FKC online shop lso
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FKC online shop lso, Health/Beauty, Shwe Pagyi Street. (8)Qtr, Lashio.
24/06/2023
အရမ်းကောင်းလို့.(ဖတ်စေချင်)
"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။
Be Strong !!!
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
Stay like Independent person !!!
ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။
Be Active !!!
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။
Believe Yourself.!!!
ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။
Forget !!!
မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။
Stop !!!
မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။
Have Resistance !!!
လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။
Accept !!!
မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ
.... #လေးစားလျှက်
🙏🙏🙏🙏🙏
ဆီးချိုရောဂါရှိသူတွေဆီးချိုရောဂါရှိသူတွေ မပြုလုပ်သင့်တဲ့ စားသောက်နည်း ⚠️🔺⚠️🔺
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
အကယ်၍ သင်ဟာ ဆီးချိုရောဂါကိုထိန်းပြီး ကျန်းကျန်းမာမာနေချင်တယ်ဆိုရင် မှားယွင်းနေတဲ့စားသောက်ပုံတွေကို အရင်ပြင်မှရမယ်နော်။
ဆီးချိုရောဂါဆိုတာဘာလဲ ⁉️⁉️⁉️
::::::::::::::::::::::::::::::::::::::
အစားစားလိုက်တဲ့အခါ ခန္ဓာကိုယ်က စားလိုက်တဲ့အစာထဲမှာပါတဲ့ သကြားဓာတ်ကို လောင်စာအဖြစ်ပြောင်းပြီး ဆဲလ်တွေအသုံးပြုနိုင်အောင် ပြောင်းပေးရပါတယ်။ ဒီနေရာမှာ အင်ဆူလင်ဆိုတဲ့ဟော်မုန်းက သကြားဓာတ်ကို ဆဲလ်အတွင်းသို့ သယ်ဆောင်ပေးပြီး ခန္ဓာကိုယ်ကလိုအပ်နေတဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးပါတယ်။
သင်သာ ဆီးချိုရောဂါရှိနေမယ်ဆိုရင် ပြဿနာက ဆဲလ်တွေထဲကို သကြားဓာတ်မဝင်ရောက်တာက အစပြုတာပါ။ ဆဲလ်တွေထဲမဝင်တော့တဲ့ သကြားဓာတ်တွေက သွေးထဲမှာပဲစုပုံနေပြီး ဆီးချိုရောဂါဖြစ်လာရတာပါ။
ဒီဆောင်းပါးလေးမှာ ဆီးချိုသမားတွေရဲ့ မှားယွင်းနေတဲ့စားသောက်ပုံနည်းစနစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) မနက်စာ မစားခြင်း ⚠️⚠️⚠️
:::::::::::::::::::::::::::::::
မနက်စာဆိုတာ နေ့တစ်နေ့အတွက် အရေးအကြီးဆုံးအရာဆိုတာ ကြားဖူးကြမှာပါ။ ဒီစကားဟာ ဆီးချိုရောဂါသည်တွေအတွက် မှန်တာထက်တောင်ပိုတဲ့ အမှန်တရားပါ။ မနက်စာစားတတ်တဲ့အကျင့်မရှိသူတွေဟာ သွေးတွင်းသကြားဓာတ်နည်းတဲ့ လက္ခဏာတွေကို ခံစားရနိုင်တဲ့အပြင် တစ်နေ့တာလုံးလန်းဆန်းတက်ကြွမှုမရှိပဲ နေပါလိမ့်မယ်။ မနက်စာကို များများမစားရင်တောင် ဒိန်ချဉ်၊ သစ်သီး၊ ကြက်ဥပြုတ် အစရှိတဲ့ ပေါ့ပေါ့ပါးပါးအစာတွေလောက်တော့ စားသင့်ပါတယ်။
၂) အဆီစားများခြင်း 🔺🔺🔺
:::::::::::::::::::::::::::::
အဆီစားများတာဟာ ဆီးချိုရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အဆီများတဲ့အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ ဆီသုံးများတဲ့စားသောက်ဆိုင်တွေနဲ့ ဝေးဝေးနေပါ။ ဒါပေမဲ့ Monosaturated fatty acids လို့ခေါ်တဲ့ MUFAs ကတော့ ဆီးချိုရောဂါအတွက် အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။ MUFAs ပါဝင်တဲ့ ထောပတ်သီး၊ သံလွင်သီး၊ မြေပဲထောပတ်တွေကို စားသုံးလို့ရပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးတော့ ရှိတာပေါ့နော်။
၃) အသားစားများခြင်း ⚠️⚠️⚠️
::::::::::::::::::::::::::::::::::
အသားဓာတ်များတာဟာ သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုရှိပါတယ်။ အနီရောင်ရှိတဲ့အသားတွေဖြစ်တဲ့ အမဲသား၊ ဝက်သား၊ ဆိတ်သားတွေကို များများစားသုံးရင် ဆီးချိုဖြစ်ဖို့အလားအလာများပါတယ်။ သင်စားနေကြအသားပမာဏကို တဝက်လျော့ချလိုက်ရင် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
၄) အာဟာရမမျှတခြင်း 🔺🔺🔺
::::::::::::::::::::::::::::::::::::::
ကာဗွန်ဟိုက်ဒြိတ်၊ အဆီနဲ့ အသားဓာတ်တွေကို မျှမျှတတ စားသုံးသင့်ပါတယ်။ ကာဗွန်ဟိုက်ဒြိတ်တွေပဲစားပြီး အသီးအရွက်၊ အသားတွေစားသုံးမှုနည်းရင် သွေးဓာတ်သကြားဓာတ်များစေပါတယ်။
၅) အစားစားချိန်မမှန်ခြင်း ⚠️⚠️⚠️
:::::::::::::::::::::::::::::::::
အမြဲအလုပ်အရမ်းများပြီး အစားစားချိန်ကျော်တတ်သူတစ်ယောက်ဆိုရင်တော့ သင့်ကိုယ်သင်အန္တရာယ်ထဲတွန်းပို့နေပြီဆိုတာ သတိထားပါ။ အစာစားချိန်တစ်ခုနဲ့တစ်ခုကြား အရမ်းဟနေပြီဆိုရင် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် ဆီးချိုဆေးသောက်နေတဲ့သူတွေက ဆေးသောက်ပြီး အစာမစားရင် သွေးတွင်းသကြားဓာတ်ကျလာပြီး သတိလျော့ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ coma ဝင်ခြင်းအပြင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
၆) အလွန်အကျွံစားသုံးခြင်း 🔺🔺🔺
::::::::::::::::::::::::::::::::::::::::
အဝမလွန်အောင်ထိန်းသိမ်းနိုင်ခြင်းဟာ ဆီးချိုရောဂါအတွက် အရေးအကြီးဆုံးအချက်ပါ။ ဒါ့ကြောင့် အစားအသောက်တွေကို လိုတာထက်ပိုပြီး အလွန်အကျွံစားသုံးရင် သွေးတွင်းသကြားဓာတ်ပမာဏတက်ပြီး ဆီးချိုရောဂါကို ပိုဆိုးစေနိုင်တဲ့အပြင် အဝလွန်လာရင်လည်း မလိုအပ်တဲ့နောက်ဆက်တွဲရောဂါတွေလည်း ဝင်လာနိုင်ပါတယ်။
၇) အိပ်ခါနီး အစာစားခြင်း ⚠️⚠️⚠️
:::::::::::::::::::::::::::::::::::::::
ညနက်မှအစားစားသုံးမယ်ဆိုရင် နောက်နေ့မနက်မှာ သွေးတွင်းသကြားဓာတ်တွေ တက်နေနိုင်ပါတယ်။ တကယ်လို့ ဗိုက်အရမ်းဆာလို့စားမယ်ဆိုရင် အမျှင်ဓာတ်များများပါတဲ့ သွားရေစာနည်းနည်းပဲစားသင့်ပါတယ်။ ဒါကြောင့် ညဘက်အစားစားတဲ့အကျင့် မရှိအောင်လုပ်ပါ။
၈) သွားရေစာအစားများခြင်း 🔺🔺🔺
:::::::::::::::::::::::::::::::::::::::::
ဆီးချိုရောဂါသည်များအတွက် သွားရေစာကိုခဏခဏစားနေခြင်းဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။ ဒါ့ကြောင့် အိတ်ထဲထည့်၊ သွားလေရာယူသွားပြီး ပျင်းတိုင်းမစားပါနှင့်။
၉) အမျှင်ဓာတ်အစားနည်းခြင်း ⚠️⚠️⚠️
:::::::::::::::::::::::::::::::::::::::::::::::
အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို နှေးစေတဲ့အပြင် ခန္ဓာကိုယ်က cholesterol စုပ်ယူမှုကိုအားနည်းစေပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၂၀ မှ ၃၅ ဂရမ်ထိ စားသုံးသင့်ပါတယ်။ အမျှင်ဓာတ်စားတာများလည်း ခန္ဓာကိုယ်ကမစုပ်ယူနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို မမြင့်တက်စေပါဘူး။ အမျှင်ဓာတ်များတဲ့အစားအစာတွေကတော့ ပန်းသီး၊ သစ်တော်သီး၊ ပဲနှင့် ဘယ်ရီသီးတွေပဲဖြစ်ပါတယ်။
၁၀) အချိုစားများခြင်း 🔺🔺🔺
:::::::::::::::::::::::::::::::::::::::::
အချိုရည်ဘူး၊ လက်ဘက်ရည်အချို၊ ကော်ဖီစတာတွေသောက်သုံးရင် ဆီးချိုတက်နိုင်တာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ လူတွေက ဒီအချိုရည်တွေထဲမှာ သကြားပမာဏဘယ်လောက်ပါလဲမသိပဲ သောက်သုံးနေကြပါတယ်။ သောက်သုံးပြီးရင်လည်း သွေးတွင်းသကြားပမာဏက ချက်ချင်းမြင့်တက်နိုင်ပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်အရမ်းနည်းပြီး မူးဝေနေရင်တော့ ဒီလိုအရည်တွေကိုသောက်သုံးရင် ချက်ချင်းပြန်ကောာင်းလာနိုင်ပါတယ်။
၁၁) အဆီလုံးဝရှောင်ခြင်း ⚠️⚠️⚠️
:::::::::::::::::::::::::::::::::::::
အဆီကိုလုံးဝမရှောင်ပါနဲ့။ ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ အဆီတွေလည်းရှိပါသေးတယ်။ အုန်းသီး၊ မြေပဲ၊ အစေ့အဆံ၊ သံလွင်သီး၊ ထောပတ်သီး၊ ကြက်ဥတွေမှာပါဝင်တဲ့ အဆီတွေကခန္ဓာကိုယ်ကို ကောင်းကျိုးပြုပါသေးတယ်။
၁၂) သစ်သီးခြောက်များစားသုံးခြင်း 🔺🔺🔺
::::::::::::::::::::::::::::::::::::::::::::::::
ဆီးချိုရောဂါရှိသူတွေဟာ လတ်ဆတ်တဲ့သစ်သီးသစ်နှံတွေကိုပဲ စားသုံးသင့်ပါတယ်။ သစ်သီးခြောက်တွေမှာ သကြားဓာတ်ပိုမိုပါဝင်တဲ့အတွက် ဆီးချိုသမားတွေအတွက် မသင့်တော်တဲ့အစားအစာပါ။
06/12/2021
အိပ်ရေးပျက် ခြင်းရဲ့ ဆိုးကျိုးများ
ဦးနှောက်နဲ့ အာရုံကြော
ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးရတာပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဦးနှောက်ဆီကို အချက်ကောင်းကောင်း မပြနိုင်တော့ပါဘူး။ အိပ်နေတဲ့ အချိန်အတွင်းမှာ ဦးနှောက်ဆဲလ်လေးတွေက တစ်နေ့တာ တွေ့ကြုံရသမျှကို မှတ်သားပေးပါတယ်။ မအိပ်ထားရင် ဦးနှောက်က ပင်ပန်းပြီး သူ့အလုပ်သူ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပြင် အာရုံစူးစိုက်ရတာ၊ မှတ်ရခက်တာတွေ ဖြစ်လာမှာပါ။ ခန္ဓာကိုယ်က တုံ့ပြန်တာ နှေးသွားတဲ့အတွက် မတော်တဆထိခိုက်နိုင်ချေလည်း ပိုများပါတယ်။ နောက်ပြီး အားလုံးသိပါတယ်။ အိပ်ရေးမဝရင် ဘာကို အလိုမကျမှန်းမသိ အလိုလိုနေရင်း စိတ်တိုနေတာပါ။ ဆုံးဖြတ်ချက်ချတာလည်း မှားနိုင်သလို၊ စိတ်ကူးဉာဏ်တွေလည်း မပွင့်တော့ပါဘူး။
ရေရှည်မှာ မရှိတာတွေကို ရှိတယ်လို့ ထင်လာမယ်။ အထင်မှားတွေ အမြင်မှားတွေ ဖြစ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့
စိတ်လှုပ်ရှားတာ
စိတ်ကျတာ
သတ်သေချင်စိတ်ပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။
တစ်ခါတစ်လေ အိပ်ငိုက်လွန်းလို့ နေ့လည်ဘက်တွေမှာ ကိုယ့်ကိုယ်ကို မသိလိုက်ဘဲ ခဏလေး အိပ်ပျော်သွားလိမ့်မယ်။ ဒါဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ မတော်တဆ ကားမောင်းနေရင်းနဲ့ ဖြစ်ဖြစ်၊ အမြင့်တက်နေရင်းနဲ့ ဖြစ်ဖြစ် အိပ်ပျော်သွားခဲ့မယ်ဆိုရင် အက်စီးဒင့်ဖြစ်နိုင်ချေ များပါတယ်။
ခုခံအားစနစ်
အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ခုခံအားဓာတ်တစ်မျိုးဖြစ်တဲ့ cytokines ကို ထုတ်ပေးပါတယ်။ သူက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။ နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ အားပြည့်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။
အိပ်ရေးမဝဘူးဆိုရင် ခုခံအားစနစ် တဖြည်းဖြည်း ပျက်ယွင်းလာမှာပါ။ အားမရှိတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာ မဟုတ်သလို နေမကောင်းဖြစ်ပြီးရင်လည်း နာလန်ထူဖို့ ခက်ပါတယ်။ ရေရှည်မှာ ဆီးချိုတို့လို နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း
အိပ်စက်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းက အပြန်အလှန် ဆက်စပ်နေပါတယ်။ အိပ်ဟောက်ရှူရပ်ရောဂါဖြစ်တဲ့ အိပ်နေတုန်းမှာ အသက်ရှူရပ်ရပ်သွားတာက အိပ်ရေးကို ပျက်စေပါတယ်။ အိပ်နေရင်း နိုးနိုးလာတဲ့အတွက် အိပ်ရေးပျက်ပြီး ခုခံအားကျလာတာကြောင့် ရေရှည်မှာ အအေးမိ၊ တုပ်ကွေး ဖြစ်လွယ်ပါတယ်။ ဒါ့ပြင် နဂိုရှိပြီးသား ရောဂါအခံဖြစ်တဲ့ နာတာရှည် အဆုတ်ရောဂါတွေကိုလည်း ပိုဆိုး စေပါတယ်။
အစာခြေစနစ်
အစားကလည်း အများကြီးစားမယ်၊ လေ့ကျင့်ခန်းလည်း မလုပ်တဲ့ အပြင် အိပ်ရေးပါထပ်ပျက်ဦးမယ်ဆိုရင် အဝလွန်လာဖို့ မကြာတော့ပါဘူး။ အိပ်စက်ဖြင်းက ဆာလောင်ခြင်းနဲ့ ပြည့်အင့်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းနှစ်ခု leptin နဲ့ ghrelin အပေါ် သက်ရောက်မှု ရှိပါတယ်။
leptinက ပြည့်အင့်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ရေးပျက်လို့ ရှိရင် ဦးနှောက်မှာ leptinနည်းပြီး ဆာလောင်စေတဲ့ ghrelinများလာပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်လေ ဗိုက်ဆာလေ ဖြစ်တာပေါ့။
နောက်တစ်ခုက အိပ်ရေးပျက်ရင် ပင်ပန်းပြီး လေ့ကျင့်ခန်း မလုပ်နိုင်တော့ပါဘူး။ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ကြာလာတော့ ဝိတ်တက်လာတာပေါ့။
အိပ်ရေးပျက်လို့ရှိရင် အင်ဆူလင်လည်း အထွက်များလာပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။ အင်ဆူလင်များလာရင် အဆီကို သိုလှောင်တာများလာပြီး အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ဖို့ အလားအလာ များလာပါတယ်။
နှလုံး
အိပ်စက်ခြင်းက သင့်နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေး အပြင် သွေးတွင်းသကြားဓာတ်၊ သွေးဖိအား၊ ဆဲလ်များ ရောင်ရမ်းခြင်း စတဲ့ အချက်တွေကိုပါ ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အိပ်ရေးသာ မဝဘူးဆိုရင် နောက်မှာ နှလုံးနဲ့ပတ်သတ်ပြီး ထိခိုက်မှုတွေ ဖြစ်လာမှာပါ။ လေ့လာချက်တွေအရ အိပ်ရေးပျက်တာက နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာနဲ့ ဆက်စပ်မှုရှိနေပါတယ်တဲ့။
ဟော်မုန်း
ဟော်မုန်းတွေ ထုတ်တာက အိပ်စက်ခြင်းနဲ့ သက်ဆိုင်နေပါတယ်။ တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ဟော်မုန်း ထုတ်နိုင်ဖို့အတွက် အနည်းဆုံး ၃နာရီလောက် ဆက်တိုက်အိပ်ထားရပါမယ်။ ညမှာ အိပ်ရေးပျက်ပြီး ခဏခဏ ထရတာက ဟော်မုန်းထုတ်တာကို ထိခိုက်စေပါတယ်။
ကလေးတွေနဲ့ လူငယ်တွေမှာလည်း ဒီလိုပါပဲ။ သူတို့ကြီးထွားဖို့ လိုအပ်တဲ့ growth hormoneက အိပ်ရေးပျက်ရင် အထွက်နည်းသွားပါတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့ ပီကျူထရီဂလင်းက ထုတ်ပေးနိုင်ပေမယ့် ပုံမှန်ထုတ်ပေးဖို့ လေ့ကျင့်ခန်းနဲ့ အိပ်စက်ခြင်းက ကူညီပေးပါတယ်။
ကဲ ဒီလောက်ဆိုရင် အိပ်ရေးပျက်တာက စိတ်မကြည်တာအပြင် ကိုယ်ထဲမှာပါ တိတ်တဆိတ်ထိခိုက်မှုတွေ ဖြစ်တတ်တယ်ဆိုတာ သိလောက်ပါပြီ။ တစ်ည နှစ်ညဆိုရင် ပြဿနာ မရှိပေမယ့် ရေရှည်မှာ ကျန်းမာရေးမထိခိုက်အောင် ပုံမှန်အိပ်ချိန်နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အကြံပြုလို့ပါတယ်။
ကျန်းမာခြင်းကို တကယ်ပေးစွမ်းနိုင်တဲ့
အမေရိကန်နိုင်ငံထုတ် Dietary Supplement
နိုင်ငံပေါင်း(40)ကျော်ရဲ့ FDA ရရှိပြီးသားပါ
သိရှိလိုပါက 👇👇
စုံစမ်းမေးမြန်းနိုင်ပါသည်။
📲0940374932, 09768416276 (or)cb
09/11/2021
Regenesis ( အစာအိမ်နှင့်အူလမ်းကြောင်း အားဖြည့်ဓာတ်စာ)
…………………………………………………
🌿🌿 Regenesis ဆေးတစ်ထောင့်တွင်
ဒိန်ချဉ်လေးခွက်နှင့်ညီမျှသော Probiotic များ ပါဝင်ပါတယ်။
🌿 အူလမ်းကြောင်း ကောင်းမွန်သော သက်ရှိပိုးများကို ပမာဏများများ ထောက်ပံ့ပေးခြင်းဖြင့်
အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန်ဖြစ်စေခြင်း
(ဝမ်းပုံမှန်သွားစေခြင်း) ၊ အစာအိမ်ရောဂါဖြစ်စေသော ရောဂါပိုးများကို ကာကွယ်ပေးသော အလွှာများကို ထောက်ပံ့ပေးခြင်း ၊ ပိုးသတ်ဆေးဝါးဖြင့် ကုသခြင်းကြောင့် အူနံရံများ ပျက်စီးစေခြင်းကို ပြန်လည်ပြုပြင်ပေးခြင်းတို့အတွက် အထူးသင့်လျော်စေပါတယ်။
🌿 အူလမ်းကြောင်းအားကောင်းစေသော အဏုဇီဝပိုးအရေအတွက်များ၊ များပြားလာစေခြင်းကြောင့် သဘာဝအလျှောက် အန္တရာယ်ကင်းသော ပိုးသတ်ခြင်းစွမ်းအင်ကို ထောက်ပံ့ပေးခြင်း ၊ ခုခံစွမ်းအားစနစ် တိုးတက်စေခြင်းတို့ ဖြစ်ပေါ်လာစေပါတယ်။
🌿 ထို့အပြင် ဆီးနှင့်မွေးအင်္ဂါလမ်းကြောင်းရှိ ပိုးဝင်ခြင်းများကို ကာကွယ်ပေးခြင်း ဆံပင်နှင့်အရေပြားကျန်းမာရေး ကောင်းမွန်စေခြင်း ၊ အသက်ရှုလမ်းကြောင်း ကောင်းမွန်စေခြင်း ၊ အသားအရေ ကြည်လင်စိုပြေစေခြင်း ၊ ဆံပင်ကောင်းမွန်စေခြင်းနှင့် ခံတွင်းအနံ့ဆိုးခြင်းများ သက်သာစေနိုင်ပါတယ်။
🌿 Regenesis တစ်ခါသောက်ပြီးတိုင်း ရေများများသောက်ပါ ၊
ဆေးတစ်ဗူးလျှင် ဆေးတောင့် (၉၀) လုံး ပါဝင်ပြီး စျေးနှုန်းအနေဖြင့် (၈၁၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။
📲 09403704932, 09768416276 ဖုန်းကိုဆက်သွယ်မှာယူနိုင်သလို Message box မှတဆင့် လည်း မှာယူလို့ရပါတယ်ရှင့်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Lashio
10/07/2022