Kinglao
Education, Culture and Historical Moment
ပၢင်ပွႆးသၢင်းၵျူဝ်ႇ သြႃႇၸဝ်ႈၺႃၼဝရ ၶႃႈဢေႃႈ
အတ္ထုပ္ပတ္တိ ဆရာတော် ဦးဉာဏဝရ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ မိုင်းပျဉ်းမြို့၊ မိုင်းခတ်မြို့ နှင့် မိုင်းပူးအွန်ဒေသရှိ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်များ၏ မဟာနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏဝရ (သဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်း
- - - - - - - - - - - - - - - - - - - - -
မီးရှူးသန့်စင် ဖွားမြင်တော်မူခြင်း
ဘဒ္ဒန္တဉာဏဝရ ဆရာတော်လောင်းလျာကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဆစ်ဆောင်ပန္နား တွင် ဖခင် ဦးစိုင်းအင်နွဲ့+မိခင် ဒေါ်ပါနန်းယဲန်းတို့မှ ကောဇာသက္ကရာဇ် ၁၃၀၇-ခုနှစ်၊ ဒုတိယဝါဆို လဆန်း ၁၃-ရက်၊ အင်္ဂါနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မွေးချင်း (၆)ယောက်ရှိသည့် အနက် ဆရာတော်လောင်းလျာသည် စတုတ္ထမြောက်သားဖြစ်ပြီး ငယ်နာမည်မှာ စိုင်းကောင်ယဲန်း ဖြစ်သည်။
သာသနာ့ဘောင်သို့ ရောက်ရှိတော်မူခြင်း
ကောဇာသက္ကရာဇ် ၁၃၂၀-ခုနှစ်၊ သက်တော် ၁၃-နှစ်အရွယ်တွင် မိဘနှစ်ပါးတို့၏ ပစ္စယာ-နုဂ္ဂဟကိုခံယူကာ ဆစ်ဆောင်ပန္နား ရွာဦးကျောင်းတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဘွဲ့အမည်ကို “ရှင်ဉာဏဝရ”ဟု ကိုယ်တိုင်ခံယူခဲ့သည်။ ရှင်သာမဏေဖြစ်ပြီးနောက် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း နှင့် မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်သို့ ပြောင်းရွှေ့ ပညာသင်ကြား သီတင်း သုံးနေထိုင်တော်မူခဲ့သည်။
၁၃၂၈-ခုနှစ်၊ ကဆုန်လဆန်း ၁၃-ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက် ရွှေကျင်ဂိုဏ်း၏ တေရသမမြောက် သာသနာပိုင်ဆရာတော် ဘဒ္ဒန္တ ဝိမလာဘိဝံသကို ဥပဇ္စျာယ်ပြုလျှက် တောင်ကြီးမြို့နေ ဦးဆွေတင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ကျိုင်းတုံမြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်၌ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက် ရှိတော်မူသည်။
စာသင်သားဘဝ
ကောဇာသက္ကရာဇ် ၁၃၂၀-ခုနှစ်၊ သက်တော် ၁၃-နှစ်အရွယ်တွင် ဆစ်ဆောင်ပန္နား ရွာဦးကျောင်းသို့ ရောက်ရှိကာ ရှင်သာမဏေဘဝဖြင့် ပိဋကတ်စာပေများကို စတင်သင်ယူခဲ့သည်။ ဆက်လက်ပြီး ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဓမ္မော ဒယစာသင်တိုက်တွင်လည်းကောင်း၊ ညောင်ရွှေမြို့၊ ကန်ကြီးကျောင်းတိုက်တွင်လည်းကောင်း၊ မန္တလေးမြို့၊ ရွှေဂူပါဠိတက္ကသိုလ်ကျောင်းတိုက်တွင်လည်းကောင်း ပိဋကတ်စာပေများကို ဆည်းပူး သင်ယူတော်မူပြီး မြန်မာနိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော ပထမပြန်စာမေးပွဲကို ပထမ ကြီးတန်းအဆင့်ထိ အောင်မြင်တော်မူခဲ့သည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနီယ တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားပြီး ဒီပလိုဘွဲ့ကို ရရှိတော်မူခဲ့သည်။ ကောဇာ သက္ကရာဇ် ၁၃၆၃-ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို ဆက်ကပ်တော်မူသည်။
တည်ထောင်ခဲ့သော မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်များ
ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ်တွင် ကျိုင်းတုံမြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်သို့ ရောက်ရှိတော်မူပြီး ကျောင်းထိုင်ဆရာတော်အဖြစ် သာသနာပြုတော်မူခဲ့သည်။ ကောဇာသက္ကရာဇ် ၁၃၃၃-ခုနှစ်တွင် မိုင်းပျဉ်းမြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်ကိုလည်းကောင်း၊ ကောဇာ သက္ကရာဇ် ၁၃၅၀-ခုနှစ်တွင် မိုင်းခတ်မြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်ကိုလည်းကောင်း၊ ခရစ်နှစ် ၁၉၉၄-ခုနှစ်တွင် တာချီလိတ်မြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်ကိုလည်းကောင်း၊ ခရစ်နှစ် ၂၀၁၆-ခုနှစ်တွင် မိုင်းပျဉ်းမြို့မြို့နယ်၊ မိုင်းပူးအွန်ဒေသ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက် ကိုလည်းကောင်း တည်ထောင်တော်မူခဲ့သည်။ ထို့အပြင် ခရစ်နှစ် ၂၀၀၆-ခုနှစ်တွင် မိုင်းဖုန်း ဆရာတော်ဘဒ္ဒန္တဉာဏသံဝရ အရညဝါသီမထေရ်မြတ် နှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည် ထောင်သူ ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိတို့နှင့် လက်တွဲ၍ အိန္ဒိယနိုင်ငံ၊ ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ မဟာမြေမြတ်၌ ကမ္ဘောဇဝန်းစုမ့်ကမ္မဋ္ဌာန်းကျောင်းတိုက် ကို တည်ထောင်ကာ သာသနာပြုတော်မူသည်။
ထမ်းဆောင်ခဲ့သော သံဃာ့အဖွဲ့အစည်းတာဝန်အဆင့်ဆင့်
(၁) ကျိုင်းတုံမြို့၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ (ရွှေကျင်ဂိုဏ်း)၊ (၂၀၀၆-၂၀၂၃-ခုနှစ်ထိ)
(၂) တာချီလိတ်မြို့၊ မြို့နယ်သံဃာ့ဝိနည်းဓိုရ်အဖွဲ့ ဥက္ကဋ္ဌ၊
(၃) ရှမ်းပြည်နယ်အရှေ့ပိုင်း သံဃာ့အဖွဲ့ ချုပ် ဂိုဏ်းချုပ်ဆရာတော် ၊ (၂၀၁၆-၂၀၂၄-ခုနှစ်ထိ)
(၄) ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ ချုပ်၏ သြဝါဒါစရိယ၊ (၂၀၂၃-၂၀၂၄-ခုနှစ်ထိ)။
သာသနာရေးဆောင်ရွက်ချက်များ
ဆရာတော်သည် ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိ၏ ဇာတိ မွေးဖွားရာဒေသဖြစ်သည့် ဆစ်ဆောင်ပန္နားအပြင် ရှမ်းပြည်နယ်အနှံ့အပြားတွင်သာမက မြေပြန့် ဒေသဖြစ်သော မန္တလေးမြို့၊ ရန်ကုန်မြို့များတွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ အာသံမဏိပူရ၊ ဗုဒ္ဓဂယာ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံများတွင်လည်းကောင်း၊ ၂၀၁၆-ခုနှစ်တွင် ပြည်ပနိုင်ငံခရီးစဉ်အဖြစ် အမေရိကန် နိုင်ငံတွင် ၆-လတိတိ သာသနာပြုတော်မူခဲ့သည်။ ပြည်တွင်း သာသနာပြုလုပ်ငန်းများတွင်လည်း နှစ်စဉ်မပျက် ယောဂီဦးရေ ၂၀၀/၃၀၀ အထိ တို့အား နိဗ္ဗာန်ရောက်ကြောင်း ကျင့်ဝတ်ပဋိပတ် ဉာဏ်စဉ်တရားများကို ဟောကြားသွန်သင်ခြင်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်းများကို ပြုလုပ်ဆောင် ရွက်တော်မူခဲ့သည်။
ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
ဆရာတော်သည် သာသနာအကျိုးကို သယ်ပိုးရွက်ဆောင်တော်မူရင်း သက်တော် (၈၀) ပြည့်နှစ်၊ သိက္ခာတော် (၆၀) ဝါအရ ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ ၆-ရက်၊ သောကြာနေ့ နံနက် ၁၁-နာရီ ၄၅-မိနစ်အချိန်တွင် တာချီလိတ်မြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်၌ ခန္ဓာဝန်ချ ဘဝနတ်ထံ ပျံလွန်တော်မူသည်။
အန္တိမစျာပနပူဇာသဘင်
ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တော်ကို တာချီလိတ်မြို့၊ မဟာဗောဓိ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် (၁၅)ရက်တိတိ အပူဇော်ခံတော်မူပြီးသည့်နောက် ၂၀၂၄-ခုနှစ်၊ စက်တင် ဘာလ ၂၁-ရက်၊ စနေနေ့ နေ့လည် (၂) နာရီအချိန်တွင် စံကျောင်းတော်မှ ပုံလို့တောရကျောင်းတိုက် စျာပနကွင်းသို့ ပင့်ဆောင်၍ ပံသုကူသင်္ကန်းလှူဒါန်းခြင်းနှင့် အန္တိမစျာပနပူဇာသဘင် အခမ်းအနားကို ကျင်းပပြုလုပ် တေဇောဓာတ်လောင် မီးသင်္ဂြိုလ်တော်မူခဲ့သည်။
၎င်းမှကြွင်းကျန်ရစ်သော အရိုးဓာတ်တော်များကို ကျိုင်းတုံမြို့၊ မဟာဗောဓိကမ္မဋ္ဌာန်း ကျောင်းတိုက်သို့ ပင့်ဆောင်ကာ ဌာပနာသွပ်သွင်း စေတီတည်ထားကိုးကွယ်မည်ဖြစ်သည်။
သႂ်ႇတိုမ်းယဝ်ႉသေ ဢွၼ်ၵၼ်ၵဵပ်းသိမ်းမႆႉဝႆႉ
တိူၵ်ႈသွၼ်လိၵ်ႈလူင် ထမ်မေႃတယ ဝဵင်းၵဵင်းတုင်
လဵပ်ႈႁဵၼ်းတူၺ်း တိုမ်းၼႂ်းဝိႁၢၼ်လူင် တီႈၵျွင်းလူင်သီရိၼေႃႇ ဝဵင်းၵဵင်းတုင်
ႁေႃးပထၢၼ်း ၵျွင်းၸၢၵ်ႈတေႃႇ ဝဵင်းၵဵင်းတုင်
ရဟန်းတော်များ လူထွက်ရခြင်းအကြောင်း [၅]ပါး
~~~~~~~~~~~~~~~~~~~~~~~~~~
(၁) စာမေးပွဲအောင် ဂုဏ်ထူးဆောင်လည်း
ရှေ့သို့ခြေလှမ်း တက်လှမ်းနိူင်ရန်
အနီးဒကာ ရဟန်းတစ်ခါတို့
အလိုက်သိသိ လိုက်မကြည့်ပဲ
ထောက်ပံ့မူ့ကင်း နှမျောခြင်းကြောင့်
ရှင်တော်ရဟန်း စိတ်ပင်ပန်း၍
လူထွက်လမ်းကို ရှာလေသည်။
(၂) စာမေးပွဲအောင် ဂုဏ်ထူးဆောင်လို့
ဘွဲ့ဒီဂရီ လက်ဝယ်ရှိလဲ
အထက်ဦးစီး ရှေ့လူကြီးက
နေရာမပေး ကြဉ်ဖယ်လေတော့
သာသနာ့အကျိုး တာဝန်မျိုးကို
မထမ်းရွတ်နိူင် လက်မှိုင်ချ၍
၁၀၉ ? ၁၁၀ သံဃာ့အလယ်မှာ
အလုပ်လက်မဲ့ တာဝန်မထမ်း
လျောက်ရမယ့်လမ်း ဆက်ရမယ့်ခရီး
စိတ်ဘဝင်မှာ သိပ်မရွှင်တော့
ရှင်တော်ရဟန်း စိတ်ပင်ပန်း၍
လူထွက်လမ်းကို ရှာလေသည်။
(၃) ခေတ်မကောင်းလို့စနစ်ပြောင်းတဲ့
ဗဟိုစစ်မှာ နှစ်ဟောင်းအောင်နေရ
ဒီဘဝတော့ဒီအတန်း ကျွတ်ပါ့မလားဆိုတဲ့အတွေး
အမြဲထိုင်းတွေးရင်း ငေးရင်းဖြင့်ပင်
ပြိုင်မေးတဲ့ ပု စ္ဆာကတွေကိုလည်း
သက်ပြင်းချရ သြော်~~~~
ဒီအတန်း နှင့် ဒီဝဋ်နန်း
ကျွတ်လမ်းမမြင်တဲ့ ဘဝမှာ
စားမေးပွဲတွေ နှစ်စဉ်ကျ
ရှေ့ဆက်လှမ်းနေလည်းမထူးပါဘူး
ရှင်တော်ရဟန်း စိတ်ပင်ပန်း၍
လူထွက်လမ်းကို ရှာလေသည်။
(၄) ကာမဂုဏ်အာရုံ လွမ်းလို့ခြုံတဲ့
လူ့ဘုံလောက လူ့ဘဝမှာဖြင့်
အတိုအရှည် စကတ်တွေနှင့်
နဂိုကေဖြတ်လို့ ဆေးရောင်ခြယ်
အသားဆိုင် အထင်ပြ
ရင်ဟမှ မော်ဒန်ဆန်သတဲ့
နေ့စဉ်ဆုံရ များလှအာရုံ
တွန်းလှန်ပြစ်ဖို့ အားအင်ကကုန်
သြော်~~~မြင်မြင်သမျှ သင်္ခ ါရပေါ့
အရှိတရားကို သတိမထားတတ်တော့
အသိတရားတွေ မှားလိုက်မိပုံ
သူ့အလိုလိုဖြစ်နေတာက လောက
လိုချင်တာက လောဘ
ထိမ်းမနိူင်တော့ သောက
ဒီထက်ဆိုးက ပရိဒေဝ
ဒီအဝတ်နဲ့ဆင်းရဲရ
နှလုံးမသာ ပြင်းစွာပူတော့
ဘေးလူတွေပါ တားမရ
လူထွက်ဖို့အတွက် လမ်းစ။
(၅) ဗုဒ္ဓမြတ်စွာ ဟောမိန့်မှာသည့်
ကျင့်မြတ်သိက္ခာ စောင့်ထိမ်းရာဟု
၂၂ ၇သွယ်နှင့်
အကျယ် ၉၁၈၀.၅၀၃၆၀၀၀
ဝိနည်းစည်းကမ် ကျင့်မြတ်လမ်းကို
စောင့်ထိမ်းကြစေ ချမှတ်ပေ၏
ရှင်တော်ရဟန်း ဤစည်းကမ်းကို
ကြောက်၍ဖြစ်စေ ဖောက်၍တစ်ထွေ
မစောင့်ထိမ်းနိူင်တော့ ရှင်တော်ရဟန်း
စိတ်တော်နွမ်း၍ လူထွက်လမ်းကို ရှာလေသည်။
ဓမ္မရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဌ ဆရာဦးလှမျိုးရဲ့ ရဟန်းတော်များလူထွက်ရခြင်း ၄ခုအား
သုတေသနလုပ်ထားသည်ကို အခြေပြုလို့ ကဗျာရေးစပ်ခြင်းဖြစ်ပါတယ်။
လိုအပ်တာများကိုလည်း ညီတော် နောင်တော်များ ဖြည့်စွက်အကြံပြုတော်မူကြပါဘုရား။
credit to original order. 🙏🙏🙏🙏🙏
26/05/2024
ထတ်းသၢင် လွင်ႈႁၢင်ႈႁႅၼ်းပၢင်ၵုမ် ၶွပ်ႈၶူပ်ႇ တီႈဝဵင်းပၢင်လူင် ဝၼ်းထိ 27-28/5/2024
25/05/2024
ၵူဝ်ဝႃႈ မႃးယူႇလၢႆ ၼႄသၢႆငၢႆ ဢိတ်းဢွတ်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Kengtung
1300