Nang Lay-Dubai
All our dreams can come true if we have the courage to pursue them💪
28/05/2026
လတ်လတ်ဆတ်ဆတ် အမဲကြော်မွှေးမွှေးလေး 🥰🥰
မနေ့က ဆိုင်ကိုသွားတော့ လူတွေအများကြီးကျနေတာနဲ့ ကလေးတွေကို ဝင်ကူပေးဖြစ်တယ်။ ကိုယ်တိုင်လည်း စမိုင်တွေချက်၊ လူလည်း အရမ်းရှုပ်နေတော့ ကလေးတွေခမျာ Staff Meal (ဝန်ထမ်းထမင်း) ချက်ဖို့တောင် အချိန်မရကြဘူး။ ဟိုးအရင် ကိုယ်တွေရုန်းကန်ပြီး ဖြတ်သန်းခဲ့ရတဲ့ အချိန်လေးတွေကို သတိရမိပြီး သူတို့လေးတွေကို ကြည့်ကာ စိတ်မကောင်းဖြစ်မိတယ်။
အဲ့ဒါနဲ့ပဲ အမျိုးသားကို ကလေးတွေစားဖို့ တစ်ခုခုသွားဝယ်ပေးပါဦးလို့ ပြောလိုက်ရတယ်။ Eid Holiday လည်းဖြစ်တော့ Mall ထဲမှာ လူတွေအပြည့်ပဲ၊ Non-stop ကို Busy ဖြစ်နေတာ။ စမိုင်တစ်အိုးကုန်လို့ နောက်တစ်အိုးထပ်ကျိုနဲ့ တစ်နေကုန်သွားပါလေရော။
ညနေပိုင်းကျတော့ မိတ်ဆွေတစ်ယောက်က ကုရ်ဘာနီအသားလေး လာပို့တာနဲ့ အသားလေးလှီးပြီး ဆိုင်ကကလေးတွေကို အမဲကြော်ပေးမယ်နော်၊ ထမင်းလေးနဲ့ စားကြ ဆိုပြီး ချက်ချင်းပဲ ကြော်ပေးလိုက်တယ်။ ကြော်နေတုန်းကတည်းက မွှေးကြိုင်နေတာပဲ။ ကလေးတွေလည်း အရမ်းမွှေးတာပဲ အစ်မရယ်ဆိုပြီး မြိန်ရည်ယှက်ရည် စားကြတာ ကြည့်ပြီး ရင်ထဲမှာ ကြည်နူးရတယ်။
ကိုယ်တိုင်လည်း ဒီလိုဘဝမျိုးတွေ၊ ပင်ပန်းမှုမျိုးတွေကို ဖြတ်သန်းလာခဲ့ဖူးတော့ သူတို့အပေါ်မှာ ကိုယ်ချင်းစာနာစိတ်လေးကတော့ အပြည့်ပါပဲ❤️ ကုရ်ဘာနီအသားလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ် Hanin Chi 🫶
Jazakallah Khair 🤲
❤️
နန်း
အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ ရောက်လာတတ်တဲ့အရာ မဟုတ်ဘူး။ အိပ်ရေးပျက်ခံ၊ ပင်ပန်းခံပြီး အစွမ်းကုန် ကြိုးစားခဲ့ရတဲ့ နေ့ရက်တွေရဲ့ ရလဒ်တစ်ခု…
❤️
နန်း
Shan Village Asian Restaurant Dubai 🥰 စမိုင်လေးက ရှယ်🫶
26/05/2026
CSR ဘယ်ကလျှောက်ရမလဲဆိုပြီး ထပ်လာမေးလို့ စာလေးတွေတော့ ဖတ်စေချင်တယ် အကုန်ရေးပေးထားပါတယ်လို့ စာလေးတွေတော့ ရှာဖတ်ပေးပေါ့ 🤗
လျှောက်ရန် link
https://www.emiratesgroupcareers.com/search-and-apply/129
နန်းလည်း တစ်နေကုန်ရှိနေမှာမို့ လာခဲ့ကြနော်🥰
Mangoonမှာ Shan Villageက ရှမ်းစာလေးစားရင်း chill 🥰
သီချင်းလေးက ကြိုက်လို့🤗
26/05/2026
CSR အတွက် စိတ်ဝင်စားပြီး လာမေးထားကြတဲ့သူတွေအတွက်📣✨
အခုလောလောဆယ် Position က ဖွင့်ထားတုန်းမို့လို့ လျှောက်ဖို့စဉ်းစားထားရင် သေသေချာချာလေး ပြင်ဆင်ပြီး လျှောက်ထားလိုက်တော့နော်။ ဒီအလုပ်က ဝင်တဲ့သူရှိသလို ထွက်တဲ့သူလည်း ရှိတတ်တာမို့လို့ တစ်ချိန်လုံး အမြဲလူခေါ်နေတာပါရှင့် (Hiring က အမြဲလိုလို ရှိနေမှာပါ)။
မောင်လေးတစ်ယောက်က အစ်မရေ... ဒီအလုပ်က အရမ်းပင်ပန်းလား ဆိုပြီး လာမေးထားတာလေးကိုလည်း အားလုံးအတွက်ပါ တစ်ခါတည်း မျှဝေပေးလိုက်မယ်နော်။ 👇
အမှန်အတိုင်းပြောရရင်တော့ အလုပ်မှန်သမျှကတော့ အနည်းနဲ့အများ ပင်ပန်းကြတာချည်းပါပဲ။ ဒါပေမဲ့ အဲ့ဒီပင်ပန်းမှုအပေါ်မှာ ကိုယ့်ရဲ့ဝါသနာရယ်၊ ကိုယ်ရရှိတဲ့ Benefits (ခံစားခွင့်) တွေရယ်က မျှခြေဖြစ်ပေးသွားတာမျိုးပါ။
✅ စဝင်ခါစ (New Joiner) အချိန်မှာတော့ နည်းနည်း ပိုရုန်းရလိမ့်မယ်- ဘာလို့လဲဆိုတော့ ကိုယ်က Airline Industry နောက်ခံက လာတာမဟုတ်ရင် စာတွေအများကြီး ကျက်ရမယ်၊ စနစ်တွေကို မှတ်ရမယ်၊ Information အသစ်တွေအများကြီးကို ခေါင်းထဲထည့်ရမှာမို့လို့ပါ။
✅ ဒါပေမဲ့ အလုပ်စနစ်ကို နားလည်သွားပြီဆိုရင်တော့- အားလုံးက "A piece of cake" 🍰 ဖြစ်သွားပါလိမ့်မယ်။ ကျွမ်းကျင်သွားရင် သူ့အလိုလို အဆင်ပြေသွားတာမျိုးပါ။
နန်းအတွက်ကတော့ ဒီအလုပ်ထဲမှာ အရမ်းပျော်ပါတယ်။ ကိုယ်တိုင်ကလည်း Customer Service Professional တစ်ယောက်ဖြစ်လို့ လူတွေကို ဝန်ဆောင်မှုပေးရတာ၊ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရတာကို သဘောကျတယ်။
ပြီးတော့ အကြိုက်ဆုံး အားသာချက်တစ်ခုက နန်းရဲ့Rosterက ၄ ရက်လုပ်၊ ၄ ရက်နားမို့လို့ အားလပ်ရက် ၄ ရက်မှာ မိသားစုကို အချိန်ပေးမလား၊ ကိုယ်လုပ်ချင်တဲ့ အခြား personal business တွေနဲ့ အပန်းဖြေတာတွေကိုပဲ လုပ်မလား... စိတ်ကြိုက် စီမံခွင့်ရတာဟာ တကယ့်ကို အဆင်ပြေပါတယ်💯
တံခါးတွေကတော့ အမြဲပွင့်လျက်ရှိနေမှာပါ။ အလုပ်လျှောက်ဖို့ စိတ်ကူးရှိရင်တော့ တွေဝေမနေဘဲ ရဲရဲဝံ့ဝံ့လေးသာ အကောင်းဆုံး ပြင်ဆင်ပြီး လျှောက်လိုက်တော့နော်။
အားလုံးပဲ အဆင်ပြေပြီး အိမ်မက်တွေဆီ အရောက်လှမ်းနိုင်ကြပါစေ။ Fighting💪🤍
❤️
နန်း
25/05/2026
Al Khai Gateမှာ နေသူများနဲ့ တစ်ခြားနေရာက မှာချင်သူများ Mangoonကနေ Delivery လုပ်ပေးပါမယ် မှာချင်တဲ့သူများ CB pls
ဒီနေ့ တစ်ရက်တည်းနော်🥰
Menu link
https://app.qlub.io/qr/ae/mangoon-asian-fusion-jlt/1/_/_/3e5b4a6d41/menu_with_payment?lang=en&source=landingPage
❤️
နန်း
25/05/2026
Hidden Talents နဲ့ ဘဝရဲ့ မှတ်တိုင်လေးများ 📸✨
လူတိုင်းမှာ ကိုယ်တိုင်တောင် သတိမထားမိတဲ့ "Hidden Talents" (ဝှက်ဖုံးနေတဲ့ အရည်အချင်း) တွေ ရှိတတ်ကြပါတယ်။ တစ်ခါတလေကျရင် အဲဒီအရည်အချင်းတွေကို ကိုယ်တိုင်မသိဘဲ ဘေးလူက ပြောပြ၊ မြင်ပေးမှ ဪ... ငါ ဒါမျိုး လုပ်နိုင်တာပဲ ဆိုပြီး သိသွားတတ်ကြတာမျိုးပါ။
နန်း ဆိုရင်လည်း စာစရေးတုန်းက ဘာရည်ရွယ်ချက်မှမရှိဘဲ ဒီတိုင်းလေးပဲ ရေးခဲ့တာ။ အဲဒီအချိန်မှာ တစ်ခါမှမသိဖူးတဲ့ အစ်ကိုတစ်ယောက်က နန်းက စာရေးကောင်းတယ်၊ ကိုယ့်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံလေးတွေ၊ ဘဝအတွေ့အကြုံလေးတွေကို စာအဖြစ် ပြန်မျှဝေပါလား" ဆိုပြီး လာပြောခဲ့ဖူးတယ်။ အကယ်၍ အဲဒီအစ်ကိုသာ ဒီစာလေးကို ဖတ်နေမိရင် ကျေးဇူးအများကြီး တင်ပါတယ်လို့ ဒီနေရာလေးကနေ ပြောပါရစေနော် 🤗
နောက်ထပ် နန်းရဲ့ ဘဝမှာ အရေးပါတဲ့သူကတော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းလေး "နွေမာအောင်" ပါ။ သူက အရမ်းထက်မြက်ပြီး တော်တဲ့ မိန်းကလေးတစ်ယောက်။ သူနဲ့ စကားပြောလိုက်တိုင်း နန်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို အကုန်ထောက်ပြပြီး ကိုယ့်ထဲက Hidden Talent တွေကို အမြဲ ဖော်ထုတ်ပေးတတ်တယ်။ Online မှာ ဈေးစရောင်းဖြစ်ခဲ့တာလည်း သူ့ရဲ့ တွန်းအားတွေကြောင့်ပဲ။ လုပ် လုပ် သူချင်း... ချ ချ ဆိုပြီး အမြဲ အားပေးခဲ့တာ။ ကျေးဇူးအများကြီးတင်တယ်သူငယ်ချင်း🫶
အခုဆိုရင်လည်း ကိုယ်ပိုင်ဆိုင်လေး ဖွင့်ရင်းနဲ့ ကိုယ့်ရဲ့ Hidden Talents အသစ်တွေကို အများကြီး ထပ်တွေ့လာရပြန်တယ်။ ဟင်းပွဲပုံလှလှလေးတွေ ကိုယ်တိုင်ရိုက်တယ်၊ ကိုယ်တိုင် Editing လုပ်တယ်... အလုပ်တွေ စုံလို့ပဲ။ 🍳📸
မနေ့ကလည်း ဆိုင်မှာ စာဖတ်ပရိတ်သတ်တစ်ယောက်နဲ့ ဆုံခဲ့သေးတယ်။ ဆိုင်ကို လာရောက်အားပေးရင်း နန်းရဲ့ စာလေးတွေ ဖတ်ဖြစ်တယ်၊ စာလေးတွေ ဆက်ရေးပါဦး ဆိုပြီး ပြောသွားခဲ့တာ။ နန်းကို အသိအမှတ်ပြုပြီး အားပေးစကားပြောသွားပေးတဲ့အတွက် "ကျေးဇူးအများကြီး တင်ပါတယ်ရှင်" လို့ ပြောပါရစေနော်။ 🥰💖
ဒါကြောင့် မောင်လေးတွေ၊ ညီမလေးတွေကို ဝေမျှချင်တာက... ကိုယ့်ရဲ့ Hidden Talent က ဘာလဲဆိုတာ ရှာဖွေပါ။ သိသွားပြီဆိုရင် အလုပ်လုပ်ရတာ ပိုလွယ်ကူသွားလိမ့်မယ်။ အလုပ်တစ်ခုကို ဝါသနာပါပါနဲ့ လုပ်နေရတဲ့အတွက် လုပ်ရင်းနဲ့ကို ပျော်နေပြီး ပင်ပန်းရမှန်းတောင် သိတော့မှာ မဟုတ်ပါဘူးရှင်❤️
❤️
နန်း
24/05/2026
မနက်ဖြန် Mangoonမှာ စမိုင် လာစားကြနော်🥰✨
သဘက်ခါကျရင်တော့ Shan Villageမှာ ညနေ ၄ နာရီက စပြီး ကျွေးမွေးလှူဒါန်းသွားမှာမို့လို့ လုံးဝမမေ့နဲ့ဦးနော် ချစ်ရတဲ့သူတို့ရေ... 🤗💖
တခြားသူချက်တာ မဟုတ်ဘူးနော်... စမိုင်ကို နန်းကိုယ်တိုင် စေတနာအပြည့်နဲ့ ရှယ်ချက်မှာမို့လို့ အရသာကတော့ အီစိမ့်ပြီး ရှယ်ကောင်းနေစေရမယ်... စိတ်ချလက်ချသာ လာစားကြတော့နော်🤤👌❤️
အားလုံးကို ဆိုင်လေးတွေမှာ ပျော်ပျော်ရွှင်
ရွှင်နဲ့ စောင့်မျှော်နေပါမယ်ရှင့် 🍲🎉
❤️
နန်း
Click here to claim your Sponsored Listing.