Phan Khar Hotel
Relaxation, enjoyment, and luxury await you.
✨ Phan Khar Hotel (Magway) တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ အမြန်အလိုရှိသည် ✨
မကွေးမြို့ရဲ့ ထိပ်တန်းဟိုတယ်တစ်ခုဖြစ်တဲ့ Phan Khar Hotel တွင် မိမိတို့နှင့်အတူ လက်တွဲပြီး လုပ်ငန်းခွင်အတွင်း တက်ကြွစွာ တာဝန်ထမ်းဆောင်လိုသည့် ဝန်ထမ်းကောင်းများကို ဖိတ်ခေါ်အပ်ပါသည်။
💼 လစ်လပ်ရာထူးများ
Housekeeping (အခန်းထိန်းသိမ်းရေး) — ( ကျား/မ ) ၅ဦး (အလုပ်အကိုင် အတွေ့အကြုံရှိသူ ဖြစ်ရမည်)
Laundry (အဝတ်လျှော်/မီးပူတိုက်) — (မ) ၃ဦး
🎯 လိုအပ်ချက်များ
သက်ဆိုင်ရာ ဟိုတယ်လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
ဧည့်သည်များကို ရိုသေပျူငှာစွာ ဆက်ဆံနိုင်ပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
📞 ဆက်သွယ်စုံစမ်းရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form များကို အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် (Viber) ပေးပို့ လျှောက်ထားနိုင်ပါသည်။
📱 Viber & Phone: + 09-262083849
📍 တည်နေရာ: Phan Khar Hotel, Magway.
မကွေးမြို့ရဲ့ ထင်ရှားတဲ့ Phan Khar Hotel မှာ တက်ကြွလှုပ်ရှားပြီး အရည်အချင်းရှိတဲ့ လူငယ်မောင်မယ်များကို အောက်ပါရာထူးနေရာများအတွက်
✅ Open Positions:
၁။ KTV Operation Manager (လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရမည်) - ကျား ၁ ဦး
၂။ Supervisor (TheOne Bar) - ကျား ၁ ဦး
၃။ HR Officer - မ ၁ ဦး
🌟 ဘာကြောင့် ကျွန်မတို့နဲ့ လက်တွဲသင့်တာလဲ?
ပျော်ရွှင်စရာကောင်းသော လုပ်ငန်းခွင်ပတ်ဝန်းကျင်။
မိမိ၏ အရည်အချင်းကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ။
သတ်မှတ်ထားသော ခံစားခွင့်များနှင့် လစာများ။
📩 လျှောက်ထားလိုသူများအနေဖြင့် -
မိမိတို့၏ ကိုယ်ရေးရာဇဝင် (CV Form) ကို အောက်ပါ Viber နံပါတ်သို့ ပေးပို့လျှောက်ထားနိုင်သလို လူကိုယ်တိုင်လည်း လာရောက်လျှောက်ထားနိုင်ပါတယ်ရှင့်။
☎️ Viber: 09-262083849
📍 လိပ်စာ: ဖန်ခါး Hotel၊ နတ်မောက်လမ်း၊ မကွေးမြို့။
အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ ✨
အလုပ်ရှာနေသူတွေအတွက် သတင်းကောင်း #အလုပ်ခါ်စာ
မကွေးမြို့၊ နတ်မောက်လမ်း၊ ဖန်ခါးဂေါက်ကွင်းအတွင်းက Phan Khar Hotel ကို အရောက်လာခဲ့နော်
Phan Khar Hotel Spa ကိုအရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်
Click here to claim your Sponsored Listing.