Dr-Tun

Dr-Tun

Share

ဆေးဝါးဗဟုသုတများ မျှဝေသည်... ဘန်ကောက်/ချင်းမိုင် ကျန်းမာရေးဝန်ဆောင်မှုများပေးပါသည် ...

04/09/2026

သားအိမ်အကျိတ် ရှိနေလို့ ခွဲစိတ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီ ၅ ချက် အရင်သိထားပါ!

သားအိမ်အကျိတ် (Myoma) ရှိတယ်ဆိုပြီး ဗိုက်ဓာတ်မှန် (Ultrasound) အဖြေထွက်လာတဲ့အခါ...

"ဗိုက်ဖွင့်ခွဲရတော့မှာလား?"
"မှန်ပြောင်းနဲ့ ခွဲလို့ရော ရမလား?"
"မွေးလမ်းကြောင်းကနေ ခွဲထုတ်လို့ ရသလား?" ဆိုပြီး စိုးရိမ်ပူပန်နေကြတဲ့ အမျိုးသမီးများစွာ ရှိပါတယ်။

အဖြေကတော့ — အကျိတ် ဘယ်နှစင်တီမီတာ (cm) ရှိသလဲဆိုတာတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ အထူးကုဆရာဝန်နဲ့ မခွဲစိတ်မီ Ultrasound Report ထဲမှာ မဖြစ်မနေ ပါဝင်စစ်ဆေးရမယ့် အချက် (၅) ချက် ရှိပါတယ် 👇

၁။ အကျိတ် အရေအတွက်နှင့် အတိအကျ အရွယ်အစား (အလျား x အနံ x အမြင့်)
၂။ သားအိမ်ရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ (ရှေ့၊ နောက်၊ အတွင်း၊ အပြင်)
၃။ FIGO Classification အမျိုးအစား သတ်မှတ်ချက်
၄။ သားအိမ်တစ်ခုလုံးနဲ့ မျိုးဥအိမ်တွေရဲ့ လက်ရှိအခြေအနေ
၅။ Ultrasound အဖြေ သက်တမ်းနှင့် MRI ထပ်ရိုက်ရန် လို/မလို

ခွဲစိတ်ကုသမှု မပြုလုပ်မီ ကိုယ့်ကျန်းမာရေးအခြေအနေကို သေချာတိကျစွာ နားလည်ထားနိုင်ဖို့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။

မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်းတွေအတွက်ဖြစ်စေ ဗဟုသုတရရှိစေရန် Video လေးကို Share ပေးသွားပါဦးခင်ဗျာ။

(ထိုင်းနိုင်ငံ ဘန်ကောက်/ချင်းမိုင်တွင် ဆေးကုသမှု တိုင်ပင်လိုပါက Page Messenger သို့ မေးမြန်းနိုင်ပါသည်)

29/08/2026

သားအိမ်အကျိတ် ကြီးတိုင်း ဗိုက်ဖွင့်ခွဲရမှာလား? 🤔
သားအိမ်အကျိတ် (Myoma) ခွဲစိတ်ကုသရာမှာ အကျိတ်အရွယ်အစားထက် "တည်နေရာနဲ့ ပုံစံ" ပေါ်မူတည်ပြီး အသုံးပြုလေ့ရှိတဲ့ အဓိကနည်းလမ်း (၃) မျိုး ရှိပါတယ်။
1️⃣ Hysteroscopic Myomectomy
ဗိုက်ခွဲရာမပါဘဲ မွေးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းဖြင့် ခွဲထုတ်ခြင်း (၁-၂ ရက်အတွင်း ပုံမှန်လှုပ်ရှားနိုင်)
2️⃣ Laparoscopic Myomectomy
ဗိုက်တွင် အပေါက်သေးများဖောက်၍ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (ဒဏ်ရာသေး၊ သွေးထွက်နည်း၊ ၂-၃ ပတ်အတွင်း သက်သာ)
3️⃣ Open Myomectomy
အကျိတ်များပြီး နေရာရှုပ်ထွေးပါက ဗိုက်ဖွင့်၍ တိုက်ရိုက်ခွဲစိတ်ခြင်း
💡 မည်သည့်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ အထူးကုဆရာဝန်နှင့် သေချာတိုင်ပင် ဆုံးဖြတ်ရပါမည်။
🩺 ထိုင်းနိုင်ငံ (ဘန်ကောက်/ချင်းမိုင်) တွင် ဆေးကုသမှု ခံယူလိုပါက-
၆ လအတွင်း ရိုက်ထားသော Ultrasound Report နှင့် ရောဂါလက္ခဏာများကို Page Messenger သို့ ပေးပို့တိုင်ပင်နိုင်ပါသည်။
#သားအိမ်အကျိတ် #ကျန်းမာရေးဗဟုသုတ

23/08/2026

ဒီမနက် နေရင်းထိုင်ရင်း Viber ကနေ ဖုန်းတစ်ခုဝင်လာပါတယ်။

ချင်းမိုင်ရမ်ဆေးရုံမှာ ဆေးစစ်ဖို့ စုံစမ်းတာပါ။

တစ်ယောက်က အသက် ၆၀ ကျော် အဒေါ်တစ်ယောက်အတွက် **Medical Checkup** စစ်ချင်တာ၊ နောက်တစ်ယောက်အတွက်တော့ **Bone Density — အရိုးပွ စစ်ဆေးမှု** လုပ်ချင်တာပါ။

ကိုယ်လည်း အချိန်ရတုန်းမို့ ဆေးရုံ Package တွေကို တစ်ခါတည်းရှာပြီး ရှင်းပြပေးဖြစ်ပါတယ်။

စျေးနှုန်းတွေပြောတဲ့အချိန်မှာတော့ သူ့ဘက်က သဘောမတူတော့ဘဲ—

သူ့ဖာသာ ရှာဖတ်ထားတာအရ Medical Checkup က ဘတ် ၃,၀၀၀ ကျော်ပဲ ကုန်မယ်၊ Bone Density ကလည်း ဘတ် ၂,၀၀၀ ကျော်ပဲ ရှိတယ်၊ MediTour ကနေ သီးသန့်ရှင်းပြပေးတာတွေ သူ့အတွက် မလိုဘူးလို့ ပြောလာပါတယ်။

ဒေါသ သံတွေနဲ့ ပြောလာတာ ၊ စော်ကားသလို မျိုးပုံစံတွေပါလာတာမို့ စကားအရမ်းမရှည်ချင်တော့လို့ ဖုန်းပဲချလိုက်ပါတယ်။

ဒါပေမယ့် ဒီကိစ္စကနေ လူနာတွေအတွက် သိထားသင့်တဲ့ အချက်တစ်ခုတော့ ရှင်းပြချင်ပါတယ်။

**ချင်းမိုင်ပဲဖြစ်ဖြစ်၊ ဘန်ကောက်ပဲဖြစ်ဖြစ် Medical Checkup လုပ်မယ်ဆိုရင် Package တစ်ခုတည်း၊ စျေးနှုန်းတစ်ခုတည်း မဟုတ်ပါဘူး။**

အသက်အရွယ်၊ ကျား/မ၊ ရောဂါအခံ၊ စစ်ဆေးချင်တဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး Package တွေ ကွာနိုင်ပါတယ်။

ဒီ Case မှာ စစ်ချင်တာက **အသက် ၆၅ နှစ်အရွယ်အတွက် Medical Checkup** ဖြစ်ပါတယ်။

သူမြင်ထားတဲ့ ဘတ် ၃,၀၀၀ ကျော် Package ကတော့ Chiangmai Ram ရဲ့ **အသက် ၃၉ နှစ်အောက်အတွက် Standard Checkup Package** ဖြစ်ပါတယ်။

အသက် ၆၅ နှစ်အရွယ် လူနာတစ်ယောက်အတွက်တော့ “အနိမ့်ဆုံးစျေး Package ဘယ်လောက်လဲ” ဆိုတာထက်
**“ဒီအသက်အရွယ်နဲ့ ဒီလူနာအတွက် ဘာတွေစစ်ဖို့ သင့်တော်လဲ”** ဆိုတာက ပိုအရေးကြီးပါတယ်။

နောက်တစ်ယောက်အတွက် စစ်ချင်တဲ့ **Bone Density / အရိုးပွ စစ်ဆေးမှု** ကို ဘတ် ၂,၀၀၀ ကျော်ပဲလို့ သူမြင်ထားတယ်လို့ ပြောပါတယ်။

ဘယ်မှာကြည့်ထားလဲတော့ မသိပါဘူး။

Chiangmai Ram ရဲ့ လက်ရှိ Official Package မှာတော့ **Advance BMD Package — 5,000 Baht** ဖြစ်ပါတယ်။
(ဆရာဝန်ခ မပါဝင်ပါ)

ဒီနေရာမှာ ** က ဘာလုပ်ပေးတာလဲ** ဆိုတာလည်း ရှင်းပြချင်ပါတယ်။

MediTour နဲ့ ချိတ်ဆက်ပြီး ဘန်ကောက် / ချင်းမိုင်မှာ ကိုယ်တို့ချိတ်ဆက်ထားတဲ့ ဆေးရုံတွေမှာ ဆေးစစ်၊ ဆေးကုမယ်ဆိုရင်—

**ဆေးရုံကုန်ကျစရိတ်ကို လူနာက ဆေးရုံကိုပဲ တိုက်ရိုက်ပေးရတာပါ။**

ကိုယ်တို့က ဆေးရုံ Package စျေးပေါ်မှာ ထပ်တင်ပြီး ကြိုကောက်ထားတာမျိုး မဟုတ်ပါဘူး။

MediTour ကနေ အဓိကကူညီပေးတာက—

လူနာအတွက် ဘယ် Package က ပိုသင့်တော်သလဲ၊
Package ထဲမှာ ဘာတွေပါသလဲ၊
ဘာကြောင့် ဒီစစ်ဆေးမှုလိုတာလဲ၊
စစ်ပြီး Result ထွက်လာတဲ့အခါ ဘာကိုဆိုလိုတာလဲ၊
ဘာဆက်လုပ်ဖို့လိုနိုင်သလဲ—

ဒီလို မသိတာ၊ မရှင်းတာတွေကို **ဆရာဝန်တစ်ယောက်အနေနဲ့ မြန်မာလို လူနာနားလည်အောင် ပြန်ရှင်းပြပေးနိုင်တာ** ဖြစ်ပါတယ်။

ထိုင်းဆေးရုံတွေမှာ မြန်မာဘာသာပြန်တွေ ရှိပါတယ်။

ဒါပေမယ့် အများစုက Medical field ထဲက မဟုတ်တဲ့အတွက် အချို့သော medical information တွေကို လူနာဘက်က တကယ်နားလည်သွားအောင် ရှင်းပြရာမှာ အကန့်အသတ်ရှိနိုင်ပါတယ်။

ထိုင်းဆရာဝန်က ရှင်းပြပြီးသားဖြစ်ပေမယ့်လည်း ကိုယ့်အတွေ့အကြုံအရ လူနာဘက်မှာ **“ဒါဆို ဘာဖြစ်တာလဲ၊ ဘာဆက်လုပ်ရမလဲ”** ဆိုပြီး မရှင်းတာတွေ ကျန်နေတတ်ပါတယ်။

ဒါကြောင့် MediTour ရဲ့ ရည်ရွယ်ချက်က **စျေးကြီးတဲ့ Package ရောင်းဖို့ မဟုတ်ပါဘူး။**

**လူနာအတွက် သင့်တော်တဲ့ ဆေးစစ်မှု၊ ဆေးကုသမှုကို မှန်မှန်ကန်ကန်ရွေးနိုင်ဖို့နဲ့၊ ဆေးရုံမှာရရှိတဲ့ medical information ကို ကိုယ်တိုင်နားလည်ပြီး ဆုံးဖြတ်နိုင်ဖို့ ကူညီပေးတာပါ။**

ဒီ Post အောက်မှာ Chiangmai Ram ရဲ့ Official Package Links နဲ့ ပုံတွေ ချပေးထားပါတယ်။

ချင်းမိုင် / ဘန်ကောက်မှာ ဆေးစစ်၊ ဆေးကုဖို့ စုံစမ်းချင်ရင် **Messenger မှာ မေးထားနိုင်ပါတယ်။**

16/08/2026

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် “ဝမ်းရပ်အောင်” အရင်လုပ်ရမှာ မဟုတ်ပါဘူး။

အရေးကြီးဆုံးက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးဖို့ပါ။

ဝမ်းလျှောဖြစ်တဲ့အခါ မဖြစ်မနေသိထားသင့်တဲ့ အချက် ၅ ချက်—

1️⃣ ORS ကို စောစောစသောက်ပါ

2️⃣ ကလေးဆို နို့မဖြတ်၊ အစားမဖြတ်ပါနဲ့

3️⃣ ရေမသောက်နိုင်၊ အရမ်းမှိန်း၊ ဆီးနည်း၊ မျက်လုံးချိုင့်၊ ဝမ်းထဲသွေးပါ စတဲ့ အန္တရာယ်လက္ခဏာတွေရှိရင် ဆေးရုံသွားပါ

4️⃣ Antibiotic နဲ့ ဝမ်းပိတ်ဆေးကို ကိုယ့်ဘာသာ မစပါနဲ့

5️⃣ သန့်ရေ + လက်ဆေးခြင်း + သန့်ရှင်းတဲ့အစားအစာ ကို အထူးသတိထားပါ

အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါရှိသူတွေမှာ ရေဓာတ်ခမ်းတာ မြန်နိုင်ပါတယ်။

ဒီ Video လေးကို မိသားစု Group တွေ၊ မိတ်ဆွေတွေဆီ Share ထားပေးပါ။ လိုတဲ့အချိန် ပြန်ကြည့်လို့ရအောင် Save လည်းထားပါ။

#ဝမ်းပျက်ဝမ်းလျှော #ရေဓာတ်ခမ်းခြောက်ခြင်း #ကျန်းမာရေး

08/08/2026

၁ လက်မ သားအိမ်အကျိတ်လေးတစ်ခုက ၃ လက်မ အကျိတ်ကြီးထက် သွေး ပိုဆင်းစေနိုင်ပါတယ်

သားအိမ်အကျိတ်ဟာ ကြီးလေ ဒုက္ခပေးလေ လို့ လူအများစု ထင်ကြပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက် ပါ။ ပိုအရေးကြီးတာက အကျိတ် ရှိသူတွေရဲ့ တစ်ဝက်လောက်ကပဲ လက္ခဏာ ခံစားရပြီး ကျန်တဲ့သူတွေက ရှိမှန်းတောင် မသိကြတာပါ။

ခန္ဓာကိုယ်က ပြတဲ့ လက္ခဏာ ၆ ချက်ကို ဒီ video မှာ တစ်ချက်ချင်း ရှင်းပြထားပါတယ်။ ရာသီသွေး များတာကို ကိုယ်တိုင် တိုင်းတာနိုင်တဲ့ နည်း ၃ မျိုး ၊ ဘယ်အချိန်မှာ ultrasound စစ်သင့်လဲ ဆိုတာပါ ပါပါတယ်။

အထူးသဖြင့် ရာသီသွေး များပြီး မောပန်းနေတယ် ဆိုရင် သွေးအားနည်းတာပါ တွဲစစ်ဖို့ လိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ မြန်မာအမျိုးသမီး အသက် ၁၅ နှစ်ကနေ ၄၉ နှစ်ကြားမှာ ၄၂ ရာခိုင်နှုန်းခန့် သွေးအားနည်းနေပါတယ်။

ဒီ ၆ ချက်ထဲက ဘယ်နှစ်ချက် ရှိနေလဲ ရေတွက်ကြည့်ပြီး comment မှာ ရေးခဲ့ပါ။

ထိုင်းနိုင်ငံမှာ ဆက်လက် ကုသဖို့ စဉ်းစားနေတယ် ဆိုရင် ultrasound report ကို မြန်မာဘာသာနဲ့ ရှင်းပြပေးပြီး ထိုင်းက အထူးကု ဆရာဝန်နဲ့ ချိတ်ပေးတာကို ကျနော် လုပ်ပေးနေပါတယ်။ ဆေးရုံနဲ့ ချိတ်ပေးတဲ့အတွက် ဝန်ဆောင်ခ ရပေမယ့် ဈေးနှုန်းက ဆေးရုံကို တိုက်ရိုက် သွားတာနဲ့ အတူတူပါပဲ။ Messenger မှာ စာပို့ထားပါ။ ကျနော် ကိုယ်တိုင် ပြန်ဖြေပေးပါမယ်။

⚠️ ကျနော် သိတာလေးတွေ လူတွေ သိရအောင် Knowledge sharing လုပ်ပေးနေတာပါ ၊ ဒါပေမယ့် online ကနေ တစ်ယောက်ချင်းစီအတွက် ဆေးညွှန်း မပေးနိုင်ပါ — လူနာကို ကိုယ်တိုင်မစစ်/မစမ်းသပ် ဘဲ ပြောရင် အန္တရာယ်ရှိလို့ပါ။ စိုးရိမ်စရာဆိုရင် နီးစပ်ရာ ဆရာဝန်ကို ပြပါ။

#သားအိမ်အကျိတ် #သားအိမ်အကျိတ်လက္ခဏာ #ရာသီသွေးများခြင်း #သွေးအားနည်းခြင်း #အမျိုးသမီးကျန်းမာရေး #ဒေါက်တာဇင်မင်းထွန်း

01/08/2026

ယားနာပေါက်လို့၊ အရေပြားမှာ ပွေး၊ ညှင်း၊ ဝဲ စတာတွေဖြစ်လို့ ဆေးဆိုင်သွားပြီး လိမ်းဆေးမေးဝယ်တဲ့အခါ "ပေါက်စီ" လို့ခေါ်တဲ့ ဘူးခွံစိမ်းစိမ်းနဲ့ ဆေးကို ပေးလိုက်ဖူးပါသလား။

လူအများစုက ဒီလိမ်းဆေးကို အစွမ်းထက်တယ်လို့ထင်ပြီး အရေပြားပြဿနာတော်တော်များများအတွက် သုံးကြတယ်။ ဒါပေမဲ့ ဒီဆေးထဲမှာ Steroid ပါဝင်နေတာကိုတော့ သတိမထားမိကြပါဘူး။

Steroid ပါတဲ့ လိမ်းဆေးတွေဟာ မှိုပိုး (Fungal Infection) ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေပေါ် လိမ်းမိရင် ဘာဖြစ်သွားနိုင်လဲ။
သူက ခန္ဓာကိုယ်ရဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးမယ့် ခုခံအားစနစ် (Immune System) ရဲ့ တုံ့ပြန်မှုကို လျှော့ချပစ်လိုက်ပါတယ်။ ရလဒ်အနေနဲ့ မှိုပိုးတွေက ပိုပြီး လွယ်လွယ်ကူကူ ပျံ့နှံ့သွားနိုင်ပြီး ရောဂါကို ပိုဆိုးစေတတ်ပါတယ်။ ခဏတစ်ဖြုတ် သက်သာသွားသလိုထင်ရပေမဲ့ ရေရှည်မှာတော့ ပိုဒုက္ခပေးနိုင်ပါတယ်။

ဒါကြောင့် ကိုယ်သုံးနေတဲ့ဆေးထဲမှာ ဘာတွေပါလဲ၊ ဘယ်လိုအာနိသင်ရှိလဲဆိုတာ အခြေခံလောက်တော့ သိထားဖို့ အရေးကြီးပါတယ်။
ဆေးဆိုင်တိုင်းမှာ ဆေးအကြောင်း သိတဲ့သူတွေ ရှိအောင်။



မှ Research လုပ်ပြီးရေးသားထားခြင်း ဖြစ်ပါတယ်။

31/07/2026

သားအိမ်အလုံးအကျိတ် တွေ့တာနဲ့ ချက်ချင်းခွဲစိတ်ရမှာလား?

Ultrasound အာထရာဆောင်းမှာ သားအိမ်အလုံးအကျိတ် တွေ့တာနဲ့ လူတော်တော်များများ စိတ်ပူသွားတတ်ကြပါတယ်။

တကယ်တော့ အကျိတ်ရှိတိုင်း ချက်ချင်းခွဲစိတ်ရတာ မဟုတ်ပါ။ အရွယ်အစားတစ်ခုတည်းနဲ့လည်း မဆုံးဖြတ်ပါ။ အကျိတ်ရဲ့တည်နေရာ၊ ဖြစ်နေတဲ့လက္ခဏာနဲ့ ကလေးယူဖို့အစီအစဉ်တို့ကို တွဲပြီးကြည့်ရပါတယ်။

အောက်ကအချက် ၄ ချက်ထဲက တစ်ခုရှိလာရင်တော့ မီးယပ်အထူးကုဆရာဝန်နဲ့ အမြန်တိုင်ပင်သင့်ပါတယ်။

၁။ ရာသီသွေးများပြီး သွေးအားနည်းလာတာ၂။ ဆီးခဏခဏသွားတာ၊ ဝမ်းချုပ်တာ၊ ခါးနာတာလို ဖိအားပေးတဲ့လက္ခဏာတွေရှိတာ၃။ ကလေးမရတာ သို့မဟုတ် ကိုယ်ဝန်ထပ်ခါထပ်ခါပျက်တာ၄။ သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတာ သို့မဟုတ် အကျိတ်ကြီးလာတာ

ထိုင်းနိုင်ငံမှာ စစ်ဆေး၊ အထူးကုတိုင်ပင်၊ ခွဲစိတ်ကုသဖို့ စီစဉ်နေတယ်ဆိုရင် MediTour Messenger ကနေ ဆက်သွယ်နိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာဆေးမှတ်တမ်းတွေကို public comment ထဲ မတင်ပါနဲ့။

ဒီအကြောင်းအရာက ကျန်းမာရေးဗဟုသုတမျှဝေရန်သာ ဖြစ်ပါတယ်။

#သားအိမ်အလုံးအကျိတ် #အမျိုးသမီးကျန်းမာရေး

30/07/2026

ခေါင်းမူးတိုင်း Dimenhydrinate (Dramamine) သောက်နေတာ အဆင်ပြေရဲ့လား? 🤔

ခရီးသွားရင်း ကားမူးလို့ပဲဖြစ်ဖြစ်၊ ရုတ်တရက်ခေါင်းမူးလို့ပဲဖြစ်ဖြစ် Dimenhydrinate ကို သောက်လေ့ရှိကြပါတယ်။ ခဏတဖြုတ် ခေါင်းမူးတာအတွက် အရေးပေါ်သုံးတာက ပြဿနာမရှိပေမယ့်၊ ရေရှည်စွဲသောက်နေမယ်ဆိုရင်တော့ သတိထားသင့်တဲ့ အချက်တွေရှိပါတယ်။

(၁) ရေတိမ် (Glaucoma) ရှိသူတွေမှာ မျက်စိ Pressure တက်စေပြီး ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။

(၂) ဆီးကျိတ်ကြီး (Prostate) ရောဂါရှိသူတွေမှာ ဆီးသွားရခက်တာ၊ ဆီးအောင့်တာတွေ ဖြစ်စေနိုင်ပါတယ်။

(၃) အသက်ကြီးသူတွေမှာ မူးဝေတာ၊ အမြင်ဝါးတာတွေ ပိုဖြစ်စေပြီး ချော်လဲနိုင်တဲ့အန္တရာယ် များစေပါတယ်။

(၄) အခြားအိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေနဲ့ တွဲသောက်ရင် အိပ်ချိန်လွန်တာ၊ အသက်ရှူနှေးတာလိုမျိုး အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ခဏခဏခေါင်းမူးတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါအကြောင်းအရင်းကို သေချာရှာဖွေကုသဖို့ အရေးကြီးပါတယ်။ ဆေးဆိုင်တိုင်းမှာ ဆေးအကြောင်းသိတဲ့သူတွေရှိအောင် HIP က အမြဲကူညီပေးနေပါတယ်။



မှ Research လုပ်ပြီးရေးသားထားခြင်း ဖြစ်ပါတယ်။

29/07/2026

ထိုင်းနိုင်ငံမှာ ဆေးလာကုသဖို့ စဉ်းစားနေပေမယ့်…
ဘယ်ကနေစရမလဲ? ဘယ်လိုရက်ချိန်းယူရမလဲ? ဆေးရုံရောက်ရင် ဘာတွေဆက်လုပ်ရမလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့ ခေါင်းရှုပ်နေပါသလား?

လူနာနဲ့ လူနာမိသားစုဝင်အများစုဟာ ထိုင်းမှာ ဆေးကုသမှုခံယူဖို့ စိတ်ဝင်စားပေမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မသိတာကြောင့် နောက်တွန့်နေတတ်ကြပါတယ်။ ဘာသာစကားအခက်အခဲ၊ ဆေးရုံနဲ့ချိန်းဆိုမှု प्रक्रियाတွေ၊ နေထိုင်သွားလာရေး စီစဉ်မှုတွေက စိုးရိမ်ပူပန်မှုကို ပိုတိုးစေနိုင်ပါတယ်။

MediTour by Dr. Tun မှာ ဒီအခက်အခဲတွေအားလုံးအတွက် တစ်နေရာတည်းမှာ အစအဆုံး ကူညီပေးနေပါတယ်။ ကျွန်တော်တို့က လူကြီးမင်းတို့ရဲ့ ကျန်းမာရေးခရီးစဉ်ကို လွယ်ကူချောမွေ့စေဖို့ တာဝန်ယူပါတယ်။

✅ ဆေးရုံရက်ချိန်း ကြိုတင်ယူပေးခြင်း
✅ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးမှုအတွက် ဘာသာပြန်ကူညီပေးခြင်း
✅ ဆေးကုသမှုအဆင့်ဆင့်ကို ရှင်းလင်းစွာ ဘေးကနေ ရှင်းပြပေးခြင်း
✅ လိုအပ်တဲ့ ညှိနှိုင်းမှုမှန်သမျှကို ကူညီဆောင်ရွက်ပေးခြင်း

လုပ်ငန်းစဉ်တွေရှုပ်ထွေးနေလို့ ကိုယ့်ကျန်းမာရေးအတွက် အချိန်မဆွဲပါနဲ့။ စိတ်ရှုပ်စရာတွေအားလုံးကို ကျွန်တော်တို့နဲ့ တိုင်ပင်ပြီး စိတ်အေးချမ်းစွာနဲ့ ဆေးကုသမှုခံယူလိုက်ပါ။

အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။



မှ Research လုပ်ပြီးရေးသားထားခြင်း ဖြစ်ပါတယ်။

28/07/2026

အအေးမိတိုင်း ပိုးသတ်ဆေး သောက်ဖို့ လိုအပ်သလား?

လူတော်တော်များများ အအေးမိ၊ ဖျား၊ နာ ဖြစ်တာနဲ့ ပိုးသတ်ဆေး (Antibiotic) ကို မှီဝဲတတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး ရေရှည်မှာ အန္တရာယ်ကြီးမားနိုင်ပါတယ်။

(၁) အအေးမိအများစုက ဗိုင်းရပ်စ် (Virus) ကြောင့်ဖြစ်တာပါ။ ပိုးသတ်ဆေးတွေက ဘက်တီးရီးယား (Bacteria) ပိုးတွေကိုပဲ နိုင်တာဖြစ်လို့ ဗိုင်းရပ်စ်ကို ဘာမှလုပ်လို့မရပါဘူး။

(၂) မလိုအပ်ဘဲ ပိုးသတ်ဆေးကို လွယ်လွယ်သုံးစွဲခြင်းက ဆေးယဉ်ပါးမှု (Antibiotic Resistance) ကို ဖြစ်စေပါတယ်။ တကယ်လို့ ဘက်တီးရီးယားပိုးဝင်လို့ ကုသဖို့လိုအပ်တဲ့အချိန်မှာ ဆေးကမတိုးတော့တဲ့ အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။

(၃) ဒါ့အပြင် ပိုးသတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ဝမ်းသွားတာ၊ မအီမသာဖြစ်တာ၊ မှိုပိုးဝင်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။

ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ဘဲ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

မြန်မာနိုင်ငံက ဆေးဆိုင်တိုင်းမှာ ဆေးအကြောင်း တိတိကျကျ သိတဲ့သူတွေ ရှိလာစေဖို့ HIP က ကူညီပေးနေပါတယ်။

HIP အဆင့်မြင့်ဆေးဝါးသင်တန်းအကြောင်း အသေးစိတ်သိချင်ရင် Comment မှာ "HIP" လို့ရေးခဲ့ပါ၊ ဒါမှမဟုတ် Page Messenger ကနေ "HIP" လို့ message ပို့ပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

#ဆေးဝါးဗဟုသုတ
မှ Research လုပ်ပြီးရေးသားထားခြင်း ဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Loikaw?
Click here to claim your Sponsored Listing.

Address

Loikaw