Khit Skincare Diary
Skincare Review များအား ဝင်ရောက်ကြည့်ရှူလေ့လာနိုင်ပါတယ်ဗျ။
07/06/2026
GA(2)ဘူး🎁🎁
06/06/2026
ဒါလေးတကယ်အသားကြည်ပြီးအနံ့ကောင်းတယ်နော်
Johnson’s Lotionလေးအသားဖြူ/မဖြူတော့မသိဘူး။
အသားတကယ်ကြည်ပြီးလိမ်းလို့ကောင်းတာတော့ အမှန်ဘဲ။
စဝယ်တုန်းက Bright Body Lotion မှန်းလည်းမသိဘူး။ဘူးကစံပယ်ပန်းပုံလေးမြင်တာနဲ့စံပယ်ပန်းအနံံဆိုတအားကြိုက်တဲ့သူမို့ ဖြူတာဘာညာစိတ်မဝင်စားဘဲ အနံ့ကြောင့်ဝယ်ဖြစ်ခဲ့တာ။
တကယ်တမ်းလက်ထဲရောက်လာတဲ့အချိန်အနံ့ရှုကြည့်တော့လည်း 50/10ပေးရလောက်တဲ့ထိစိတ်ကျေနပ်သွားတာနဲ့ငါအဝယ်မှန်ခဲ့ပြီပေါ့။အစပိုင်း(1)ပတ်လောက်တော့ဘာမှမသိသာပေမဲ့ နောက်ပိုင်းအသားကဖြူဆွတ်လာတာမျိုးမဟုတ်ဘဲ သိသိသာသာကြည်လာတော့မှငါဘာမှလည်းထူးထူးခြားခြားသုံးမနေဘဲအသားကတော်တော်ကြည်လာတာဘဲဆိုပြီး ဒီLotionဘူးကိုသေချာကြည့်တော့မှ Bright lotionကြီးဖြစ်နေတဲ့အပြင် Ingredients listပါထပ် check လုပ်လိုက်တာဘယ်ဟုတ်မလဲသူ့ထဲမှာ Niacinamideနဲ့ Baby oil essenceတို့လိုအသားကြည်ပြီးဖြူစေတဲ့ ဘာညာစမာကလာတွေပါနေတာ။အော်ဒါကြောင့်ကြည်တာနေမယ်ဆိုပြီး ဆက်လူးလာလိုက်တော့ခုတော့အနံ့တင်မဟုတ်ဘူး Result ကိုပါ ကြွေနေပြီကွယ်။
တချို့ကလည်းလိမ်းရင်ချွဲပြီးပျော်ကျတယ်ဘာညာပြောကျပေမဲ့ "ခေတ်"လိမ်းကြည့်ရသလောက်တော့အဲ့လိုမဖြစ်ဘူး။ပေါ့ပေါးပါးပါးလေးနဲ့လိမ်းလို့ကောင်းပြီးအစိုဓာတ်လည်းရတယ်။အနံ့လေးလည်း Jasmine နဲ့ White lily ပေါင်းထားတဲ့အနံ့လေးမို့သင်းပြီး မွှေးနေရော။ရေချိုးပြီးညဘက်လိမ်းအိပ်ရင် ပိုလို့တောင်နှစ်"ခြိုက်"အိပ်ပျော်တယ်လို့ခံစားရတယ်။
သူကဘူးကြီးရှိတယ်ထင်။ "ခေတ်"ကတော့လွန်ခဲ့တဲ့(2)လလောက်က Shop With May ကဝယ်တာ 17လားမသိ ပေးရတယ်။ အခုတော့လိမ်းလို့ကုန်သွားပြီ။ထပ်ဝယ်ဖို့တော့ စဥ်းစားထားတယ်။ Youတို့လည်း စိတ်ပါပြီးကြည်ချင်ရင်ဝယ်သုံးကြည့်ပေါ့ စိတ်မပျက်စေရဘူးလို့တော့ ထင်တာဘဲ။
❌ ပုံနှင့်စာများကူးယူခွင့်မပြု။ ❌
05/06/2026
🩵🫶🏻
တခြားသူတွေ ဘယ်လိုဖြေရှင်းကြလဲတော့ မသိပေမဲ့ ခေတ်ကတော့အလုပ်မှာပင်ပန်းလာတာပဲဖြစ်ဖြစ်၊ စိတ်တွေအရမ်းရှုပ်နေတာပဲဖြစ်ဖြစ်၊ တစ်ခုခုကိုအလိုမကျတာပဲဖြစ်ဖြစ်၊ ပြဿနာတစ်ခုခုရှိနေတာပဲဖြစ်ဖြစ်ဘယ်တော့မှ စိတ်လိုလက်ရချက်ချင်းမတုံ့ပြန်ဘူး။
တစ်ခါတစ်လေမှာ သူ့အမှားကကိုယ့်အမှားဖြစ်သွားတတ်တာမို့ အလိုတွေကြုံလာပြီဆိုရင်အရင်ဆုံး Bathroom ထဲဝင်ပြီးရေချိုးချလိုက်တယ်။အရမ်းကံညံ့နေတယ်လို့ခံစားရတဲ့နေ့တွေဆို ဆားရည်နဲ့ရေချိုးဖြစ်တယ်။ ပြီးတော့စိတ်ထဲကနေ "ငါ့ကိုယ်ပေါ်မှာရှိတဲ့မကောင်းတဲ့အညံ့ဆိုးမှန်သမျှ ဒီဆားရည်နဲ့အတူ မျှောပါသွားပါစေ" လို့ရေရွတ်လိုက်တယ်။
တကယ်တော့ဒါကဘယ်လောက်အထိအကျိုးရှိလဲဆိုတာထက် ကိုယ့်စိတ်ကိုယ်ပြန်ပြီးတည်ငြိမ်စေတဲ့ Ritual လေးတစ်ခုလိုဖြစ်နေတာမို့ပါ။ အဲ့လိုလုပ်ပြီးရေချိုးပြီးသွားတဲ့အချိန်ဆို လူလည်းသန့်သွားသလို စိတ်ထဲကမကောင်းတဲ့ခံစားချက်တွေပါ တစ်ဝက်လောက်လျော့သွားသလို ခံစားရတယ်။
ပြီးတာနဲ့ သရဏဂုံတည်ပြီး စိတ်ကိုတတ်နိုင်သမျှ ငြိမ်အောင်ထားတယ်။ ပြီးမှ ပြဿနာကိုသေချာစေ့စေ့စပ်စပ်ပြန်စဉ်းစားပြီး ဖြေရှင်းတယ်။
ဒီအလေ့အကျင့်က "ခေတ်"အတွက်ပြဿနာတိုင်းမှာအမှားနည်းစေသလိုစကားပြောတဲ့အခါမှာလည်း သတိပိုရှိလာစေတယ်။ တစ်ဖက်လူကဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ကိုယ်ကစိတ်လိုလက်ရမတုံ့ပြန်တော့ရန်ဖြစ်တာမျိုးထက်နားလည်မှုနဲ့အဆုံးသတ်ရတာများတယ်။
ဘာရယ်တော့မဟုတ်ပါဘူး။ ရေချိုးရင်းအတွေးဝင်လာတာရယ်၊ ကိုယ်နဲ့စိတ်တူ၊ကိုယ်တူလုပ်ဖြစ်တဲ့သူတွေရှိ/မရှိ သိချင်တာရယ်ကြောင့် Post လေးတင်လိုက်တာပါ။
ပုံထဲက Body Care လေးတွေကတော့ရေချိုးတိုင်း စိတ်အမောပြေစေတဲ့အနံ့လေးတွေနဲ့ လန်းဆန်းမှု၊ ကြည်နူးမှုတွေကိုတစ်မျိုးစီပေးလို့ သဘောကျပြီး ထည့်ထားတာပါ 🤍
ပြဿနာတစ်ခုကြုံတိုင်း ချက်ချင်းတုံ့ပြန်တာထက်စိတ်ကိုအရင်ငြိမ်အောင်ထားပြီး ဖြေရှင်းကြည့်ပါ။ တစ်ခါတလေအေးချမ်းမှုဆိုတာ ပြဿနာပြေလည်သွားလို့ရလာတာထက် ကိုယ်တုံ့ပြန်ပုံကို မှန်မှန်ကန်ကန်ရွေးချယ်လိုက်တဲ့အချိန်မှာ ရလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒါနဲ့....စိတ်ရှုပ်တဲ့နေ့တွေမှာ "ခေတ်"ရဲ့ Follower လေးတွေရော ကိုယ့်စိတ်ကိုဘယ်လိုပြန်ထိန်းလေ့ရှိကြလဲ?
တစ်ယောက်နဲ့တစ်ယောက်ဖြတ်သန်းရတဲ့ဘဝချင်းမတူတော့ ပြဿနာဖြေရှင်းတဲ့နည်းလေးတွေလည်း မတူကြဘူးထင်တယ်။
အတုယူသင့်တာလေးတွေရှိရင် အတုယူချင်လို့ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 🤍
04/06/2026
💙
04/06/2026
Japan skincareတွလည်းလိုက်မမှီတော့ဘူး
03/06/2026
အတူမဆိုးပါနဲ့နော်။
💄Lipstick တွေကို ဘာလို့မျှပြီးမဆိုးသင့်တာလဲ?
တစ်ခါလောက်ပဲဆိုးတာပါဆိုပြီး သူငယ်ချင်းနဲ့အတူတူLipstickတစ်ချောင်းကိုလဲဆိုးတာ၊တောင်းဆိုးတာမျိုးတွေလုပ်ဖူးကြတယ်ဟုတ်။
တကယ်တော့ Lipstick ဆိုတာ Skincare လိုပဲ Personal Item တစ်ခုပါ။ နှုတ်ခမ်းနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ Product ဖြစ်တာကြောင့်လူတစ်ယောက်ရဲ့တံတွေး၊ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေဟာ Lipstick ပေါ်မှာကျန်နေနိုင်တယ်။ကိုယ်က ခင်လို့မင်လို့ပေးဆိုးပေမဲ့ တစ်ဖက်လူမှာဘာရောဂါရှိမှန်း သူပြောပြမထားရင်ကိုယ်မသိနိုင်ဘူးလေနော်။
ဆိုတော့ နှုတ်ခမ်းပေါ်မှာမမြင်ရတဲ့အက်ကွဲရာလေးတွေ၊အနာတွေရှိနေတဲ့အခါ ပိုးမွှားတွေကူးစက်ဖို့ပိုလွယ်နိုင်တာမို့ ဘယ်သူ့ကိုမှပေးမဆိုးတာအကောင်းဆုံးပါ။အကယ်၍ပေးဆိုးနေရင်လည်းဒီPostကိုမြင်တာနဲ့သူနားလည်အောင်ပြောပြလိုက်ပါ။တမင်ပေးမဆိုးတာမဟုတ်ဘဲ ဒီလိုကြောင့်ပါဆိုတာကိုပေါ့။
မဟုတ်ဘဲ Lipstick တစ်ချောင်းကိုလူနှစ်ယောက်(ဒါမှမဟုတ်)လူအများကြီးမျှဆိုးနေမယ်ဆို အဲ့ထဲကတစ်ဦးတစ်ယောက်မှာရောဂါရှိနေရင် ကိုယ်လည်းဘဲဆိုးမိတာနဲ့ Cold sore ဆိုတဲ့(နှုတ်ခမ်းနာ) ကူးစက်တာတွေ၊ဘက်တီးရီးယားပိုးဝင်တာတွေ၊နှုတ်ခမ်းရောင်ရမ်းတာတွေနဲ့ Irritation ဖြစ်တာမျိုးတွေကြုံရလိမ့်မယ်။အခန့်မသင့်ရင်မျက်နှာအရေပြားပါထိပြီး မလိုအပ်တာတွေပါဖြစ်လာနိုင်လို့ပါ။
ဒါတင်မကသေးဘူး။ Store တွေ၊Comestic Shopတွေမှာထားတဲ့ Lipstick Tester တွေကိုလည်းနှုတ်ခမ်းပေါ်တိုက်ရိုက်စမ်းဖို့ အားမပေးဘူး။လူပေါင်းများစွာသုံးထားတာကြောင့် Hygieneပိုင်းအရစိတ်ချရဖို့ခက်တယ်။
မဖြစ်မနေTester စမ်းချင်သပဆို နှုတ်ခမ်းပေါ် တိုက်ရိုက်တင်မယ့်အစား လက်ဖမိုး၊လက်ဖဝါး၊လက်ချောင်းထိပ်တွေမှာ အရောင်စမ်းတာက ပိုစိတ်ချရတယ်။အရောင်လှဖို့ထက်ကျန်းမာတဲ့နှုတ်ခမ်းသားကိုထိန်းသိမ်းဖို့ကပိုအရေးကြီးတာမို့ အားလုံးဘဲ Take careနော်။
လက်ရှိရောသူငယ်ချင်းနဲ့နှုတ်ခမ်းနီတစ်ချောင်းကိုမျှသုံးနေတဲ့သူရှိလား။ရှိနေရင်လည်းခုကစပြီး ရပ်လိုက်ဖို့ အကြံပြုလိုပါတယ်။
ဒီနေ့တော့ ဒီလောက်ပါဘဲ။နောက်ရက်ရဲ့Reviewတွေမှာထပ်ဆုံကြမယ်။
❌ပုံနှင့်စာများ ကူးယူခွင့်မပြုပါ။❌
02/06/2026
မဲသွားရင်း မွဲသွားရင်း🤣
01/06/2026
သုံးရတာ Luxury ဖြစ်ရုံတင်မက Quality ကပါမိုက်
01/06/2026
Tနဲ့စတယ်😁
SK-II တော့မဟုတ်ဘူး ဒါပေမဲ့ SK-IIကို သုံးနေရသလို Feeling မျိုးကိုရတဲ့ Japan Brandထဲကဘဲ။
ကဲ ဘယ် Brandလို့ထင်လဲ မန့်ခဲ့ပေးကြည့်ပါလား
Click here to claim your Sponsored Listing.
Category
Website
Address
Kamayut
11041