Khin Herbal Shampoo
Belong with True Nature!
08/12/2023
ဆံပင်တွေ ဘာကြောင့် ကျွတ်ရတာလဲ?
❗ဆံပင်ကျွတ်တယ်ဆိုတာ ကုသလို့မရပါဘူး။ ဒါပေမယ့် သက်သာလျော့ပါးအောင်တော့ လုပ်နိုင်ပါတယ်။
နေ့ရက်တိုင်းမှာ လူတိုင်း ဆံပင်အချောင်း 100 လောက်စီ ကျွတ်တက်ကြပါတယ်။ ဒါက စိတ်အရမ်းကြီးပူစရာတော့မလိုပါဘူး 🤗
- နေထိုင်မကောင်းဖြစ်လို့ ကျန်းမာရေးမကောင်းတဲ့အခါမျိုးတွေမှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။
- နောက်ပြီး အာဟာရဓာတ်တွေချို့ယွင်းနေရင်လည်း ဆံပင်ကျွတ်တတ်သလို မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- တစ်ချို့သူတွေမှာတော့ ဆံပင်ပိုကျွတ်တတ်တဲ့ကာလတစ်ခုရှိတတ်ကြပါသေးတယ်ရှင့် 🤗
နောက်ထပ် ဆံပင်ကျွတ်ရတဲ့ ပြဿနာတွေကတော့ 👇
💁♀️ ဗောက်ထတဲ့ပြဿနာတွေ ကြုံရချိန်၊
💁♀️ စိတ်ဖိစီးမှုဝေဒနာတွေ ကြုံရတဲ့အချိန်၊
💁♀️ ကျန်းမာရေးပြဿနာတွေ ခံစားရတဲ့အချိန်တွေမှာ ဆံပင်တွေ ကျွတ်တတ်ပါတယ်။
♨️ Diet လုပ်တာကြောင့်လည်း ဆံပင်ကျွတ်စေတယ်။
နောက်ပြီး အမျိူးသမီးများ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်တွေမှာလည်း ဆံပင်တွေကျွတ်တတ်သလို ပဋိသန္ဓေတားဆေး မှီဝှဲနေချိန်၊ သွေးဆုံးချိန်တွေမှာဖြစ်နိုင်ပါတယ်နော် 😌
ဒါဆို ဆံပင်ကျွတ်တာတွေ သက်သာအောင် ဘယ်လို ဖြေရှင်းနိုင်မလဲ 🤷♀️
🧏♀️ ခေါင်းကို ခဏခဏ မကုတ်ပါနဲ့။ လက်သည်းတွေကြောင့် ဆံသားကိုထိခိုက်ပြီး ဆံပင်တွေကျွတ်တတ်ပါတယ်။
🧏♀️ ခေါင်းကို သန့်ရှင်းအောင်ထားပါ။ ခေါင်းမသန့်ရှင်းတဲ့အခါ ဗောက်တွေထပြီး ယားယံမှုတွေဖြစ်စေပြီး ဆံပင်အတွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
🧏♀️ ရေနွေးနွေးနဲ့ လျှော်ပါ။ ရေနွေးနွေးလေးနဲ့ လျှော်ပေးတာက ဉီးရေပြားကို လန်းဆန်းစေသလို ဆံပင်ကိုလည်း ကျန်းမာစေပါတယ်။
🧏♀️ ဆံပင်ကို ပုံမှန်ဖြီးပါ။ ရှုပ်ပွနေတဲ့ဆံပင်တွေက ဆံပင်ကျွတ်ခြင်းကို လောင်စာပေးနေသလိုပါပဲ။
🧏♀️ ခေါင်းလျှော်တဲ့အခါ Shampoo ကောင်းကောင်းလေးတွေသုံးပါ။ ဉပမာ - ခင်နံ့သာပေါင်း ခေါင်းလျှော်ရည်ပေါ့ 😍
ကဲ...ဒီလောက်ဆို ဆံပင်ကျွတ်တတ်တဲ့ ပြဿနာတွေကိုသိပြီးဖြစ်သလို ဆံပင်ကျွတ်တာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာလည်း သိပြီးကြပြီလို့ ထင်ပါတယ်နော်။
ကျန်းမာပြီး သန်စွမ်းတဲ့ ဆံကေသာလေးတွေကိုလည်း ပို်င်ဆိုင်နိုင်ကြပါစေရှင့် 😘❤️
သဘောကျတယ်ဆိုရင် Like and Share လေးတွေလည်း လုပ်ပေးသွားက ပါဉီးနော် 🙆♀️
#ဆံပင်ဘာကြောင့်ကျွတ်တာလဲ #ဆံပင် #ခင်နံ့သာသဘာဝခေါင်းလျှော်ရည်
31/10/2023
ခင်နံ့သာ သဘာဝခေါင်းလျှော်ရည်ကို ဘာကြောင့် သုံးသင့်တာလဲ?
သာမန်ခေါင်းလျှော်ရည်တွေလိုမဟုတ်ပဲ သဘာဝ Organic ကုန်ကြမ်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာမို့ ဉီးရေပြားနဲ့ ဆံပင်တွေအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လေ😘
ခင်နံ့သာခေါင်းလျှော်ရည်ကို ပုံမှန်စွဲသုံးကြည့်မယ်ဆိုရင်
▫️ဆံကေသာကို နက်မှောင်သန်စွမ်းခြင်း၊
▫️ဆံပင်သန်ခြင်း၊
▫️ဗောက်ထတာတွေ သက်သာလျှော့ပါးစေခြင်း၊
▫️စေးကပ်ကပ်မရှိခြင်း၊
▫️ဆံပင်ကျွတ်တာ သက်သာစေခြင်း၊
▫️ဆံပင်နှစ်ခွဖြစ်တာတွေသက်သာစေခြင်း၊
▫️ယားယံမှုတွေ မရှိတော့ခြင်း၊
စတဲ့စတဲ့ အကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်မှာပါနော်။
နောက်ပြီး Local Brand လေးမို့ ပိုလို့တောင် အားပေးကြည့်သင့်တာပေါ့🥰
ဒါကြောင့် ဆံကေသာချစ်တဲ့သူ တန်ဖိုးထားတဲ့သူဆိုရင် အခုပဲ Page Messenger ကနေ ဆက်သွယ်မှာယူထားလိုက်တော့နော်။
လက်လီလက်ကားလည်း မှာယူနိုင်ပါပြီရှင့်🙆
#ဆံပင်ကောက်ခြင်း #ခေါင်းလျှော်ရည်
19/10/2023
လှချင်လို့ ဆံပင်ကောက်ပါတယ်ဆို ဆံပင်ကောက်မိပြီးကာမှ နောင်တရတတ်ကြတဲ့သူတွေရှိပါတယ်🤦♀
ဆံပင်ကောက်ပြီဆို အနည်းနဲ့ အများတော့ ဆံပင်ပျက်စီးပါတယ်။ အဲ့အတွက် ဆံပင်မကောက်ခင် သိထားရမယ့်အချက်တွေကို Khin Herbal က ဖော်ပြပေးလိုက်ပါတယ်💁♀
1⃣အရင်ဆုံး ကိုယ့်ဆံပင်အကြောင်းကိုယ်သိထားပါ။
ဆံပင်ကောက်မယ် ရည်ရွယ်ထားရင် ဆံပင်အတွက် လိုအပ်တဲ့ Hair Care Product တွေ ဝယ်ထားဖို့လိုပါတယ်။ Spare, ဆံပင်ပျော့ဆေး၊ ပေါင်းဆေးတွေအပြင် ရှန်ပူကအစ ကိုယ့်ဆံပင်နဲ့လိုက်တာတွေ ဝယ်ထားဖို့လိုပါတယ်။
2⃣ဆိုင်သေချာရွေးပါ။
ကိုယ်ကောက်ချင်တဲ့ပုံစံအတိုင်းလုပ်ပေးနိုင်တဲ့ဆိုင်ကို သေချာရွေးတတ်ဖို့လိုပါတယ်။ တော်ကြာ ပြောတဲ့အတိုင်းမဖြစ်ရင် ခုတ်ရာတစ်ခြား ရှရာတစ်လွဲဖြစ်နေရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရင်နာရမှာပါ။
3⃣နောက်ဆက်တွဲလုပ်ရတာတွေ သိထားပါ။
ဆံပင်ကောက်ပြီးတဲ့အခါ ဆံသားက အပူကြောင့် ကြမ်းသွားတတ်ပါတယ်။ အဲ့အတွက် လိုချင်တဲ့ပျော့ပျော့လေးဖြစ်အောင် ထိန်းသိ်မ်းတတ်ဖို့လည်းလိုပါတယ်။ ခေါင်းလျှော်တိုင်း ဆံပင်ပျော့ဆေးသုံးတာ၊ တစ်လနှစ်ကြိမ်လောက် ဆံပင်ပေါင်းတင်တာလေးတွေ လုပ်သင့်ပါတယ်။
အပေါ်က အချက်လေးတွေကတော့ ဆံပင်မကောက်ခင် သိထားရမယ့်အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ဆံပင်ကို ပိုပြီးဂရုစိုက်တတ်လာစေပါတယ်နော်😊
ဆံပင်လေးတွေ အမြဲသန်မာပြီး ပျော့ပျောင်းနက်မှောင်ဖို့ဆိုရင်တော့ ခေါင်းလျှော်တိုင်း Khin Herbal လေးသုံးကြည့်ဖို့လည်း အကြံပေးလိုက်ပါတယ်နော်😘
#ဆံပင်ကောက်ခြင်း #ခေါင်းလျှော်ရည်
14/10/2023
Post တွေမတင်ခဲ့တာ ကြာပြီမို့ ခင်နံ့သာ သဘာဝ ခေါင်းလျှော်ရည်လေးအကြောင်းကို မိတ်ဟောင်းမိတ်သစ်တွေအားလုံးကို ပြန်ပြီး မိတ်ဆက်ပေးပါရစေရှင့်😘
ခင်နံ့သာ သဘာဝခေါင်းလျှော်ရည်ဆိုတာ သဘာဝကုန်ကြမ်းစစ်စစ်တွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်လေးပဲ ဖြစ်ပါတယ်။
ပါဝင်တဲ့ သဘာဝကုန်ကြမ်းတွေက -
📌ရှားစောင်းလတ်ပတ်၊ ကြိတ်မှန်၊ ရဲယို၊ ကင်ပွန်း၊ ကွမ်းရွက်၊ တမာ၊ နံ့သာ၊ ရှောက်သီး၊ ဇီးဖြူ တို့ပါဝင်သလို
📌Jojoba Oil,Olive Oil, Caster Oil, Vitamin E တို့လည်း လုံလောက်စွာ ရောနှောဖြည့်စွက်ထားပါတယ်။
ဒါကြောင့် အသုံးပြုတဲ့ ဘယ်သူမဆို ဆံပင်ရဲ့ ကောင်းခြင်းအကျိုးကို ခံစားပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ💁
သုံးဖူးတဲ့သူတွေလည်း သိပ်ကြိုက်ခဲ့တာ “ခင်နံ့သာ” သဘာဝခေါင်းလျှော်ရည်လေးပါနော်
မိုးတွင်းမို့ ခေါင်းလျှော်လည်း ခဏလေးနဲ့ ဗောက်ထတာ၊ ဆံပင်က နှစ်ခွဖြစ်လို့ ဘယ်ခေါင်းလျှော်ရည်နဲ့မှ အဆင်မပြေတာ၊ ဆံသားက မသန်စွမ်းတာမျိုးမို့ ခေါင်းလျှော်ရည်ကောင်းကောင်းလေးရှာနေတာဆိုရင် “ခင်နံသာ”သဘာဝခေါင်းလျှော်ရည်လေးကို စမ်းသုံးကြည့်စေချင်ပါတယ်နော်🙆
ခင်နံ့သာ ခေါင်းလျှော်ရည်လေးကို နီးစပ်ရာ ကိုယ်စားလှယ်တွေဆီကနေ ဝယ်သုံးနိုင်သလို Page Messenger ကနေလည်း စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင့်။
မန္တလေးမြို့တွင်းဆို အိမ်အရောက် ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။ တစ်ခြားမြို့နယ်တွေဆိုရင်တော့ နီးစပ်ရာကားဂိတ်တွေကနေ တစ်ဆင့်ပို့ပေးပါတယ်ရှင့်။
11/10/2023
ဆံပင်မကျွတ်၊ ဗောက်မထ၊ နက်မှောင်သန်စွမ်းတဲ့ ပျိုမေတို့ရဲ့ ဆံကေသာအတွက် သဘာဝတရားကြီးကရတဲ့ အထူးလက်ဆောင်လေးရှိပါတယ်😊
ဆံပင်အရှည်ထားတယ်ဆိုတာ ဆံပင်ကို မြတ်နိုးတန်ဖိုးထားလွန်းလို့ပါနော်။ ဒီကြားထဲ ဆံပင်ကို အချိန်ပေးရတာတွေလည်း အများကြီးပါပဲ။ တော်ရုံစိတ်မရှည်တဲ့သူဆို နည်းနည်းလေးရှည်လာရင်တောင် ညှပ်ပစ်လိုက်ကြတာပါ။။
ဒီတော့ ဆံပင်ချစ်သူတွေအတွက် သဘာဝတရားကြီးကလည်း လိုချင်တဲ့အလှကို ပေးဖို့အသင့်ပါပဲ။
💁Khin Harble ခင်နံ့သာခေါင်းလျှော်ရည်ဆိုတာ သဘာဝကြီးဆီကရတဲ့ သဘာဝကုန်ကြမ်းတွေကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားပြီး ပျိုမေတို့ရဲ့ ဆံကေသာအတွက် လိုအပ်တာတွေကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။
💁Organic ကုန်ကြမ်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ဆံသားနဲ့ ဦးရေပြားကိုလည်း ထိခိုက်မှုမရှိစေပါဘူး။
💁ပါဝင်ပစ္စည်းတွေများပြားပြီး တစ်ခါလျှော်ဖူးတာနဲ့ ဘယ်လိုခံစားရလဲဆိုတာကိုလည်း သုံးကြည့်ဖူးသူတွေ အသိပါပဲ။ စေးကပ်ကပ်ကျန်တာ ဓာတ်မတည့်တာမျိုးတွေလည်း မရှိပါဘူး😘
တစ်ခါမှ မသုံးဖူးသေးလို့ စမ်းသုံးကြည့်ဖို့ဆိုရင်တော့ Page Messenger ကနေ အသေးစိတ် စုံစမ်းနိုင်ပါတယ်နော်။
🚴♀️လက်လီ၊ လက်ကားလည်း ဝယ်ယူနိုင်ပါတယ်ရှင့်။ တစ်မြို့မှာ ကိုယ်စားလှယ်သုံးဦးလောက်သာ ထားမှာမို့လို့ စိတ်ဝင်စားရင် မြန်မြန်လေးဦးအောင် ချိတ်ထားဖို့တော့ လိုပါမယ်။
22/09/2023
မကြာခင်အသစ်ထွက်လာမယ့် Product လေးကို ခန့်မှန်းရင်း ဆုလက်ဆောင်တွေယူကြမယ်🥳
ချစ်သော ခင့်ရဲ့ ကာကာလေးတို့ရေ သိပ်မကြာခင်မှာပဲ ခင့်ရဲ့ ဒုတိယ Product လေးတစ်ခုကို Release လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ရှင့်🤩
နောက်ထွက်လာမယ့် ခင့်ရဲ့ Product လေးက ဘာပစ္စည်းလဲဆိုတာ ခန့်မှန်းရင်း ဆုလက်ဆောင်လေးတွေ ရယူလိုက်ကြရအောင်နော်။
နေ့စဥ်သုံး Body Care လေးတစ်ခုဖြစ်ပြီး (အနံ့ဆို အနံ့သင်းတဲ့အကြောင်း/ အားသာချက်တစ်ခုချပြ) စေတဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။
ခင် Hint ပေးတာတော့ များသွားပြီနော်။ဒါဆို ခင့်ရဲ့ကာကာလေးတွေပဲ ခန့်မှန်းပြီး ဆုလက်ဆောင်ရယူဖို့ကျန်တော့တာပေါ့😊
ဆုလက်ဆောင်တွေကတော့
❤️ပထမဆုံး အဖြေမှန်သူကို ခင်ရဲ့လူကြိုက်များပြီးသားဖြစ်တဲ့ “ခင်” နံ့သာ ခေါင်းလျှော်ရည်
❤️ဒုတိယ အဖြေမှန်သူကို ခင့်ရဲ့ အခုထွက်ရှိမယ့် Product အသစ်လေး နဲ့
❤️တတိယ အဖြေမှန်သူကိုတော့ ဖုန်းဘေ (5,000) ဆုလက်ဆောင် ပေးသွားမှာပဲ ဖြစ်ပါတယ်။
အဖြေမှန်သူကို သုံးယောက်ထိရွေးပေးသွားမှာဖြစ်ပြီး နောက်ဆိုရင်လည်း ခင့်ရဲ့ကာကာတွေအတွက် ပိုကောင်းတဲ့ ဆုလက်ဆောင်တွေပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ထားဖို့တော့ မမေ့နဲ့နော်💁
12/07/2022
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့..🙏🙏🙏🌷🌷🌷🌷🌷..
🙏ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ဖြစ်ပါတယ်။....
😍“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြက်သံချိုလဝါဆို" အခါသမယမှာကျန်းမာချမ်းသာလိုရာပြည့်ကြပါစေ
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့
#ခင်Shampoo
06/11/2021
19/10/2021
#ခင်ရဲ့ချစ်သူများရှင့်………
မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ သီတင်းကျွတ်လပြည့် အခါတော်နေ့လေးမှာ ချစ်မိတ်ဆွေများအားလုံး ကျန်းမာ၊ချမ်းသာခြင်း ပြည့်စုံကြပါစေလို့
💜ခင်💜မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
🏮လိုအင်ဟူသမျှပြည့်စုံပြီး အသက်ရှုတိုင်း ငွေတွေဝင်ကြပါစေ ပျော်ရွှင်ကြပါစေရှင်။🏮
#ခင်နံ့သာခေါင်းလျော်ရည်
05/09/2021
📡📡📡အင်တာနက်လိုင်းများပိတ်ပါက
စျေးဝယ်လိုသူများနှင့် စုံစမ်းမေးမြန်းလိုသူများအတွက်ဆက်သွယ်ရန်ဖုန်းများမှာ
📲09402755830
📲09265454588
ကျန်းမာကြပါစေရှင့်🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |