Fairy Skin Care By Maymay Pyone

Fairy Skin Care By Maymay Pyone

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fairy Skin Care By Maymay Pyone, Beauty, cosmetic & personal care, Sinshwethwel, Magway.

17/07/2021

ရေနွေးငွေ့ ရှူခြင်း

အခု ကိုဗစ်ကာလမှာ ရေနွေးငွေ့ ရှူတာကို လုပ်ကြတာကြောင့် သိသင့်တာလေးတွေရေးပေးလိုက်ပါတယ်။

ရေနွေးငွေ့ ရှူခြင်းဟာ ကိုဗစ် ဗိုင်းရပ်စ်ကို
မသတ် နိုင်ပါ ဘူး

ဒါပေမယ့် ကိုဗစ်ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ နှာစေး ခြင်းကို သက်သာ စေနိုင်ပါတယ်။ဒါကြောင့် ဖြစ်ခါစ နဲ့ သိပ်မပြင်းထန်ဘူးဆိုရင်၊ အသက်ရှူ နည်းနည်းပဲ မောတာလောက်ဆိုရင် လုပ်ပေးနိုင်ပါတယ်။

ဘယ်လို လုပ်ရမလဲ။

ခွက်၊ ဇလုံ ထဲကို ‌ရေနွေး ထည့်ပါ။
စောင်၊ မျက်နှာသုတ်ပုဝါ အကြီးနဲ့
ခေါင်းကို အုပ်ပြီး ထွက်လာတဲ့ ရေနွေးငွေ့ကို ရှူပါ။
၂ မိနစ် ၃ မိနစ်လောက် အသက်ကို ဝ ဝ ရှိူက်ပြီး ရှူပါ။

ရှောင်ရမည့် အချက်များ

၅ မိနစ် ထက် ပို မလုပ်ရပါဘူး။

တခါတည်းနဲ့ အကြာကြီး မလုပ်ရပါဘူး။
၃ မိနစ် ၂ ခါလောက် လုပ်ပေးနိုင်ပါတယ်။

ရေနွေးကိုလဲ မီးဖိုပေါ်တင်ထားပြီး ကြိုက်ကြိုက်
ဆူနေတဲ့ အခြေအနေမျိုးမှာ မရှူရပါဘူး။

တအားပူတဲ့ ရေနွေးကို ရှူခြင်းဟာ
ကောင်းကျိုးထက် ဆိုးကျိုးပဲ ဖြစ်စေပါတယ်။

နှာခေါင်းထဲက လေပြွန်တွေ၊
နံရံသား တွေကို လောင်ကျွမ်း ပျက်စီးစေနိုင်ပါတယ်။

သိထားရမှာက

ရေနွေးငွေ့ ရှူတာဟာ နှာစေး နှာခေါင်းပိတ်တာကို သက်သာ စေတာ အဓိက ဖြစ်ပါတယ်။
ဒါဟာလဲ အထောက်အကူ ရတဲ့ အတွက်
လုပ်ကြတာ ဖြစ်ပါတယ်။

အားလုံးကျန်းမာ ကြပါစေ။

Photos from Fairy Skin Care By Maymay Pyone's post 27/05/2021

အိမ်မှာနေရင်း အသားအရေလှလာဖို့
🌱ရှားစောင်းနဲ့ မျက်နှာပေါင်းတင်နည်း (၅) မျိုး 🌱
အားလုံးပဲ မင်္ဂလာပါရှင်🙆🏻
အခုချိန် အိမ်တွင်းအောင်းနေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်
Democracy ရပြီး သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့ အခါ ၊
အလုပ်တွေပြန်ဆင်းတဲ့အခါ ၊ ကျောင်းတွေပြန်တက်တဲ့အခါ
ကိုယ့်မျက်နှာလေး လှနေစေဖို့ အိမ်ထဲမှာပဲ အလွယ်တကူလုပ်လို့ရတဲ့ ရှားစောင်း နဲ့ ပေါင်းတင်နည်းလေးတွေဖော်ပြလိုက်ပါတယ်ရှင်😚💕
၁။ အသားအရေ Glow ဖြစ်ဖို့
ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ရှားစောင်းလတ်ပတ်ဂျယ်
အုန်းဆီ
ပျားရည်
ပါဝင်ပစ္စည်းတွေကို ရောပြီးမျက်နှာမှာလိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပြီး ရေဆေးချပါ။
၂။ အမည်းစက်သက်သာဖို့
အမည်းစက်သက်သာဖို့ အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ –
ရှားစောင်းလတ်ပတ်ဂျယ်
နနွင်းမှုန့်
ဒိန်ချဉ်
သံပယိုရည်
ပါဝင်ပစ္စည်းတွေကို ရောပြီး မျက်နှာပေါ်တင်ပါ။ ၁၀ မိနစ်ထားပြီး ရေဆေးချပါ။
၃။ ခြောက်သွေ့တဲ့အသားအရေအတွက်
Dry Skin အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-
ရှားစောင်းလတ်ပတ်ဂျယ်
ပျားရည်
သံလွင်ဆီ
ပစ္စည်းတွေကို ရောစပ်ပြီး မျက်နှာမှာ လိမ်းပြီးနောက် ၁၅ မိနစ်ထားပါ။
၄။ ထိခိုက်လွယ်တဲ့အသားအရေအတွက်
လိုအပ်တဲ့ပစ္စည်းတွေကတော့-
ရှားစောင်းလတ်ပတ်ဂျယ်
ပျားရည်
ငှက်ပျောသီးတစ်လုံး
ငှက်ပျောသီးကို ပျော်သွားတဲ့အထိ ဖိချေပေးပါ။ ပြီးနောက် ရှားစောင်းလတ်ပတ်ဂျယ်နဲ့ ပျားရည်ထပ်ထည့်ပြီး မျက်နှာမှာ လိမ်းပါ။
၅။ အဆီပြန်တတ်တဲ့ အသားအရေအတွက်
ရှားစောင်းလတ်ပတ်ဂျယ်
သံပယိုရည်
ဒိန်ချဉ်
ပါဝင်ပစ္စည်းတွေကို ရောပြီးနောက် မျက်နှာမှာ လိမ်းပေးပါ။ ပြီးနောက် ၁၀ မိနစ်ထားပေးပါ။
မှတ်ချက်။ ရှားစောင်းလတ်ပတ်ဂျယ် မရှိရင်အိမ်လာယူပါ😊

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Telephone

Website

Address

Sinshwethwel
Magway