Yanant Mae Laypay OS

Yanant Mae Laypay OS

Share

Health & Beauty online shpping.

Photos from Yanant Mae Laypay OS's post 30/12/2020

ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့‼️‼️‼️‼️

❌◾- သနပ်ခါး မလိမ်းပါနဲ့။

❌◾- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။

❌◾- ပင်လယ်စာ မစားရ။

❌◾- နို့ထွက် ပစ္စည်း မစားရ။

❌◾- တာရှည်ခံ ပစ္စည်းများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )

❌◾- အချိုများသော အစားအစာများ မစားရ။

❌◾- ဝက်ခြံကို မညစ်ပါနဲ့။

✅◾- အိပ်ရေး ၀၀ အိပ်ပါ။

✅◾- ရေများများ သောက်ပါ။

💞 တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်Detox လုပ်ပေးပါ

✅◾- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။

' သင့်ရဲ့ အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '
မူရင်းရေးသားသူ

26/12/2020

သင်မသိသေးတဲ့ ဝက်ခြံ နဲ့ ပတ်သတ်တဲ့ အချက် (5)ချက် !!!

1. အဆီပြန်တဲ့ အသားအရည်တွေဘဲ ဝက်ခြံ အထွက်များပါတယ်..

အဆီပြန်တဲ့ အသားအရည်ရှိသူတွေဟာ
ပုံမှန်ထက် အဆီပိုပြီးထုတ်လုပ်တဲ့ အတွက်ကြောင့့်မို့
ချွေးပေါက်ထဲမှာ အဆီ Bacteria ပိုးနှင့်ဆဲလ်အသေတွေ
အလွယ်တကူပိတ်မိပြီး ဝက်ခြံထွက်ဖို့အရမ်းလွယ်ကူပါတယ်။
ခြောက်သွေ့တဲ့ အသားအရည်တွေက
အဆီပိုတွေ မရွိတဲ့ အတွက်ကြောင့်မို့ ဆဲလ်အသေနှင့်
အညစ်အကြေး အနည်းငယ်ကသာ ချွေးပေါက်ထဲမှာ ပိတ်မိနေပြီး
အခန့်မသင့်တဲ့ အချိန်ကျမှ ချွေးပေါက်ထဲကို Bacteria ပိုးရောက်ရှိသွားပြီး
ဝက်ခြံ ထွက်နိုင်ပါတယ်။

2. နေရောင်ခြည်က ဝက်ခြံကို ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။

နေရောင်ခြည်ထဲ ထွက်ပြီး အသားအရည်က
ပုံမှန်ထက် ညိုသြားတဲ့ အချိန်မှာ ဝက်ခြံနှင့်
ဝက်ခြံက ကျန်ခဲ့တာ အမာရွတ်တွေ ပိုပြီးနည်းသွားသလို၊
ပါးသြားသလို ထင်ရတတ်ပါတယ်။
အမွန္ကေတာ့ နေရောင်ခြည်ဟာ
အသားအရည်ရဲ့ အပေါ်ယံ အလွှာကို ပိုမိုခြောက်သွေ့စေပေမဲ့
အသားအရည် အတွင်းပိုင်းမှာတော့ အဆီကိုပုံမှန်ထက်ပိုပြီး
ထုတ်လုပ်စေနိုင်တဲ့ အတွက်ကြောင့်မို့ ဝက်ခြံ ထွက်နေတဲ့ အချိန်မှာ
နေရောင်ခြည်နဲ့ ထိတွေ့တယ်ဆိုရင် ဝက်ခြံကို ပိုပြီးဆိုးစေတတ်ပါတယ် ။
ဒါကြောင့်မို့ ဝက်ခြံ ထွက်နေတယ်ဆိုရင်
Sun Cream ကို မဖှဈမနသေုံးသင့ပှီိး
Sun Cream အမျိူးအစားကို ရွေးချယ်ချိန်မှာလည်း
အသားအရည်အတွင်းပိုင်းကို စိမ့်မဝင်စေနိုင်တဲ့
Zincoxide နဲ့ Titaniumdioxide တွေပါတဲ့
Physical Sun Cream အမျိုးအစားကိုဘဲ ရွေးချယ်သင့်ပါတယ်။

3. Scrub လုပ္တာက ဝက်ခြံတွေကို ပိုမိုဆိုးရွားစေပါတယ်။

ဝက်ခြံ တွေ အများကြီး ထွက်နေတဲ့ အချိန်မှာ
အဲ့ဒီ ဝက်ခြံတွေ အများကြီး ပေါက်သွားရင်
၀ကခြှံပွောကြ မယ္ဆိုတဲ့ မှားယွင်းတဲ့ ယူဆချက်နဲ့
ဝက်ခြံတွေ အကုန္လုံးကို Scrub ကြမ်းကြမ်း တွေကို သုံးပြီး
ပွတ်ဆေးလိုက်ချင်တာမျိုး လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။
ဒါပေမယ့် အဲ့လိုမျိုးScrub အပြင်းစားတွေနဲ့
တိုက်လိုက်တဲ့ အချိန်မှာ ဝက်ခြံမှာရှိတဲ့ ပိုးတွေနဲ့
ဆဲလ္အေသေတြက Harsh Thakkar Chemical ကြောင့် ဆိုးရွားစေပြီးတော့
မျက်နှာတပြင်လုံး အနှံ့ကို ပိုပြီး ပြန့်သွားစေနိုင်ပါတယ်။
အဲ့ဒီ အတွက်ကြောင့်မို့ Scrub နဲ့တိုက်မယ့် အစား
Salicylic Acid ပါတဲ့ မျက်နှာသစ်ဆေးတစ်မျိုးမျိုးကို သုံးပေးသင့်ပါတယ်။

4. Retinoid ဆေးတွေ သောက်တဲ့ အချိန်မှာ
လိမ်းဆေးလိမ်းတဲ့ အချိန်မှာ အသားအရည်က
ပိုပြီး Sensitive ဖြစ် / မဖြစ် ???

ဝက်ခြံ ပျောက်ဆေးထဲမှာ နောက်ဆုံးဆေးလို့ ပြောလို့ရတဲ့
Vit A ပါဝင်တဲ့ Retinoid ဆေးတွေလို
တော်တော်များများသုံးကြပါတယ်။
Retinoid ဆေးတွေဟာဝက်ခြံပျောက်ဖို့လည်း လြယ္သလို
ဝက်ခြံ ပျောက်ပြီးတဲ့ အချိန်မှာလည်း Sensitive ဖြစ်စေနိုင်တယ်ဆိုပြီး
တော်တော်များများပြောကြပါတယ်။
အမွန္က Retinoid သုံးပြီးတဲ့ အချိန်မှာ
အသားအရည်က Sensitive ဖြစ်လာတာမျိုး မဟုတ်ဘဲနဲ့
Retinoid နဲ့ နေရောင်နဲ့ ထိတဲ့ အချိန်မှာ
Sensitive ဖြစ်တတ်တာမို့လို့ Retinoid သုံးမယ်ဆိုရင်
နေ့ခင်းပိုင်းမှာ သုံးတာထက်စာရင် ညဘက်မှာဘဲ သုံးသင့်ပါတယ်။
နောက်တစ်ခုက Retinoid ဆေးတွေက
ကိုယ်ဝန်ဆောင် အမျိုးသမီး မသုံးသင့်တဲ့ ဆေးဖြစ်ပြီး
တစ်ချို့ အသားအရည်နဲ့ မတည့်တာမျိုးရှိတတ်တာမို့
Retinoid ဆေးကို သုံးမယ်ဆိုရင် ဆရာဝန်ရဲ့
ထောက်ခံချက်နှင့်သာသုံးသင့်ပါတယ်။

5. ဝက်ခြံ Treatment တွေဟာ ၀ကခြှံကို ချက်ချင်း ပျောက်မယ်လို့ ယုံကြည်ခြင်း။

ဝက်ခြံ ထွက်နေတဲ့ အချိန်မှာ ဒီဝက်ခြံတွေကို အမြန်ဆုံးပျောက်စေတာမို့လို့
ဆေးတွေ သောက်တာဘဲဖြစ်ဖြစ် Treatment တစ္ခုခု ယူတာဘဲဖြစ်ဖြစ်
တရက် နှစ်ရက်တပတ်အတွင်းကို ပျောက်စေချင်ကြပါတယ်။
ဒါပေမယ့် ဝက်ခြံ တစ်ခုခုရဲ့ Cycle က ရှစ်ပတ်လောက်ထိ ရွိတာ
ဖြစ်တဲ့ အတွက်ကြောင့်မို့ ဆေးအာနိသင်ပြတဲ့ အချိန်ကလည်း
ရှစ်ပတ်လောက်ထိ အချိန်ယူနိုင်ပါတယ်။ ဝက်ခြံ မြန်မြန်
ပျောက်တယ်မပျောက်ဘူးဆိုတာ
ကိုယ့်ရဲ့ အသားအရည် စားသောက်ပုံLife Style နဲ့ ကိုယ်ဖြစ်တဲ့
ဝက်ခြံနဲ့ ကိုယ်အသုံးပြုတဲ့ Treatment ပေါ်မူတည်တဲ့ အတွက်ကြောင့်မို့
အကောင်းဆုံးက ဝက်ခြံ ထွက်လာရင် ကိုယ့်ဘာသာကိုယ် ဒီဝက်ခြံ
မပျောက်မှာကြောက်တယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီးတော့
ဆရာဝန်ပေးတဲ့ဆေးနဲ့လိမ်းဆေးကိုလည်း လိမ်းသင့်ပါတယ်။

23/12/2020

ဝယ်ယူအားပေးကြတဲ့...
ချစ်တွေကို လက်ဆောင်ထည့်ပေးဖို့
ထပ်ဝယ်လာတာ....ခေါင်းစီးကြိုးယူလည်းရ😍
အားပေးလိုက်တော့ ချစ်တို့ရေ❤

16/12/2020

👀မျက်ဝန်းလေးကို ကြည်လင်တောက်ပအောင် ထားတတ်တဲ့အကျင့် မွေးမြူကြရအောင်

ကြည်လင်တောက်ပတဲ့ မျက်ဝန်းတစ်စုံဟာ လူတစ်ယောက်ရဲ့ အလှတရားကို အများကြီးအထောက်အပံ့ပေးပါတယ်

📱ဖုန်းတွေ 💻laptop တွေကြည့်တဲ့အခါ အသုံးချခံရလွန်းတဲ့ မျက်ဝန်းလေးကို ဘယ်လိုကြည်လင်အောင်ထားကြမလဲ
1️⃣အစားအသောက်ဆင်ခြင်မယ်
2️⃣အနားယူမယ်
3️⃣ရေဓာတ်ပြည့်ဝအောင်နေမယ်
4️⃣မျက်လုံးလေ့ကျင့်ခန်းလုပ်မယ်
5️⃣Eye cream ပုံမှန်သုံးမယ်

1️⃣အစားအသောက်ဆင်ခြင်မယ်

Vitamin A, Vitamin C ကြွယ်ဝတဲ့အစားအစာတွေကို များမျာစားပေးရပါမယ်
🍠ကန်စွန်းဥ 🥑ထောပတ်သီး သင်္ဘောသီး blueberry 🍑မက်မွန်သီး 🍇စပျစ်သီး 🥕မုန်လာဥနီ တို့ကို စားပေးရပါမယ်
🌱ဟင်းနုနွယ်ရွက်ကတော့ မျက်ဝန်းလေးအတွက် အထောက်အကူအပြုဆုံးဆိုတော့ လုံးဝ မရှောင်ဘဲ စားပေးရမယ်နော်

2️⃣အနားယူမယ်

⏰လုံလောက်တဲ့ အနားယူချိန်ရှိရပါမယ်
🛌အချိန်ကြာမြင့်စွာအလုပ်လုပ်ထားတဲ့ မျက်လုံးကြွက်သားတွေကို အိပ်စက်ခြင်းနဲ့ ဖြေလျော့အောင်ကုသနိုင်ပါတယ်
⏳အလုပ်တစ်ခုတည်းကို အချိန်ကြာမြင့်စွာမလုပ်ဘဲ မျက်လုံး အနားယူဖို့ 5/10 မိနစ်လောက် break ယူသင့်ပါတယ်

3️⃣ရေဓာတ်ပြည့်ဝအောင်နေမယ်

မျက်လုံးတွေ ခြောက်သွေ့နေမယ် ဝါးနေမယ် ကျိန်းစပ်နေမယ်ဆိုရင် 💦ရေဓာတ်လျော့နည်းနေတာဖြစ်ပါတယ်
🥛ဒါကြောင့် ရေကိုလည်း များများသောက်ပေးရပါမယ်
မျက်နှာသစ်တဲ့အခါ ရေငုံပြီးသစ်တာမျိုး လုပ်ပေးရပါမယ်

4️⃣မျက်လုံးလေ့ကျင့်ခန်းလုပ်မယ်

👐လက်ဝါးနှစ်ဖက်ကို အနွေးဓာတ်ရအောင်ပွတ်ပါ
မျက်လုံးမှိတ်ပြီး အနွေးဓာတ်ရှိနေတဲ့လက်ဝါးနဲ့အုပ်ထားရင်း စိတ်ထဲ relax ဖြစ်စေတဲ့အကြောင်းအရာကိုတွေးတောနေပါ💭
မျက်လုံးထဲကို အလင်းရောင် တိုက်ရိုက်ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ပါ

5️⃣Eye cream ပုံမှန်သုံးမယ်

မျက်ဝန်းလေးကြည်လင်ပြီး မျက်ကွင်းတွေ ညိုနေတာ ချိုင့်နေတာမဖြစ်ရအောင် eye cream ကို ညတိုင်းသုံးပေးသင့်ပါတယ်
IB cream မှာ Eye cream ပါဝင်ပြီးသားဖြစ်လို့ ညအိပ်ချိန် မျက်လုံးတစ်ဝိုက်ကို သေချာလိမ်းပြီးအိပ်ရင် မျက်ကွင်းညိုတာ အရေးအကြောင်းဖြစ်တာတွေ လျော့ပါးစေပြီး လှပတဲ့မျက်ဝန်းလေးတွေ ပိုင်ဆိုင်စေပါလိမ့်မယ်နော် 👀

Photos from Yanant Mae Laypay OS's post 14/12/2020

ဒီလိုတွေဖြစ်ရင် မြန်မာနိုင်ငံသားအများစုက သနပ်ခါးတွေ လိမ်းချလိုက်တယ်🤨

ဒါက မလုပ်သင့်တဲ့ အပြုအမူပါ🙅🙅

ဟုတ်တယ်...ကိုယ်တိုင်လည်း အရင်က အာ့လိုလိမ်းခဲ့တယ်..အခုတော့ မလုပ်တော့ဘူး

ဘာလို့မလိမ်းသင့်တာလည်းဆိုတော့ သနပ်ခါးက အဆီပြန်တာကိုပဲ ထိန်းချုပ်ပေးနိုင်တာပါ...၀က်ခြံကိုတော့ မထိန်းချုပ်နိုင်ပါဘူး🧏‍♂️

သူက ချွေးပေါက်တွေကို ပိတ်စေပြီးတော့ ၀က်ခြံတွေအောင်းစေပါတယ်...

ခဏတာ သက်သာသွားပေမယ့် ရေရှည်မှာ အဆင်မပြေပါဘူး🙅‍♂️

အခြေအနေတစ်ခုရောက်တာနဲ့ ပိုဆိုးသွားမှာပါ💁‍♂️

ဥပမာ- ပင်လယ်စာ ၊ပုဇွန် စတာတွေ စားမိလို့ ၀က်ခြံတွေထွက်ရင် ကိုယ်က ချွေးပေါက်ပိတ်နေတဲ့အတွက် ၀က်ခြံပုန်းတွေ ၀က်ခုံ ဂျက်ခဲကြီးတွေဖြစ်နိုင်ပါတယ်😬

မီးပွို့င်မှာ ကားပိတ် သလိုပေါ့
ရှေ့ကားပိတ်ရင် နောက်ကားတွေလည်း လိုက်ပိတ်ကုန်တယ် ဟုတ်တယ်ဟုတ်😉

ဒါကြောင့် ၀က်ခြံထွက်ရင် သနပ်ခါးမလိမ်းပါနှင့်💁‍♂️

ကိုယ့်ချွေးပေါက်ကို ဖွင့်ပြီးတော့ ၀က်ခြံတွေကို ထုတ်ပါ ပြီးရင် ချွေးပေါက်ကျဉ်းအောင် ပြန်လုပ်ပါ

(ပြောရမယ်ဆိုရင် skincare လုပ်ပါ)
Skin Care ကောင်းတာ သုံးချင်ရင် Chat Box ကိုလာပါ🙋🙋🙋🙋

#မူရင်း Post ပိုင်ရှင်ကို Credit ပေးပါတယ်

Photos from Yanant Mae Laypay OS's post 13/12/2020

ညက မဲပေါက်တဲ့ကံထူးရှင်လေးတွေပါ
Page ရဲ့ CBကိုဆက်သွယ်ပေးပါနော်
ဝမ်းဆက်5စုံ ကံထူးရှင်လေးတွေကတော့...
Hsu Htet
Ei Chaw
Aye Thidar Moe
Mi Mi Phyo
Zue Zue Ko

Joy color lip ကံထူးရှင်ကတော့
Khin Kyawt Kyawt Han

30/11/2020

မဂ်လာပါ pageစဖွင့်တာမလို့
Like & Follow လေးလုပ်ပေးကြပါအုံး😍😍
ဒီ page မှာပဲအကုန်တင်ပီးရောင်းပေးပါ့မယ်နော်
ချစ်တို့😘

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Magway