Girl Generation GG cosmetic

Girl Generation GG cosmetic

Share

Head to Toe ❤️ Skincare, Haircare, Bodycare and Cosmetics အမျိုးမျိုးကို
GG မှာ ‌အားပေးနိုင်ပါတယ်နော်

Photos from Girl Generation GG cosmetic's post 31/08/2026

Pay Day Sale 15% off ရနေတုန်းမှာ
Graymelin Brand ထဲက ဝယ်ချင်တဲ့သူတွေအတွက်
မင်မင်က in-stock ရှိတာလေးတွေ
တင်ပေးလိုက်ပါတယ်နော်။
အချို့ဟာတွေ ဈေးတွေပြန်ကျသွားတာကိုမှ အခုလို 15% off နဲ့ဆို တအားကို တန်သွားပါပြီနော်။

မူရင်းဈေးတွေကို ပုံအောက်မှာ ကြည့်ပေးပါနော်😍😍

September 6 အထိသာ။

Photos from Girl Generation GG cosmetic's post 30/08/2026

Pay Day Sale 15% off ရနေတုန်းမှာ
Scinic Brand ထဲက ဝယ်ချင်တဲ့သူတွေအတွက်
မင်မင်က in-stock ရှိတာလေးတွေ
တင်ပေးလိုက်ပါတယ်နော်။
တော်တော်များများလည်း ဈေးတွေပြန်ကျသွားတာကိုမှ အခုလို 15% off နဲ့ဆို တအားကို တန်သွားပါပြီနော်။

မူရင်းဈေးတွေကို ပုံအောက်မှာ ကြည့်ပေးပါနော်😍😍

September 6 အထိသာ။

Photos from Girl Generation GG cosmetic's post 29/08/2026

ပြီးခဲ့တဲ့အပတ်က မင်မင် ပေးထားတဲ့ Scinic set Giveaway winner လေး ပေါ်ထွက်လာပါပြီနော်🥰🥰
Congratulations ပါနော် ကံထူးရှင်လေး🥳
messenger ကနေ လက်ဆောင်လေး
လာထုတ်ပေးပါနော်။

29/08/2026

ဒါလေး ဒီည ရွေးပါတော့မယ်နော်🥰

အပတ်စဉ် ပေးနေကျ GG ရဲ့ Giveaway အစီအစဉ်လေး ပြန်လာပါပြီနော်🤗🤗
ဒီညမှာတော့ မင်မင်က Quality နဲ့တွက်ကြည့်ရင်
မထင်ရ‌လောက်အောင် Budget Save ဖြစ်ပြီး တန်လွန်းစိန်လေးတွေဖြစ်နေတဲ့ Scinic ရဲ့ Best seller Product လေးတွေကို ရွေးထားပါတယ်။
3 သောင်းပတ်ချာလည်နဲ့ Skincare ကောင်းကောင်း
သုံးလို့ရနေသေးတာပဲဆိုတဲ့ Feeling အပြည့်ပေးနိုင်တဲ့ Scinic ထဲကမို့ မဲမပေါက်ရင်တောင် ဝယ်သုံးနိုင်တဲ့ အနေအထားပါပဲနော်🥰
ဒီထဲမှာပါတဲ့ Product လေးတွေကတော့
Moisturizer 2 မျိုးနဲ့ Sunscreen တစ်မျိုးဖြစ်ပါတယ်။
Moisturizer 2 မျိုးမှာဆိုရင် The Simple Relief Water Cream လေးကတော့ နာမည်လေးအတိုင်း
ရေလိုအေးပြီး ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။
အသားအရေရဲ့အပူတွေ နီမြန်းရောင်ရမ်းတာတွေကို
Relief လုပ်ပေးပါတယ်။ pH Balancing ဖြစ်အောင်
ထုတ်ထားပြီး Mild ဖြစ်တာမို့ ဆယ်ကျော်သက်အရွယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေကအစ Active ingredient အပြင်းစား သုံးလို့မရတဲ့သူတွေဆို လုံးဝအကြိုက်တွေ့မှာပါ။

Hyaluronic Acid Cream လေးကတော့ Cream ဆိုပေမဲ့ Gel Cream ဘက်သွားတာမို့ နည်းနည်းလေးလိမ်းရုံနဲ့ အစိုဓာတ်အများကြီး ရစေပါတယ်။
အသားအရေခြောက်သွေ့အက်ကွဲပြီး မွဲခြောက်ညစ်နွမ်းတာတွေ အမြန်သက်သာပြီး စိုပြေ
Glow စေပါတယ်။ Skin barrier အားကောင်းစေပါတယ်။ ဝက်ခြံအဆီဖုတွေတောင် သက်သာတယ်လို့ပြောကြတဲ့ Cream လေးပါ။

အားလုံးသိတဲ့ Super Mild Sun Essence လေးကတော့ Sunscreen ဆို အေးအေးကျဲကျဲနဲ့
မဖြူမပြာ မပူမစပ်ကြိုက်သူတွေ အဆင်ပြေဆုံးပါပဲနော်။ 3 သောင်းမကျော်တဲ့ဈေးနဲ့ 4/5 သောင်းတန်
Sunscreen တွေလိုမျိုး တကယ် Quality မိုက်တာပါ။

ဒီ 3 မျိုးကို တစ်ယောက်တည်း ပေးသွားမှာဖြစ်ပြီး
စည်းကမ်းအနည်းငယ်တော့ ရှိပါမယ်နော်။

‼️ Giveaway မှာပါမယ်ဆိုရင်တော့ အခု GG page နဲ့ Scinic Myanmar page ကို follow လုပ်ထားပေးပါနော်။

Comment မှာကတော့ 3 မျိုးထဲက သုံးဖူးတာရှိရင် Feedback အတိုလေး ပေးခဲ့လို့ရပြီး
မသုံးဖူးသေးရင် အသုံးချင်ဆုံးဟာလေး
ရေးခဲ့ပေးပါနော်။

Winner ကို နောက်တစ်ပတ် စနေညမှာ ကြေညာပါမယ်နော်။

28/08/2026

‼️လကုန်ရက်တိုင်း ကျင်းပနေကျ GG ရဲ့ Pay Day Sale ကြီး ပြန်လာပါပြီနော်🥰🥰
ပုံမှန်ကတော့ 30 ရက်နေ့မှ စမှာဆိုပေမဲ့
မနက်ဖြန် စနေနေ့ပိတ်ရက်မှာ အပြင်ဆိုင် လာလည်ကြမယ့် ကာကာတွေ မနစ်နာရအောင် ကြိုလုပ်ပေးတာပါနော်🥰

15% off Promotion နဲ့ ရမယ့် Brand တွေကတော့
Graymelin
Round Lab
Scinic
Dr Banggiwon
Dr Ceuracle
BOH
ARIS Perfume
Momeii စတာတွေပဲ ဖြစ်ပါတယ်။

တော်တော်များများ in-stock ရှိနေပေမဲ့ အချို့
Best seller တွေက Nearly sold out မို့
ကိုယ်ကြိုက်တာလေးတွေ ဈေးတန်တန်ရတုန်း
ဝယ်ဥထားဖို့လည်း မမေ့ပါနဲ့နော်။

အပြင်ဆိုင်တွေကတော့ မနက်ဖြန်မှ စမှာဆိုပေမဲ့
Online ကတော့ အခုညက စပေးနေပါပြီနော်။

Promotion time - August 29 to September 6

27/08/2026

Scinic ရဲ့ Budget Save ပြီး Quality မိုက်တဲ့
Moisturizer လေးနှစ်မျိုးအကြောင်း
Review By Nyi ရဲ့ Review အသစ်လေး
10 out of 10 Rating တောင် ပေးထားတာမို့
စိတ်ချလက်ချ သုံးကြည့်ဖို့ မမေ့ပါနဲ့နော်🥰

Price -
The Simple Relief Water Cream -32000 ( 80 ml )
Hyaluronic Acid Cream - 39500 ( 80 ml )

ဒီ moisturizer 2ခုကို Nyi အမှတ်ပြည့်ပေးတယ်👍👍

10မှတ်မှာ 10မှတ်အပြည့်ပဲ လုံးဝမလျော့ဘူး။ Moisturizer အရွေးမှားမှာ ကြောက်ကြတယ်မလား။ ဒီ 2ခုထဲက ရွေးသုံးနော် လုံးဝမမှားစေရဘူး။ Nyi အာမခံရဲပါတယ်။

Scinic က moisturizer 2ခုကို Nyi သုံးကြည့်ပြီးတဲ့အချိန်မှာ အရမ်း impress ဖြစ်သွားတယ်။ ဘာလို့ ဒီ 2ခုက viral မဖြစ်ရတာလဲပေါ့နော်။
1. မြန်မာပြည်ရာသီဥတုနဲ့ကိုက်ညီတဲ့ gel cream type လေးတွေ ဖြစ်တယ်
2. တစ်ဗူးမှာ 80ml ပါပြီး စျေးနှုန်းကလဲ fair ဖြစ်တယ်
3. Sensitive skin တွေအတွက်လို့ပြောရလောက်တဲ့အထိ အရမ်း simple ဖြစ်ပါတယ်

Scinic the simple relief water cream💯

အဆီအရမ်းပြန်တဲ့သူတွေ ဝက်ခြံအဆီဖုများနေတဲ့သူတွေ ဒီ water cream လေးကို အရမ်းကြိုက်မှာ။ သူ့မှာ cica, cactus, glycerin, sodium hyaluronate တို့ အဓိကပါပြီး အရမ်းရိုးရှင်းတယ်။ pH balance ဖြစ်တယ်။ မျက်နှာသစ်ပြီး သူတစ်ခုပဲလိမ်းရင်တောင် skin barrier ကကျန်းမာပြီး ကောင်းနေမှာကွာ။ Nyi ကိုယ်တိုင်လဲ ဝက်ခြံတွေအရမ်းထွက်နေပြီဆို မျက်နှာသစ်ပြီး သူ့တစ်မျိုးပဲလိမ်းထားလိုက်တယ်။ အေးအေးလေးနဲ့ skin soothing ဖြစ်ပြီး နေလို့ကောင်းနေရော။ အဆီထိန်းပြီး အသားကြည်စေလို့ အဆီပြန်အသားအရည်တွေ acne prone sensitive skin တွေ must try နော်။

Scinic hyaluronic acid cream💯

စျေးကွက်ထဲမှာနာမည်ကြီး hyaluronic acid moisturizer တွေနဲ့ အပြိုင်ကောင်းတဲ့ cream လေးပါ။ Texture က gel cream type ပဲ။ လိမ်းရတာမပျစ်ဘူး မစေးကပ်ဘူး အနံ့လုံးဝမပါဘူး။ Glycerin, sodium hyaluronate, cica, raspberry တို့သုံးထားပြီး fragrance free မလို့ သူကလဲ sensitive skin တွေအတွက်ပဲနော်။ 2ခုထဲက ဘယ်လိုရွေးရမလဲဆိုရင် ဝက်ခြံအဆီဖုမရှိဘူး အသားညစ်တယ် အသားစိုချင် glow ချင်တယ်ဆိုရင် hyaluronic acid cream ကိုယူပါ။ 80ml ပါတဲ့ moisturizer တစ်ဗူးကို ဒီစျေးနဲ့ဒီလို quality ပြန်ရတာ အရမ်းတန်ပါတယ်။ အဲ့ဒါကြောင့် Nyi က highly recommend လုပ်တယ်။

မေးချင်တာရှိရင်လဲ comment မှာမေးခဲ့လို့ရပါတယ်။ Nyi ဆေးရုံကပြန်လာတဲ့အခါ ဖြေထားပေးမယ်နော်🧑🏻‍⚕️

🛒 Girl Generation GG cosmetic

Disclaimer : This’s a Collaboration between Review By Nyi & GG.

26/08/2026

ချစ်ဖို့ကောင်းပြီး အရမ်းလည်းလှတဲ့
မမ HANNA က Momeii Power Pact
လေးတွေအကြောင်း စမ်းပြထားတဲ့
Vlog လေးကို စိတ်ဝင်စားသူတွေ ကြည့်လို့ရအောင်
မင်မင်က တင်ပေးလိုက်ပါတယ်နော်။
ဒီ Video ထဲမှာဆိုရင် Coverage,Oil control နဲ့ Long lasting လေးတွေကို သေချာ စမ်းပြထားတာမို့
Budget Save ဖြစ်ဖြစ်နဲ့ powder pact ကောင်းကောင်း သုံးချင်သူတွေ လက်မလွှတ်သင့်ပါနော်။

‎သူ့မှာဆိုရင် ရွေးစရာအနေနဲ့
‎ #21 Light ( အသားဖြူသူတွေအတွက်)
‎ #23 Neutral ( အသားဝါ/ လတ်သူတွေအတွက်)
‎ #25 Medium ( အသားညိုသူတွေအတွက်)
‎ဆိုပြီး 3 မျိုး လာပါတယ်နော်။
‎Quality ကတော့ Cloud Pore Powder pact ဆိုတဲ့နာမည်လေးအတိုင်း တိမ်လိုနူးညံ့ပြီး ချွေးပေါက်တွေ Blur ပေးရုံမက အဆီတအားထိန်းပေးနိုင်လို့ Oily & Combination skin တွေ
‎အကြိုက်တွေ့ဖို့ အာမခံပါတယ်နော်။
‎လုံးဝကို ပေါ့ပါးပြီး အသားနဲ့ တစ်ထပ်တည်း လှနေစေမှာပါ။

Price - 25000 ( 9 g )

25/08/2026

🩵💛 2 သောင်းစွန်းစွန်းလေးနဲ့ သုံးလို့ကောင်းတဲ့
Scinic ရဲ့ Budget Save Cleanser လေးနှစ်ခုထဲက
ဘာလေး သုံးဖြစ်နေကြလဲဗျိုး🤗

🩵အပြာရောင် Baking Powder လေးက
အဆီပြန် ဆားဝက်ခြံ Skin တွေအတွက်
ပိုထိရောက်ပါတယ်။ ချွေးပေါက်အတွင်းပိုင်းအထိ
အညစ်အကြေးတွေ သန့်စင်ပေးတာမို့ ချွေးပေါက်ပိတ်နိုင်ချေနည်းပြီး ဆားဝက်ခြံနဲ့ အဆီဖုတွေ
လျော့ပါးစေပါတယ်။

💛အဝါရောင် Honey Banana Cleanser လေးကတော့ အသားခြောက် အသားညစ်ပြီး အသားအရေ အာဟာရနည်းနေတဲ့သူတွေအတွက် သင့်တော်ပါတယ်နော်။ သူက အနံ့လေးကအစ မွှေးပြီး စိတ်ကြည်စေပါတယ်။ သစ်ပြီးသွားရင်
စိုအိပြီး ကြည်လင်ဝင်းပသွားတာပါ။

နှစ်မျိုးလုံးက သူ့ဟာနဲ့သူ မိုက်နေတာမို့
ကိုယ့်အသားအရေနဲ့ သင့်တော်တာကို
ရွေးသုံးဖို့ မမေ့ပါနဲ့နော်။

တစ်ဘူးဝယ် အနည်းဆုံး 4 လဝန်းကျင် ခံပါတယ်။

price -24000 ( 150 ml )

24/08/2026

Online Customer လေး‌တွေအတွက်လည်း
5 သောင်းဖိုးနဲ့အထက် ဝယ်ယူမယ်ဆိုရင်
Vaseline Glutaglow Ampoule Serum Deodorant
လေးတွေ လက်ဆောင် ထည့်ပေးမှာမို့
လက်ဆောင်ယူဖို့ လိုချင်တာလေးတွေကို
အခုပဲ အမြန် order တင်လိုက်တော့နော်🤩🤩

23/08/2026

Graymelin မှာလည်း Return set Giveaway ရှိပါတယ်နော်🤩

လစဉ်ပေးနေကျ Graymelin ရဲ့ ပြတ်တုန်းလပ်တုန်း
၂၃ Giveaway အစီအစဉ်လေး ပြန်လာပါပြီနော်🥰
ဒီတစ်ခါ မင်မင်ပေးမှာလေးကတော့ Graymelin ရဲ့
Best seller set တွေထဲက တစ်ခုဖြစ်တဲ့
Return set ကြီးကို Full set တစ်ယောက်တည်း
ပေးသွားမှာဖြစ်ပါတယ်🤩🤩
အားလုံးသိကြတဲ့အတိုင်း Return set ကြီးကတော့
Budget သက်သက်သာသာနဲ့ တင်းတိပ်အမည်းစက်
‌တွေ သက်သာအောင် ကူညီဖြေရှင်းပေးနေတာမို့
တင်းတိပ်အမည်းစက်ကြောင့် စိတ်ညစ်နေတဲ့သူတွေရှိရင် လက်မလွှတ်သင့်တဲ့ထဲ ပါပါတယ်နော်။
4 မျိုးတစ် set လုံးမှ ယခင် 160000 ကနေ
ယခု 132500 အထိ ဈေးကျသွားတာမို့
အခုလိုအချိန်မှာ လုံးဝအတန်ဆုံးဈေးနဲ့ တင်းတိပ်
ကုလို့ရမှာပဲ ဖြစ်ပါတယ်။
Review ကောင်းတွေလည်း အများကြီးမို့ မင်မင်
comment မှာ ပြပေးပါမယ်နော်။

4 မျိုးမှာဆိုရင် Toner, Serum, Cream, Sun Block တွေ ပါဝင်ပြီး တစ်ခါဝယ်ထားရင် 4 လလောက်
အနည်းဆုံး သုံးရပါတယ်။ Sun Block ကတော့
သေချာအပြည့်လိမ်းရင် 2 ဘူးလောက် ကုန်နိုင်ပါတယ်။ Korea skincare ကိုမှ အန္တရာယ်ရှိတဲ့
ပါဝင်ပစ္စည်းလုံးဝမပါဘဲ Safe ဖြစ်ဖြစ်နဲ့
ထိထိရောက်ရောက် ကုသပေးတာမို့
အနည်းဆုံး 2 set အထိ စိတ်ရှည်ရှည်နဲ့ စွဲသုံးပေးပါနော်။
တင်းတိပ်မရှိရင်လည်း Anti aging နဲ့ Brightening အတွက် သုံးလို့ရပါတယ်နော်။

‼️ လောလောဆယ် မဝယ်ခင် ကံစမ်းကြည့်ချင်တယ်ဆိုရင်တော့...
မသုံးဖူးသေးတဲ့သူတွေက လက်ရှိခံစားနေရတဲ့
အသားအရေပြဿနာတွေကို ပြောပေးခဲ့ပါနော်။

ဒီ set ထဲကဖြစ်ဖြစ်၊ GG ထဲကဖြစ်ဖြစ် သုံးဖူးသူတွေက သုံးဖူးတာတစ်ခုခုအကြောင်း Feedback အတိုလေး ပေးခဲ့ပါနော်။

ကံထူးရှင်ကို 31 ညမှာ ကြေညာပေးပါမယ်နော်။

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No 311, San Yate Nyein , Gamone Pwint, 3rd Floor
Kamayut
11041

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00