Beauty Girl Online Shop

Beauty Girl Online Shop

Share

Beauty ,Cosmetic &Personal Care

15/11/2022

တချို့သော အရာတွေက မြင်အောင်ကြည့်မှ တန်ဖိုးသိမယ်

လက်ဆောင် 🎁
အမျိုးသမီးတယောက်
အိမ်တံခါးကိုဖွင့်လိုက်တိုင်း
တံခါးဝရှေ့မှာ ငါးအသေတစ်ကောင်ကို
တွေ့နေရတယ်။

ယင်ကောင်တလောင်းလောင်းနဲ့
ငါးသေကောင်ကြောင့်သူ့စိတ်
ညစ်ညူးလို့ -
ငါးသေ ကို အိတ်ထဲထည့်ပြီး
ချက်ချင်း လွှင့်ပစ်လိုက်တယ်။

အဲ့လိုနဲ့ ကြာလာတော့
ငါးအသေကောင်တွေ လာလာထားပြီး
သူ့စိတ်ရှုပ်အောင်လာလာလုပ်နေတဲ့သူကို
ထောင်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီလိုနဲ့နောက်နေ့မှာ လှေကား
အကွယ်မှာရပ်ပြီး တံခါးဝဘက်ဆီ
သူစောင့်ကြည့်နေခဲ့တယ်။
သိပ်မကြာပါဘူး...
ကြောင်တကောင်ဟာ ပါးစပ်မှာ
ငါးတကောင်ကိုက်ပြီးရောက်လာတယ်။

ငါးကို တံခါးဝမှာထားပြီး ကြောင်ဟာ
သိပ်မခွာချင်တဲ့ပုံစံနဲ့ တဖြေး
ဖြေး အဝေးကိုထွက်သွားတယ်။
ကြောင်ကို သူသေချာကြည့်လိုက်
တော့ ...အဲဒီကြောင်ဟာ-
တစ်ချိန်က သူကယ်ခဲ့ဖူးတဲ့ကြောင်
ဖြစ်နေတာကိုတွေ့လိုက်ရတယ်။

ဒီ ငါးသေကို-
သင် နှစ်သက်ချင်မှနှစ်သက်မယ်၊
ဒါပေမယ့်-
သူ့မှာရှိတဲ့ အကောင်းဆုံးအရာကို
သင့်အတွက် သူယူလာပေးတယ်။

တခါတရံ သင့်ကိုချစ်ခင်သူတွေက
အိမ်မွေးကြက်ဥတကဒ်၊
ခြံထွက် ငှက်ပျောသီးလေးတစ်ခိုင်၊
ကိုယ်တိုင်ချုပ်ထားတဲ့ အဝတ်တစ်စုံ၊
ကိုယ်တိုင်ကြော်ချက်တဲ့ ငါးပိကြော်တစ်ဗူးစသဖြင့်-
သင့်အတွက် လက်ဆောင်ပေးတာမျိုး ကြုံဘူးပါလိမ့်မယ်

ဒါတွေဟာ သင့်အတွက် လိုအပ်ချင်မှလိုအပ်မယ်၊
သင်ကြိုက်ချင်မှကြိုက်မယ်-
ဒါပေမယ့် ဒါတွေဟာ သူတို့မှာရှိတဲ့
အကောင်းဆုံးအရာတွေဖြစ်နေတတ်ပါတယ်။

မလွဲသာလို့ လက်ဆောင်ပေးတတ်တဲ့ လူ့အဖွဲ့အစည်းမှာ
စိတ်ရင်းနဲ့ ပေးတဲ့လက်ဆောင်
သင် ရဘူးလား ❓

A fish on the porch
crd Alexander Harry Nyein Aung

Photos from Beauty Girl Online Shop's post 10/11/2022

အင်ဒိုပရင့်ချိတ်ပြည့်

တစ်ထပ်ခံရလွှတ်ပီး ပွဲတိုးစေတဲ့အထည်လေးတွေပါအရမ်းက်ိုလှပါတယ်နော်

လုံချည် ၂ကိုက် + အကျီ တစ်ကိုက် ဝမ်းဆက်

လက်လီ…15500

ဆင်တူကြိုက်သလောက်လက်ခံလို့ရပါတယ်ရှင့်။ ဆင်တူမို့စျေးပိုမယူပါရှငိ့

အရမ်းလှသောအဆင်သစ်လေးတွေပါရှင့်

Photos from Beauty Girl Online Shop's post 18/10/2022

Panda 3 in 1

တထည်စျေး 8500
Ws 6800
၅ထည်တစီးပါ

ငွေလွဲဝင်ရင်နေ့ချင်း ပစ္စည်းပိူ့ပေးပါသည်

25/09/2022

💠 ကျွန်တော်တို့ လင်မယားနှစ်ယောက် မင်္ဂလာဆောင်တော့ သတိုးသမီးလောင်းဖြစ်တဲ့ ကျွန်တော့်မိန်းမကို ဘာမှတင်မတောင်းနိုင်ခဲ့ဘူး။

ကျွန်တော်အဖေကတော့ "ငါ့သား သတိုးသမီးကို ရွှေဆွဲကြိုး(၁)ကုံး၊ လက်ကောက်(၁)ကွင်းတင်ပေးမယ်"လို့တော့ပြောတယ်။

ဒါပေမယ့် ကျွန်တော်က "ရပါတယ် အဖေ။ အဖေတို့ပဲ အဆင်ပြေအောင် လုပ်ပါ။ ကျွန်တော်တို့အတွက်မလိုအပ်ပါဘူး"လို့ပြောလိုက်တယ်။ ကျွန်တော့်ကြောင့် မိဘတွေအခက်အခဲဖြစ်သွားမှာကို မလိုလားလို့ပါ။

ဇနီးလောင်းကိုလည်း ပြောပြတယ်။ "အဖေကတော့ ဒီလိုပြောတယ်။ ဒါပေမယ့် ငါလုပ်ကျွေးထားတာဘာမှမရှိသေးလို့ မယူချင်ဘူး။ အဆင်ပြေမလား" ဆိုတော့ "သူချစ်တာ ကျွန်တော်ကိုပဲတဲ့။ ကျန်တာဘာမှမလိုဘူး"တဲ့။

ပြန်တွေးကြည့်တော့ မိန်းမကိုသိပ်ကျေးဇူးတင်မိတယ်။ သတိုးသား၊ သတိုးသမီး၀တ်စုံကလည်း ကိုယ့်လစာကို စုပြီး၀ယ်ချုပ်ကြတာ။ Pre Weldding တွေဘာတွေဆိုတာ ဝေလာဝေး။

အိမ်ထောင်မကျခင်ကတော့ သိပ်စိတ်ကူးယဉ်တာ။ မင်္ဂလာဆောင်ရင် ဘယ်လိုဆောင်မယ်။ ဘယ်သူတွေကို ဘယ်လိုဖိတ်ပြီး ဧည့်ခံမယ်…စသည်ဖြင့်ပေါ့လေ…။
တကယ်တမ်းမင်္ဂလာဆောင်တော့ အဲဒါတွေဘာမှဖြစ်မလာခဲ့ဘူး….။ ဒါပေမယ့် ကျွန်တော်စိတ်မပျက်ခဲ့ပါဘူး။ အဖေတို့ အမေတို့က သူတို့တတ်နိုင်တာထက်ပိုလုပ်ပေးခဲ့တယ်လို့ပဲ ကျွန်တော်ခံယူခဲ့တယ်။ ပျော်သင့်သလောက်လဲ ပျော်ခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ ပုံပြီးတင်တောင်းတဲ့အခြားသူတွေရဲ့ Post တွေဖတ်ပြီး တချို့ကရေးကြတယ်။ "တန်ဖိုးရှိအောင်နေတော့ တန်ဖိုးထားခံရတယ်"တဲ့။ ဒါဆို အဲလိုတင်မတောင်းခံရတဲ့ အမျိုးသမီးတွေက တန်ဖိုးမရှိတော့ဘူးလား လို့မေးရမလိုဖြစ်နေတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကံ ခြင်း၊ အကျိုးပေးပုံခြင်းမတူတာကြောင့်လို့ပဲ ထင်ပါတယ်။

(၁၀-၁၁-၂၀၁၄)မှာ မင်္ဂလာဆောင်တယ်။ ကျွန်တော်ဇနီးအတွက် မင်္ဂလာဦးဆွဲကြိုးလေးကိုတော့ ကျွန်တော့်လစာလေးတွေစုပြီး ၂၀၁၆ခုနှစ် မတ်လ(၁၅)ရက်နေ့မှ ၀ယ်ပေးနိုင်ခဲ့တယ်။ တကယ့်သေးသေးလေးပါပဲ။ အဲဒါလေး၀ယ်ပေးနိုင်တဲ့နေ့ကဆို သိပ်ပျော်တာပဲ။

ဒီနေ့လိုခေတ်ဆိုးကြီးထဲမှာ တရားရုံးမှာပဲ လက်မှတ်ထိုးလက်ထပ်လိုက်ရလို့၊ မင်္ဂလာပွဲကို စိတ်ကူးထဲကတိုင်းမလုပ်ရလို့ဆိုပြီး စိတ်ပျက်နေတဲ့ ဘ၀တူမိတ်ဆွေတွေကို
အောင်သမာဓိ ဦးအောင်ပြောခဲ့တဲ့စကားလေးနဲ့ အားပေးပါရစေ…

မင်္ဂလာဘယ်လိုဆောင်သွားတယ် ဆိုတာထက် မင်္ဂလာဆောင်ပြီး ဘယ်လိုနေထိုင်သွားကြတယ်ဆိုတာက ဘ၀မှာပိုပြီးအရေးကြီးပါတယ်။

အခက်အခဲများကျော်လွှားနိုင်ကြပါစေ……။

✪ ℂ𝕣𝕖𝕕𝕚𝕥 ; 🍀

24/09/2022

အရိုးသားဆုံးပြောရရင် လူရွေးမှားခဲ့တာပေါ့ ။

မေတ္တာတွေ စစ်မှန်ပါရဲ့နဲ့ ဘာကြောင့်များ ကိုယ့်ဖက်ကျတော့ ပြန်မလာတာလဲဆိုတဲ့ မေးခွန်းတွေ ကျွန်မ မကြာခဏတွေးနေမိတယ် ပြီးတော့ ၀ဋ်ကြွေးတွေလားဆိုတဲ့ မေးခွန်းတွေ မေးနေမိတယ် ။ သေချာတာတစ်ခုက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မလိမ်ညာခဲ့ဖူးခဲ့သလို ဘယ်နှလုံးသားကိုမှ မနာကျင်စေခဲ့ဖူးတာတော့ အမှန်ပါ ။ ဒါပေမယ့် ကျွန်မချည်းပဲ ဘာကြောင့်နာကျင်နေရတာလဲဆိုတာတော့ အဖြေတွေဟာ တကယ်ရှိမနေခဲ့ဘူး ။

လူတစ်ယောက်ကို ချစ်မိတဲ့အခါ ဟိုးအရှေ့ကို မျှော်တွေးပြီး အများကြီး စိတ်ကူးယဥ်တတ်တဲ့ကောင်မလေးလေ ။ ဒီလူတစ်ယောက်ကို ချစ်မိရင် အဲ့ဒီလူတစ်ယောက်တည်းကိုပဲ စိတ်နှစ်ထားတဲ့ လူတစ်ယောက်ဆိုတော့ ပိုဆိုးတာပေါ့ ။ ပြီးတော့ ကိုယ်ချစ်ရင် ချစ်သလောက် ပြန်ပြီး အချစ်ခံချင်တဲ့ လူတန်းစားထဲမှာ ကျွန်မက ထိပ်ဆုံးက ပါတယ်လေ ။ ကိုယ်ပေးတဲ့ ဂရုစိုက်မှုတွေ အကြင်နာတွေ အလကား ဖြစ်မသွားချင်တာပေါ့ ။ ဒါပေမယ့် ကိုယ်ဘယ်လောက်ပဲ တန်ဖိုးထားခဲ့ တန်ဖိုးထားခဲ့ တခြားတစ်ယောက်နဲ့ပဲ ဇာတ်သိမ်းသွားတာများပါတယ် ။

မင်းကို သိပ်ချစ်ပါတယ်ဆိုပြီး ကိုယ့်ဘ၀ထဲကို အတင်းတိုး၀င်လာတဲ့ လူတွေကပဲ တခြားတစ်ယောက်ကို ပိုချစ်ပါတယ်ဆိုပြီး ချန်ထားရစ်ခဲ့ကြတာလေ ။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ မေးနေလဲ မဖြေဘူး ။ ပြီးတော့ ဒီလောက် ချစ်ခဲ့တာဆိုပြီး ငိုပြနေလို့လဲ မစာနာဘူး ကိုယ်သာ ဘာလို့ ဒီလောက်လုပ်ရပ်ရတာလဲဆိုတဲ့ အတွေးတွေကြားမှာ ပြိုလဲရတာပါ ။ ငါသာဆိုရင်လေဆိုပြီး ကိုယ့်အတွေးနဲ့ ယဥ်ပြီး သူ့ခေါင်းထဲမှာ ဘာတွေများရှိနေမလဲဆိုပြီး ပြေးကြည့်ချင်နေမိတယ် သိပ်သိချင်နေမိတယ် ။

အချိန်တွေ အကြာကြီး ဂရုတစိုက်ချစ်မိလိုက် နှစ်တွေအကြာကြီး စိတ်ကူးတွေယဥ်လိုက်နဲ့ ရူးနေမိတဲ့ ကျွန်မက ၀ဋ်ကြွေးတွေဆိုလဲ ကျေသင့်ပြီးမဟုတ်လား ။ မြီးကောင်ပေါက်အရွယ်လေးလို အချစ်ကို ရူးနေလို့လဲ ဖြစ်တော့တာမှ မဟုတ်ပဲလေ ။ ကိုယ့်အသိတရားနဲ့ ကိုယ် ကိုယ့်ကိုယ်ကိုယ်တော့ ထိန်းဖို့သင့်ပြီမဟုတ်လား ။ရင့်ကျက်လာတော့ ဒဏ်ရာတွေက ပိုတိုးတယ် ။ ငိုချင်တဲ့ မျက်ရည်တွေ ရှိနေရင်တောင် ဘယ်သူမှ မသိအောင်ပဲ ငိုချရတာလေ ။ ကြေကွဲပြချင်ရင်တောင် ဘယ်သူမှ မရှိတဲ့ အရပ်မှာပဲ ပြိုလဲရတာလေ ။

တကယ်ပဲ ချစ်ခဲ့ပါတယ် ... ပြီးတော့ မေတ္တာတရားတွေဟာလဲ တကယ်ပဲ စစ်မှန်ခဲ့ပါတယ် ။ ဘာကြောင့်များ ကျွန်မအပေါ် လုပ်ရပ်ရတာလဲဆိုတဲ့ မေးခွန်းတွေ ဒီနေ့ ဒီအချိန်ထိ ရှိနေသေးတယ် ။ ကျနေတဲ့ မျက်ရည်တွေကို ဘာကြောင့်များ မစာနာရတာလဲဆိုတဲ့ အဖြေတွေ လိုချင်သေးတယ် ။ တကယ်လို့ အချိန်တန်ရင် ကျွန်မ တစ်ယောက်တည်းပဲ ကျန်ခဲ့ပြီး နာကျင်ရမယ်ဆိုရင် ကျွန်မ ဘယ်သူ့ကိုမှ ချစ်ခဲ့မှာလဲ မဟုတ်သလို ဘယ်သူ့ချစ်ခြင်းမေတ္တာကိုမှလဲ လိုချင်ခဲ့မှာ မဟုတ်ဘူး ။ ကျွန်မက တကယ်ပဲ သိပ်ချစ်တတ်ခဲ့ပါတယ် ဒါပေမယ့် အဆုံးသတ်တွေကတော့ နောက်တစ်ယောက်နဲ့ပဲ ဆုံးတယ် ။

နေနိုင်အောင်နေဆိုတဲ့ စကားတွေ ချန်မထားခဲ့ပေမယ့် မနေနိုင်လဲ နေနိုင်အောင်ပဲ နေရတာပဲမဟုတ်လား ။ မိန်းမသားလေ ငိုရင်လဲ တိတ်တိတ်လေးငိုရတယ် ကြေကွဲတော့လဲ တိတ်တိတ်လေးပဲ ပြိုလဲရတယ် ။ တစ်ယောက်တည်း ချစ်ပြီး ဒီတစ်ယောက်တည်းနဲ့ အဆုံးသတ်ချင်တဲ့ အိပ်မက်တွေဟာလဲ ပျက်စီးသွားရတယ် ။ အချိန်တွေ အများကြီးရှုံးတယ် မျက်ရည်တွေ အများကြီးရှုံးတယ် ။ အရင်တုန်းက လူတစ်ယောက်လို ပျော်မနေတော့တာ ပြုံးမနေနိုင်တော့တာက အဆိုးဆုံးပါပဲ ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်မ မေတ္တာတွေဟာ တကယ်ပဲ စစ်မှန်ခဲ့ပါတယ် ။ သေချာတာတစ်ခုကတော့ အဲ့ဒီ အစစ်အမှန်တွေကို ပေးဖို့အတွက် ကျွန်မ ရွေးခဲ့တဲ့ လူက မှားသွားခဲ့တာ ။

ကိုယ် အားငယ်နေတဲ့အချိန်

ဆွဲမိတဲ့လက်က

မကောင်းတဲ့ လူတစ်ယောက်

ဖြစ်နေခဲ့ရုံပါ...

တစ်ယောက်တည်း...

ရုန်းကန်လှုပ်ရှားနေတဲ့ဘဝမှာ

ဒီတိုင်းလေး နေလိုက်ရင်

အကောင်း...

အခုတော့

ကိုယ့်အပူ ကိုယ်ရှာမိလိုက်သလိုပါပဲ ။

ဒီလူတော့...

ငါ့ကို အဖော်ပြုပေးနိုင်မှာပါ

ပြီးတော့ ​ပျော်အောင်ထားပေးမှာပါ

ငါ့ကို နားလည်ပေးမှာပါဆိုတဲ့

အတွေးတွေ အားလုံးဟာ

မှားခဲ့တယ် ။

အရိုးသားဆုံးပြောရရင်

လူရွေးမှားခဲ့တာပေါ့။



#ကျေးကို

(ရင်နှင့်ရင်း၍ရေးသည်)

24/09/2022

အာရုံစိုက်မမှားစေနဲ့။
ချောက်တွန်းခံရတာ၊ အနိုင်ကျင့်ခံရတာ၊ အထင်လွဲခံရတဲ့အခါ…
ငါ့မှ ဖြစ်ရလေခြင်း ဆိုပြီး လဲကျသွားတဲ့နေရာမှာပဲ ဆက်ပြီးရှိမနေပါနဲ့။
ကိုယ်နဲ့ထိုက်တန်တဲ့ဘဝကို အာရုံစိုက်ပြီး ကြိုးစားလုပ်ပါ။

24/09/2022

လူတစ်ယောက်အနားမှာ
အမြင်ကပ်စရာကောင်းလောက်အောင်
ကပ်တွယ်နေခဲ့ဖူးလား ...

မချစ်တော့ဘူးဆိုတဲ့ စကားကို
သေချာကြားရဲ့နဲ့
ကျွန်တော်ချစ်တယ်လေဆိုပြီး
မျက်နှာပြောင်တိုက်ခဲ့ဖူးလား ...

မကိုင်ချင်မှန်းသိသိရဲ့
ဖုန်းတွေကော
ဆက်တိုက် ခေါ်နေမိဖူးလား ...

ဖတ်မယ် မဖတ်ဘူးဆိုတဲ့
စာတွေကိုကော
ဆက်တိုက် ပို့နေခဲ့ဖူးလား ...

ပြန်တွေးကြည့်ရင်
ရှက်စရာကြီးနော်
ပြန်သတိရမိရင်
နာကျင်စရာကြီးနော် ။

ချစ်လို့ဆိုတဲ့ အဖြေကလွဲပြီး
တခြားဘာကိုမှ
ဂရုမစိုက်နိုင်ခဲ့တဲ့
အဖြစ်အပျက်ကြီးက
တကယ်ကို ရင်နာစရာကြီးနော် ။

#ကျေးကို

12/09/2022

တစ်နေ့ ကျွန်မကိုချစ်တဲ့ ယောကျာ်းကိုပဲ
လက်ထပ်မယ်. . .❤

ကိုယ့်ကို ချစ်မြတ်နိုးတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်မှာ ကလေးတစ်ယောက်လို့ ချွဲနွဲ့ချင်ပါတယ်. . .

အဲ့ဒီ ရင်ခွင်ဟာ စိတ်ချရတဲ့ ရင်ခွင်ပဲ ဖြစ်ပါရစေ

အမြဲတမ်း ပူပင်သောကတွေနဲ့ သံသယထားပြီး
လက်တွဲရမယ့်သူကို ကျွန်မ မလိုချင်လို့ပါ. . .

ကိုယ့်ဘဝလက်တွဲဖော်ဟာ ကိုယ်ရွေးချယ်မှု
မှန်ကန်တဲ့သူပဲ ဖြစ်ချင်ပါတယ်. . .

ဘဝလက်တွဲဖော်ကို မှားရွေးမိလို့ နောက်မှ နောင်တရပြီး မျက်ရည်ကျရမယ့် မိန်းမတွေထဲမှာ
ကျွန်မ မပါချင်ဘူး. . .

ကျွန်မက မိဖုရားပဲ ဖြစ်ချင်တာ

ယောကျာ်းက စေခိုင်းတဲ့ ကျေးကျွန်မဖြစ်ချင်ဘူး
ယောကျာ်းက တင်မြှောက်တဲ့ မိဖုရားတစ်ပါးပဲ
ဖြစ်ပါရစေ. . .

ကိုယ်ကပဲ ချစ်နေရတဲ့သူ မဖြစ်ချင်ဘူး
ကိုယ့်ကို ချစ်တဲ့ရင်ခွင်မှာပဲ ချွဲနွဲ့ချင်ပါတယ်. . .

ကိုယ်က ပူပင်ရမယ့်သူ မဖြစ်ချင်ဘူး
ပူပင်စရာမလိုတဲ့ အချစ်မျိုးကိုပဲ ကျွန်မ
လိုချင်လို့ပါ. . .

တစ်ဦးခံစားချက်ကို တစ်ဦး နားလည်ပြီး
လက်တွဲသွားမယ့် ဆက်ဆံရေးပဲ လိုချင်ပါတယ်. . .

အတ္တတွေမရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးပေါ့

အဲ့ဒီ ယောကျာ်းဟာ အရာရာပြည့်စုံနေဖို့ မလိုဘူး
ကျွန်မရဲ့ အရှိကိုအရှိတိုင်းကို ချစ်ပေးတဲ့သူ
ကျွန်မရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့သူ

တစ်ကိုယ်ကောင်း မဆန်တဲ့ ယောကျာ်းဖြစ်ရင်
ရပါပြီး. . . ။

ဆုမြတ်နိုး ( . )

07/09/2022

ဘယ်လိုကောင်လေးမျိုးကို
လိုချင်လဲလို့မေးရင် ရှင်းပါတယ်။

ကိုယ့်ကိုပဲ ကြည့်နေမယ့်ကောင်လေးမျိုးပါ။

ပေါက်ကရတွေလုပ်နေရင်တောင် "ဟာကွာ..ပေါတောတောနဲ့ ဘာတွေလုပ်မှန်းမသိဘူး "ဆိုပီး ကိုယ့်ခေါင်းလေးကိုဖွဖွလေးပုတ်ပီး ပြုံးနေမယ့်ကောင်လေးမျိုး

ချစ်ဖို့ကောင်းတဲ့ အမူအယာလေးလုပ်နေရင်တောင်
ကြည့်ပီး အသဲတယားယားဖြစ်နေမယ့်ကောင်လေးမျိုး

ကုန်ကုန်ပြောရရင်ကွာ. ဒီကောင်မလေးက ငါ့ကောင်မလေးပါ ငါ့အပိုင်ပါလို့သတ်မှတ်ပီး ကိုယ့်တယောက်ထဲကိုပဲ ကြည့်နေမယ့် ကောင်လေးမျိုးပေါ့❣️

14/08/2022

မိန်းမကို အလိုလိုက်နိုင်တဲ့ ယောက်ျား
သူ့မိန်းမက ပျော်ရွှင်တော့သူလဲ
ပျော်ရွှင်မှုကို ရသွားတယ်

မိန်းမကို ပျော်အောင်ထားနိုင်တဲ့ ယောက်ျားသူ့ မိန်းမစိတ်ချမ်းသားရင်သူလဲစိတ်၏ ချမ်းသာမှုကို ရသွားတယ်

မိန်းမ စကား နားထောင်နိုင်တဲ့ ယောက်ျား
အကြံညဏ်ကောင်းတွေရပြီး အောင်မြင်မှု ရသွားတယ်

မိန်းမ ကို ပိုက်ဆံပေးသုံးနိုင်တဲ့ ယောက်ျား ကြီးပွားချမ်းသာမှုကို ရသွားတယ် သုံးတာနဲ့ ဖြုန်းတာမတူပါဘူး လိုအပ်တာဝယ်တာသုံးတာ မလိုအပ်ပဲလျှောက်လုပ်တာ ဖြုန်းတာ

မိန်းမ ကို သည်းခံနိုင်တဲ့ ယောက်ျား
ကိုယ်၏ ကျန်းမာမှုကို ရသွားတယ်

မိန်းမ ဘာသာရေး ကိုင်းရှိုင်းတာ အားပေးနိုင်တဲ့ ယောက်ျား ကိုယ်တိုင်လည်း ကောင်းမူကုသိုလ်တွေ
ရသွားတယ်

မိန်းမ ကို မိဘုရားလိုထားနိုင်တဲ့ ယောက်ျား ကိုယ်တိုင်လည်း ဘုရင်လို ခံစားသွားရတယ်

မိသားစုကို ချစ်မြတ်နိုးတဲ့ ယောက်ျား
မိသားစုရဲ့ လေးစားခြင်းကို အပြည့်အဝ
ရရှိသွားတယ်

အားနွဲ့တဲ့မိန်းမသားတွေကိုလက်ပါတဲ့ယောက်ကျားကြတော့ ယောက်ကျားယုတ်ပေါ့နော်

Cd

10/08/2022

` နွေးနွေးထွေးထွေး နေပါ
ပြီးတော့ မင်းကိုယ်မင်း ချစ် ပါ ´
🥰 … … … 🥰… … …🥰

မလိုအပ်တော့တဲ့အစိတ်အပိုင်းတွေကို
မင်းဘဝထဲက အခုထုက်ပစ်လိုက်ပါ

သိမ်ငယ်ရမယ့်ခံစားချက်တွေကို
မင်းရင်ထဲမှာ မွေးမထားပါနဲ့

ပြန်တွေးလိုက်ရင်
ဝမ်းနည်းနေရမယ့်အတိတ်တွေကို
မင်းခေါင်းထဲမှာ မှတ်မထားပါနဲ့တော့

နာကျင်ရမယ့်ရပ်ဝန်းတွေဆို
ယောင်လို့တောင် မငေးမိပါစေနဲ့

တစ်စုံတစ်ခုတည်းပေါ်ကို တည်မြဲစေချင်ပြီး
သံယောဇဉ်တစ်ခုတည်းပေါ်ကို
မြဲလိမ့်မယ်မှတ်ပြီး တွယ်တာနေသရွေ့တော့
မင်းစိတ်ဟာ အထိအခိုက်များနေဦးမှာဘဲ

ဘယ်လိုအရှုံးမျိူးကနေမှ
လူဟာ ချက်ချင်းပြန်ထမလာနိုင်ဘူး

ဘယ်လိုနာကျင်မှုမျိုးကနေမှ
လူဟာ ချက်ချင်း ပြန်ပျော်မလာနိုင်ဘူး

ဘယ်လိုဒဏ်ရာမျိုးကမှလဲ
ချက်ချင်းကြီး နေသားတကျဖြစ်မလာပါဘူး

အချိန်တစ်ခုတော့ လိုတာပေါ့
ခံနိုင်ရည်တွေကို မြှင့်ထားရမယ်
အတိတ်တွေကို လွှင့်ပစ်ထားခဲ့ပြီး
လက်ရှိမှာ ပျော်ရွှင်အေးချမ်းနေတဲ့လူတစ်ယောက်
ဖြစ်ချင်တဲ့စိတ် မင်းမှာ တကယ်ရှိနေဖို့ လိုတယ်

ဒါဆို
ဘယ်လိုနာကျင်မှုမျိုးကမှ
မင်းရဲ့ပျော်ရွှင်ခြင်းကို ဟန့်မတားနိုင်ဘူး

ဘယ်လိုလောကဓံမျိုးကမှလဲ
မင်းပြိုလဲကျသွားအောင် မထိုးနှက်နိုင်ဘူး

အမှားကြီး မှားမှန် သိပေမယ့်
ပြုပြင်ဖို့ ဝန်လေးနေတာတွေ

နာကျင်ရမှန်း သိပါလျှက်
လွှတ်ချလိုက်ဖို့ ခက်ခဲနေတာတွေ

ပြောင်းလဲဖို့သင့်ပြီးမှန်း သိပါလျှက်
တွန့်ဆုက်ရွေ့ဆိုင်းနေတာမျိုးတွေ
ငါတို့မှာ
အနည်းနဲ့အများတော့ ရှိကြတယ်မဟုတ်လား

အဲ့လိုပဲ
လူဆိုတာ
မရှင်သန်ချင်တော့ပါဘူးကွာလို့
အကြိမ်ကြိမ်ညည်းညူရင်းနဲ့ပဲ
အဲ့ဒီရှင်သန်မှုကြီးကို
ဖတ်တွယ်ထားတတ်တာလေကွာ

နာကျင်ရတာ တန်တယ်မဟုတ်လား ?

ပြီးပါပြီလို့စာတန်းထိုးသွားတဲ့ဇာတ်ဝင်ခန်းတွေကို
အစကနေ ပြန်ပြန်ရစ်မကြည့်ပါနဲ့

မပြုံးတော့တဲ့နှုက်ခမ်းတွေကိုလဲ
ပြုံးလာဖို့တစ်ကူးတက မကြိုးစားပါနဲ့

ဘဝဆိုတာ
ဖြစ်လာသမျှကို ကျေနပ်စွာလက်ခံတတ်ဖို့ပါပဲ

ပြုပြင်ပါ ပြောင်းလဲပါ

ဘယ်အခြေအနေမှာဖြစ်ဖြစ် နေတတ်ဖို့ကြိုးစားပါ

အကောင်းဆုံးလုပ်ဖို့ တွေးထားပါ
တကယ်လို့ အဆိုးတွေလာရင် လက်ခံပါ

ဘယ်အရိပ်ကိုမှ
ကြာကြာအရိပ်မိုးပေးနိုင်မယ်မထင်နဲ့
ဘယ်သူ့ပေါ်မှလဲ မမှီခိုပါနဲ့

မျိုသိပ်ခြင်းဟာဘဝမဟုတ်ပေမယ့်
ခံစားနာကျင်နေရသမျှတိုင်းကိုတော့
ထုက်ပြောနေဖို့အဆင်မပြေဘူးဆိုတာ နားလည်ပါ

လောကဓံက ကွက်ကြားမိုးမဟုတ်ပေမယ့်

ချစ်ခြင်းမေတ္တာကတော့ လူရွေးပါတယ်

ဘယ်သူကတော့ ငါ့အပိုင်ပါဆိုပြီး
ဂရုစိုက်မှုတွေအမြဲရနေမှာဘဲလေလို့
လောဘတကြီး တွေးမထားပါနဲ့

ကိုယ့်အပိုင်ဆိုတဲ့အရာတွေကဘဲ
တစ်ချိန်မှာ ကိုယ်နဲ့မဆိုင်သလိုဖြစ်သွားတတ်လို့ပါ

နွေးနွေးထွေးထွေး နေပါ

ပြီးတော့ မင်းကိုယ်မင်း ချစ်ပါ

မမျော်လင့်နဲ့

မမျော်လင့်နဲ့နော်

မမျော်လင့်ပါနဲ့ကွာ

ဘယ်သူ့ဆီကမှ ဘာမှမမျော်လင့်ပါနဲ့

တစ်ချိန်ကျရင်
မင်းမျော်လင့်ထားခဲ့သလောက်
မင်း ဘဲ ပြန် နာ ကျင် ရ မှာ … … … ။

crd
စာပေစိတ်ဝင်စားသူများ
အကောင့်လေးကို
like and follow
လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်ဗျ😇
👇🏻👇🏻👇🏻
https://www.facebook.com/profile.php?id=100083748567102

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Website

Address

Magway