Loony
Get your 100% quality items from Here!
24/08/2026
Preorder မှာပါရှင့်
ပေးရတဲ့စျေးနဲ့ အဲ့လောက်တောင်ကောင်းရတာလား ဖြစ်သွားစေမယ့် eye liner 🫣✨
Popular ဖြစ်တိုင်း စုက ဝယ်မသုံးဖြစ်တာများတယ်၊ အခုတလော hype နေတဲ့ထဲက JMCY ရဲ့ Gel Eyeliner ကတော့ တကယ်ကောင်းတာပါ ကောင်မလေးတို့ရေ။
Su ဒါလေးကို self makeup class တက်တော့မှ သင်တန်းမှာ inter liner အနေနဲ့ စသုံးဖူးတာ၊ beginner သမားတောင် ဆွဲရ အရမ်းလွယ်တယ်။
Liner အစိုထက် ဒီလိုမျိုး Gel liner ကို အတွင်းထဲထိ ချယ်တာက ပြန့်လည်းမသွားဘူး၊ ကိုယ့်ပင်ကိုယ် မျက်လုံးအိမ် နက်သွားသလိုမျိုး ပိုလှတာ။
မနက်ကတည်းက ဆွဲထားရင်တောင် တစ်နေကုန် ခံတယ်။ Long-lasting သာဖြစ်တာ ညဘက် double cleansing လုပ်ရင်လည်း ဖျက်ရ မခက်ဘူး၊ cleansing oil နဲ့ဆို ခဏလေးနဲ့ ပျက်ပါတယ်။
ဆွဲရတဲ့ အတံလေးက မျှင်မျှင်လေးမလို့ ကိုယ်ကြိုက်သလို ပုံဖော်လို့ရတယ်။ အခုမှ try ကြည့်မယ့် beginner လေးတွေအတွက်ကတော့ highly recommend ပါနော်။
Su ကတော့ တစ်ချောင်းချင်းပဲ ဝယ်တာမလို့ ၇,၅၀၀ ပေးရတယ်။ နှစ်ခုတွဲ တစ်ခါတည်း ဝယ်
ရင်လည်း တန်တယ်နော်။
JMCYထဲက gel linerလေး သုံးဖူးတဲ့သူရှိရင် comment မှာ sharing လုပ်ပေးသွားဦးနော် 🙆🏻♀️
🛍️ OS page တော်တော်များများမှာတော့ ဝယ်လို့ ရနေပါပြီ။
See u next day …..
Sharing is caring ,
Glow Time With Su ( with love 💕 )
19/08/2026
လိုချင်ဝယ်ပေးမယ်နော်ရှင့်
မစူးစမ်းသင့်တဲ့ အကြောင်းအရာ စူးစမ်းလိုက်တော့ ဘာဖြစ်သွား အတောမသတ်နိုင်အောင်ဝယ်မိသွား။
တကယ် တကယ် သူများတွေက skincare လောကနဲ့ရေမွှေးလောကထဲဝင်ပြီး ပြန်ထွက်မရတာ
ငါကျ ပြောင်းပြန် Hygeineလောကထဲဝင်ပြီးပြန်
ထွက်မရတာ ။ Hygiene အမွှေးရည်တစ်ထုပ်ကနေ ဇာတ်လမ်းစလိုက်တာ Hygeine ကထွက်သမျှလိုက်ရှာဝယ်တဲ့အပြင် အခုလည်းကြည့် Releaser sprayတွေကို ဖျန်းမှာလား၊သောက်မှာလားမသဲကွဲဘူး။ဝယ်ထားတာ မနည်းမနော။
ဘယ်လိုဘဲဖြစ်ဖြစ် အဝတ်တိုက်ရမှာပျင်းတဲ့အပြင် မီးပျက်ချိန်အရေးတကြီးသွားစရာရှိတဲ့အခါမျိုးတွေကျ ဒီလိုSprayတွေက တကယ်အသုံးဝင်တယ်။ တရွီးရွီးဖျန်းပြီး ခါချလိုက်တာနဲ့ အနံ့လည်းမွှေးတဲ့အပြင် သပ်သပ်ရပ်ရပ်လည်းရှိတော့ Okတာပေါ့။
အနံ့တွေကတော့ ဘာရွေးရွေး လူတိုင်းကြိုက်မဲ့အနံ့တွေမို့ blind buyဝယ်လို့ နောင်တရမဲ့ထဲ Hygiene မပါဘူး။ အဲ့လောက်ထိကို ဒို့က Hygeine Lover ဖြစ်သွားခဲ့တာ : ၃
Aug 19th : Exchange Rate
Ks-Baht 133
Scanနဲ့ငွေချေချင်တဲ့အမတွေရပြီရှင့်
17/08/2026
Hand Cream ထဲမှာ လုံးဝအကောင်းဆုံးကိုသွားကျတာပဲ
L’OCCITANE ထဲကပေးရတဲ့ဈေးထက်ကို
အစပေါင်းများစွာ ပိုတန်တာ
Member Pointနဲ့ ဝယ်ပေးမှာမို့ ဈေးကတော့လေ
ချိုတာထက်ကိုပိုပါတယ် မမတို့
လက်ခဏခဏ ဆေးရလို့လား
Aircon ခန်းထဲမှာပဲဖြစ်ဖြစ်
ခြောက်သွေ့ကြမ်းတမ်းနေတဲ့ လက်ကလေးတွေကို
မိနစ်ပိုင်းအတွင်း ပြန်လည်နူးညံ့ရော
Shea Butter 20%ပါဝင်လို့
အသားခြောက်ခြင်းနဲ့ အသားပတ်ခြင်းတို့ကို
ချက်ချင်းသက်သာစေပြီး လိမ်းလိုက်တဲ့အခါ စေးကပ်မှု လုံးဝမရှိအသားထဲ စိမ့်ဝင်လွယ်တယ်
လက်အသားတင်မကဘဲ လက်သည်းများကိုပါ
သန်မာစေလို့ အိတ်ထဲမှာ အမြဲဆောင်ထားရမယ့်
Must-Have လေးပဲနော်
17/08/2026
ဒီ running plushieတွေ ဆက်တိုက်
dmမှာ မေးနေကြလို့ အမ Preorderပြန်ကောက်ပေးပါမယ်
45cm ပဲ တစ်ဆိုဒ်ပဲ ကောက်မယ်နော်ရှင့်
အရင် Quality အတိုင်းပဲနော်
အမ အရုပ်တွေက အမြတ်အများကြီးမတင်ထားလို့
Prepaid လေးတော့ယူပါမယ်ရှင်
✈️Air Cargoနဲ့ တခါထဲ တန်းပို့ပေးမှာမို့
ရက်အကြာကြီးမစောင့်ရပါရှင်
Bkk homeရောက်တာနဲ့
နီးစပ်ရာ Cargoရက်နဲ့ တခါထဲတင်ပေးပါမယ်
58000-60000ks ဝန်းကျင်ဖြစ်ပါမယ်
ဈေးလေးတွေမငြိမ်လို့ပါရှင်
17/08/2026
POP MART - Update
Display လုပ်ပြထားတာလေးတွေအပြင်
လိုချင်တာလေးရှိရင် ပုံလေး ပြပြီး မေးပါနော်
✈️Air Cargo Service နဲ့ တခါထဲပို့ပေးပါတယ်
တစ်ရက်ချင်းငွေဈေးမတူတဲ့အတွက်ကြောင့်
ဈေးလေးတွေက cbမှာ ပြပြီးမေးလို့ရပါတယ်ရှင်
shop price မှာ supplier fees ပဲ ထပ်ပေါင်းပြီး
bkk directဝယ်ပေးပါတယ်
(KG ပို့ခ ဝယ်သူဖက်မှရှင်းရပါတယ်ရှင်) - အများဝယ်တဲ့ Wholesale ယူမဲ့ အမတွေအတွက်လဲ Supplierဈေးရှိပါမယ်ရှင့်
08/08/2026
8.8 Watsons Sale လေးမှာ စိတ်ကြိုက်ဝယ်လို့ရအောင်
Pre-order လေး တင်ပေးလိုက်ပါတယ်နော် ✨
ကိုယ်တိုင်သုံးဖို့ skincare/bodycare တွေ ဝယ်မလို့ဆိုရင် ဒီလို Sale ချတဲ့အချိန်က အတန်ဆုံးပဲမို့ လုံးဝ မလွတ်စေနဲ့နော်!
လမ်းခရီး ကြာမှာ ပူစရာမလိုဘဲ
Air Cargo နဲ့ အမြန်ဆုံး အိမ်ရောက် ပို့ပေးမှာပါရှင့်✈️
အဆင်ပြေဆုံးနဲ့ သက်သာဆုံး စျေးနှုန်းနဲ့ ဝယ်ချင်ရင်
အခုပဲ ပုံလေးတွေကြည့်ပြီး Dm ကနေ မှာယူလို့ရပါပြီနော် 💕
06/08/2026
SKULL PANDA
Collaboration လုပ်ထားတာလေးတွေ
POPMART ကလိုချင်တာလေးတွေကို
Walk-in ဝယ်ပေးနေပါတယ်
လက်ဆောင်ပို့ပေးချင်တာဆိုရင်လဲ
လိုချင်တာလေးပြောမယ်ဆို ရအောင်ရှာပေးမှာပါရှင်
ကြိုပြီးတော့ မှာပေးနော်ရှင့်
Bkk-Ygn အရောက်ပို့ပေးပါတယ်
06/08/2026
L’OREAL hair Mask
Mandalay instockရပါမယ်ရှင်
✅43500ks နဲ့သာ ရနော်
L’Oréal ကလေ သူထုတ်လိုက်တဲ့shampoo တွေတိုင်းစောင်ရမ်း ဆံပင်ကျွတ်တယ်။ ဆံပင်ပျက်စီးတယ်။ အေး အဲ့တော့ သူတို့ဒီ hair mask ကိုပြန်ထုတ်လိုက်တယ်ဒီ hair mask ကလဲ စောင်ရမ်းကောင်းနေပြန်ရော..😌
အနာပေးလိုက် ဆေးပေးလိုက်နဲ့ ရီးဇားဟောင်းတွေလိုဘဲ။
သူ့brand ကနေ မလွတ်အောင်ကို သုံးခိုင်းနေတာဘဲ။
ပြီးတော့ ဒီ hair mask ကတော်ရုံတန်ရုံကောင်းတာမဟုတ်ဘူး။ သုံးပြီးတာနဲ့ အိစင်းသွားတာဘဲ။ အဲ့တာနဲ့တင် ၁၀၀ မှတ် အပြည့်ပေးတယ်။ ✅
Shampoo တွေက ဂွမ်းနေသလောက် ဒီ hair mask က ကောင်းနေတော့ ငါတို့က ယုံရမလား ဆက်မယုံရတော့ဘူးလား၊
ပြီးတော့ Dove ရဲ့ထွက်သမျှ productတွေထဲမှာ ကြိုက်မိတာက ဒီ shampoo ဘဲ။ ဇူးအွန်အတွက်တော့ဆံပင်လဲမကျွတ် ဦးရေပြားလဲရှင်းထွက်။ ခေါင်းလဲရှင်း။
Click here to claim your Sponsored Listing.