Htwe Beauty Cosmetics
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htwe Beauty Cosmetics, Beauty, cosmetic & personal care, ခိုင်လုံးရွှေလမ်း၊ဒေါဥခူ, Loikaw.
14/01/2023
ကော်လဂျင် (Collagen) ၏ ကောင်းကျိုးများ
+++++++++++++++++++++++++
ကော်လဂျင်(collagen) အကြောင်းကို ကျန်းမာရေးပညာရှင်တွေ၊ အလှအပဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်တွေထဲမှာအပြင် အလှကုန်တွေထဲမှာရော ဆေးအနေနဲ့ပါ တွေ့နေကြားနေရပါတယ်။ ကော်လဂျင်(collagen)ဟာ ခန္ဓာကိုယ်ထဲမှာ အပေါများဆုံး ဓာတ်တစ်မျိုးဖြစ်ပြီး ကြွက်သားတွေ၊ အရေပြားဆဲလ်တွေအပြင် အရိုး၊ အရွတ်နဲ့ သွေးထဲမှာပါ တွေ့ရပါတယ်။ ကော်လဂျင်(collagen)ဟာ
• အသားအရည်ကို တင်းရင်းစေပါတယ်။
• ကြွက်သားနဲ့ အရိုးတွေကို အထောက်အပံ့ပေးပါတယ်။
• ကိုယ်တွင်းကလီစာတွေကို ကာကွယ်ပေးပါတယ်။
• အဆစ်အမြစ်တွေ အရွတ်တွေကို သန်မာစေပါတယ်။
ကော်လဂျင် (Collagen) ကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကော်လဂျင် (Collagen) ထုတ်လုပ်မှုဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျဆင်းလာပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊ နေဒဏ်ခံရတာများခြင်းနဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေစားသုံးခြင်းတို့ကလည်း ကော်လဂျင် (Collagen) ထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။ ကော်လဂျင် (Collagen) နည်းပါးလာတဲ့အခါမှာ ပါးရည်တွန့်ခြင်း အသားအရည်တွဲခြင်းတွေအပြင် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတွေကိုပါကြုံရနိုင်ပါတယ်။
ကော်လဂျင် (Collagen) ၏ ကောင်းကျိုးများ
၁။ အဆစ်အမြစ်နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ အဆစ်အမြစ်တွေ တောင့်တင်းလာပြီး နာကျင်ကိုက်ခဲလာတတ်ပါတယ်။ ကော်လဂျင် (Collagen) ကို ဖြည့်စွက်သောက်သုံးပေးမယ်ဆိုရင် အဆစ်အမြစ်နာကျင်မှုကို သက်သာစေနိုင်ပြီး အဆစ်အမြစ်ရောင် ရောဂါလက္ခဏာတွေကိုပါ သက်သာမှုပေးနိုင်ပါတယ်။ သုတေသနပြုဖက်တွေအရလည်း ကော်လဂျင် (Collagen) ကိုဖြည့်စွက်သောက်သုံးပေးတဲ့ သူတွေဆီမှာ အဆစ်အမြစ်ရောင်ရောဂါ သက်သာလာတာကို တွေ့ရပါတယ်။
၂။ အသားအရည်ကို နုပျိုစေနိုင်ပါတယ်။
ကော်လဂျင် (Collagen) ရဲ့ လူသိအများဆုံးကောင်းကျိုးကတော့ အသားအရည်ကို တင်းရင်းပြီး ဝင်းလက်စေပါတယ်။ ဒီကြောင့်ပဲ ကော်လဂျင် (Collagen) ဟာ အရွယ်တင် နုပျိုစေနိုင်တယ်လို့ပြောကြတာပါ။ အသက်အရွယ် ကြီးလာတာနဲ့အမျှ ကော်လဂျင် (Collagen) ထုတ်လုပ်မှုကျဆင်းလာပြီး အသားအရည်ပျော့တွဲတာ ခြောက်သွေ့တာတွေဖြစ်လာနိုင်ပါတယ်။
၂၀၁၄ ခုနှစ်က ပြုလုပ်တဲ့ သုတေသနပြုချက်အရဆိုရင် ကော်လဂျင် (Collagen) သောက်သုံးတဲ့ အမျိုးသမီးတွေမှာ အသားအရည် တင်းရင်းလာတာကိုတွေ့ရပါတယ်။
၃။ ကြွက်သား တည်ဆောက်မှုပို အားပေးပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။
ကော်လဂျင် (Collagen) ဟာ ကြွက်သားတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကြွက်သားသန်စွမ်းစေတာဖြစ်ပါတယ်။ ကော်လဂျင် (Collagen) မှာ ဂလိုက်ဆင်း(Glycine) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး၊ Creatine တည်ဆောက်မှုကို အားပေးတဲ့အတွက်ကြောင့် ကြွက်သားလေ့ကျင့်ခန်းတွေအတွက် လုံလောက်တဲ့ စွမ်းအင်ကိုရရှိစေနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တော့ ကြွက်သားအားနည်းရောဂါရှိတဲ့ လူကြီးပိုင်းအမျိုးသားတွေကို စမ်းသပ်မှုမှာတော့ ကော်လဂျင် (Collagen) ဖြည့်စွက်သောက်သုံးပြီး လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသားတွေဆီမှာ ကြွက်သားတွေ ပြန်လည်သန်စွမ်းလာပြီး အဆီပိုတွေလျော့ကျလာတာကိုတွေ့ရပါတယ်။
၄။ အရေပြားရောင်ခြင်း (Cellulitis)
အရေပြားကို တင်းရင်းတောက်ပစေရုံသာမကပဲ ကော်လဂျင် (Collagen) ဟာ အရေပြားရောင်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားရောင်ခြင်းဆိုတာ အရပြားအောက်က အဆီပြင်က အပြင်ဘက်ကို တိုးထွက်လာပြီး အရေပြားမှာ အဖုတွေ အချိုင့်တွေ ပေါ်လာတာပါ။ အရေပြားရောင်တာက အသက်အရွယ်ကြီးလာတာနဲ့အမျှ ဖြစ်လာတတ်ပြီး အမျိုးသမီးတွေရဲ့ ၈၀ ကနေ ၉၀ %လောက်ထိမှာ တွေ့ရပါတယ်။လေ့လာချက်တွေအရလည်း ကော်လဂျင် (Collagen) သောက်သုံးတဲ့ အမျိုးသမီးတွေမှာ အရေပြားနဲ့ပတ်သတ်တဲ့ တိုးတက်မှုတွေ တွေ့ပါတယ်။
၅။ အစာခြေစနစ်ကို အထောက်အကူပေးပါတယ်။
ကော်လဂျင် (Collagen) ဟာ အစာခြေလမ်းကြောင်းရဲက တွယ်ဆက်ကြွက်သားတွေထဲမှာပါဝင်ပြီး အစာအိမ်လမ်းကြောင်းကို အားဖြစ်စေပြီး ကာကွယ်မှုပေးပါတယ်။ အစာအိမ်လမ်းကြောင်းရောင်ရမ်းခြင်းကိုလည်းသက်သာစေနိုင်ပါတယ်။ သီအိုရီအရတော့ ကော်လဂျင်(Collagen) သောက်သုံးခြင်းက အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်နိုင်စေပေမယ့် အတည်ပြုနိုင်မယ့် လက်တွေ့စမ်းသပ်ချက်တွေတော့ မရှိသေးပါဘူး။
ကော်လဂျင် (Collagen) ကို ဖြည့်စွက်သောက်သင့်မသောက်သင့်ကတော့ ကျန်းမာရေးအခြေအနေနဲ့ နေထိုင်မှု ပုံစံပေါ်မူတည်ပါတယ်။ အသက်ကြီးပြီး အဆစ်ရောင်ဝေဒနာရှိတဲ့သူတွေဆီမှာတော့ ကော်လဂျင် (Collagen) သောက်သုံးခြင်းဟာ အကျိုးဖြစ်တာတွေ့ရပေမယ့် ကျန်းမာတဲ့သူတွေမှာတော့ အကျိုးကျေးဇူး တစ်စုံတစ်ရာ ရှိချင်မှ ရှိမှာပါ။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကော်လဂျင် (Collagen) ပမာဏကို အစားအသောက်တွေကနေလည်း ရနိုင်ပါတယ်။ အသားဓာတ်များတဲ့ အစားအသောက်တွေဖြစ်တဲ့ ကြက်သား၊ အမဲသား၊ ငါးနဲ့ ဥအမျိုးမျိုးတို့မှာ ကော်လဂျင် (Collagen) ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။
Dr.Aung
Ref:healthline
13/12/2021
ဝက်ခြံ အဆီဖုများ အကြောင်း
--------------------------------------------------------------------------------------------
✅ အရောင်အားဖြင့် အသားရောင် ရှိတတ်ပြီး၊ မနီ မနာသော အဖုသေးသေးလေးတွေပါ၊ အထူးသဖြင့် နဖူး၊ မေးစေ့မှာ အတွေ့များပြီး မရောင်ရမ်းသော ဝက်ခြံတမျိုးပေါ့ ။
✅ အမျိူးအစား ၂ မျိူးရှိပါတယ် ။
- Micro comedones ( သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အဆီဖုဝက်ခြံ )
- Macro comedones ( 2-3 mm ထက်ပိုသော အဆီဖုဝက်ခြံ )
✅ အဆီဖု ဖြစ်ရတဲ့အကြောင်းအရင်းကတော့ -
မွှေးညှင်းနုလေးတွေရဲ့ ထွက်ပေါက်ပိတ်လို့ပါ ။
✅ အဆီဖု အတွေ့များတာကတော့ -
✔️ မျက်နှာ အဆီအရမ်းပြန်တဲ့ အသားရေနဲ့ ခြောက်သွေ့ယားယံတဲ့ အသားရေရှိတဲ့သူတွေ မှာ တွေ့ရတတ်ပါတယ် ။
.. ဒါ့အပြင်...
✔️ ဝက်ခြံထွက်စေသော Chemicals ( pomades , isopropyl myristate , propylene glycol , dyes မတည့်သော အရောင်ဆိုးဆေး) ပါသောပစ္စည်းများ သုံးမိတဲ့ သူတွေ
✔️ မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တက်တဲ့သူတွေ
✔️ ကြမ်းကြမ်းတမ်းတမ်း မျက်နှာသစ်တတ်တဲ့ သူတွေ
✔️ လက်သည်းနဲ့ ကုတ်ဖဲ့တတ်သူတွေ
✔️ သနပ်ခါးထူထူ၊ မိတ်ကပ်ထူထူ လိမ်းသူတွေ
✔️ ကိုယ်နဲ့မတည့်သော skin care , chemical , make up , သဘာဝ အိမ်တွင်းကုထုံး၊ သစ်ခေါက်၊ သစ်သီးအစေ့ဆံ သွေးလိမ်းမိသူတွေ
✔️ Chemical peeling , laser တွေ ခဏခဏ လုပ်တဲ့သူတွေ
✔️ ဆေးလိပ်သောက်တဲ့သူတွေမှာလဲ ဖြစ်တတ်ပါတယ် ။
✔️ အချိုနှင့်နို့ထွက်ပစ္စည်း၊ အဆီ ပါသော အစားစာတွေကြောင့် နှင့်
✔️ မျိုးရိုးဗီဇတို့ကြောင့်လဲ ဖြစ်တတ်ပါသေးတယ် ။
••••••••••••••••••••
🌡 [ ကုသနည်းများ ]
ဘယ်လို ကုသရမလဲဆိုရင် -
A. လိမ်းဆေး
B. သောက်ဆေး
C. ကုထုံး ( treatment)
D. အိမ်တွင်းကုထုံး တို့ရှိပါတယ်
✅ A. - လိမ်းဆေး
- Benzoyl peroxide
- Azelaic acid
- Salicylic acid ( BHA )
- Glycolic acid ( AHA )
- Retinoids ( Tretinoin , Adapalene )
- Sulfur
- Niacinamide တို့ပါတဲ့ ဆေးများနှင့် Skin Cares တွေ သုံးပေးလို့ရပါတယ် ။
✅ B. - သောက်ဆေး
- Hormonal
- Isotritenoin
- Spironolactone တို့သောက်ပေးလို့ရပါတယ် ။
✅ C - ကုထုံး ( treatment )
- Cryotherapy
- Electrosurgery ( Cautery , diathermy )
- Microdermabrasion
- Extraction တို့ရှိပါတယ် ။
✅ D- အိမ်တွင်းကုထုံး အနေနဲ့ဆို -
( အိမ်တွင်းနည်းတွေက အပေါ်က ကုသနည်းတွေလောက် မထိရောက်ပေမဲ့ ဆေးခန်းမသွားချင်တဲ့သူတွေ၊ ကုသဖို့မတတ်နိုင်တဲ့သူတွေအတွက် သက်သာစေဖို့တော့ အသုံးပြုပေးလို့ရပါတယ် )
1. Alovera gel 🌵
2. Honey 🍯
( အသုံးပြုနည်းကို ဒီမှာဖတ်ပါ - https://www.facebook.com/2127315554048352/posts/2838467509599816/?d=n )
3. Tomato 🍅 - ပါးပါးလှီးပြီး ညဖက် တွင် ၁၅ မိနစ်ကပ်ပေးပါ၊ ပြီးရင် ရေပြန်ဆေးခ၊ တပတ် ၂ ကြိမ် ။
4. Steam ရေနွေးငွေ့ 🌫 - steam စက်တွေရှိသလို ဆူပွက်နေသောရေပူပေါ်မှ မျက်နှာကို ခပ်ကွာကွာထား၍ ၅ မိနစ်လောက် အငွေ့ခံပေးလို့ရပါတယ် ။
( တပတ် ၁ ကြိမ်သာ )
5. Charcoal / clay mask ကပ် ( တပတ် ၂ ကြိမ် )
7. Tea tree oil
••••••••••••••••••••
[ ဆောင်ရန် ရှောင်ရန် ]
✅ ဆောင်ရန် တွေကတော့ -
- မျက်နှာကို ညှင်သာစွာ သစ်ပါ ။
- Toner သုံးပါ။
- Moisturizer ကို အဆီ အရမ်းမပါသော water-based ကိုသုံးပါ။
- Suncream မဖြစ်မနေ သုံးပေးပါ။
🚫 ရှောင်ရမှာကတော့ -
- Scrub အရမ်းလုပ်တာတွေ
- Make up မဖြတ်ဘဲ အိပ်တာတွေ
- လေထု၊ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့ နေရာ
- ဓါတ်မတည့်သော ဆံပင်ဆိုးဆေး ၊ skin cares တွေ
- လက်နဲ့ ခဏခဏ ကိုင်တာ ၊ ကုတ်တာတွေ ၊ ညှစ်တာတွေ
- ဆံပင်ကို နဖူး ၊ မျက်နှာ ပေါ်မှာချထားတာတွေ
- ဆေးလိပ် ၊ အချို ၊ အဆီ ၊ နို့ထွက်ပစ္စည်းတွေ အလွန်အကျွံစားသုံးတာတွေ ရှောင်ပါ ။
•••••••••••••••••••
အဆီဖုနဲ့မှားတတ်တဲ့ တခြားအဖုလေးတွေကတော့
🔶 Sebaceous hyperplasia
( အဆီကလင်းလေးများ ကြီးထွားလာခြင်း )
အထူးသဖြင့် နဖူး၊ ပါး တွေမှာ အတွေ့များပါတယ်
ကိုယ်ခံအားနည်းသူ ၊ ကိုယ်တွင်းအင်္ဂါအစားထိုးမှုလုပ်ထားတဲ့ သူတွေမှာ အဖြစ်များပါတယ် ။
လေဆာ ၊ electrocautery အပူကုထုံး ၊ isotritenoin သောက်ဆေးဖြင့် ကုသနိုင်ပါတယ် ။
🔶 Syringoma
( အန္တရယ်မပြုသော ချွေးကလင်း tumors အကြိတ်လေးများ )
မျက်လုံးပတ်ဝန်းကျင်တွင် အဖြစ်များပါတယ်
အဆီဖုနဲ့ မှားကြတာ တွေ့ရတယ် ။
လေဆာ သို့မဟုတ် အပူကုထုံး( diathermy) ဖြင့် ဖျက်ထုတ်နိုင်ပါတယ် သို့သော် အမာရွတ်ကျန်တတ်ပါတယ် ။
•••••••••••••••••••
မေတ္တာဖြင့်
Dr. Naing
#အရေပြားနှင့်အလှအပ
#ဝက်ခြံ
13/12/2021
👩ကိုယ့်ရဲ့အသားအရေက
👉ဖြူတဲ့သူလား❓
👉အသားလတ်တဲ့သူလား❓
👉အသားညိုတဲ့သူလား❓
ဘယ်လို အသားရေလာလာ DD Foundation 💕အသားရောင်နဲ့ တပြေးညီ ပြေပြစ်လှပပြီးမိတ်ကပ်သားစိုစိုအိအိလေးနဲ့ အားလုံးကိုချေပြီး သတ်ချလို့ရ😏😏
✅အသားဖြူတဲ့သူ အတွက် (No.1)
✅အသားလတ်တဲ့သူအတွက် (No.2)
✅အသားညိုတဲ့သူအတွက် (No.3)
၁ ထုပ် ၆၅၀၀ ကျပ်
5ထုပ် 30000 ks
5ထုပ်ယူ မိတ်ကပ်လိမ်းတဲ့ ဥလေး လက်ဆောင်ရ
လက်ဆောင်ရတဲ့ ဥ ကိုလဲ တစ်ချက်ရှိုးလိုက်နော် ကွာလတီ နဲ့ ထုတ်ပိုးမှုက ရှယ်မိုက်
Order to cb (or) 09783877174
လွိုင်ကော်/လွိုင်လင်ေလးအိမ်အရောက်ငွေချေပါ
တခြားမြို့တွေ ငွေလွဲဝင်ပြီးနောက်ရက် ကားဂိတ်ပစ္စည်းထည့်ပေးပါတယ်ရှင့်
Page လေးကိုlike and followနိုင်ပီရှင့်
Click here to claim your Sponsored Listing.
Category
Website
Address
Loikaw