Htake Htar
လေ့လာကြမယ်၊ သင်ယူကြမယ်
28/07/2025
သားသမီး အုပ်ချုပ်ပုံနဲ့ ပတ်သက်ပြီး အဖေတွေ ဖျောက်ရမယ့် အကျင့် (၇) မျိုး
၁ – တအားအော်ခြင်း
စိတ်ဆိုးဒေါသထွက် တဲ့ အခါမျိုး၊ ပြောချင်တဲ့ အဓိက အချက်ကို အာရုံစိုက်စေ ချင်လွန်း တာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ် ပါတယ်။ ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကို မပြေပျောက်စေ ပါဘူး။
ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပို အာရုံစိုက် သွားမယ်လို့ ထင်မြင်တာ ကလည်း မှားပါတယ်။ သင်အော်ဟစ်နေ တဲ့ အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ် တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှ သူ့ခေါင်းထဲမှာ အလုပ်မလုပ် နိုင်ပါဘူး။
သားသမီးတွေကိုမှ မဟုတ်ဘဲ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အခါ အော်ဟစ်ခြင်းဟာ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင် တဲ့နည်း ဖြစ်ပါတယ်။ အခြေအနေကို ပိုတောင် ဆိုးသွားစေ ပါတယ်။
၂ – အခြေခံ လိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်း
သားသမီးတွေရဲ့ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြော ရရင်တော့ အခြေခံ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဖို့ ငွေကြေးလို ပါတယ်။
ပြည့်ပြည့်ဝဝ မဖြည့်ဆည်းပေး နိုင်တဲ့အခါ မိသားစုတွင်း သင့်ရဲ့တာဝန်ဟာ မကျေပွန်သလို ဖြစ်နေပါတယ်။ သင့်ပေါ် အကြောက်တရား သာ ရှိနေပြီး လေးစားမှုလျော့ကျ နိုင်ပါ တယ်။
၃ – ကတိမတည်ခြင်း
အဖေဟာ သူတို့ အားကိုးထိုက်တဲ့ လူလို့ ကလေးရဲ့စိတ်မှာ မပြောဘဲ သိမြင်နေ ရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သင်ဟာ ကတိတည် ရပါမယ်။ သူတို့နဲ့ ပတ်သက်ရင် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောလို့ မရပါဘူး။
သူတို့အတွက် သင်ဟာ မှန်းဆမရတဲ့သူ၊ တသတ်မတ်တည်း မရှိတဲ့လူမျိုးအဖြစ် ထင်မြင်နေမှာမျိုးဟာ လုံးဝမဖြစ်သင့် ပါဘူး။
၄ – ဇနီးကိုဆန့်ကျင်ခြင်း
အပျော်သဘောမျိုး ဆိုရင် ကိစ္စမရှိ ပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ ရှေ့မှာ ကိုယ့်ဇနီးကို၊ ရိုက်တာ၊ အော်တာအပြင် ထင်ထင်ရှားရှား ဆန့်ကျင့်တာ မျိုးတောင် မလုပ်သင့် ပါဘူး။
ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုဟာ မိခင်တွေပေါ်မှာ ရှိပါတယ်။ သူတို့ မှီခိုရသူ တစ်ယောက် စော်ကားခံရတာဟာ ကလေးတွေကို စိတ်ဒဏ်ရာ အကြီးအကျယ်ဖြစ်စေ ပါတယ်။
၅ – အလိုလိုက်ခြင်း
လိုချင်တယ်လို့ တစ်ချက်ပြော လိုက် တာနဲ့ ချက်ချင်း ဖြည့်ဆည်းပေး တာမျိုး ဖြစ်ပါတယ်။ အသစ်အဆန်းတွေကို နှစ်သက်တဲ့ ကလေးဟာ အသစ်အဆန်းမြင်တိုင်း လိုချင်နေ ပါတယ်။ ပူဆာပါတယ်။
ဒါပေမဲ့ သူတကယ် လိုချင်တာလား၊ တကယ်နှစ်သက် တာလား ဆိုတာကို သင့်ဘက်က သိဖို့ လိုပါ တယ်။ ဝယ်ပေးသင့်တဲ့အချိန်မှာ ဝယ်ပေးသင့်တဲ့ အရာကိုပဲ ဖြည့်ဆည်းပေး သင့်တာပါ။
၆ – နှိမ့်ချခြင်း
ကလေးရဲ့ စိတ်ဟာ ပျော့ပြောင်း ပါတယ်။ သူတို့ကို နှိမ့်ချတာ၊ သူတို့ကို မကောင်းပြော တာမျိုး မလုပ်သင့်ပါဘူး။ ကလေးတစ်ယောက် အတွက် ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့ကျ သွားပါတယ်။
ငါဟာ သူတို့ပြောသလိုလူပဲ ဆိုတဲ့ စိတ်မျိုး ဖြစ်သွားတတ် ပါတယ်။ ဘာကိုပဲတွေးတွေး ငါက ဒီလိုလူဆိုတဲ့ အယူအဆပေါ် အခြေခံပြီးတွေးတော ပါတော့ တယ်။
၇ – ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်
သားသမီးတွေကို ဂရုစိုက် ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လည်း လိုပါတယ်။ ကိုယ်ကျန်းမာမှ မိသားစုကို ရေရှည် စောင့်ရှောက် နိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့၊ ယုံကြည်မှု ရှိနေဖို့ကလည်း အမြဲကြိုးစားနေ ရမှာ ဖြစ်ပါတယ်။ သားသမီးတွေကို အော်ဟစ် ရိုက်နှက် ဆုံးမ တာထက် သူတို့ လေးစားအောင် စံပြနေပြ တာက ပိုထိရောက်တဲ့ အုပ်ချုပ်ပုံဖြစ် ပါတယ်။
အညာသား စွယ်စုံကျမ်းမှ ပြန်လည်မျှဝေသည်။
ဒါလေးဖတ်ပြီးရင် မိမိတို့ရဲ့ရင်သွေးငယ်လေးတွေကို ဖခင်တစ်ယောက် အနေနဲ့လွဲမှားစွာ ဆုံးမ အုပ်ချုပ်မိနေခဲ့လျှင် အချိန်မီပြင်ဆင် နိုင်ကြ ပါစေ။ #သတင်း #သတင်းထူးသတင်းဦး
02/06/2025
သူဌေးဖြစ်ချင်ရင်
ဒါတွေ ရှောင်ပါ .
၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံပါနဲ့။
သူဌေးတွေက ဘယ်တော့မှ
ရုပ်မြင်သံကြားအစီအစဉ်တွေ၊
ဇာတ်လမ်းတွေကြည့်ပြီး
အချိန်ကုန် မခံကြပါဘူး။
တီဗွီကြည့်မယ့်အစား
စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။
Elon Musk ကနေ
Warren Buffett အထိ
နာမည်ကျော် လုပ်ငန်းရှင်
သူဌေးတွေအားလုံးဟာ
တစ်နေ့တာရဲ့
အချိန်တော်တော်များများကို
စာဖတ်ခြင်းဖြင့်
ကုန်ဆုံးတတ်ကြပါတယ်။
စာဖတ်တဲ့နေရာမှာလည်း
အပျော်ဖတ်စာပေတွေထက်
ပညာရမယ့်၊ တိုးတက်မှု
တစ်စုံတစ်ရာ ရရှိနိုင်မယ့်
စာအုပ် စာပေတွေကိုပဲ
ဖတ်လေ့ရှိပါတယ်။
၂။ ဘယ်တော့မှ
တစ်ဦးတည်း သီးခြားခွဲထွက်
မနေပါနဲ့။
သူဌေးတွေအားလုံးက
လူမှုဆက်ဆံရေး
ကောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။
သူတို့ဟာ အမြဲတမ်းလိုလို
မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး
စကားစမြည်
ပြောနေလေ့ရှိပါတယ်။
ဒီလို့ လူမှုဆက်ဆံရေး
ကောင်းမွန်တာဟာ အောင်မြင်မှုရဲ့
သော့ချက်ဖြစ်တယ် ဆိုတာကို
သူတို့တွေက သေချာသိရှိထားကြပြီး
သူတို့ရဲ့ လူမှုကွန်ယက်ကို
တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။
၃။ အပိုတွေလျှောက် မတွေးပါနဲ့။
အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းဟာ
သူတို့ရဲ့ပင်ကိုယ် သိစိတ်ကို
ယုံကြည်စွာအသုံးပြုလေ့ရှိပြီး
အများကြီး
လျှောက်တွေးလေ့မရှိပါဘူး။
( အကျိုးဆက်တွေကို
သေချာမသုံးသပ်တာမျိုးကို
ဆိုလိုတာတော့ မဟုတ်ပါဘူး )
ဆင်ခြင်သုံးသပ်မှုတွေနဲ့
အချိန်ကုန် မခံတာမျိုးကို
ဆိုလိုတာဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အရာတွေကို
သေချာ ဆင်ခြင်
သုံးသပ်ပြီးပြီ ဆိုတာနဲ့
လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး
လုပ်စရာရှိတာတွေကို
စတင်လုပ်ဆောင်ကြပါတယ်။
ဘယ်တော့မှ နောက်ပြန်လှည့်
ကြည့်လေ့မရှိပါဘူး။
၄။ တကယ် ရင်မဆိုင်ကြည့်ပဲ
အရှုံးမပေးပါနဲ့။
သူဌေးတွေအားလုံးဟာ
ဒုက္ခရောက်လာချိန်မှာ
ဘယ်တော့မှ အရှုံးပေးဖို့
မစဉ်းစားတတ်ကြပါဘူး။
ကျရှုံးမှုတွေ
အဆင်မပြေမှုတွေ အားလုံးကို
ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။
လုပ်ငန်းရှင်အများစုဟာ
လုပ်ဖော်ကိုင်ဖက်တွေ၊
မိတ်ဆွေ၊ မိသားစု၀င်တွေရဲ့
ဝေဖန်ပြစ်တင်မှုတွေ
ခံရလေ့ရှိပေမယ့်
လက်မလျှော့တတ်ကြပါဘူး။
အောင်မြင်သူအစစ်တွေက
ဘယ်တော့မှ နောက်ကောက်ကျ
မကျန်နေခဲ့ပါဘူး။
၅။ အားကစားလုပ်ဖို့ မမေ့ပါနဲ့။
ချမ်းသာ အောင်မြင်နေတဲ့
လုပ်ငန်းရှင်တိုင်းဟာ
မနက်ခင်းမှာ လေ့ကျင့်ခန်း
လုပ်တတ်ကြပါတယ်။
သူတို့အတွက် မနက်ခင်း
လေ့ကျင့်ခန်းလုပ်တာဟာ နေ့စဉ်
လုပ်ငန်းဆောင်တာတွေ အတွက်
အာရုံစူးစိုက်နိုင်ပြီး၊
လုပ်ငန်းပြီးမြောက်မှုကို
တိုးတက်လာစေဖို့
အကျိုးသက်ရောက်မှု
ရှိတယ်ဆိုတာကို
နားလည်ကြပါတယ်။
၆။ အိပ်ရာထနောက်မကျပါနဲ့။
အောင်မြင်တဲ့သူ အများစုဟာ
မနက်စောစော
အိပ်ရာ ထတတ်ကြသူတွေ
ချည်းပဲဖြစ်ပါတယ်။
သူတို့ဟာ ဘယ်တော့မှ
အိပ်ရာထဲမှာကွေးနေပြီး
အလုပ်နောက်ကျခံတဲ့အထဲမှာ
မပါကြပါဘူး။
၇။ မပျင်းပါနဲ့။
အောင်မြင်သူ အများစုဟာ
သူတို့ပတ်၀န်းကျင်မှာ
လေ့လာစရာ အခွင့်အလမ်းတွေ
အမြဲတမ်းရှိနေတာကို
သိကြတဲ့အတွက်
ပျင်းနေတယ်ဆိုတာ မရှိပါဘူး။
ထိုင်ပြီး ပျင်းနေမယ့်အစား
မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊
သင်တန်းတွေတက်ဖို့၊
စာအုပ်တွေဖတ်ဖို့၊ စသဖြင့်
အရည်အချင်းနဲ့ အသိပညာ
ဗဟုသုတေတြ တိုးလာဖို့ကိုပဲ
အမြဲအားထုတ်နေတတ်ကြပါတယ်။
သန်းကြွယ် ကုဋေ့ကြွယ်သော
သူဌေးကြီးများ ဖြစ်ကြပါစေ။
02/06/2025
အသုံးပြုရအကောင်းဆုံး AI app ၅ ခု
Click here to claim your Sponsored Listing.
Category
Website
Address
Kengtung