ့? ဆိုတော့ ဝက်ခြံတွေကြောင့် ရောင်ရမ်းယားယံတာ သက်သာချင်ပြီး အသားရေပြန်ကျန်းမာစေဖို့ ပေါ့ပေါ့ပါးပါး ရေဓာတ်ဖြည့်ချင်တယ်ဆို Gel cream type Soone cica ကို သုံးကြည့်သင့်တယ်။ non comedogenic ဖြစ်ပြီး လိမ်းလိုက်ရင် အလွှာကြီး ကျန်သလို မခံစားရဖူး။ Gel type လုံးလုံးလို လိမ်းပြီးအသားခြောက်တာပါ မဖြစ်ပါ။ Sensitive Skin Friendly Formula လဲ ဖြစ်ပါတယ်။
အသားရေပျက်စီးရင် Texture Dense ဖြစ်တာတွေ သုံးမယ့်အစား ( Think Outside The Box ) ဆန်ဆန်တွေးပြီး Gel cream type moisturizer လေးတွေ သုံးပါ။

Official Distributor >>> Soone by TSO

🫶🏻Moisturizer နဲ့ ပတ်သတိလို့ သိချင်တာရှိရင် Comment မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။

Photos from Girl Generation GG comestic's post 03/05/2026

လကုန်ရက်မှာ Moisturizer ကုန်လို့
ဘာဝယ်ရမလဲ စဉ်းစားနေသူတွေအတွက်
GG မှာ လတ်တလော ရနေတဲ့ Official Moisturizer 22 မျိုးကို မင်မင်က တင်ပေးလိုက်ပါတယ်နော်🤩🤩

ကိုယ့်ရဲ့ Skin type & Concern အလိုက် ရွေးစရာတွေ အားကြီးပဲမို့ အသင့်တော်ဆုံး တစ်ခုကို
ရွေးချယ်ပြီး နေ့စဉ်မပြတ်လိမ်းဖို့
မမေ့ပါနဲ့နော်။

ဒီထဲမှာဆို Graymelin Mugwort Gel
Graymelin Mugwort Pure Cream
RL Mugwort Cream
RL Pine Cica Cream plus
RL Pine Calming Cica Lotion
Scinic Centella PDRN Cream
BOH Panthecell Repair Cica Cream

၇ မျိုးကတော့ ဝက်ခြံအဆီဖုရှိသူတွေ သုံးဖို့
Recommend ပိုလုပ်ပါတယ်။

ကျန်တဲ့ 15 မျိုးထဲမှာတော့ တင်းတိပ်အမည်းစက်၊
အမာရွတ်အမည်းစက်၊ အရေးအကြောင်း၊
အသားညစ် ၊ အသားအရေမွဲခြောက်၊ Skin barrier ပျက်စီး စသဖြင့် Skin Concern အစုံအတွက်
ပါတာမို့ ကိုယ်နဲ့ကိုက်ညီတာကို သေချာရွေးဝယ်ပါနော်။

မရွေးတတ်ဘူးဆို Skin type နဲ့ လတ်တလော Skin problem ကို မန့်ခဲ့ရင် မင်မင်က ရွေးပေးပါမယ်နော်။

Brand တစ်ခုချင်းစီအတွက် Detail post တွေ လာဦးမှာမို့ စိတ်ဝင်စားရင် Stay tuned ပါနော်🥰

Price -
Graymelin
Mugwort Calming Gel -36000 ( 100 ml )
Mugwort Pure cream -42000 (50 ml )
Return Cream - 38000 ( 50 ml )
Stemcell Cream - 42000 (50 ml )

Round Lab
Dokdo Cream - 85000 ( 80 ml )
Dokdo Lotion - 60000 ( 200 ml )
Mugwort Cream - 68000 ( 80 ml )
Pine Calming Cica Cream - 60000 ( 60 ml )
Pine Calming Cica Lotion - 65000 ( 250 ml )
Birch juice cream - 68000 ( 80 ml )
Birch juice soothing gel - 39000 ( 150 ml )
Dark Spot cream - 55000 (50 ml )
Collagen Cream - 65000 (50 ml )

Scinic

The Simple Relief Water Cream - 36000 ( 80 ml )
The Simple Daily Lotion - 35000 ( 145 ml)
HA Cream - 42000 ( 80 ml )
Centella PDRN Cream - 49000 ( 80 ml )
Super Moist Cream - 42000 (80 ml )
Snail Matrix cream - 45000 ( 50 ml )

Dr Ceuracle
Kombucha Tea Gel Cream - 65000 ( 75 g )
Active Berry cream - 32500 ( 75 g ) သူကကုန်ခါနီးပါ

BOH Panthecell Repair Cica Cream - 75000 (50 ml )

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No 311, San Yate Nyein , Gamone Pwint, 3rd Floor
Kamayut
11041

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00